ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

690..ဦးခေါင်း နှစ်လုံးနှင့် ကလေးကို ရေမြောင်းထဲ စွန့်ပစ်ထား

 







တရုတ်နိုင်ငံ အလယ်ပိုင်း ဟန်ဇောင်းမြို့တွင် မိခင်တစ်ဦးသည် ဦးခေါင်း နှစ်လုံးနှင့် မွေးဖွားလာသော သူ၏ကလေးကို ရေမြောင်း အတွင်း စွန့်ပစ် သွားသောကြောင့် ယခုအခါဆေးဝန်ထမ်းများက စောင့်ရှောက်ထား ရကြောင်း Metro သတင်းက နိုဝင်ဘာ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ညသန်းခေါင် ၌ ကလေးငိုသံကြားရကြောင်း သတင်းပို့ချက်များကို ရရှိခဲ့ပြီး နောက် ဟန်ဇောင်းရဲတပ်ဖွဲ့သည် မွေးဖွားထား သည်မှာ နာရီပိုင်းသာ ကြာသေးသော ကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆရာဝန် တို့က ကလေးငယ်၌ ကောင်းစွာဖွံ့ဖြိုးသော ဦးခေါင်း တစ်လုံးပါပြီး ကောင်းစွာ ဖွံ့ဖြိုးခြင်းမရှိသည့် ပို၍သေးငယ်သော အခြား ဦးခေါင်း တစ်လုံး အပိုကပါဝင်သည် ဟုဆိုသည်။ အပိုဦး ခေါင်း၌ မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ်နှင့် နားရွက်များ ပါဝင်သည်ဟုဆိုသည်။ ကျန်းမာရေး ကောင်းမွန်သည် ဟုဆိုသည်။ ဒေသခံအာဏာ ပိုင်များက ကလေးကို ဆေးရုံ ပို့ထားပြီး ကလေး၏ မိခင်ကို ရှာဖွေရန်ကြိုးစားနေကြကြောင်း သိရသည်။ ( Pyi Myanmar )





Labels: , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

689.. အင်တာနက်မှာ တဏှာကြီးတတ်တဲ့ ယောက်ျား နှင့်ဇနီးသည်၏မာယာ

 











ချယ်ရီရောဘတ်စ်ဟာ အသက်(၆၈)နှစ် ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် ဒေးဗစ်ရောဘတ်စ်တစ်ယောက် နေ့တိုင်းနေ့တိုင်း ကွန်ပျူတာရှေ့ထိုင်၊ အင်တာနက်သုံးပြီး အချိန်ကုန်နေတာကို မသင်္ကာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း သူ့ယောက်ျား ဘာတွေလုပ်နေသလဲဆိုတာ ချယ်ရီက အမြဲတမ်း စူးစမ်းကြည့်ပြီးတဲ့နောက် အဖိုးကြီးဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေဆီ Sexနဲ့ပတ်သက်တဲ့ Messageတွေ ပေးပို့နေတယ်ဆိုတာ သိလာရပါတယ်။ ဒေးဗစ်ရဲ့ Messageတွေဟာ မိန်းကလေးငယ်တွေကို သွေးဆောင်တဲ့ စကားလုံး ခပ်ကြမ်းကြမ်းတွေ ပါနေပြီး ဒီလိုလုပ်နေတာ တော်တော်ကြာပြီဆိုတာ အသက်(၆၁)နှစ်အရွယ် ချယ်ရီတစ်ယောက် သိသွားခဲ့ပါတယ်။ ဒီနောက်တော့ ချယ်ရီဟာ သူ့ယောက်ျားရဲ့ လုပ်ရပ်တွေအတွက် တုန့်ပြန်ဖို့ ပြင်ဆင်လာပါတော့တယ်။ ချယ်ရီဟာ သူ့ကိုယ်သူ အင်တာနက်ပေါ်မှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်လို ဟန်ဆောင်လိုက်ပါတယ်။ ဒီနောက်တော့ အိမ်ထောင်သက် နှစ်(၂၀)ရှိပြီဖြစ်တဲ့ ခင်ပွန်းသည် အမြဲဝင်ပြီး မြူးနေတဲ့ ဆယ်ကျော်သက် Chatting ၀က်ဘ်ဆိုက်ကိုဝင်ပြီး ဒေးဗစ်ကို အရောဝင်ခဲ့ပါတယ်။ ချယ်ရီဟာ သူ့ယောက်ျား ဘာလုပ်နေတယ်ဆိုတာ သိပေမယ့် ပြဿနာ မရှာခဲ့ပါဘူး။ အိမ်မှာရှိတဲ့ တခြားကွန်ပျူတာ တစ်လုံးကိုသုံးပြီး ဒေးဗစ်ရဲ့အခန်းနဲ့ နံရံတစ်ချပ်သာ ခြားတဲ့နေရာကနေ သူ့ယောက်ျားကို ဆက်သွယ်ခဲ့ပါတယ်။ ချယ်ရီဟာ သူ့ကိုယ်သူ (၁၄)နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးအနေနဲ့ ဒေးဗစ်နဲ့ မိတ်ဖွဲ့ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို ရည်ရွယ်ပြီး ပို့ခဲ့တဲ့ သူ့ယောက်ျားရဲ့ Messageတွေကို ချယ်ရီတစ်ယောက် လက်ခံရရှိခဲ့ပါတော့တယ်။ Messageတိုင်းမှာ ဒေးဗစ်ရဲ့ Nicknameဖြစ်တဲ့ Corkyဆိုတဲ့ နာမည်ကို လက်မှတ်ထိုးထားတာ တွေ့နိုင်ပါတယ်။

ပိုဆိုးတာက ဒေးဗစ်ဟာ တစ်ဖက်ကသူကို တကယ့်မိန်းမပျိုလေးထင်ပြီး Web cam Sexနဲ့ဆိုင်တဲ့ မဖွယ်မရာ အပြုအမူတွေ လုပ်ပြနေခဲ့တာပါပဲ။ နောက်ပြီးတော့ ဒေးဗစ်က မိန်းကလေးလို့ ထင်နေတဲ့ သူ့မိန်းမကို အပြင်ခေါ်ပြီး Sexကိစ္စ လုပ်ငန်းစဖို့ ပြောလာတဲ့အခါ သည်းခံစိတ် ကုန်သွားပြီဖြစ်တဲ့ ချယ်ရီက ရဲကိုအကြောင်းကြားခဲ့ပါတယ်။ နောက်ပြီး ဗြိတိန်အမျိုးသား ကလေးသူငယ် စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ (NSPCC)ကိုလည်း ထပ်ပြီးတော့ သတင်းပို့ခဲ့ပါတယ်။ နောက်ပိုင်းတော့ ရဲတွေရောက်လာပြီး ဒေးဗစ်ရဲ့ ကွန်ပျူတာကို စစ်တဲ့အခါ ကလေးတွေရဲ့ ၀တ်လစ်စားလစ် တရားမ၀င် ဓာတ်ပုံတွေ ဒါဇင်နဲ့ချီပြီး တွေ့ခဲ့ရပါတယ်။ ဒေးဗစ်က တခြားအကြောင်းပြချက်တွေနဲ့ ငြင်းဖို့ကြိုးစားခဲ့သေးပေမယ့် ချယ်ရီက ရဲတွေကို သူ့ဆီရောက်လာသမျှ ဒေးဗစ်ရဲ့ Messageတွေနဲ့ Webcamကနေ သိမ်းဆည်းထားတဲ့ ဒေးဗစ်လုပ်ပြနေသမျှ မဖွယ်မရာပုံရိပ် ဗီဒီယိုတွေကို အပ်နှံလိုက်ပါတယ်။ ဒီတော့မှ သူChattingကနေ အပီကြူနေတာ သူ့မိန်းမမှန်း ဒေးဗစ်တစ်ယောက် သဘောပေါက်သွားပြီး ကြက်သေသေနေခဲ့ပါတယ်။ တရားရုံးက ဒီအမှုကို စစ်ဆေးနေပြီး လင်မယားနှစ်ယောက် နံရံခြားပြီး Messageတွေ အပြန်အလှန် ပေးပို့နေခဲ့တာကို အတည်ပြုခဲ့ပါတယ်။ ဒေးဗစ်ဟာ အရွယ်ရောက်ပြီး သားသမီးတွေ ရှိသူဖြစ်ပြီး တရားရုံးမှာတော့ သူဟာ ကျောင်းသူမိန်းကလေးတွေနဲ့ လိင်ဆက်ဆံခဲ့တာမျိုး မရှိခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အခွင့်အရေးရရင် လိုချင်တဲ့စိတ်တော့ ရှိခဲ့ပါတယ်လို့လည်း ဒေးဗစ်က ၀န်ခံထားပါတယ်။ ဗြိတိန်နိုင်ငံ၊ ကားဒစ်ဖ်ခရောင်း တရားရုံးက ဒေးဗစ်ရဲ့ Sexနဲ့ဆိုင်တဲ့ ကမ်းလှမ်းမှုတွေကို ဇနီးကိုယ်တိုင်က မျက်မြင်ဖြစ်နေတာကြောင့် ခိုင်ခိုင်မာမာ စွဲချက်တင်ပြီး ဒေးဗစ်ကို ထောင်ချဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် လျှော့ပေါ့ပြီး ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ (၃)နှစ်လုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ သူဟာ အသက်(၁၈)နှစ်အောက် ဘယ်ကလေးသူငယ်နဲ့မှလည်း နီးနီးစပ်စပ် နေခွင့်မရတော့သလို Sexနဲ့ပတ်သက်ပြီး အန္တရာယ်ရှိသူအဖြစ်လည်း (၅)နှစ်ကြာ စာရင်းသွင်းခံထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီတရားခွင်မှာပဲ ချယ်ရီရဲ့ လျှောက်ထားမှုကို တရားသူကြီး ခရစ္စတိုဖာ ဗော့စ်ပါက လက်ခံပြီး လင်မယားကွာရှင်းဖို့ ခွင့်ပြုခဲ့ပါတယ်။ ခုတော့ ချယ်ရီဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ကွာရှင်းမှု ပြီးကတည်းက သူငယ်ချင်းတွေနဲ့အတူ ဝေလပြည်နယ် တောင်ပိုင်းမှာ နေထိုင်နေတုန်းပါ။ သူက ခင်ပွန်းဟောင်းရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး “ကျွန်မ စီရင်ချက်ကိုကြားတော့ တော်တော်အံ့ဩသွားတယ်။ ဒါပေမယ့် တရားသူကြီးဟာ ခက်ခဲတဲ့ အမှုတစ်ခုနဲ့ ရင်ဆိုင်ရတာကို နားလည်ပါတယ်။ ဒေးဗစ်ဟာ ထောင်ထဲရောက်သင့်သူပဲ။ ကျွန်မသူ့ကို ခုထိစိတ်ဆိုးတုန်းပါ။ ဒေးဗစ်ကို လက်ထပ်ခဲ့တုန်းက ဒီလိုလူစားမျိုး မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလုပ်ရပ်အတွက် နောင်တမရပါဘူး။ အမှန်ကန်ဆုံး လုပ်ခဲ့တာလို့ ယုံပါတယ်။ ခုတော့လည်း ဒီအဖြစ်တွေကို ကျွန်မဘ၀ရဲ့ အတိတ်တစ်ခုအဖြစ် ချန်ထားလိုက်ပါပြီ”လို့ ပြောပြသွားခဲ့ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

622..ချန်ဂင်လက်ထပ်သွားပြီး( သတင်း )

 





ချန်ဂင်လက်ထပ်သွားပြီး


Actress Lee Young-ae got married secretly

ချန်ဂင် Lee Young-ae(38) ဟာ များ မကြာမှီ က Hawaii, USA မှာ လျှို့ဝှက် စွာ လက်ထပ် သွားတယ် လို့ သတင်း ရရှိ ပါတယ်။

အသက် ၅၄ နှစ်ရှိ သတိုးသား ရဲ့ အမည် ကို Jeong ဟုသာ သိရ ပြီး၊ Date လုပ်နေ တာတော့ ဆယ်နှစ် ကျော် သွားပြီး လို့ဆို ပါတယ်။

USA Chicago မြို့ IT industry တခု မှာ အလုပ် လုပ်နေ တဲ့ Mr Jeong ဟာ ကိုးရီးယား အမေရိကန် ကပြား ဖြစ်ပြီး၊ Illinois Institute of Technology မှ ဘွဲ့ရ တစ်ဦး ဖြစ် ပါတယ်။

Lee Young-ae ဟာ မည်သည့် သတင်း ဆိုးမှ မထွက် ခဲ့ပဲ သန့်သန့် ကလေး နေထိုင် လာခဲ့ တဲ့ ရှားရှား ပါးပါး ကိုးရီးယား မင်းသမီး တစ်လက် ဖြစ် ပါတယ်။

Mr Jeong နဲ့ တွဲလာ တာ ဆယ်နှစ် ကျော်ရှိ ခဲ့ပြီး ဖြစ် သော်လည်း သိုသို သိပ်သိပ် နေထိုင် ခဲ့လို့၊ ရင်းနှီး တဲ့ မိတ်ဆွေ သူငယ်ချင်း တွေလောက် ပဲ သိခဲ့ ကြ ပါတယ်။


The Kahala Hotel and Resort in Hawaii, where Lee Young-ae
married her mystery husband

Lee Young-ae ဟာ အာရှ ရဲ့ အထင် ရှားဆုံး မင်းသမီး တွေထဲ မှာ တစ်ဦး အပါ အဝင် ဖြစ် ပါတယ်။ အနု ပညာ လောက ကို ၁၉၉၀ ခုနှစ် မှာ ခြေချ ခဲ့ပြီး၊ ဆက်တိုက် နာမည် ကြီးလာ ခဲ့ ပါတယ်။

၂၀၀၃ ခုနှစ် မှာ ပြသ ခဲ့တဲ့ 'နန်းတွင်း ရတနာ' (Jewel in the Palace) ဇာတ်လမ်း တွဲမှာ ချန်ဂင် အဖြစ် ပါဝင် ပြီးနောက် မှာတော့ အာရှ တခွင် မှာ ဟိုးလေး တစ်ကျော် နာမည် ကြီးခဲ့ ပါတယ်။

'နန်းတွင်း ရတနာ' ဇာတ်လမ်း တွဲးကို ကိုရီးယား မှာ ပြခဲ့ စဉ်က မကြုံ စဖူး 57.8% ကြည့်ခဲ့ ကြ ပဲါတယ်၊ ဟောင်ကောင် မှာလည်း ကြည့်သူ 49% ရှိခဲ့ လို့  သူတို့  လူဦရေ 6.9 သန်း အနက် 3 သန်း ဟါ TV ကြည့် နေ တယ် လို့  အဓိပ္ပယ် ရပါတယ်။

'နန်းတွင်း ရတနာ' ဟာ အာရှတိုက် ရဲ ရာဇဝင် မှာ ဒီ ရာစုနစ် မှာ တော့ စံချိန် ပါဘဲ လို့ အဆို ရှိ ကြ ပါ တယ်။

Lee Young-ae ဟာ Hanyang University မှ German Language and Literature ဘွဲ့နဲ့ Chung-ang University မှ M.A. in Theater and Film ဘွဲ့ တို့ကို ရရှီ ထားသူ ဖြစ်ပြီး၊ English, နဲ့ German ဘာသာ စကား ကို ကျွမ်းကျင် စွာပြော နိုင်တဲ့ ပညာတတ် တစ်ဦး လည်းဖြစ် ပါတယ်။


Lee Young-ae in 'Jewel in the Palace'

မဂ်လာ သတင်း ကို ရှေ့နေ မှ တဆင့် ကြေငြာ ခဲ့လို့၊ ပရိသတ် တချို့ (some fans) မှ မကျေ မနပ် ဖြစ်ခဲ့ ကြ ပါတယ်။

Lee Young-ae ဟာ အများပိုင် ဖြစ်တဲ့ အတွက် ဒီထက် ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် အသိ ပေးသင့် တယ်လို့ ဝေဖန် လာကြ ပါတယ်။

ကိုးရီးယား အနု ပညာသည် အချို့ ဟာ အမေရိကန် မင်းသား မင်းသမီး တွေလို၊ ကိုယ်ပိုင် ကိစ္စ (private matter) တွေကို အထူး သိုသိပ်စွာ ဆောင်ရွက် လာတာ တွေ့ရ ပါတယ်။

Life style ပြောင်း လာတဲ့ သဘောလည်း ဖြစ်ပုံ ရ ပါတယ်။ Lee Young-ae ရဲ့ မဂ်လာ ကိစ္စ မှာတော့၊ ကျွန်တော့ တစ်ဦး ထဲ သဘော ပြော ရရင်၊ ပြည့်တဲ့ အိုး ဘောင်ဘင် မခတ် တာလို့ ထင် ပါတယ်။

ချန်ဂင် တို့ ဇနီး မောင်နှံ ရာသက်ပံ အိုအောင် မင်းအောင် ပေါင်းသင်း နိုင်ကြ ပါစေ လို့ ဆုတောင်း ပေးအပ် ပါတယ်။





Labels: , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

565..လက်ဆောင်ကဒ်လေးတွေပြုလုပ်ချင်ရင်

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

234..ရန်ကုန်နာဂစ်

 
Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

118..၃၆၅ ရက် အလွန်( နာဂစ်)

 
လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ