ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2122.. GPU ( Graphic Processing Unit ) ဆိုတာ

 



                   မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ GPU ဆိုတာကတော့ Graphic Processing Unit ကို အတိုခေါက်အနေနဲ့ ခေါ်ဆိုသတ်မှတ်ထားတာပဲဖြစ်ပါတယ်။


                     နောက်ထပ်နာမည်တစ်မျိုးနဲ့ ခေါ်တွင်တာလည်း ရှိပါသေးတယ်။ အဲဒါကတော့ VPU လို့ခေါ်တဲ့ Visual Processing Unit လို့လည်း အခါအားလျော်စွာ
ခေါ်ဆိုသတ်မှတ်လေ့ရှိတယ်လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ GPU ဟာကောင်းမွန်တဲ့ Electronic Circuit တစ်ခုဖြစ်တယ်လို့လည်းဆိုကြပြီး ပုံရိပ်တွေကို မှတ်သားခြင်းနဲ့ တည်ဆောက်ခြင်းအပိုင်းတွေကို လုပ်ဆောင်တဲ့နေရာမှာ ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

                 ကွန်ပျူတာတွေမှာဆိုရင်တော့ Graphic Card တွေကို ထည့်သွင်းအသုံးပြုကြသလိုမျိုးပဲ မိုဘိုင်းဖုန်းတွေမှာလည်း GPU ဟာ ပုံရိပ်ဖန်တီးခြင်း၊ ရုပ်ပုံများကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းတွေမှာ နာမည်ကြီးတယ်လို့ ဆိုပါတယ်။ GPU ကိုတော့ nVidia ကနေ စတင်အသုံးပြုခဲ့ပြီး နာမည်ရလာခဲ့တာဖြစ်ပါတယ်။ GPU ကို ၁၉၉၉ ခုနှစ်မှာ GeForce 256 ဆိုတဲ့နာမည်နဲ့ စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ GPU ကိုတော့ Single Chip ပုံစံမျိုးနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပေါ့ပါးခြင်း၊ ဂရပ်ဖစ်စနစ်များအား ပေါင်းစပ်ထားခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။
                 GPU ကို မိုဘိုင်းဖုန်းတွေပေါ်မှာ စတင်အသုံးပြုခဲ့တာဟာ အချိန်သိပ်မကြာမြင့်သေးပါဘူး။ မိုဘိုင်းဖုန်းတွေမှာ ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်လာတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေရဲ့ ဂရပ်ဖစ်ဆိုင်ရာ အသုံးပြုခြင်းတွေအတွက် GPU ကို အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ GPU ကို အသုံးပြုလာခဲ့ကြပြီးတဲ့နောက်မှာတော့ မိုဘိုင်းဖုန်းတွေအတွက် ဂရပ်ဖစ်စနစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ဖော်ပြပေးနိုင်မယ့် LCD တွေနဲ့ LED Screen တွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

             GPU ရဲ့ဂရပ်ဖစ်စနစ် ပြုပြင်ဖန်တီးပေးချက်တွေကို LCD တွေကလည်း အကောင်းဆုံး ပုံဖော်ပေးကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း နည်းပညာပေါင်းစပ်မှု တစ်ခုဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့စနစ်တွေကို ဖန်တီးလာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

2088.. Mobile Phone မှာ Multitasking စနစ် Multi Windows စနစ် ဆိုတာ

 
 


             Mobile Phone မှာ Multitasking စနစ်  Multi Windows စနစ် ဆိုတာ ဓါတ်ပုံဖိုင် ဒါမှမဟုတ် Movie ဖိုင်၊ အင်တာနက်စနစ်၊ Chat စနစ်၊ Email စနစ်၊ You Tube အစရှိတဲ့စနစ်တွေကို Screen ပေါ်မှာ နှစ်ပိုင်းခွဲပြီး တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။
             ဒါ့အပြင် ဒီစနစ်တွေကို အသုံးပြုနေစဉ်အတွင်းမှာပဲ Message ၀င်လာခဲ့ရင်ပဲဖြစ်ဖြစ်၊ ကိုယ်က ပြန်ပို့ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် Message စနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
            Multi Windows စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့.....
ပထမဆုံး ဖုန်းရဲ့အပေါ်ထိပ်ဘက် Notification ဘားထဲမှာရှိနေတဲ့ Multi Windows ဆိုတဲ့စနစ်ကို On လုပ်ထားရပါမယ်။
 ပြီးရင်တော့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တစ်ခုခုကို အသုံးပြုလိုက်ပါ။

                  ( ဥပမာ ရုပ်ရှင်ဖိုင်တစ်ခုကို ဖွင့်လိုက်တယ်ဆိုကြပါစို့။ ရုပ်ရှင်ကြည့်ရင်းနဲ့ Message ပို့ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ဘယ်ဘက်ဘေးနားလေးမှာ ဘေးတိုက်ဆွဲနိုင်တဲ့ ဘားလေးတစ်ခုရှိနေပါတယ်။ အဲဒီဘားလေးကို ဆွဲလိုက်ပါ။ ဒီဘားလေးထဲမှာ ပါဝင်တဲ့စနစ်တွေ အားလုံးကို Multi Windows စနစ်နဲ့ အသုံးပြုနိုင်ပါလိမ့်မယ်။ )
             ကိုယ်က ရုပ်ရှင်ကြည့်ရင်း Message ပို့ချင်တယ်ဆိုရင်တော့ အဲဒီဘားလေးထဲကနေ Message ပုံလေးကို လက်နဲ့ဖိထောက်ပြီး အောက်ဘက်က ရုပ်ရှင်ကြည့်နေတဲ့ Screen ပေါ်ကို တင်ပေးလိုက်ပါ။ ဒါဆိုရင် Screen ကို အလိုအလျောက်ပိုင်းပေးပြီး ရုပ်ရှင်တစ်ခြမ်း၊ Message တစ်ခြမ်းအနေနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2005.. CWM ဆိုတာ

 



                      CWM ဆိုတာ Clockworkmod (or) Custom Recovery လို့ခေါ်ပါတယ်
Custom Recovery အပြင် Stock Recovery ဆိုတာရှိသေးပါတယ်......
Brand ရှိတဲ့ Android phone တွေမှာ Recovery (Stock Recovery )ဆိုတာ ပါကိုပါတယ်....
                    သူက ဘာတွေ လုပ်လို့ ရသလဲ ဆိုတော့ update လုပ်လို့ ရမယ်။ cache တွေ ရှင်းလို့ ရမယ်။ backup/restore စတာတွေ လုပ်လို့ ရတယ်။ ပြောရရင် အသုံးဝင်တဲ့ Mode တစ်မျိုးပေါ့။

Stock Recovery ထဲမှာ......
  • reboot system now
  • Apply update from sd
  • wipe data/factory reset
  • Wipe cache partition
reboot system now ...... recovery mode အနေအထားကနေ ပုံမှန်စက်ပြန်တတ်ရန်....
Apply update from sd ..... sd card ထဲက zip file ကို install လုပ်၇န်....
wipe data/factory reset .... user data partition ကို format ချဖို့........ 
Wipe cache partitiion ......Cache partition format ချဖို့......
ဒါတွေကတော့ Stock Recovery ထဲမှာပါတဲ့ လေးခုပေါ့ဗျာ....

CWM ... custom recovery
CWMတင်လိုက်တော့
Instll Zip from Sd Card  SD card ထဲမှာရှိတဲ့ recovery mode အတွက်သီးသန့်ရေးထားတဲ့ zip file တွေကို install လုပ်ဖို့...

Back up and Restore

Back up  System partition အကုန်လုံးကို SD card မှာ back up လုပ်ထားလို့ရတယ်ဗျာ...
backup လုပ်လိုက်ရင် SD card ထဲမှာ clockworkmod ( cwm )ဆိုတဲ့ folder ဖွဲပြီး phone ရဲ့ date နဲ့မှက်သွားလိမ့်မယ်..

restore  back up လုပ်ထားတာတွေကို ပြန်ယူတာ....

Advace Restore  ကိုယ်ကြိုက်တဲ့ အပိုင်းကို restore လုပ်တာ....

  Stock နဲ့ CWM နဲ့ ဘာကွာသလဲ?
              Stock Recovery ဆိုတာက Official firmware မှာ နဂို builtin ပါလာတဲ့ ကောင်ပါ။ Official ဆိုသည့်အတွက် developer ကနေ framework နဲ့ လုံးဝကို ကိုက်ညီအောင် ထုတ်လုပ်ထားတယ်ဟာပေါ့။ အဲဒီတော့ အကောင်းဆုံးလို့ ဆိုလို့ ရပါတယ်။ ဒါပေမယ့် သူမှာက function က အစုံမပါဘူးပေါ့ဗျာ။ official ကိုသာ update လုပ်ခွင့်ပေးတယ်။ နောက်ထပ်ကျတော့ factory reset စတာတွေလောက်ပဲ သုံးလို့ရပါတယ်။
              CWM ဆိုတာကကျတော့ အမှန်တကယ်က CWM လို့ ကျွန်တော်တို့ ဘာလို့ ခေါ်ကြသလဲဆိုတော့ ဟိုးအရင်က recovery ကို ထုတ်တာမှာ ClockWork Mode ဆိုတာ တစ်မျိုးပဲ ရှိလို့ ခေါ်ရင်းခေါ်ရင်းနဲ့ နောက်ပိုင်းက ဟာတွေကော အားလုံးကို သိမ်းကြုံးပြီး CWM လို့ အလွယ်ခေါ်လိုက်ကြတော့တာပါ။
သူက ဘာလဲဆိုတော့ Custom Recvoery ပါပဲ တင်မယ့် firmware ရဲ့ framework ပေါ်မှာ အခြေခံပြီး Modify လုပ်ထားတဲ့ သဘောပါပဲ။
                သူ့မှာကျတော့ function အစုံ သုံးလို့ ရတယ်။ Custom Rom တွေ တင်လို့ ရတယ်။ Rom တစ်ခုလုံးကို backup ယူခွင့် ရတယ်။ စတာတွေပေါ့...
အများကြီး သုံးလို့ ရတယ်။

 

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1996.. ဖုန်းတွေမှာ CPU Usage ဆိုတာ

 


            CPU ရဲ့လုပ်ဆောင်နှုန်းတွေနဲ့ CPU ဘယ်လောက်ထိ အသုံးပြုနေတယ် အလုပ်လုပ်နေတယ်ဆိုတာတွေကို ပြသပေးနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ CPU ရဲ့လုပ်ဆောင်ချက်တွေကို ပြသတဲ့နေရာမှာတော့ ဖုန်းရဲ့အပေါ်ထိပ်ဘက်မှာ အများအားဖြင့် ပြသပေးတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ စာလုံးသေးသေးတွေနဲ့ လှုပ်ရှားနေတဲ့ CPU လုပ်ဆောင်ချက်တွေကို ဖော်ပြပေးနေမှာဖြစ်ပါတယ်။

            ဖေါ်ပြစေချင်တယ်ဆိုရင်တော့် Show CPU Usage ကိုအမှန်ခြစ်ပေးထားလိုက်ပါ....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1995.. ဖုန်းတွေမှာ Background Process Limit ဆိုတာ

 

               ဖုန်းထဲမှာရှိတဲ့ ဆော့ဖ်ဝဲစနစ်တွေ၊ အခြားဂိမ်းစနစ်တွေ၊ ဖုန်းတွင်းစနစ်တွေ အစရှိတဲ့စနစ်တွေကို အသုံးပြုတဲ့နေရာမှာ Application တွေ၊ စနစ်တွေအားလုံးအတွက် Delete စနစ်နဲ့ Close မပါဝင်တဲ့အတွက်  Back စနစ်နဲ့ နောက်ပြန် ပြန်ထွက်လာတာ ဖြစ်ပါတယ်။

              ဒီလိုမျိုး စနစ်တစ်ခုထဲကနေ ပြန်ထွက်လာခဲ့တဲ့အချိန်မှာ ဖုန်းထဲမှာ ကိုယ်အသုံးပြုခဲ့တဲ့ ဆော့ဖ်ဝဲစနစ်တွေရဲ့ ဖိုင်တွေက ကျန်ရှိနေခဲ့ပါတယ်။ ဒါတွေက ဖုန်းထဲမှာနောက်ခံ Background Run နေတဲ့ ဆော့ဖ်ဝဲတွေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။ ဒီလိုမျိုး Background ဆော့ဖ်ဝဲတွေကို Task Killer လို Background ဆော့ဖ်ဝဲဖျက်တဲ့ဆော့ဖ်ဝဲတွေ အသုံးပြုပြီး ဖျက်ကြရပါတယ်။

                အချို့ဖုန်းတွေမှာဆိုရင်လည်း Setting ထဲမှာ ဒီလိုဆော့ဖ်ဝဲတွေ Default ပါဝင်တာကို တွေ့ရပါတယ်။ Developer Option ထဲမှာပါဝင်တဲ့ Background Process Limit ဆိုတာကတော့ ဒီလိုမျိုးအသုံးပြုပြီး ကျန်ရှိနေခဲ့တဲ့ Background ဆော့ဖ်ဝဲတွေကို အရေအတွက် ကန့်သတ်ပေးနိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်မယ်ဆိုရင်တော့ Background Process တွေကိုကန့်သတ်နိုင်တဲ့ စနစ်ထဲကို ရောက်ရှိမှာဖြစ်ပါတယ်။

               ဒီထဲမှာတော့ Standard Limit, No Background Process, At most 1 process, At most 2 process, At most 3 process, At most 4 process အစရှိတဲ့စနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

               Standard Limit ဆိုတာကတော့ Background Process တွေကို Standard သတ်မှတ်ချက်တစ်ခုထိ ထားမယ်လို့ဆိုလိုတာဖြစ်ပြီး No Background Process ဆိုတာကတော့ ကိုယ်အသုံးပြုခဲ့တဲ့ Process တွေကို Background လုံးဝမထားဘူးလို့ သတ်မှတ်တာဖြစ်ပါတယ်။ အဲဒီလို လုပ်ထားလိုက်မယ်ဆိုရင်တော့ ဖုန်းထဲမှာ Background Process တွေကို သိမ်းထားပေးမှာ မဟုတ်တော့ပါဘူး။ အသုံးပြုပြီးတာနဲ့ တစ်ခါတည်း ဖုန်းကပိတ်ပစ်လိုက်မှာဖြစ်ပါတယ်။ နောက်အခြားစနစ်တွေကတော့ Background Process တွေကို တစ်ခုထားမယ်၊ နှစ်ခုထားမယ် အစရှိသဖြင့် သတ်မှတ်ပေးထားနိုင်မယ့် စနစ်တွေပဲဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1994.. ဖုန်းတွေမှာ Windows Animation Scale ဆိုတာ

 
               

                    Windows Animation Scale ဆိုတာကတော့ Windows ရဲ့ လှုပ်ရှားမှုပုံရိပ်တွေရဲ့နှုန်းကို ချိန်ညှိတဲ့နေရာပဲဖြစ်ပါတယ်။ ဒီစနစ်ကို နှိပ်လိုက်တာနဲ့ ချိန်ညှိနိုင်မယ့်နှုန်းထားတွေကို ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Transition Animation Scale ဆိုတဲ့စနစ်ကတော့ လှုပ်ရှားမှုပုံရိပ်တွေ Animation တွေကို တစ်ခုကနေတစ်ခု ပြောင်းလဲတဲ့အခါမှာ ဘယ်လောက်နှုန်းထားနဲ့ အသုံးပြုမယ်ဆိုတာကို ချိန်ညှိတဲ့စနစ်ပဲဖြစ်ပါတယ်။

                   Android OS v4.0 ICS မှာသာပါပါတယ်....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1993.. လျှပ်စစ်အားထုတ်ပေးသည့် ဖုန်းများကို အားဖြည့်သွင်းနိုင်သည့် Charger

 
                  လျှပ်စစ်အားထုတ်ပေးသည့် မိုဘိုင်းဖုန်းများကို အားဖြည့်သွင်းနိုင်သည့် Charger ဖြစ်ပါတယ်။ လက်လှည့်ရုံဖြင့် လျှပ်စစ်အားထုတ်ပေးမှာဖြစ်ပြီး ခရီးသွားလာနေစဉ် လျှပ်စစ်အားပြတ်တောက်မသွားရန် အလွယ်တကူ ဖြည့်သွင်းနိုင်သည့် ပစ္စည်းဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1990.. Exynos ဆိုတာ

 

                       Exynos ဆိုတဲ့အကြောင်းကို ဖော်ပြပေးပါမယ်။ Exynos ဆိုတာကတော့ Samsung ဖုန်းတွေမှာ မြင်တွေ့ရတဲ့ Chipset တစ်ခုပဲဖြစ်ပါတယ်။ Exynos ဆိုတာကတော့ တကယ်တမ်းမှာ ARM Chipset ပဲဖြစ်ပြီး ARM ရဲ့ အခြေခံစနစ်လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။


                    Exynos ဆိုတဲ့နာမည်ကတော့ Chipset တွေကိုထုတ်လုပ်ခဲ့တဲ့ ARM Chipset ဆိုတဲ့နာမည်ပေါ်မှာ မှီငြမ်းရည်ညွှန်းထားတာဖြစ်ပြီး Samsung ကနေထုတ်လုပ်တဲ့ Electronic ပစ္စည်းတွေအတွက် လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ဖို့ ARM ရဲ့အခြေခံပေါ်မှာပဲ နာမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Exynos Chipset ကိုတော့ ၂၀၁၀ ခုနှစ်မှာ Samsung ကနေ စတင်ထုတ်လုပ်ခဲ့တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ Samsung ရဲ့ Galaxy S ဟန်းဆက်မှာ Featured တစ်ခုအနေနဲ့ပါဝင်ခဲ့ပြီး ARM Cortex-A8 CPU ရဲ့လိုင်စင်နဲ့ ထည့်သွင်းခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်အစောပိုင်းမှာတော့ Samsung ဟာ Exynos 4210 ကို ပထမဆုံးအနေနဲ့ စတင်ထုတ်လုပ်အသုံးပြုခဲ့ပြီး Samsung ရဲ့ Galaxy SII ဖုန်းမှာ စတင်ထည့်သွင်း အသုံးပြုခဲ့တာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

                 စတင်ထည့်သွင်းအသုံးပြုခဲ့တဲ့ Exynos 4210 အတွက် Driver Code ဟာ Linux Kernel [1] နဲ့ Kernel 3.2 Support ဖြစ်တယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလာမှာတော့ Exynos 4212 ကိုထပ်မံထုတ်လုပ်ခဲ့ပြီး ဒီဗားရှင်းကတော့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်မှုတွေကို ရရှိနိုင်မယ်လို့လည်း ဆိုပါတယ်။

                  Exynos 4212 ဟာ မြန်ဆန်တဲ့လုပ်ဆောင်ချက်နှုန်းတွေကို ဖန်တီးပေးနိုင်တဲ့အပြင် ဂရပ်ဖစ်စနစ်ပိုင်းအတွက်လည်း 3D ဂရပ်ဖစ်စနစ်မျိုးကို ထောက်ပံ့ပေးနိုင်တဲ့ အဆင့်ထိ ရောက်ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာတော့ Dual-core ARM Cortex-A15 CPU ကိုထုတ်လုပ်ခဲ့ပြီး ဒီ Chipset ကိုတော့ Exynos 5250 လို့လည်း ခေါ်ဆိုတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1989.. iDevice နှင့် Android တွေ မှာ အချက်အလက် အခိုး မခံ ရအောင်...

 
                   iPhone တွေနဲ့ iPad တွေမှာ အချက်အလက်တွေ ခိုးယူအသုံးပြုခြင်း ခံရနိုင်တယ်လို့ ကြားသိလာရပါတယ်... အဲဒါက iDevice တွေတင်မဟုတ်ပါဘူး။ အခြား Linux Platform ပေါ်မှာအခြေခံထားတဲ့ Android OS စနစ်တွေမှာလည်း ဒီလိုမျိုး အချက်အလက် ခိုးယူအသုံးပြုခံရခြင်းတွေ ရှိလာနိုင်ပါတယ်။

               Linux ရဲ့ Coding စနစ်တွေကို ကျွမ်းကျင်တဲ့သူတွေ အသုံးပြုမယ်ဆိုရင် ဒီ Device တွေဟာ Hacking Device တွေဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး အချက်အလက်တွေကို ခိုးယူဖောက်ထွင်း အသုံးပြုခြင်းဆိုတာကလည်း iDevice တွေမှာဆိုရင် Jailbreak ပြုလုပ်ထားတဲ့ Device တွေနဲ့ Android OS Device တွေမှာဆိုရင်တော့ Rooting ပြုလုပ်ထားတဲ့ Device တွေမှာပဲ အချက်အလက် ခိုးယူအသုံးပြုခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။

              ဒီလိုမျိုး အချက်အလက်တွေ ခိုးယူအသုံးပြုခြင်း မခံရအောင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ Device တွေကို Jailbreak လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ Rooting ပြုလုပ်တဲ့ နေရာမှာပဲဖြစ်ဖြစ် ဂရုစိုက်လိုက်ရင်ရပါပြီ။

            Jailbreak လုပ်တဲ့အခါနဲ့ Root လုပ်တဲ့အခါမှာ Rooting ရဲ့ Root Password ဆိုတာရှိပါတယ်။ အဲဒါကတော့ iDevice တွေနဲ့ Android တွေမှာ Developer တွေရဲ့ Default Password တွေကို Jailbreak or Rooting ပြုလုပ်တဲ့ခါမှာ တစ်ခါတည်းပြောင်းလဲခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ Device ကိုဖောက်ထွင်းဖို့ မလွယ်ကူတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Device တွေကို ဖောက်ထွင်းတဲ့နေရာမှာ Root Password ကိုမပြောင်းလဲခဲ့ဘူးဆိုရင်တော့ ဖောက်တဲ့သူက iDevice ဒါမှမဟုတ် Android တွေရဲ့ Root Default Password နဲ့ပေးပြီး ဖောက်ထွင်းသွားနိုင်ပါတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1956.. Data Roaming စနစ္ဆိုတာ

 
www.monetine.net  Data Roaming စနစ္ဆိုတာ
           Data Roaming စနစ်ဆိုတာကတော့ WCDMA 3G ကွန်ရက်စနစ်သုံး အင်တာနက်ကို အသုံးပြုနေရင်းနဲ့ WCDMA ကွန်ရက် အသုံးမပြုနိုင်တဲ့နေရာတွေကို ရောက်သွားခဲ့ရင် အခြားမိုဘိုင်းဖုန်းကွန်ရက်တစ်ခုနဲ့ ထပ်မံဆက်သွယ်ချိတ်ဆက်ပြီး အသုံးပြုနိုင်စေမယ့်စနစ်ပဲဖြစ်ပါတယ်။ WCDMA ကနေ 2G ကွန်ရက်ထဲကိုရောက်သွားရင် ဒီစနစ်က 2G ရဲ့ EDGE စနစ်နဲ့ ဆက်လက်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1955..Tethering and Portable Hotspot ဆိုတာ

 
www.monetine.net Tethering and Portable Hotspot ဆိုတာ
                     Tethering and Portable Hotspot ဆိုတဲ့စနစ်ကတော့ မိုဘိုင်းဖုန်းတွေမှာအသုံးပြုတဲ့ 3G အင်တာနက်စနစ်တွေကို ဖုန်းကနေတဆင့် WiFi အဖြစ်နဲ့ တဖန်ပြန်ပြီးလွှင့်ထုတ်ပေးနိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။
                   မိုဘိုင်းဖုန်းတွေကနေ ဖမ်းယူအသုံးပြုတဲ့ 3G အင်တာနက်စနစ်ကို ဖုန်းတစ်လုံးတည်းကနေ တခြားကွန်ပျူတာ သုံးလုံးလောက်၊ ဒါမှမဟုတ်ရင်လည်း တခြားဖုန်းသုံးလုံးလောက်ကို WiFi စနစ်ပြန်ပြီး Share ပေးနိုင်တဲ့စနစ်လည်း ဖြစ်ပါတယ်။

                ဒီစနစ်ထဲမှာ
USB Tethering  နဲ့
WiFi Tethering          ဆိုပြီးနှစ်မျိုးရှိပါတယ်။

                   USB နစ်ကိုရွေးချယ်ထားရင်တော့ ကိုယ့်ဖုန်းတစ်လုံးတည်းနဲ့ပဲ အင်တာနက်စနစ်ကို ကွန်ပျူတာမှာ ကြိုးနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာပါ။

                 WiFi Tethering စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ WiFi စနစ်နဲ့ ပြန်ပြီးလွှင့်ထုတ်ပေးနိုင်မှာပါ။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1954.. Flight Mode ဆိုတာ

 
             Flight Mode ဆိုတာကတော့ ၀ါယာလက်ကွန်ရက်တွေအားလုံးကို ဖြတ်တောက်ပေးထားပြီး ပိတ်ပေးထားတဲ့စနစ်ပဲ ဖြစ်ပါတယ်။  Flight Mode ကိုအသုံးပြုလိုက်ရင်တော့ ကိုယ့်ဆီကိုလည်း ဖုန်းအ၀င်မရတော့သလို သူများဆီကိုလည်း ကိုယ်ကခေါ်လို့မရနိုင်တော့ပါဘူး။

          ဖုန်းတော့် သုံး လို့ရနေမှာပါ.....

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1953..ဖုန်းတွေမှာ Call Rejection ဆိုတာ

 
            Samsung ဖုန်းတွေမှာပဲ ပါဝင်တဲ့  Black List နဲ့ White List စနစ်တွေကို အသုံးပြုနိုင်တဲ့နေရာဖြစ်ပါတယ်။ ကိုယ့်ဆီကိုဝင်လာမယ့် အ၀င်ခေါ်ဆိုခြင်းတွေကို တားဆီးထားပြီး Reject ပြုလုပ်နိုင်တဲ့စနစ်ပါ။

           Reject Message ဆိုတာကတော့ ကိုယ်ကဖုန်းကို မကိုင်နိုင်တဲ့အခါမျိုးတွေမှာ Reject Message စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းက အလိုအလျောက် Message တစ်စောင်ကို ပြန်ပို့ပေးနိုင်တဲ့စနစ်ပါ။ ဒီစနစ်အတွက် အလိုအလျောက်ပြန်ပို့ပေးမယ့် Message တွေကိုလည်း ဖုန်းမှာနဂိုပါဝင်တာတွေကို အသုံးပြုနိုင်သလို နောက်ထပ် ကိုယ်ဖြည့်စွက်ချင်တဲ့စာကြောင်းတွေကိုလည်း ထပ်မံဖြည့်စွက်အသုံးပြုနိုင်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1951.. ဖုန်းတွေ မှာ Motion ( Gusture Control ) စနစ် ဆိုတာ

 


             ဖုန်းကို လှုပ်ရှားမှုတစ်ခုနဲ့ အ၀င်ခေါ်ဆိုခြင်း Ring သံတွေကို ပိတ်ပေးနိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Motion Activation ဆိုတဲ့နေရာမှာ အမှတ်အသားလေး ပြုလုပ်ထားလိုက်မယ်ဆိုရင်တော့ ဒီစနစ်ကို အသုံးပြုလို့ရနိုင်ပါပြီ။

             ဒီထဲမှာတော့
Turn Over,
Tilt,
Panning,
Double Tap ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

                Turn Over ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အ၀င်ခေါ်ဆိုမှု Ring သံမြည်လာတဲ့အခါမှာ ဖုန်းကို ပုံမှန်အနေအထားကနေ မှောက်လိုက်ရုံနဲ့ မြည်နေတဲ့ Ring သံပိတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစနစ်က Ring သံကိုပဲ ပိတ်ပေးတာပါ။ ဖုန်းတော့ကျမသွားပါဘူး။ ပြောချင်တယ်ဆိုရင် ခလုတ်ကိုနှိပ်ပြီး ပြောနိုင်ပါတယ်။

              Tilt ဆိုတာကတော့ Motion စနစ်ကို အသုံးပြုတဲ့နေရာမှာ Motion Sensitive ကို ကိုယ်နှစ်သက်သလိုချိန်ပြီး အသုံးပြုနိုင်မယ့်နေရာဖြစ်ပါတယ်။ ဒါ့အပြင် ဒီစနစ်ကဖုန်းနဲ့ Browser စနစ်တွေ၊ Gallery စနစ်တွေကို အသုံးပြုတဲ့နေရာမှာ Screen နဲ့ ဘယ်လောက်အရွယ်အစားနဲ့ ကြည့်ရှုမယ်ဆိုတာကိုလည်း ချိန်ညှိနိုင်မှာဖြစ်ပြီး ဒီလိုချိန်ညှိတဲ့နေရာမှာလည်း ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ မြင်ကွင်းတွေကို ချုံ့နိုင်၊ ချဲ့နိုင်မှာလည်းဖြစ်ပါတယ်။ ဖုန်းရဲ့ Screen ကို လက်နှစ်ဖက်နဲ့ထောက်ပြီး လှုပ်ရမ်းလိုက်တာနဲ့ Screen က လိုအပ်သလို ချုံ့ခြင်း၊ ချဲ့ခြင်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

              Panning ဆိုတဲ့စနစ်ကတော့ ဖုန်းထဲမှာရှိနေတဲ့ Application Icon တွေကို ဖျက်တာပဲဖြစ်ဖြစ် တစ်နေရာကနေ အခြားတစ်နေရာကို ရွှေ့ပြောင်းတာပဲဖြစ်ဖြစ်၊ Application တွေကို Page တစ်ခုကတော့ အခြားတစ်ခုကို ပြောင်းရွှေ့တာပဲဖြစ်ဖြစ် ဒီိလိုစနစ်တွေကို အသုံးပြုတဲ့အခါမှာ Touch ရဲ့ Sensitive နှုန်းကို ချိန်ညှိပေးနိုင်မယ့် နေရာပဲဖြစ်ပါတယ်။ Application Icon တွေကို စာမျက်နှာတစ်ခုကနေ အခြားတစ်ခုကိုပြောင်းရွှေ့တဲ့နေရာမှာ ဖုန်းကိုလှုပ်ရှားမှု Motion စနစ်နဲ့ အသုံးပြုနိုင်မယ့်စနစ်ပါ။ ဖုန်းကို လိုအပ်သလို လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် စာမျက်နှာ Page တွေကို တစ်ခုချင်းစီ ပြောင်းလဲရွှေ့ပြောင်းသွားနိုင်မှာလည်းဖြစ်ပါတယ်။

               Double Tap ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Voice Command စနစ်နဲ့ Voice Talk အစရှိတဲ့စနစ်တွေကို အသုံးပြုမယ့်အချိန်မှာ ဖုန်းရဲ့ Body အပေါ်ထိပ်ဘက်ကို လက်ဖ၀ါးနဲ့နှစ်ချက် (Double Tap) ပုတ်လိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ Voice နေရာကို   ရောက်ရှိလာမှာဖြစ်ပြီး  ခေါ်ဆိုခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်တွေအားလုံးကတော့ ဖုန်းခလုတ်တွေကိုနှိပ်ခြင်း၊ ဖုန်းတွင်းစနစ်တွေထဲကို တစ်ခုချင်းစီ အ၀င်အထွက်ပြုလုပ်ရခြင်းတွေမရှိပဲ Motion စနစ်လှုပ်ရှားမှုတွေနဲ့တင် အသုံးပြုနိုင်မယ့်စနစ်တွေကို စုစည်းထားတဲ့နေရာလည်းဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1950.. ဖုန်းတွေမှာ Background Data ဆိုတာ

 
www.monetine.net  ဖုန်းတွေမှာ Background Data ဆိုတာ 
Background Data ဆိုတာကတော့ ကိုယ့်ဖုန်းထဲကို အခြားတစ်နေရာကနေပို့လိုက်တဲ့ Application တွေနဲ့ ကိုယ်ကပြန်ပြီးတော့ အခြားတစ်ယောက်ကို ပို့လိုက်တဲ့ Application အစရှိတာတွေကို ဖုန်းထဲမှာ သတ်မှတ်သိမ်းဆည်းပေးထားပြီး အချိန်တိုင်းမှာ ရယူအသုံးပြုနိုင်မယ့် စနစ်ဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1948.. ဖုန်းတွေ မှာ Unmount SD Card နှင့် Format USB Storage ဆိုတာ

 


             Unmount SD Card ဆိုတာကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ SD Card ကို ဖုန်းနဲ့ဆက်သွယ်ထား ရာကနေ ဖြုတ်မယ်လို့ သတ်မှတ်တဲ့သဘောပဲဖြစ်ပါတယ်။

            ဒီစနစ်ကို နှိပ်လိုက်မယ်ဆိုရင် ဖုန်းထဲမှာ SD Card ကိုထည့်သွင်းထားပေမယ့် ဖုန်းက SD Card ကိုမသိတော့ပါဘူး။ Unmount SD Card ကို နှိပ်လိုက်တာနဲ့ Format SD Card ဆိုတဲ့စနစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SD Card ကို Unmount မလုပ်ပဲနဲ့ Format ပြုလုပ်တဲ့စနစ်ကို အသုံးပြုလို့မရပါဘူး။ Unmount လုပ်လိုက်ပြီးပြီဆိုရင်တော့ SD Card တစ်ခုလုံးကို Format ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

           နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Format USB Storage ဆိုတဲ့စနစ်ကတော့ ဖုန်းမှတ်ဥာဏ်ထဲမှာထည့်သွင်းထားတဲ့ Application တွေ၊ သီချင်းတွေ အစရှိတဲ့ ဖုန်းမှတ်ဥာဏ်ထဲမှာ ထည့်သွင်းထားတဲ့ Data တွေအားလုံးကို ဖျက်ပစ်မယ်၊ ဖုန်းတွင်းမှတ်ဥာဏ်တစ်ခုလုံးကို Format လုပ်ပစ်မယ်လို့ ဆိုလိုတဲ့သဘောပဲဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1947.. ဖုန်းတွေ မှာ Factory Data Reset ဆိုတာ

 
ဒါကတော့ Privacy Setting ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေ က Factory Data Reset ဆိုတဲ့စနစ်ကတော့ ဖုန်းတစ်ခုလုံးကို Reset လုပ်ပစ်လိုက်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုလိုက်မယ်ဆိုရင်တော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ၊ ဂိမ်းတွေ၊ အခြား Application တွေနဲ့ Contact တွေ အစရှိတဲ့ အချက်အလက်တွေအကုန်လုံး ပျောက်ပျက်သွားမှာဖြစ်ပါတယ်။ ဖုန်းဟာ စစချင်းတုန်းကအတိုင်း Firmware အသစ်တစ်ခုတင်လိုက်သလိုမျိုး အသစ်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းဟန်းနေတဲ့အချိန်မျိုးတွေနဲ့၊ ဖုန်းမှာ Error တွေဖြစ်ပေါ်နေတဲ့အချိန်၊ ဖုန်းတွင်းစနစ်ပိုင်းမှာ တစ်ခုခုချွတ်ယွင်းလာတတ်တဲ့ အချိန်မျိုးတွေမှာပဲ ပြုလုပ်တတ်ကြပါတယ်။ ဖုန်းရဲ့ Memory စနစ်ပိုင်းနဲ့ Firmware စနစ်တစ်ခုလုံးကို အသစ်တိုင်း ပြန်ပြီးစလိုက်တဲ့သဘောပဲဖြစ်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

1946.. Android ဖုန်းတွေ မှာ Backup My Data နှင့် Automatic Restore ဆိုတာ

 

              Android ဖုန်းရဲ့ Privacy Setting ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ Backup My Data  နှင့် Automatic Restore ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

             Backup My Data ဆိုတဲ့စနစ်က ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Application Data တွေ၊ WiFi Password တွေနဲ့ အခြား Setting တွေကို Google Service ထဲမှာ သွားရောက်သိမ်းဆည်းထားမယ်လို့ သတ်မှတ်ပေးတဲ့စနစ်ပဲ ဖြစ်ပါတယ်။

            နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကတော့ ကိုယ်က Backup လုပ်ပြီး သိမ်းဆည်းလိုက်တဲ့ အချက်အလက်တွေကို အလိုအလျောက်ပြန်ပြီး ဖုန်းထဲကို Restore ပြန်လုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။

             Backup My Data ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင် သူ့ကို အမှတ်အသားလေး ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုမျိုး အမှတ်ကလေးပေးလိုက်မှသာ နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ Automatic Restore ဆိုတဲ့စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1943.. AMOLED Screen ဆိုတာ

 

                       မိုဘိုင်းဖုန်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ Screen စနစ်တွေကို တိုးမြှင့်လာခဲ့ပြီးတဲ့နောက်မှာတော့ ခုလက်ရှိအချိန်ထိ နောက်ဆုံးရောက်ရှိနေခဲ့တဲ့ နည်းပညာတစ်ခုလို့လည်း ကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။

               AMOLED ဆိုတာကတော့ active-matrix organic light-emitting diode လို့ခေါ်ဆိုတဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းပညာဟာ LCD Screen တွေကို ပိုမိုကောင်းမွန်တဲ့မြင်ကွင်းနဲ့ ပိုမိုအဆင့်မြင့်တဲ့ အရောင်အသွေး၊ အကြမ်းခံနိုင်မှု စွမ်းအားတွေနဲ့ ပေါ့ပါး ပါးလွှာခြင်း အစရှိတာတွေကို ယူဆောင်လာပေးခဲ့တဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။ ဒီနည်းပညာကိုတော့ မိုဘိုင်းဖုန်းတွေနဲ့ တယ်လီဗေးရှင်းတွေမှာ အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒီစနစ်မှာ ခွဲခြားထားတာရှိပါတယ်။ အဲဒါကတော့ AM ဆိုတဲ့နည်းပညာစနစ်နဲ့ OLED ဆိုတဲ့ နည်းပညာစနစ်ပိုင်းပဲဖြစ်ပါတယ်။

                ဒီစနစ်နှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ AMOLED ဆိုတဲ့ နည်းပညာတစ်ခု ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်လို့ဆိုကြပါတယ်။ OLED ဆိုတဲ့နည်းပညာကတော့ organic light-emitting diode လို့ခေါ်ဆိုပြီး ဒီနည်းပညာကတော့ Screen နည်းပညာတစ်ခုပါ။ ပေါ့ပါးခြင်း၊ ပါးလွှာခြင်း၊ အကြမ်းခံခြင်းအစရှိတဲ့ Organic Compound တစ်ခုလို့ဆိုပါတယ်။ ဒီနည်းပညာနဲ့ AM လို့ခေါ်တဲ့ active-matrix နည်းပညာပေါင်းစပ်လိုက်ခြင်းပါပဲ။ Active Matrix ကတော့ အရင်တုန်းက LCD တွေမှာအသုံးပြုခဲ့တဲ့ TFT လို့ခေါ်တဲ့ နည်းပညာမျိုးနဲ့ဆင်တူပါတယ်။

                   သူကတော့ Screen တွေကို ဘယ်လိုရှုထောင့်မျိုးကနေပဲကြည့်ကြည့် မည်းသွားတာမျိုးတွေနဲ့ မမြင်ရတော့တာမျိုးတွေ၊ အရောင်အသွေး ကွာဟသွားတာမျိုးတွေကို မဖြစ်စေဘဲ ပုံမှန်အတိုင်း မြင်တွေ့ခံစားနိုင်အောင် ပြုလုပ်ဖန်တီးပေးထားတဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ AMOLED နည်းပညာကို ၂၀၁၂ ခုနှစ်ပိုင်းမှာ မိုဘိုင်းဖုန်းတွေပေါ်မှာ စတင်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ ဒီနည်းပညာရဲ့ နောက်ပိုင်းမှာတော့ S AMOLED, HD AMOLED အစရှိတဲ့စနစ်တွေ ထပ်မံထွက်ရှိလာခဲ့တာဖြစ်တယ်။
http://techcrunch.com/2010/07/20/video-samsungs-new-unbreakable-amoled-screen-vs-hammer/

AMOLED screen



                        It doesn’t take much to break a phone screen. I know plenty of people — and I’m sure you do, too — with the tell-tale mark of a dropped phone dividing their screens into so many pieces of shame. Samsung feel your pain, fear, and shame, and want to do something to help you out.
Samsung have created an “unbreakable” AMOLED (the source suggests that it isn’t of the “super” variety, unfortunately) invinci-screen that should be in mass production by 2012.

                     I’m sure you hear “unbreakable” bandied about all the time, so I think you should watch the demonstration video where they put the screen up against a hammer. Lucky for you, I’ve embedded it for you below.
If you’ve ever had to replace a screen in any of your handheld devices, you’ll know (or at least have read the warnings) how fragile they are. This new screen is clearly an improvement. I can’t tell you the amount of times I’ve accidentally whacked my new TFT with a hammer. Countless.

                     However, I’m not sure if this new screen includes the all-important (and just as breakable) digitiser. The digitiser is the panel that sits in front of the display, and translates your touch into input for your phone. It’s the bit that usually breaks first when you drop your phone, so I really hope that this new technology fixes that problem, too.

 

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1749.. Android ( မနုဿစက်ရုပ် ) ဆိုတာ နှင့် File Manager စနစ် သုံးနည်း

 
http://wlan-tracker.com/wp-content/uploads/2011/11/android-logo-21-os-lu2300.thumbnail.jpg


                Android ဆိုတာ Java Programming နဲ့ Interface ဆောက်ပြီး linux ကို အခြေခံထားတဲ့ Operating System တစ်ခုပါဘဲ… compiler, debugger နဲ့ device emulator tools တွေကို ထောက်ပံပေးဖို့ (Dalvik Virtual Machine -DVM) ဖြစ်တဲ့ JVM (Java Virtual Machine) နဲ့ တည်ဆောက်ထားပါတယ်…

              Open Handset Alliance ဆိုပေမဲ့ Google က ဦးဆောင်တာပါ…

                 Android က 2D 3D graphics ကို Open GL libraries အသုံးပြုပြီး support လုပ်ထားပေးတဲ့ အပြင် data storage ကို SQLite Database ကို အသုံးပြုထားသေးပါတယ်…

             Android Applications တိုင်းဟာ deployment လုပ်နေစဉ်အတွင်းမှာဘဲ ကိုယ်ပိုင် id
ကိုယ်ပိုင် processing လုပ်တဲ့ အတွက်ကြောင့် applications run နေစဉ်အတွင်းမှာ တစ်ခြား Applications တွေကနေ isolated ဖြစ်နေတဲ့အတွက် applications harm နိုင်မှု နည်းပါးပါတယ်…

              Android OS ဖုန်းတွေအတွက် File Manager စနစ်ကို ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။ Android File Manager ဆိုတာ Android OS ဖုန်းတွေမှာပါဝင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ Memory Card ထဲကို ရှာဖွေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ဖုန်းထဲမှာရှိနေတဲ့ ဖိုင်တွေကို ရှာဖွေချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီစနစ်ထဲမှာ ၀င်ရောက်ရှာဖွေရပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ဖိုင်တွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့စနစ်ဆိုရင်လည်း မမှားပါဘူး။

               File Manager စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ Shortcut စနစ်တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်သလို ဖုန်းထဲမှာရှိနေတဲ့ Menu ထဲမှာလည်း ၀င်ရောက်ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ File Manager စနစ်ကို နှိပ်လိုက်မယ်ဆိုရင်တော့ သူ့ရဲ့ Setting တစ်ခုမြင် တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနေရာမှာတော့ ဖုန်းထဲမှာရှိနေတဲ့မှတ်ဉာဏ်ကို ဘယ်လောက်အသုံးပြုထားတယ် မှတ်ဉာဏ်နေရာလွတ် ဘယ်လောက်ကျန်တယ် ဆိုတာတွေကိုလည်း ဖော်ပြပေးထားတာကို တွေ့ရမှာပါ။ File Manager ထဲမှာတော့ Phone, SD Card နဲ့ Running ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

                        အချို့ဖုန်းတွေမှာတော့ ဖုန်းမှတ်ဉာဏ်မပါပဲ SD Card နဲ့ Running ဆိုတဲ့နှစ်မျိုးပဲ ပါတာမျိုးလည်း ရှိပါတယ်။ ဒီနေရာမှာ ကိုယ်ကဖုန်းရဲ့မှတ်ဉာဏ်ထဲမှာရှိနေတဲ့ အချက်အလက်တွေ ဖိုင်တွေကိုပဲ ကြည့်ချင်တယ်ဆိုရင် Phone ဆိုတာကိုနှိပ်လိုက်ပါ။ Memory SD Card ထဲမှာရှိနေတဲ့ အချက်အလက်နဲ့ဖိုင်တွေကို ကြည့်ချင်တယ်ဆိုရင် SD Card ကိုနှိပ်နိုင်ပြီး ဖုန်းထဲမှာ Run နေတဲ့ Application တွေကို ကြည့်ချင်တယ်ဆိုရင်တော့ Running ကိုနှိပ်လို့ရပါတယ်။ ဒီနေရာမှာ နောက်ထပ်အသုံးပြုနိုင်ခြင်းတစ်ခု ရှိနေပါသေးတယ်။

                 အဲဒါကတော့ File Manager Page ကိုမြင်တွေ့နေရချိန်မှာ ဖုန်းရဲ့အောက်ဖက်မှာရှိနေတဲ့ Menu ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Cut, Copy, Delete, Compress, Search, More အစရှိတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကလည်း File Manager စနစ်ကို ပိုပြီးပြည့်ပြည့်စုံစုံအသုံးပြုနိုင်ဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။ File Manager အသုံးပြုနိုင်ခြင်းအတွက် ပထမဆုံးအနေနဲ့ Phone ဆိုတဲ့နေရာကို လေ့လာကြည့်ကြပါမယ်။ ဒီနေရာမှာတော့ Android OS ရဲ့ဖိုင်တွေနဲ့ Bluetooth, Call Recorder, DCIM လို့ခေါ်တဲ့ ကင်မရာဓါတ်ပုံဖိုင်၊ Audio လို့ခေါ်တဲ့ Music ဖိုင်အပါအ၀င် Android OS စနစ်ထဲမှာ Original Default ပါဝင်တဲ့ဆော့ဖ်ဝဲတွေရဲ့ ဖိုင်တွေနဲ့ အခြား office ဖိုင်တွေရှိနေပါတယ်။ နောက်ထပ်တစ်နေရာကတော့ SD Card ဆိုတဲ့နေရာပါပဲ။ ဒီနေရာမှာတော့ ဖိုင်တွေကို ပိုပြီးတော့များများမြင်တွေ့ရမှာပါ။ ကိုယ့်ဖုန်းထဲကို ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲဖိုင်တွေရော၊ Bluetooth ဖိုင်တွေ၊ Download ဖိုင်တွေ၊ Music ဖိုင်၊ ဓါတ်ပုံဖိုင်၊ Ringtone, Record အစရှိတဲ့ ဖိုင်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ Phone ဆိုတဲ့နေရာနဲ့ SD Card ဆိုတဲ့နေရာနှစ်ခုစလုံးထဲမှာရှိနေတဲ့ Folder တွေကို ဖျက်ချင်တယ်ဆိုရင်လည်း ဖျက်လို့ရတဲ့အပြင်၊ Copy ကူးခြင်း၊ Bookmark ထဲမှာမှတ်သားခြင်း၊ ဖိုင်နာမည်ပြောင်းလဲခြင်း အစရှိတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

                      ဒါတွေကိုပြုလုပ်ချင်တယ်ဆိုရင်တော့ ကိုယ်အသုံးပြုချင်တဲ့ Folder တစ်ခုကို လက်နဲ့ဖိထားလိုက်ပါ။ ဒါဆိုရင် Delete, Copy, Bookmark အစရှိတာတွေပါဝင်တဲ့ ဘားတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီထဲမှာမှ ကိုယ်အသုံးပြုချင်တဲ့၊ ပြုလုပ်ချင်တဲ့ဟာကို နှိပ်လိုက်လို့ရပါတယ်။ ဒါက Phone နဲ့ SD Card ဆိုတဲ့နေရာနှစ်စလုံးမှာ အသုံးပြုနိုင်ပါတယ်။ နောက်ထပ်ကျန်ရှိတာကတော့ Running ဆိုတဲ့နေရာပါ။ File Manager ထဲမှာ ရှာဖွေတွေ့ရှိနိုင်တဲ့ စနစ်တစ်ခုပါ။ Running ဆိုတဲ့စနစ်ထဲမှာတော့ ဖုန်းထဲမှာရှိနေတဲ့ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေနဲ့ ဖုန်းထဲမှာ Run နေတဲ့ Application တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Android phone meaning?

Android is a type of operating system developed by Google for mobile phones. Similar to windows operating system, linux operating system that we have for our computers.

As per my knowledge goes, Nokia provides only Symbian OS and Maemo (N900).

Motorola have started to have Android as the OS for their phones and so is HTC.

Labels: , , , , , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ