ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2096.. Speed Dial စနစ်နဲ့ Direct Dial စန စ်နှစ်ခုရဲ့ ကွာဟချက် နှင့် အသုံးပြုပုံ

 


                   Android OS ဖုန်းတွေမှာ Speed Dial စနစ်နဲ့ Direct Dial စနစ်ကတော့ ဖုန်းတွေမှာ ကိုယ်ခေါ်ချင်တဲ့ ဖုန်းနံပါတ် တွေအလွယ်တကူ ခေါ်ဆိုနိုင်မယ့်စနစ်မျိုးပဲ ဖြစ်ပါတယ်။

               Speed Dial စနစ်ကိုတော့ Android OS ဖုန်းတိုင်းမှာ မတွေ့ရပါဘူး။ အချို့ဖုန်းတွေမှာဆိုရင်တော့ Speed Dial စနစ်မပါဝင်ဘဲ Direct Dial ဆိုတဲ့စနစ်ကိုပဲ အသုံးပြုနိုင်တာ တွေ့ရပါတယ်။

                  Speed Dial ဆိုတဲ့စနစ်ကတော့ ကိုယ်က ခေါ်ချင်တဲ့သူကို နံပါတ်နဲ့ အစဉ်လိုက် ရွေးချယ်မှတ်သားထားတဲ့ စနစ်မျိုးဖြစ်ပြီး Direct Dial ဆိုတဲ့စနစ်ကတော့ ဖုန်းရဲ့ Screen ပေါ်မှာ Contact တစ်ခုကို တည်ဆောက်ထားပြီး အဲဒီ Contact ထဲက နာမည်တစ်ခု ဒါမှမဟုတ် နံပါတ်တစ်ခုကို ထိလိုက်ရုံနဲ့ ကိုယ်နှိပ်တဲ့နံပါတ်ကို တိုက်ရိုက်တန်းပြီး ဖုန်းခေါ်တဲ့စနစ်ပဲဖြစ်ပါတယ်။

             Speed Dial နဲ့ Direct Dial စနစ်နှစ်ခုမှာ ကွာဟချက်တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Speed Dial စနစ်က အရေအတွက် အကန့်အသတ်နဲ့သာ မှတ်သားနိုင်ပြီး Direct Dial ကတော့ တော်တော်များများ မှတ်သားနိုင်တာကို တွေ့ရပါတယ်။


                      Speed Dial စနစ်ကတော့ အရေအတွက်အနေနဲ့ ၉ ခုပဲ လက်ခံနိုင်ပါတယ်။ ဒါကတော့ဖုန်းရဲ့ Keypad မှာပါဝင်တဲ့ နံပါတ်ခလုတ် ၉ ခုအတွက်ပဲ အကျုံးဝင်ပြီး ဒီခလုတ် ၉ ခုအတွက် အသုံးပြုနိုင်ဖို့အတွက်ပဲ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

                      Speed Dial စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ကိုယ့်ရဲ့အဓိကနံပါတ် ၉ ခုအတွက်ပဲ အသုံးပြုနိုင်မှာပါ။ Direct Dial စနစ်ကတော့ အဲဒီလိုမျိုးမဟုတ်ပါဘူး။ ကန့်သတ်ချက်ရယ်လို့မရှိဘဲ ကိုယ့်ဖုန်းရဲ့ Screen Page တွေ တိုးနိုင်သလောက်ထိ ထည့်သွင်းအသုံးပြုနိုင်တာကို တွေ့ရမှာပါ။ Direct Dial စနစ်မှာ အရည်အတွက် ကန့်သတ်ထားတာမျိုး မရှိပါဘူး။

                    ဒီနှစ်ခုရဲ့ ကွာခြားချက်ကတော့ Speed Dial စနစ်ဟာ ကိုယ်ဖုန်းခေါ်ချင်တဲ့လူတွေကို ဂဏန်းနံပါတ်တွေနဲ့မှတ်သားထားပြီး ခေါ်ယူတဲ့စနစ်ဖြစ်ပြီး Direct Dial စနစ်ကတော့ ဖုန်းရဲ့ Home Screen ပေါ်ကနေ Icon ကိုနှိပ်လိုက်ရုံနဲ့ တစ်ခါတည်း ဖုန်းခေါ်နိုင်တဲ့ စနစ်မျိုးဖြစ်ပါတယ်။



Direct Dial ဖန်တီးပုံ

                     Android version အနိမ့်မှာဆိုရင် ....Home Screen အခြေအနေမှာ
1....screen ပေါ်ခပ်ကြာကြာဖိထားပြီး shortcut ထဲ ၀င်ပါ....version အမြင့်မှာဆိုရင် WIDGETS ထဲဝင်ပါ..( သို့ )  Home Screen အခြေအနေမှာ ဖုန်းရဲ့အောက်ဘက်က Menu ကိုနှိပ်လိုက်ပါ။ Menu ကိုနှိပ်လိုက်ရင် ဖုန်းရဲ့အောက်ဘက်မှာ Add, Edit, Setting အစရှိတာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲကမှ Add ဆိုတာကို ရွေးချယ်လိုက်ပါ။
 
 

2.... Shortcuts, Widgets, Folders, Wallpaper အစရှိတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ .ပြီးရင် Direct Dial ထဲဝင်လိုက်ရင် Contant ထဲရောက်သွားမယ်...
 
3....တစ်ယောက်ကိုရွေးလိုက်ရင် Direct Dial Shortcut ကေုတွေ့ရမှာဖြစ်ပြီး ဖုန်းခေါ်ရင် တစ်ချက်နှိပ်လိုက်ရုံပါပဲ.....
 

Speed Dial  ဖန်တီးပုံ
 


                     Phone ခေါ်တဲ့စနစ်ကို နှိပ်လိုက်ရင် ဖုန်းခေါ်ဖို့နံပါတ်တွေ နှိပ်နိုင်မယ့် ကီးဘုတ်နေရာကို ရောက်ရှိမှာဖြစ်ပါတယ်။
 
                 ဒီနေရာကို ရောက်ပြီဆိုရင်တော့ ဖုန်းရဲ့အောက်ဘက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Speed Dial စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 

 Speed Dial စနစ်ကို နှိပ်လိုက်တာနဲ့ နံပါတ်တွေနဲ့ တန်းစီထားတဲ့ နံပါတ်စဉ်တွေကို မြင်တွေ့ရမှာပါ။ 

 
နံပါတ် ၁ ကတော့ Voice Call နဲ့ Voice Mail Service အတွက် ပေးထားတာဖြစ်ပါတယ်။ နံပါတ် ၂ နေရာကနေစပြီး နောက်မှာရှိနေတဲ့ နံပါတ်အားလုံးကိုတော့ ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။

 
အသုံးပြုချင်တယ်ဆိုရင်တော့ အထဲမှာမြင်ရတဲ့ နံပါတ်စဉ်ထဲက ကိုယ်ကြိုက်တဲ့နံပါတ်တစ်ခုကို နှိပ်လိုက်ပါ။ ဒီလိုနှိပ်လိုက်တဲ့အခါမှာ ဖုန်းရဲ့ Contact ထဲကို ရောက်သွားပါလိမ့်မယ်။

 
 Contact ထဲက ကိုယ်ရွေးချယ်ပြီးပေးထားတဲ့ သူတစ်ယောက်ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ရပါပြီ။ Speed Dial စနစ်ထဲက ကိုယ်ကိုယ်တိုင် ရွေးချယ်ပေးထားတဲ့ နံပါတ်တစ်နေရာမှာ ကိုယ်ရွေးချယ်ပေးလိုက်တဲ့ Contact ကရှိနေမှာဖြစ်ပါတယ်။


 ဖုန်းခေါ်ချင်တဲ့အခါမှာ Speed Dial ထဲမှာ မှတ်သားထားတဲ့သူဆိုရင် ကိုယ်မှတ်သားထားတဲ့ Contact ရဲ့ Speed Dial နံပါတ်စဉ်ကို နှိပ်လိုက်တာနဲ့ ခေါ်ချင်တဲ့ဖုန်းနံပါတ်က တစ်ခါတည်း ရောက်လာမှာဖြစ်ပါတယ်။ ဥပမာ Contact ထဲက မုန်တိုင်း ဆိုတဲ့ သူကို Speed Dial ထဲက နံပါတ် ၃ နေရာမှာ ထားထားတယ်ဆိုရင် ကိုယ်က ဖုန်းခေါ်ချင်တဲ့အခါ Keypad ရဲ့နံပါတ် ၃ ကိုနှိပ်လိုက်ရုံနဲ့  မုန်တိုင်း ရဲ့ဖုန်းနံပါတ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

ဒီလိုအသုံးပြုခြင်းကို Speed Dial စနစ် အသုံးပြုခြင်းလို့ ခေါ်ပါတယ်။ ဖုန်းနံပါတ်တွေကို Speed Dial ရဲ့ နံပါတ်စဉ်အလိုက် အလွယ်တကူခေါ်ဆိုနိုင်ဖို့ မှတ်သားတဲ့စနစ်ပါပဲ။
 


နောက်  Speed Dial စနစ် ကနေဖယ်ထုတ်တာတ်ု့ အသစ်ေ၇းတာတို့ကိုတော့် သက်ဆိုင်ရာSpeed Dial Contact ထဲက သူကို အမှတ်ပေးပြီး Menu ကို နှိပ်ကာ Remove , REplace တို့ဘုပ်နိုင်ပါတယ်...

 How to configure Speed dial Contacts on Android smartphones
Speed dial feature allows you to call or message your favorite contacts with a single keystroke. It is very much common that, you contact certain people frequently on a day to day basis. For example, it can be one of your family members, a close friend of yours or one of your colleagues. It will be a little time consuming every time for you to search for the person you want to contact from within your contacts list or call logs list and then make a call. This is where the Speed dial feature comes into play.
Similar to the Speed dial feature present in most of the modern day browsers, Speed dial feature on Android smartphones allows you to configure a list of eight frequently used contacts into the Speed dial box. Once the contact numbers are configured into the Speed dial list, you can use a single key press to call or message that contact. You can use numbers from 2 to 9 as speed dial numbers to contact each person on the Speed dial list.
The following section of the tutorial will walk you through the procedure of how to configure speed dial contacts on Android smartphones.
1)      On your android phone, tap on the Phone icon.

2)      Now, select the Keypad tab, click on the Menu button and then select Speed dial setting from the pop-up menu.

3)      Now, you should see the Speed dial box opened on your screens. The speed dial numbered 1 by default is for Voicemail. So, you can use numbers starting from 2 to 9 to configure your speed dial contacts.

4)      To configure the first speed dial contact, tap on the speed dial box numbered 2 and then select the contact from the resulting contacts list.

5)      The selected contact will now be placed in the speed dial box numbered 2.

6)      Similarly, repeat the steps 4 and 5 mentioned above to configure the rest of the speed dial contacts.

7)      Once you are finished with configuring all the required contacts into the Speed dial boxes, you can use specific numbers to call or message each individual contact. For example, to call a contact that you configured in the speed dial box numbered 4, you need to just press the number 4 on your keypad and the respective speed dial contact appears on your screen to make a call or message.
Calling and texting your best buddies over the phone could not have been easier than this right.

8)      in case, if you want to remove a contact from the Speed dial box, then in the Speed dial window, click on the Menu button, click on Remove from the pop-up menu and then select the speed dial contact which you want to remove and then click on Remove.

9)      You can also remove a contact by long pressing on it and then clicking on the Remove option from the resulting popup list. The selected contact will be removed from the Speed dial box.

10)  To replace a contact, long press on it and then select Replace option from the resulting popup list and then select the contact which you want to put in the place of the replaced contact.

Speed dial is really a cool and time-saving feature to fulfill your daily calling and texting needs. How often do you use the Speed dial feature on your mobiles or else do you think it is not for me. Let us know through your comments.

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2095.. Zapya အသုံးပြုပုံ နှင့် Zapya v1.6.3

 










          Zapya ဆိုတဲ့ဆော့ဖ်ဝဲကတော့ ဖိုင်တွေကို အကောင်းဆုံးနှုန်းနဲ့ ပို့ဆောင်ပေးနိုင်တဲ့အပြင် ဖိုင်အရွယ်အစားမရွေး ပို့ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲလေးလည်း ဖြစ်ပါတယ်။ ဖိုင်ပို့တဲ့နှုန်းဟာ သာမန် Bluetooth နဲ့ပို့တဲ့နှုန်းထက် ပိုပြီးတော့ မြန်ဆန်ကောင်းမွန်ပါတယ်။ Bluetooth မှာမပို့နိုင်တဲ့ ဖိုင်ဆိုက်တွေကိုလည်း Zapya ဆော့ဖ်ဝဲထဲမှာ ပို့နိုင်ပါတယ်။

                          Zapya ဆော့ဖ်ဝဲကို အသုံးပြုတော့မယ်ဆိုရင်တော့ ပထမဆုံးဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပထမဆုံးအကြိမ် စဖွင့်တာဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Interface ပုံမြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 
                      စတင်မြင်တွေ့ရတဲ့ စာမျက်နှာကို ဘယ်ဘက်ကို Slide ငါးခါလောက် ဆွဲလိုက် ပြီး Start Now ကိုနှိပ်ရင် ဆော့ဖ်ဝဲကို စတင်အသုံးပြုနိုင်မယ့် ဖိုင်စနစ်တွေထဲကို ရောက်ရှိမှာဖြစ်ပါတယ်။
 
                      ပထမဆုံး စတင်တွေ့ရတဲ့ နေရာမှာတော့ ကိုယ့်ရဲ့ Device Name တစ်ခုကို ပေးထားခဲ့နိုင်ပါတယ်။ Profile ပုံကိုရွေးနိုင်သလို Device ထဲက ပုံတွေလည်းရွေးနိုင်ပါတယ်....
 
                      ပြီးရင် Next ဖိုင်တွေ စတင်ပို့နိုင်မယ့်နေရာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်ဖိုင်တွေ၊ အခြား Application Icon တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

                 ဆော့ဖ်ဝဲမြင်ကွင်းရဲ့ ထိပ်ဆုံးဘက်မှာ Connect to friends ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင်တော့ Zapya ဆော့ဖ်ဝဲကိုဖွင့်ထားတဲ့ အခြား Device တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။  Connect Friends ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲက သူ့အလိုလို Device တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Connect Friends ဆိုတဲ့ Box လေးရဲ့ဘေးဘက်မှာ invite ဆိုတာရှိပါတယ်။ invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်းနံပါတ်ရိုက်ထည့်ရမယ့် နေရာလေးတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ကချိတ်ဆက်ချင်တဲ့ Device ရဲ့ဖုန်းနံပါတ် ဒါမှမဟုတ် နာမည်ကို ရိုက်ထည့်ပြီး Invite ပြုလုပ်ထားနိုင်ပါတယ်။
 
                ကိုယ် invite လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာ Send Invite နဲ့ Invite Message ဆိုတဲ့ စနစ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး နှိပ်ပေးရပါမယ်။ Send Invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Zapya စနစ်ဖွင့်ထားတဲ့ အခြားဖုန်းတစ်လုံးကို Invite လှမ်းလုပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပြီး Invite Message ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းကနေ အခြားဖုန်းတစ်လုံးကို Zapya ဆော့ဖ်ဝဲအတွက် Invite လုပ်ချင်ပါတယ်ဆိုတဲ့ Message တစ်စောင်ကို ပို့ပေးလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဖုန်းတစ်လုံးကလည်း Message ကို လက်ခံရရှိတာနဲ့ ဖုန်းကို Data ပို့ဖို့အတွက် Zapya ဆော့ဖ်ဝဲကို ဖွင့်ခိုင်းနေပြီဆိုတာကို အလိုအလျောက်သိရှိနိုင်မှာ ဖြစ်ပါတယ်။

                     ဆော့ဖ်ဝဲရဲ့ Interface ကိုကြည့်မယ်ဆိုရင်တော့ အပေါ်ဘက်မှာ Game နဲ့ Application ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အောက်ဘက်မှာဆိုရင်တော့ App, Gallery, Media, File, History အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုဖြစ်တဲ့ Game နဲ့ Application ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းတွေနဲ့ Application တွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပြီး ဒီဖော်ပြချက်ထဲမှာရှိတဲ့ ဂိမ်းနဲ့ဆော့ဖ်ဝဲတွေကို အခြားဖုန်းတစ်လုံးကို ပို့ဆောင်ချင်တယ်ဆိုရင်တော့ မြင်တွေ့နေရတဲ့ Icon ကိုနှိပ်လိုက်ရုံနဲ့ Send, Properties, Open, More ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

                        ဒီစနစ်တွေထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အခြားဖုန်းတစ်လုံးကို ပို့ချင်တယ်ဆိုရင်တော့ Send ကိုနှိပ်ရမှာဖြစ်ပြီး ဆော့ဖ်ဝဲကိုဖွင့်ချင်ရင်တော့ Open ကိုနှိပ်နိုင်ပါတယ်။ Properties ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ Application နဲ့သက်ဆိုင်တဲ့ ဖိုင်အရွယ်အစားတွေ၊ ဗားရှင်းတွေကို ဖော်ပြထားတဲ့စာမျက်နှာကို မြင်တွေ့ရမှာဖြစ်ပြီး More ဆိုတဲ့ထဲမှာဆိုရင်တော့ Uninstall နဲ့ Backup ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Zapya ထဲကနေပဲ ဆောဖ့်ဝဲကို Uninstall ပြုလုပ်ပစ်လို့လည်း ရပါတယ်။ ဒါကတော့ ဆောဖ့်ဝဲစာမျက်နှာရဲ့ အပေါ်ဘက်ထိပ်မှာမြင်နေရမယ့် Game နဲ့ Application ဆိုတဲ့ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပဲဖြစ်ပါတယ်။

                  ဖုန်း Screen ရဲ့အောက်ဘက်မှာရှိနေတဲ့ Gallery ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းထဲက ဓာတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက ကိုယ် Share ပေးချင်တဲ့ပုံကို ထောက်လိုက်မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့သလိုပဲ Share,View, Properties, More ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Application မှာ Open လို့ဖော်ပြခဲ့ပြီး ဓာတ်ပုံတွေမှာဆိုရင်တော့ View လို့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ တူတူပဲဖြစ်ပါတယ်။

                  Gallery ရဲ့ဘေးနားမှာရှိနေတဲ့ Media ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ရုပ်ရှင်ဖိုင် (Movie) ဖိုင်တွေကို ပြသပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာဆိုရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ Share, more အစရှိတဲ့ စနစ်လေးခုကိုပဲ မြင်တွေ့ရမှာဖြစ်ပြီး အသုံးပြုပုံစံချင်း တူတူပဲဖြစ်ပါတယ်။

                 File ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ ဖိုင်တွေကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Music, Movie အစရှိတဲ့ အရာတွေကို တစ်ခုချင်းစီမဟုတ်ဘဲ စုစည်းထားတဲ့ Folder အတိုင်း ဖိုင်လိုက်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖိုင်လိုက်တော့ Share လုပ်လို့မရနိုင်ပါဘူး။ ဖိုင်ကို တစ်ချက်ထောက်လိုက်ရင် ဖိုင်ကပွင့်သွားမှာဖြစ်ပြီး ဖိုင်ထဲမှာရှိတဲ့ အချက်အလက်တွေကို ထုတ်ပေးမှာဖြစ်ပြီး အဲဒီလို ဖွင့်ပေးတဲ့ထဲကမှ ကိုယ်ပေးပို့ချင်တဲ့ဖိုင်ကို ပေးပို့ရမှာဖြစ်ပါတယ်။

               History ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Zapya ဆော့ဖ်ဝဲကနေတစ်ဆင့် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ပြသပေးတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ ရှေ့ဆုံးမှာစတင်ခဲ့တဲ့ Application ဆိုတဲ့နေရာနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Zapya ထဲမှာ Download ပြုလုပ်ဖို့ရှိနေတဲ့ Upgrade ဖိုင်ရှိခဲ့တယ်ဆိုရင် Apps ဆိုတဲ့နေရာမှာ Notification တစ်ခုအနေနဲ့ ဖော်ပြပေးမှာဖြစ်ပြီး Apps ဆိုတဲ့ Application ထဲမှာပဲ Download ပြုလုပ်နိုင်မယ့် Application ဖိုင်ကိုလည်း ပြသပေးထားမှာဖြစ်ပါတယ်။ ပြသထားတဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့ Download ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြုလုပ်ပြီးတဲ့ Download ကိုတော့ ဖော်ပြခဲ့တဲ့ History ထဲမှာသွားကြည့်နိုင်ပြီး အဲဒီနေရာမှာ တစ်ခါတည်း Install ပြုလုပ်နိုင်မှာပါ။


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2089.. ဖုန်းတွေမှာ မြန်မာ ဖောင့် ခဏခဏပျောက်ပျောက် သွားရင်

 

                  Android OS ဖုန်းတွေကို Root ပြုလုပ်ထားပြီး မြန်မာစာဖောင့်စနစ်ကို ထည့်သွင်းထားပေမဲ့ မကြာခဏဆိုသလို ဖောင့်ပျောက်ပျောက်သွားတဲ့ အခက်အခဲမျိုးတွေ ရှိတတ်ပါတယ်။

                 Root ဘယ်လောက်ပဲ လုပ်ထားလုပ်ထား ဖောင့်ပျောက်တာက Root လုပ်တာ မလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဖောင့်ကိုထည့်သွင်းတဲ့ ပုံစံချင်း ကွဲပြားမှုကြောင့် ဖြစ်တတ်ပါတယ်။

                အချို့က မြန်မာစာဖောင့်ကို ထည့်သွင်းတဲ့အခါမှာ ဖောင့်စနစ်တွေထဲမှာ
  • သီးသန့်အနေနဲ့ ထည့်သွင်းနည်း....    
  • ဖုန်းထဲမှာရှိပြီးသားဖြစ်တဲ့ ဖောင့်စနစ်တစ်ခုပေါ်မှာ Over Write လုပ်ပြီး ထည့်သွင်းနည်း.... ရှိပါတယ်။ 

             ထည့်သွင်းပေးကြတဲ့ စနစ်ပုံစံ ကွဲပြားတာကြောင့် ဖြစ်တတ်ပါတယ်။ ဖောင့်ကို ဖုန်းရဲ့ Font Folder ထဲမှာ သီးသန့်အနေနဲ့ သွားထည့်တာမျိုးဆိုရင်တော့ အသုံးပြုတဲ့သူရဲ့ မှားယွင်းမှုတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ သူ့အလိုလိုပဲဖြစ်ဖြစ် ပျောက်ပျက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။

           မြန်မာစာဖောင့်စနစ်ကို ထည့်သွင်းပေးကြတဲ့အခါမှာ အချို့က ဖုန်းထဲမှာပါဝင်ပြီးသားဖြစ်တဲ့ ဖောင့်တစ်ခုပေါ်မှာ သွားပြီးတော့ Over Write လုပ်လိုက်တာမျိုးကို ပိုအသုံးပြုကြပါတယ်။

          ဒီလိုမျိုး Original Fonts ပေါ်မှာ Over Write သွားလုပ်လိုက်တဲ့အတွက် ဖောင့်က Firmware အသစ်ပြန်မတင်မချင်း OS တစ်ခုလုံး မပျက်သွားမချင်း ရှိနေတတ်ပါတယ်။ 
         အသုံးမပြုတဲ့ ဖောင့်စနစ်ဖြစ်တဲ့ တရုတ်ဖောင့်တွေနဲ့ အာရေဗီယန်ဖောင့်တွေပေါ်မှာ Over Write လုပ်ပြီး ထည့်သွင်းလိုက်ရင် ဖောင့်က မပျက်သွားတော့ပါဘူး။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2071.. Pattern Lock , Passwords Lock , Pin Lock Remover For Android

 



               မည်သည့် Android ဖုန်းမဆို Pattern Lock , Passwords Lock , Pin Lock များကို ဖျက်ထုတ်ပေးနိုင်မယ့် Application ပါ....ဒေါင်းပြီး ရလာတဲ့ ZIP ဖိုင်ကို SD Card ထဲသို့ ထည့်ကာ CWM  သို့ဝင်ပြီး Install လုပ်ပေးလိုက်ပါ.....



Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

2055.. Facebook Home v1.0 (Launcher) And Facebook Messenger for All Android Phone ( root လုပ္ထားစရာမလုိ )

 

Facebook Home  Android Home Screen (Launcher) စနစ်သစ်ကို ၂၀၁၃ ဧပြီလ ၁၂ ရက်နေ့မှာ စတင်ထုတ်ဝေလိုက်ပါပြီ ။
  Facebook Home ကတော့  Android 4.0  နှင့်အထက်ရှိတဲ့ဘယ်ဖုန်းမှာမဆိုအသုံးပြုနိုင်မှာပါ။ ဒီလိုအသုံးပြုနိုင်ဖို့အတွက် ဖုန်းကို root လုပ်ထားစရာမလိုဘဲ ဖုန်းအားလုံးမှာ Facebook Home အသုံးပြုနိုင်ဖို့အတွက်
1....အရင်ဆုံး ဖုန်းထဲမှာ သွင်းထားပြီးသား Facebook Home, Facebook , Facebook Messenger သုံးခုစလုံးကို ဖုန်းထဲကနေ uninstall လုပ်ထားပါ။

 
  2......ပြီးလျှင် Facebook Home အသုံးပြုဖို့အတွက်လိုအပ်တဲ့ android application ဖိုင်သုံးခုကို install ထုပ်ပါ.. အပေါ်ပုံ

1......Facebook Home (patched version)
 

2......Facebook (patched version)
 

3.......Facebook Messenger (Patched version) 

 
 3...... install လုပ်ပြီးပြီဆိုပါက အခုသွင်းလိုက်တဲ့ သုံးခုထဲက Facebook for Android ထဲကိုဝင်၍ မိမိရဲ့ facebook account နဲ့ log in ၀င်ထားပါ။အပေါ်ပုံ...

 

4......ပီးလျှင်Menu မှ setting ထဲသို့ဝင်၍ Enable Facebook Home ကိုအမှန်ခြစ်ပေးပါ .....ပြီးရင်တော့် ပါဝါပိတ်ပြီး ပြန်ဖွင့် ပြီး Launcher ကို Facebookေ၇ွးပြီး သုံးလို့ရပါပြီ.....
 

 

                              ကိုယ့်ပုံလေးကို ဖ်ပြီး သွားလိုရာသွားပါ......

                            Facebook Messenger သုံးမယ်ဆိုရင်တော့်  Facebook Messenger App ကိုဖွင်ု လိုက်ရင်တော့် Login ၀င်ပြီးသား.ဖြစ်လို့ အောက်က လိုပေါ်လာရင် Continue ပါ




 OK တွေပေးသွားပါ.....
















Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2023.. Gothere Myanmar ဖြင့် ပျောက်သွားသော် ဖုန်းကို ဘယ်လိုရှာမလဲ.....

 

 

Gothere Myanmar ဆော့်ဝဲ အသုံးပြုနည်း ကို ဒီမှာ ရေးထားပေးပါတယ်...
အခုထို ဆော့်ဝဲကို သုံးပြီး ဖုန်းပျောက်ရှာပါမယ်.....ဖုန်းမပျောက်ခင် ကထဲက ပျောက်ခဲ့ သော် ရှာဖွေနိုင် ရန်......

လျှို့ ဝှက်နံ ပါတ်သတ်မှတ်ပေးခြင်း
လျှို့ ဝှက်နံ ပါတ်ကိုသတ်မှတ်ပေးထားရန် "Settings" ထဲမှ "Find My Phone Option" ကိုရွေးပါ၊၊
ထို့ နောက် သင်ပေးလိုသောလျှို့ ဝှက်နံ ပါတ်ကိုရိုက်ပါ။
ထို့ နောက် "Save" ကိုနှိပ်ပါ။

ဖုန်းရှာဖွေခြင်း
ဖုန်းရှာဖွေလိုလျှင် Program ၏အစမှ "Phone Finder" ကိုနှိပ်ပါ။
ပထမနေရာတွင် ပျောက်ဆုံးသွားသောဖုန်းနံပါတ် ကိုရိုက်ထည့် ပါ။
ဒုတိယနေရာတွင် လျှို့ ဝှက်နံပါတ်ကို ရိုက်ထည့် ပါ။

တတိယနေရာမှ "Reply Option" ကိုသင်ကြိုက်နှစ်သက်ရာရွေးချယ်ပါ။
"Default reply" ကိုရွေးလျှင် အချိန် သုံးမီးနစ်မှ ငါးမီးနစ်အတွင်း အမှန်ကန်ဆုံးတည်နေရာကို ပြန်လည်ဖေါ်ပြပေးမည် ဖြစ်သည်။
"Quickly reply" ကိုရွေးလျှင် အချိန်တိုအတွင်း အနီးစပ်ဆုံးနေရာကို ပြန်လည်ဖေါ်ပြပေးမည် ဖြစ်သည်။
"Exact reply" ကိုရွေးလျှင် အမှန်ကန် ဆုံးအတိကျဆုံးနေရာကို ပြန်လည်ဖေါ်ပြပေးမည် ဖြစ်သည်။


ရှာဖွေပြီးနောက် ထည်နေရာကို ကြည့်ခြင်း
ရှာဖွေလိုက်သော ရလာဒ်ကို "Notifcation Bar" တွင်ဖေါ်ပြပေးပါသည်။ ထိုနေရာတွင် နှိပ်လိုက်ပါက တည်နေရာကိုတွေ့နိုင်သည်။ ထို့ အပြင် ထိုရလာဒ်ကို ပြန်လည်ကြည့်ရှုလိုပါက "Program > Bookmarks> Phones Found" နေရာတွင် နှိပ်ခြင်းဖြင့်လည်း သိနိုင်ပါသည်။ 


Gother Myanmar နောက်ဆုံး version ကို ဒီမှာ ယူပါ...

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

2004.. Google Account , Gmail , Gtalk မပါသော် Android ဖုန်းများတွင်Google Account , Gmail ,Gtalk တို့သွင်းနည်း

 

                Google အကောင့်ဖွင့်ဖို့ အပေါ်ကပုံလို Google မပါခဲ့ရင် မိမိဖုန်း version အလိုက် အောက်က zip ဖိုင်တွေ ဒေါင်းလိုက်ပါ.....


DOWNLOAD
Version 2.2 အတွက်




DOWNLOAD
Gingerbread Version 2.3




DOWNLOAD
Ice Cream Sandwich Version 4.0.3


1.....ဆွဲထားတဲ့ zip ဖိုင်ကို  memory card ထဲထည့်ပြီး ပါဝါပိတ်ပါ

2.....ပြီးရင်  recovery mode ထဲဝင်ပါ.... ( ပါဝါပိတ်ြပီး Volume Down နှင့် Power တွဲနှိပ်ရန် )


3.....Install Zip From SD Card ကို ရွေးပါ (Volume Down နဲ့အောက်ဆင်းပါ)

4.....Choose Zip From SD Card ကို ရွေးပါ.......

5.....ဒေါင်းထားတဲ့ ဖိုင်ကို တွေ့ရင် power key ကို တစ်ချက်နှိပ် ( သို့မဟုတ် ) Home Key ကိုတစ်ချက်နှိပ် ရွေးပါ....

6.....သွင်းမှာလားလို့မေးရင် yes......

7.....သွင်းနေပါလိမ့်မယ် ပြီးရင် complete လို့ပြလိမ့်မယ်........

6......Back နှင့် နဲ့နောက်ပြန်ထွက်ပါ.......


7.......Reboot System Now ရွေးပါ.....

 ဖုန်းပြန်တက်လာရင် Google အကောင့်ကိုတွေ့ရပါမယ်.......




                     Install လုပ်ပြီးရင်တော့် သုံးလို့ရပြီ.......
Android ဖုန်းပေါ်တွင် Google Account ဖွင့်နည်း နှင့် Gmail Gtalk သုံးနည်း


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2001.. Android My Gesture v3.12 ( Screen ပေါ်မှာ လက်ရေးရေးပြီး Shortcut ဖန်တီးခြင်း )

 

          Screen ပေါ်မှာ အက္ခရာ တစ်လုံး ရေးလိုက်တာနဲ့ ကြိုတင်သတ်မှတ် ထားတဲ့ လုပ်ငန်း အတိုင်း လုပ်ဆောင်ပေးမယ့် ဆော့်ဝဲဖြစ်ပါတယ်.....

         ဥပမာ ...
  • ဖုန်းခေါ်ရင်ဖြစ်ဖြစ် 
  • website တစ်ခုကိုသွားချင်တာပဲဖြစ်ဖြစ် 
  • application တစ်ခုကိုဖွင့်ချင်တာပဲဖြစ်ဖြစ် 
  • သီချင်းဖွင့်တာဖြစ်ဖြစ်
 
 1..... My Gesture ကို ဖွင့်လိုက်ပါ...အပေါ်ဆုံးက Enable/Disable ကိုအမှန်ခြစ်ပေးလိုက်တာနဲ့ အစိမ်းရောင် G (  My Gesture Icon ) လေးပေါ်လာမယ်...

2.....Icon Mode Setting ကိုကလစ်နှိပ်ပါ....ခုနက G Icon လေးကို ဘယ်လိုထားမလဲရွေးပေးပါ.....
Topmost Icon Button ကိုရွေးရင်တော့် အပေါ်လေးမှာ အမြဲပေါ်နေပါမယ်...Status Bar ကိုရွေးလည်းကောင်းပါတယ်..Notification Bar မှာသာပေါ်နေမှာပါ.....နောက်မှ မကြိုက်ရင်ပြန်ပြင်နိုင်ပါတယ်......

3.....အခု စတင်ဖန်တီးပါမယ်.... My Gesture ကိုဖွင့်ပြီး Create Gestures ကိုရွေးပေးပါ....

4.....Add Gesture

 
5....အခု Contact List ထဲ တစ်ဦးကို ဖုန်းခေါ် ဖို့ အက္ခရာ တစ်ခုဖန်တီး မှာမို့ Set Contact Number ကိုရွေးပေးလိုက်တယ်.....ဒီနေရာမှာ.....
  • Website တစ်ုကိုဖွင့်မယ် ဆိုရင် Set Internet URL
  • Application တစ်ခုကို ဖွင့်ချင်ရင် Set Application စသည်ဖြင့် ရွေးပါ...

 
6... Contact List ထဲကတစ်ယောက်ကိုရွေးပါ......


 
7.....ပြီးရင် အက္ခရာ တစ်လုံးရေး.....ကျွန်တော်က ( Z ) လေးရေးလိုက်တယ်...Choose Option ထဲက တစ်ခုကိုရွေးပြီး Save ပါ.....

8......ဒါဆို ကိစ္စ တစ်ခုဖန်တီးပြီးပါပြီ.....ဒါဆို Screen ပေါ်မှာ ( Z ) လေးရေးလိုက်တာ နဲ့ ဖုန်းခေါ်တဲ့ အလုပ်ကို လုပ်ပေးမှာပါ.....


What can I use?
* Internet URL
* Applications
* Contact auto call, auto message
* Home button
* Silent Mode
* Vibration Mode
* WiFi
* Bluetooth
* GPS
*...
Updated :2012-08-28
Version :3.12
Size :225KB
Requirements :Android 2.1 or higher



DOWNLOAD

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ