this site the web

( ၁၈ ) နှစ်ပြည့်မှဖတ်ပါ..( ၁၀ ).. 3.8.10

 
http://medicalimages.allrefer.com/large/prostate-cancer-1.jpg





Prostate Cancer ( ဆီးကျိတ်ကင်ဆာ )

Prostate Cancer


Prostate Cancer

Prostate Cancer



                   အမျိုးသားတွေ ကို အများဆုံး ဒုက္ခပေးတတ်တဲ့ အရာလေးကတော့ ဆီးကြိတ်ပါ ။ အသက်ကြီးလာတာနဲ့  အမျှ အဲ့ဒီဆီးကြိတ်က တမျိုးမဟုတ် တမျိုး ပြသနာ ရှာလာတတ်တယ် ။ ရိုးရိုးဆီးကြိတ်ကြီးထွားလာ တာက Benign Prostate Hyperplasia အတိုကောက် BPH လို့ ခေါ်ပြီး သူက ဆီးသွားရ ခက်ပြီး ဆီးအိမ်တင်းတာ ၊ ဆီးမထွက် နိုင်တာတွေ ဖြစ်တတ်တယ် ။ ဆီးကြိတ်အရွယ် သိပ်ကြီးမားပြီး ဆီးပြွန်ကို ဖိလာရင်တော့ ခွဲစိတ်ကုသရပါတယ်
                        နောက်တမျိုးဖြစ်ကြတာကတော့ ဆီးကြိတ်ကင်ဆာ (  Prostate Cancer ) , Ca Prostate ပေါ့ ။
ဆီးကြိတ်ဆိုတာ သစ်ကြားသီး ( Walnut ) အရွယ်အစား လောက်ပဲ ကြီးပြီး၊ အမျိုးသားတွေ မှာရှိတဲ့ ၊ ဆီးအိမ် ( Bladder) ရဲ့ အထွက် ၊ ဆီးပြွန် ( urethra ) ပတ်လည်မှာ ခွထိုင်နေတဲ့ အကြိတ်တခုပါ သူ့ အထဲမှာ အကြိတ်ငယ်လေး ၅ ဖု ရှိပါတယ် ။ တည်နေရာ နဲ့ တည်ဆောက်ပုံကတော့ အမေါ်က ပုံလေး အတိုင်းပါ ။


                       
http://www.web-books.com/eLibrary/Medicine/Cancers/Images/Prostate3.jpg

       American Cancer Society's မှ စစ်တမ်းအရ ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ ဆီးကြိတ်ကင်ဆာ ဖြစ်သူ လူနာသစ်ပေါင်း  ( ၁၉၂၂၈၀ ယောက် ) နဲ့ သေဆုံးသူပေါင်း( ၂၇၃၆၀ ယောက် ) ရှိပါတယ် ။   အမျိုးသား ၆ ယောက်မှာ ဆီးကြိတ်ကင်ဆာဖြစ်သူ တယောက် နှုန်း ရှိနေပါတယ် ။

       အမျိုးသား ဟော်မုန်း (androgens)များသူတွေ ။ မျိုးရိုးထဲမှာ အလားတူကင်ဆာရှိသူတွေ ၊ အသားမဲသူတွေ ၊ အဝလွန်သူတွေ မှာ ဖြစ်နိုင်ခြေများတတ်ပါတယ် ။ တချို့ ကလည်း ဆီးကြိတ်ကင်ဆာဆဲလ် တွေရဲ့  DNA ပြောင်းလဲ မှု ကြောင့် ဖြစ်တယ်လို့  ယူဆကြပါတယ် ၊


ရောဂါလက္ခဏာ........

(၁) ဆီးသွားရ ခက်ခဲမယ် ( Trouble urinating )
(၂) ဆီးညှစ်သွားရပြီး ဆီးအရှိန် လျော့နည်းလာမယ် ( Decreased force in the stream of urine )
(၃) ဆီးထဲမှာသွေးပါမယ် ( Blood in your urine )
(၄) ဆီးထဲမှာ သုတ်ရည်ပါလာမယ် ( Blood in your semen )
(၅) ခြေထောက် ဖေါယောင်မယ် ( Swelling in your legs )
(၆) တင်ပဆုံညှပ်ရိုး ဝန်းကျင်မှာ မအီမသာ ခံစားရမယ် ( Discomfort in the pelvic area )
(၇) အရိုးတွေ ကိုက်ခဲ နာကျင်မယ် ( Bone pain )

               အဲ့ဒီလို ရောဂါလက္ခဏာရှိနေပြီဆိုရင် ဆီးလမ်းကြောင်း ကျွမ်းကျင်သူဆရာဝန်များနဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့ ကုသမှုတွေ ယူသင့်ပါတယ် ။

စစ်ဆေးခြင်း......
(၁) စအိုဝထဲ လက်ချောင်းသွင်းပြီး ဆီးကြိတ်ကို စမ်းသပ်လို့ ရပါတယ် ။ Digital rectal exam (DRE). လို့ ခေါ်ပါတယ်
..
(၂) သွေးထဲမှာ ပါတဲ့ ဓါတ် တမျိုး ၊ Prostate-Specific Antigen (PSA) ကို သွေးရည်ကြည်ထဲမှာ စစ်ဆေးကြည့်လို့ ရပါတယ် ။ ပုံမှန်ဆိုရင် အလွန် နည်းပါးတဲ့ ပမာဏ သာရှိပါတယ် ။ များသောအားဖြင့် 4.0 ng/mL ထက်နဲပါးရင် ပုံမှန်လို့  သတ်မှတ်ပါတယ် ။ဒါကလည်း အသက်အရွယ်အလိုက် အနည်းအများ ကွာခြားမှုတွေ ရှိပါသေးတယ်။ ဒါ့အပြင် တချို့ လူတွေမှာ ဆီးကြိတ်ယောင်ခြင်း (prostatitis ) နဲ့ ဆီးကြိတ်ကြီးထွားခြင်း(BPH) တွေမှာလည်း PSA ပမာဏ အနည်းငယ်စီ တက်နေတတ်ပါတယ် ။

ခန္ဓာကိုယ်ထဲရှိ အခြား အရည်များထဲမှာ ပုံမှန် PSA ပါဝင်မှု ပမာဏ (ng/mL) မှာ.....
  • -သုတ်ရည် (semen) ထဲမှာ--- 200,000 to 5.5 million
  • -ဝမ်းတွင်းရှိ သန္ဓေသားရဲ့ ရေမွှာရည် (amniotic fluid ) ထဲမှာ ---- 0.60-8.98
  • -နို့ ရည် (breast milk ) ထဲမှာ---- 0.47-100
  • -တံတွေး (saliva ) ထဲမှာ ---- 0
  • -အမျိုးသမီးရဲ့  ဆီး (female urine) ထဲမှာ----- 0.12-3.72
  • -အမျိုးသမီးရဲ့  သွေးရည်ကြည် (female serum) ထဲမှာ---- 0.01-.53

        ဒီလို သွေးစစ်လို့  PSA များနေခဲ့ရင်လည်း ကင်ဆာလို့  တထစ်ချ မသတ်မှတ်နိုင်သေးပါဘူး။ ဆက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်သင့်ပါတယ် ။ စအိုဝမှတဆင့် အာထရာဆောင်း တီဗွီ ရိုက်ပြီး စမ်း သပ် ခြင်း (transrectal ultrasound ) ၊ ဆီးကြိတ်မှ အသားစ ( biopsy ) ယူပြီး စစ်ဆေးခြင်း တွေကို လုပ်နိုင်ပါတယ်။
              တချို့ လူအနည်းငယ်မှာ PSA ပမာဏပုံမှန်ပေမဲ့  ဆီးကြိတ်ကင်ဆာဖြစ်နေသူများကိုပါစမ်းသပ်တွေ့ ရှိရလို့  သွေးစစ်တာတမျိုးတည်းနဲ့တင် မလုံလောက်သေးပါဘူး ။ ဆီးထဲမှာ UPM-3 နဲ့ သွေးထဲမှာ EPCA-2 စတဲ့ ဓါတ်တွေကိုပါ စစ်ဆေးကြည့်မှ ပိုပြီးစိတ်ချရမှာ ဖြစ်ပါတယ်။

              ကင်ဆာ ဖြစ်နေပြီဆိုရင်တော့ အဆင့် အလိုက် ကုသမှုတွေ ယူသင့်ပါတယ် ။ အဓိက ကတော့ ခွဲစိတ်ကုသခြင်း ပါပဲ ၊ ဒါ့အပြင် အနုမြူ ဓါတ်ရောင်ခြည် နဲ့ကုသခြင်း (Radiation therapy ) ၊ ဟော်မုန်းဖြင့် (Hormone therapy ) ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း ( chemotherapy ) စတာတွေ နဲ့ ကုသနိုင်ပါတယ် ။တချို့ ကျတော့ ချက်ချင်းခွဲစိတ်ကုသမှု မပေးသေးပဲ active surveillance အနေနဲ့  ဆက်လက် စောင့်ကြည့်ပြီး အချိန်မှန်စမ်းသပ်စစ်ဆေးခြင်း တို့ ပြုလုပ်ကြပါတယ် ။

Ref:::

National Cancer Institute, USA.

**********************************************************************

Prostate cancer is a disease in which malignant (cancer) cells form in the tissues of the prostate. It is the most common cancer (excluding skin cancer) and the second leading cause of cancer-related death in men in the United States.

Introduction

The prostate is a gland in the male reproductive system located just below the bladder (the organ that collects and empties urine) and in front of the rectum (the lower part of the intestine). It is about the size of a walnut and surrounds part of the urethra (the tube that empties urine from the bladder). The prostate gland produces fluid that makes up part of the semen.

Prostate cancer is found mainly in older men. As men age, the prostate may get bigger and block the urethra or bladder. This may cause difficulty in urination or can interfere with sexual function. The condition is called benign prostatic hyperplasia (BPH), and although it is not cancer, surgery may be needed to correct it. The symptoms of benign prostatic hyperplasia or of other problems in the prostate may be similar to symptoms of prostate cancer.

Symptoms and Diagnosis

These and other symptoms may be caused by prostate cancer. Other conditions may cause the same symptoms. A doctor should be consulted if any of the following problems occur:

  • Weak or interrupted flow of urine.
  • Frequent urination (especially at night).
  • Trouble urinating.
  • Pain or burning during urination.
  • Blood in the urine or semen.
  • A pain in the back, hips, or pelvis that doesn't go away.
  • Painful ejaculation.

The following tests and procedures may be used:

Digital rectal exam (DRE): An exam of the rectum. The doctor or nurse inserts a lubricated, gloved finger into the rectum and feels the prostate through the rectal wall for lumps or abnormal areas.

Prostate-specific antigen (PSA) test: A test that measures the level of PSA in the blood. PSA is a substance made by the prostate that may be found in an increased amount in the blood of men who have prostate cancer. PSA levels may also be high in men who have an infection or inflammation of the prostate or BPH (an enlarged, but noncancerous, prostate).

Transrectal ultrasound: A procedure in which a probe that is about the size of a finger is inserted into the rectum to check the prostate. The probe is used to bounce high-energy sound waves (ultrasound) off internal tissues or organs and make echoes. The echoes form a picture of body tissues called a sonogram. Transrectal ultrasound may be used during a biopsy procedure.

Biopsy: The removal of cells or tissues so they can be viewed under a microscope by a pathologist. The pathologist will examine the biopsy sample to check for cancer cells and determine the Gleason score which ranges from 2-10 and describes how likely it is that a tumor will spread. The lower the number, the less likely the tumor is to spread.

 

Causes

All cancers are caused by dysfunctions of proteins involved in cell division, apoptosis, or DNA repair (see general characteristics). Dysfunctional proteins may arise from gene mutations or protein interactions with environments. Several genes associated with prostate cancer have been identified

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ