ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

1073..ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည် ( 7.9.10 )

 
            ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ သိန်း ၄၀ ကျော် ရှိပြီး မဲရုံပေါင်း ၆၀၀၀ ၀န်းကျင် ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါရှိသည့် အခန်း(၄) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ တွင် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း၊ ရွေးကောက်ပွဲ စတင် ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု ခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်သူ များမဲပေးနိုင်ကြောင်း ဖော်ပြထားသည်။
               လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်ရန် မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့က ပြုစုရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ များ၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများတို့တွင် ပါရှိသည့် အခန်း(၁၀) ဆန္ဒမဲပေးခြင်းတွင် 'မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေး၊ သတ် မှတ်ထားသော မဲပေးချိန်အတွင်း မဲဆန္ဒရှင်များအားလုံး မဲပေးနိုင်ရေး နှင့် လျှို့ဝှက်ဆန္ဒပြုနိုင်ရေးတို့ကို ရှေးရှု၍ မဲရုံတစ်ရုံစီ၌ ဆန္ဒမဲပေးရ မည့်ဦးရေနှင့် မဲရုံအရေအတွက်ကို လိုအပ်သလို သတ်မှတ်ပေးနိုင်သည်။'ဟု ဖော်ပြထားသည်။ သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသည် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းကို ရွေးကောက်ပွဲမတိုင်မီ သတ်မှတ်ထားသည့်အတိုင်း ကြိုတင်ကြေညာ ရမည်......
ref: ၂၀၁၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1072..အထူးယာဉ် တွေသာစီးရတော့မည် ( 7.9.10 )

 
http://t0.gstatic.com/images?q=tbn:6yDQjOw2i8hdUM:https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmdk1B1lSgy647g2EGjAxn_SLSrELK9BzgsDh6dyBJWgD-SsC_T2cSlzR5sR5jVmJ08KsUMS-XhzhUiy65lShIwt-5W1a_E6ewucT9ezfjaN9DXv7X23_UDrVYpyHShQBG4bG35CI1w0/s1600/b3101.jpg&t=1http://x70.xanga.com/2e2f7b1635535259289601/b206334899.jpg



                   အထူးဟုဆိုသော အထူးယာဉ်လိုင်းများ ရန်ကုန်မြို့တွင် တိုးတက် များပြားလာရာ လက်ရှိ ရန်ကုန်မြို့တော်တွင်  အထူးယာဉ်လိုင်းပေါင်း ၃၅ လိုင်းကျော် ပြေးဆွဲနေကြပြီ ဖြစ်သည်။ မ.ထ.သ ယာဉ်လိုင်းမှ ရရှိခဲ့သည့် စီးတီးဘတ်စ် ၃၇၇ စီးကို ၂၀၀၈ ခုနှစ်မှ စတင်၍ အထူးယာဉ်လိုင်းအဖြစ် စတင်ပြေးဆွဲ ခဲ့ရာလက်ရှိ အချိန်တွင် အထူးလိုင်း ၁၀ လိုင်း ပြေးဆွဲနေပြီ ဖြစ်သည်။  ပြည်ပမှမှာယူ တင်သွင်းခဲ့သော စီးတီးဘတ်စ် ကြီးများကို တစ်ဦးတစ်ယောက်ချင်း အပြင်ကုမ္ပဏီနှင့် စီးပွားရေး အဖွဲ့အစည်းကြီးများက စီးတီးဘတ်စ် အများစုကို  ယာဉ်ပိုင်ရှင်အများစုက အထူးယာဉ်လိုင်း အဖြစ်ဖြင့်သာ ပြေးဆွဲလိုကြပြီး အထူးအဖြစ် ပြေးဆွဲခွင့်ရရှိမှသာ ယာဉ်အသစ် ၀ယ်ယူလိုကြသည် ဟုသိရသည်။

             ယခင်က၀ယ်ယူခဲ့သော စီးတီးဘတ်စ်များမှာ ဂျပန်၊ ကိုရီးယားနိုင်ငံတို့တွင် အသုံးပြုပြီးသား(used) ယာဉ်များဖြစ်ပြီး တစ်စီးလျှင် ငွေကျပ်သိန်း ၂၀၀ ခန့် ရှိသည်ဟုသိရသည်။ ထိုယာဉ်များ ကို မြို့ပြယာဉ်လိုင်းများတွင် အခန့်သင့် ၀င်ရောက် ပြေးဆွဲနိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံ၏ယာဉ်လမ်း ကြောင်းစနစ်နှင့် အဆင်ပြေစေရန်  အတက်အဆင်း တံခါးပေါက်အသစ် ပြန်ဖောက်ကြရသည်။ လူများများဆံ့ ရန်အလို့ငှာ ထိုင်ခုံအသစ်  ပြန်တပ်ကြသည်။ ထို့ပြင် စီအင်န်ဂျီ ပြောင်းရသည့်အတွက် စုစုပေါင်း ကုန်ကျစရိတ်သည် ငွေကျပ် သိန်း ၂၈၀၊ သိန်း ၃၀၀ ၀န်းကျင်ခန့်မျှ ကုန်ကျမှုရှိနေသည်။ ထို့ကြောင့်လည်း ယာဉ်ပိုင်ရှင်တို့မှာ အထူးလိုင်းသာ ပြေးဆွဲလိုကြခြင်း ဖြစ်သည်ဟု သိရသည်။

              ယခု နောက်ဆုံးတွင် မြန်မာနိုင်ငံ ယာဉ်ကြောစနစ်နှင့် ကိုက်ညီပြီး စီအင်န်ဂျီဖောက်ပြီးသား ကိုရီးယားနိုင်ငံတွင် အသုံးပြုရခြင်း မရှိသေးသည့် ယာဉ်အသစ်များကို စတင် တင်သွင်းလာခဲ့ပြန်သည်။ ယင်းယာဉ်တစ်စီး၏ တန်ဖိုးမှာ ကျပ် ၃၈၅ သိန်း ဖြစ်သည့်အတွက် ယခင်အသုံးပြုပြီးသား (used) ယာဉ်များ၏ဈေးနှုန်း နှင့် ကွာခြားမှုရှိနေသောကြောင့် ၀ယ်ယူလိုသူတို့မှာ စဉ်းစားနေကြသည်။ လက်ရှိတွင် အဆိုပါယာဉ်အသစ် ၁၇ စီးဝယ်ယူရန် စာရင်းပေးသွင်းမှု ရှိသည်ဟုသိရပြီး ယင်းယာဉ်များမှာလည်း အထူးယာဉ်လိုင်းများသာ ဖြစ်လာဖွယ် ရှိသည်ဟု သိရသည်။

         ထို့ကြောင့် ရန်ကုန်မြို့ပြ ယာဉ်လိုင်းများတွင် ကျပ် ၂၀၀ တန် အထူးယာဉ်များသာ ပိုမိုများပြားလာတော့ မည်လောဟု ထင်မြင်ယူဆနေကြပြီး သာမန် ယာဉ်လိုင်းများ နည်းပါးသွားမည်ကို စိုးရိမ်နေကြသည်။ ခရီးစဉ် ကွာခြားမှုအလိုက် သာမန် ကျပ် ၅၀၊ ကျပ် ၁၀၀ တန်ယာဉ်များတွင်လည်း ယင်းကဲ့သို့ ယာဉ်အသစ်များ အစားထိုး ပြေးဆွဲလာကြမည့်အရေး မျှော်လင့်နေကြကြောင်း .....

Ref;၂၀၁၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1069..မော်ဒယ် ဆုရွှန်းလဲ့ ရဲ့ Bikini လေးနဲ့ စွဲဆောင်နေတဲ့ အလှများ ( 7.9.10 )

 
မြန်မာ သရုပ်ဆောင် နဲ့ မော်ဒယ် ဆုရွှန်းလဲ့ ရဲ့ Bikini လေးနဲ့ စွဲဆောင်နေတဲ့ အလှပါ။

Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service
Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service

Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1068..ငွေကြေးသုံးစွဲမှု များနေသည့် မော်ဒယ်လ်ရွှေစင် သတင်း ( 7.9.10 )

 
http://www.perfectmagazineonline.com/journal/perfect_news/images/upload/volume_28/photojune_09_05.jpg        http://www.multicanvas.net/wp-content/uploads/cache/344_226.jpg

             လက်ရှိ ၀င်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကိစ္စကို ပြည်တွင်းဂျာနယ်များနှင့် အနုပညာ အသိုင်းအ၀န်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင် နေကြသည်။


shwe-sinn02"ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ၀ယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်" ဟု မော်ဒယ်လ် ရွှေစင်က  သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day  ဈေးဝယ်လမ်းညွှန် ဂျာနယ်တွင် ဖြေဆိုထားသည်။


မော်ဒယ်လ်ရွှေစင်သည် စီးပွားရေးလုပ်ငန်းရှင် တဦး၏ ငွေကြေးထောက်ပံ့မှုကို ခံနေရကြောင်းပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်တဦးက ဆိုသည်။ 

"မော်ဒယ်လောက ဆိုတာလည်း သိတဲ့အတိုင်း အကပ်မရှိရင် ပေါက်ဖို့ မလွယ်ဘူး။ ပိုက်ဆံ မရှိရင် လုပ်ဖို့မလွယ်ဘူး။ အေဂျင်စီနဲ့ ချိတ်ထားလို့ ကိုယ့်ကိုခေါ်ရင် သောင်းဂဏန်းလောက်တော့ ရတာပေါ့။  ဒါကြောင့်လည်း ထောက်ပံ့ပေးမယ့် လူတွေ ရှာကြတာ" ဟု မိတ်ကပ်လိမ်းသည့် အလှဖန်တီးရှင် တဦးက ပြောသည်။

"မော်ဒယ်လ်လောကမှာ ရှိတဲ့ လူတိုင်းကိုတော့ ဒီလို လုပ်စားနေတယ်လို့ မပြောချင်ပါဘူး။ အနုပညာကို စိတ်ဝင်စားပြီး မော်ဒယ်လ် လောကထဲ ၀င်လာတဲ့သူတွေ ရှိပါတယ်။ ခက်တာက မြန်မာပြည် မော်ဒယ်လ် ဈေးကွက်ကလည်း နိုင်ငံတကာလောက် မကျယ်ပြန့်ဘူး။ ရတဲ့ ငွေကြေးနည်းတယ်။ ပွဲတခုမှာ ပါမယ်ဆို ကိုယ်ကတောင် ပြန်စိုက်ရမယ့် အနေအထားတွေ ရှိနေတော့ ငွေချမ်းသာတဲ့ သူတွေရှာပြီး ပျက်စီးကြတာများတယ်" ဟု နာမည်ကြီး မော်ဒယ်လ်အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

 



http://bhonelattyone.files.wordpress.com/2010/08/shwe-sinn.jpg


သူ၏ ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ သြဂုတ်လအတွင်း ဖြန့်ချိခဲ့သည့် The Crime ဂျာနယ်နှင့် အင်တာဗျူးတွင်လည်း  "ဒီကိုလာစတုန်းက မာ့ခ်တူး အလုံးလေးတွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ မာ့ခ်တူး ၀ယ်ဖြစ်တယ်။ ရှုတင်သွားရင် ပစ္စည်းက အရမ်းများတော့ တစီးတည်းနဲ့ အဆင်မပြေဘူး။ ဒါနဲ့ နောက်တစီး ၀ယ်မယ်ဆိုပြီး စဉ်းစားလိုက်တော့ အဲဒီအချိန်မှာ မာစီဒီးကို အရမ်းကြိုက်နေတာနဲ့ မာစီဒီးပဲ ၀ယ်ဖြစ်သွားတယ်။ နောက်တစီးက စီလီယာ တူးဒိုးလေး။ ပြိုင်ကား ဒီဇိုင်းလေး ဆိုတော့ ညနေပိုင်း အရမ်းပင်ပမ်းနေရင် အမိုးလေးဖွင့်ပြီး စိတ်ပြေလက်ပျောက် မောင်းဖို့ ဝယ်လိုက်တယ်" ဟု ဖြေဆိုခဲ့သည်။

မော်ဒယ်လ်ရွှေစင်သည် မန္တလေးသူတဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် တွင် ကျင်းပခဲ့သော Step Fashion Boy & Girl Model & Photo Contest 2009 တွင် ၀င် ရောက် ယှဉ်ပြိုင်ရာမှ ဆုရရှိခဲ့ပြီး အနုပညာလောကသို့ စတင် ၀င်ရောက်လာသူဖြစ်သည်။

ဂျာနယ်နှင့် မဂ္ဂဇင်း စာမျက်နှာများပေါ်တွင် အထက်ပါအတိုင်း ဖြေကြားခဲ့ပြီးနောက် ဝေဖန်ပြောဆိုမှုများ ပြင်းပြင်းထန်ထန် ပေါ်ထွက်လာခဲ့သည့်အပြင် တက်သစ်စ မော်ဒယ်လ်တဦးအနေနှင့် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ မော်ဒယ်လ်များ၊ သရုပ်ဆောင်များ ၀င်ငွေ ကောင်းနေပြီလား ဟု Weekly Eleven ဂျာနယ်တွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။


Weekly Eleven ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက " တိုင်းပြည်က ဆင်းရဲနေတယ်။ တိုင်းပြည်မှာရှိတဲ့ လူတော်တော် များများက ငွေကို ဒီလောက်အထိ မသုံးနိုင်ဘူး။ လူတော်တော်များများက တနေ့စာ တနေ့ကို အနိုင်နိုင် ရှာဖွေနေရတဲ့ အချိန်မှာ ဒီလိုစကားမျိုး ပြောတယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး။ ကြွားပဲပြောပြော၊ ဘာပဲပြောပြော ရေးသားဖော်ပြတဲ့လူက နောက်ကွယ်က အကြောင်းကို သိကို သိမှရမယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင် မော်ဒယ်လ်လောက ရဲ့အခြေအနေကို အားလုံးသိပြီးသားပါ" ဟု ယင်းဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။





"တက်သစ်စ မော်ဒယ်လ်တယောက်က  မြန်မာငွေ သိန်း ဆယ်ဂဏန်းတောင် သုံးဖို့ဆိုတာ မလွယ်သေးပါဘူး။ ဒီအခြေ အနေမှာ သူ့အနေနဲ့ ဒီလောက်သုံးနေတယ် ဆိုတာတွေ ဖြေထားတော့ ဒီဝင်ငွေက ဘယ်ကရနေလည်း ဆိုတာ လူစိတ်ဝင်စားစရာ ပို ဖြစ်လာစေတယ်" ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ပြောသည်။

မြန်မာပြည် အနုပညာလောကတွင် ရုပ်ရည်ချောမောသည့် အနုပညာရှင်သစ်များ ပေါ်ထွက်လာပါက ငွေကြေးထောက်ပံ့မည့် စီးပွားရေး လုပ်ငန်းရှင် (စပွန်ဆာ) ကြီးများ ပေါ်ထွက်လာတတ်သည်။

"နာမည်ကြီးပြီး ရုပ်ချောတဲ့ မော်ဒယ်လ်တို့၊ မင်းသမီးတို့ ပေါ်လာပြီဆို ငွေတတ်နိုင်တဲ့ စီးပွားရေးသမားတွေက အရင် လာ ကြတာ။ ဒီလောကထဲ စ၀င်တာ အချိန်ဘယ်လောက်မှ မရှိသေးဘူး၊ ငွေတွေ ဒီလောက် သုံးနေတယ်ဆိုတော့ တော်ရုံ စီးပွားရေး လုပ်ငန်းရှင်တော့ မဟုတ်ဘူး။ ဒါကြောင့် အချိန် ခဏအတွင်းမှာ ငွေသုံးတာက အစ၊ ဖုန်းဆိုလည်း တော်ရုံ ၀ယ်လို့မရတဲ့ ဟာမျိုးတွေ ၀ယ်ပေးထားတာလို့ သိရတယ်" ဟု ပြည်တွင်း ဂျာနယ်လောကမှ ၀ါရင့်သတင်းထောက်တဦးက ဆိုသည်။ 


Ref;Irrawaddy




Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1058..၂၀၁၀ မယ်စကြာဝဠာ မက္ကဆီကိုအလှမယ် Jimena Navarrete က ဆွတ်ခူး ( 4.9.10 )

 



သြဂုတ်လ ၂၃ ရက်နေ့ အမေရိကန်နိုင်ငံ၊ လတ်ဗီးဂတ်စ် Mandalay Bay မှာ ကျင်းပခဲ့တဲ့ ၂၀၁၀ မယ်စကြာဝဠာ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ အသက် ၂၂ အရွယ် မက္ကဆီကိုအလှမယ် Jimena Navarrete က သရဖူကို ဆွတ်ခူး သွားခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်ကလည်း မက္ကဆီကိုအတွက် မယ်စကြာဝဠာ သရဖူကို Lupita Jones က ဆွတ်ခူးခဲ့သေးတာမို့ ဒါဟာ မက္ကဆီကိုအတွက် ဒုတိယ သရဖူလည်း ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးအဆင့် ပြိုင်ပွဲညက သူမဟာ အနီရောင် ဂါဝန်အရှည်ကို ဝတ်ဆင်ထားပြီး ပရိသတ်များကို စကားပြောကြားရာမှာ " ယခုခေတ်မှာ အင်တာနက်ဟာ မရှိမဖြစ် လိုအပ်သလို မိသားစုဘဝ တန်ဖိုးအတွက် ကလေးတွေကို သင်ကြားလမ်းညွှန်ပေးဖို့လည်း အရေးကြီးပါတယ်"လို့ ပြောကြားရင် သရဖူကို ဆွတ်ခူးသွာတာ ဖြစ်ပါတယ်လို့ သတင်းများက ဖော်ပြကြပါတယ်။

၂၀၁၀ မယ်စကြာဝဠာ ဒုတိယဆုကို ဂျာမေကာ အလှမယ်က ဆွတ်ခူးသွားပြီး တတိယဆုကို သြစတြေးလျ အလှမယ်က ဆွတ်ခူးသွားပါတယ်။ ယခုနှစ် မယ်စကြာဝဠာသရဖူကို ဆွတ်ခူးသွားတဲ့ မက္ကဆီကို အလှမယ်အတွက် ဆုတွေကတော့ တန်ဖိုးမဖော်ပြထားတဲ့ လခ၊ နယူးယောက်က တိုက်ခန်းမှာနေထိုင်ခွင့်၊ နယူးယောက် Film Academy မှာ တစ်နှစ်တက်ရောက်ခွင့် စကောလားရှစ်အပြင် မယ်စကြာဝဠာဘွဲ့နဲ့ ထိုက်တန်တဲ့ လက်ဝတ်ရတနာ၊ အဝတ်အစားအပြင် ဖိနပ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

Miss Mexico Jimena Navarrete Wins Miss Universe 2010


The Miss Universe 2010 Beauty Pageant 2010 was already finished. Miss Mexico, Jimena Navarrete, 22 years from Guadalajara bested 83 other contestants in the most prestigious international beauty pageant held at the Mandalay Bay Casino Resort in Las Vegas, Nevada.

Miss Mexico answered the question from judge Evan Lysacek, an Olympic gold-medal figure skater on how she feel about the unsupervised use of Internet especially among kids. Jimena Navarrete answered using an interpreter saying: "I do believe that Internet is an indispensable, necessary tool for the present time. We must be sure to teach them the values that we learned as a family."

As the winner of Miss Universe 2010, Jimena Navarette will receive several benefits and amenities. Aside from her diamond crown and salary, she will also have access to a luxurious apartment in New York, a set of jewelries, and a one-year scholarship grant to the New York Film Academy plus housing after her reign ends.

The Top 5 winners of Miss Universe 2010 are Miss Jamaica Yendi Phillipps on the second runner up, Miss Australia Jesinta Campbell on the third runner up who also received the Miss Congeniality award, and the crowd's favorite Miss Philippines Venus Raj on the fourth runner up.

Follow us on Twitter to get free up-to-date news via tweets from the World Correspondents, or you can subscribe to us by entering your e-mail below. You can confirm your free subscription by clicking the confirmation link that will be sent to your e-mail address. Once you've confirmed, then you're good to go.


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1057..အနုပညာရှင် အဖွဲ့များ ဩစတြေးလျ ဖျော်ဖြေရေး သွားမည်...( 4.9.10 )

 
http://files.myopera.com/myanmargossip/albums/870827/Thazin%20(10).jpg

ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးပြည့်ပြည့်မောင်နဲ့ သဇင်တို့ အနုပညာရှင်အဖွဲ့က အောက်တိုဘာလမှာ ဩစတြေးလျကို သွားပြီး ဖျော်ဖြေပေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဩစတြေးလျ ဖျော်ဖြေရေး ခရီးအတွက် ကြိုတင်ပြင်ဆင် ထားတာနဲ့ ပတ်သက်လို့ မိုးပြည့်ပြည့်မောင်က 'မိုးပြည့်တို့က မြို့သုံးမြို့မှာ သုံးပွဲဆိုရမှာ ဆိုတော့ ဂီတမှူး ပေါ့သျှံနဲ့ သျှန်ထွန်း (မြန်မာစာ)က မိုးပြည့် နာမည်ပါတဲ့ သီချင်းတွေ ရေးပေးထားတယ်။

မြို့သုံးမြို့မှာ သုံးပွဲ ဖျော်ဖြေရမှာဆိုတော့ တစ်နေရာနဲ့ တစ်နေရာလည်း မထပ်အောင် မိုးပြည့်တို့ အနုပညာရှင်တွေ အားလုံး ပြင်ဆင်သွားမှာပါလို့' ဖြေပါတယ်။ ဩစတြေးလျ ဖျော်ဖြေရေးခရီးမှာ မိုးပြည့်ပြည့်မောင်က အငြိမ့်ကမယ့်အပြင် တင်မောင်ဆန်းမင်းဝင်းနဲ့ နှစ်ပါးသွားလည်း ကဖို့ ပြင်ဆင် ထားပါသေးတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1052..အများသူငှာ သုံးစွဲရန် မသင့်သော် တိုင်းရင်းဆေးဝါးအမည်များ ထုတ်ပြန်ကြေညာ ( 3.9.10 )

 
               ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အောက်ဖေါ်ပြပါ တိုင်းရင်းဆေးဝန်းများသည် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ဘေးဥပဒ်ဖြစ်စေသော အနောက်တိုင်းဆေးဝါး ရောနှောထားသည့် တိုင်းရင်းဆေးဝါးများဖြစ်၍ စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သည့် ဆေးဝါးများဖြစ်ကြောင်း အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။

ယင်းတိုင်းရင်းဆေးဝါးများမှာ-
1....Top နားသန့်ဆေးရည် - ဆိုင်အမှတ်(၄၆/၄၈)၊ သဇင် (E) ရုံ၊ မြေညီထပ်၊ အဆင့်မြင့်ဈေးချို၊ မန္တလေး (မှတ်ပုံတင်မရှိ)၊
2....လုပ်သားဆေးနီကျော်- အမှတ် (၇၁)၊ ပန်းဘဲတန်းရပ်၊ ဟင်္သာတမြို့(သက်တမ်းလွန်)၊
3....နှင်းဆီဖြူ သွားကိုက်သွားနာခံတွင်းသန့်ဆေး- အမှတ် (၇၈၆/ခ)၊ ဗညားဒလလမ်း၊ (၁၈)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့(မှတ်ပုံတင်မရှိ)၊
4....ဆရာဒေါင်း ပန်းနာရင်ကျပ်သောက်ဆေး- အမှတ်(၃၃)၊ ဇီဇ၀ါလမ်း၊ ရေကျော်၊ ရန်ကုန်မြို့(အနောက်တိုင်းဆေးဝါးရော)၊
5....ဆေးသုခ ပန်းနာရင်ကျပ်ပျောက်ဆေး- အမှတ် (၂၅) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဖျာပုံမြို့(အနောက်တိုင်းဆေးဝါးရော)၊
6....ရွှေဂဲ အကိုက်အခဲပျောက်ဆေး- ရွှေပုဇွန်ဆေးဝါးထုတ်လုပ်ရေး အမှတ်(၂၈)၊ (၂၃)လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
7....ရောင်နီဝါ အကိုက်အခဲပျောက်ဆေး- လိပ်စာမပါ((အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
8....Tiger Head and Pain Killer (Power) အပူကျအကိုက်အခဲပျောက်ဆေး- လိပ်စာမပါ(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
9....Pain Killer - လိပ်စာမပါ(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
10...၂ မိနစ် အကိုက်အခဲပျောက်ဆေးမှုန့်- လိပ်စာမပါ(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
11...မေတ္တာမွန် အကြောတက်လေးဖက်နာသောက်ဆေး- လိပ်စာမပါ(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ)၊
12...ကျေးဇူးရှင် ပန်းနာရင်ကျပ်ပျောက်ဆေး- ကျေးဇူးရှင်ဆေးတိုက် ဖုန်း- ၀၁- ၂၂၁၆၀၂(အနောက်တိုင်းဆေးဝါးရော၊ မှတ်ပုံတင်မရှိ) ...တို့ဖြစ်သည်။ ၂၀၁၀ခုနှစ် စက်တင်ဘာ ၂ရက်နေ့ထုတ်

Ref:
၂၀၁၀ခုနှစ် စက်တင်ဘာ ၂ရက်နေ့ထုတ်  ကြေးမုံသတင်းစာ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1051..တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် သူများအတွက် ကြေညာချက်ထုတ်ပြန် ( 3.9.10 )

 
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်အဖွဲ့က စက်တင်ဘာလ ၁ရက်နေ့ ရက်စွဲဖြင့် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စပ်လျဉ်း၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန် ကြေညာချက်ထုတ်ပြန်သည်။ အဆိုပါကြေညာချက်တွင် တက္ကသိုလ်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ရုံးတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ စတင်၍ သတ်မှတ်ထားသောနှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲအမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)နှင့် (၈) များဖြင့် ဖြေဆိုမည့် သူများအတွက် အစိမ်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)နှင့် (၄)များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဝင်ခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ရက်မှ အောက်တိုဘာလ ၁၅ရက်အတွင်း တင်သွင်းကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ကျသင့်ငွေသွင်း တံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင် ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်အဖွဲ့ရုံးသို့ ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၂၉ရက်အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူများတင်သွင်းသည့် စာမေးပွဲဝင်ခွင်လျှောက်လွှာနှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှုရှိ၊ မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုကြောင်း၊ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင်တက္ကသိုလ်နယ်မြေရှိ မြန်မာနိုင်ငံစာစစ်အဖွဲ့ (ဇွဲကပင်ဆောင်) တွင် လာရောက်ဝယ်ယူနိုင်ကြောင်း .......

Ref:၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ရက်နေ့ထုတ် ကြေးမုံ သတင်းစာ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1050..မြန်မာပြည်က ကိုရီးယား ရုပ်တူ ပြုင်ပွဲ ဆုရသူများ ( 3.9.10 )

 
http://www.freeimagehosting.net/uploads/8fa4cd16c5.jpg

ပထမဆုကို မောင်ရှိုင်းနှင့် မမိုမိုကို

         မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၉) ရက်နေ့က ကိုရီးယားစတား ရုပ်တူပြိုင်ပွဲနောက်ဆုံးအဆင့်ပြိုင်ပွဲကို သြဂုတ်လ (၂၈) ရက်နှင့် (၂၉) ရက်နေ့များတွင် ရန်ကုန်မြို့၊ Strand Hotel တွင် Ecap မောင်မယ်ကိုရီးယားစတားများနှင့် အ၀တ်အစား (သို့မဟုတ်) ရုပ်တူပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး  ပထမဆုကို မောင်ရှိုင်းနှင့် မမိုမိုကို၊ ဒုတိယဆုကို မောင်ဇော်လွင်ဦးနှင့် မဆောင်းယွန်းစံ၊ တတိယဆုကို မောင်မြတ်မင်းခန့်နှင့် နိုနိုကေ တို့က အသီးသီး ဆုရရှိခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1045..ပါတီတွေ စတင်စည်းရုံးရေး ဆင်းပြီ ( 2.9.10 )

 
                   

           ရွေးကောက်ပွဲ  ပါတီများမှ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဖွဲ့၍ လူထုနှင့် ထိတွေ့မှုစတင်နေပြီဟု သိရသည်။ "သင်္ဃန်းကျွန်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို သြဂုတ် ၈ ရက်က စဖွဲ့ခဲ့တာ။ လူထု ထိတွေ့မှုကတော့ ဒါနဲ့ဆို ၂ ကြိမ်ရှိပြီ။ ရပ်ကွက်က ၄၀ ရှိတယ်။ အချိန်က မလုံလောက်တော့ ရွေးကောက်ပွဲ တစ်လလောက် အလိုကျရင် ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးရာဇ၀င်တွေကို လူငယ်တွေနဲ့ လိုက်ဝေတယ်။ လိုက်ဝေရင်းနဲ့ တစ်အိမ်တက်ဆင်း လူထုနဲ့တွေ့ပြီးစကားပြောမယ်။ မေးသမျှဖြေမယ်။ လူထုသိချင်တာကို ရှင်းပြမယ်"ဟု

သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဒုဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။ 

  "အောင်နိုင်ရေးအဖွဲ့ကတော့ ကျွန်တ်ာတို့ ကြိုဖွဲ့မယ်။ တစ်မြို့နယ်ကို ခေါင်းဆောင်အပါအ၀င် ၃ ယောက် အဖွဲ့ဖွဲ့မယ်။ ရွေးချယ်ခံမယ့် ကိုယ်စားလှယ်ရဲ့ ဓာတ်ပုံတွေ၊ လက်ကမ်း စာစောင်တွေဝေမယ်။ စည်းရုံးခွင့် ရတဲ့နေရာမှာ စည်းရုံးမယ်"ဟု ခေတ်သစ်ပြည်သူ့ ပါတီမှ ပြောသည်။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီအနေဖြင့်လည်း အောင်နိုင်ရေးအဖွဲ့ကို CEC ၁၀ ဦးဖြင့် ဖွဲ့ထားကြောင်း၊ မဲဆန္ဒနယ်များတွက် လက်ကမ်းစာစောင်များ ဝေခြင်းနှင့် ခွင့်ပြုမည်ဆိုပါက Bill Board များ ထောင်သွားမည် ဖြစ်ကြောင်း ........

Ref:Popular News ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1044..စားသုံးရန်မသင့်သော် ဟင်းချက်ဆီ ( ၄ ) မျိုး ထုတ်ပြန်ကြော်ငြာ ( 2.9.10 )

 
              ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများ စားသုံးရန် မသင့်ကြောင်းကြေညာထားသည့် နိုင်ငံခြားဖြစ် စားဆီအချို့ကို ဈေးကွက်ထဲတွင် ပြန်လည်တွေ့ရှိ လာရကြောင်း သိရသည်။

                   စားသုံးဆီများကို ပြည်ပမှ တင်သွင်းလိုပါက ဦးစွာတင်သွင်းလိုသည့် ဆီနှင့်ထုတ်လုပ်သည့် သက်ဆိုင်ရာနိုင်ငံမှ FDA ၏ ထောက်ခံချက်၊ ဓာတ်ခွဲစစ်ဆေးချက်တို့ကို တင်သွင်းမည့်နိုင်ငံ၏ FDA သို့ အပြည့်အစုံတင်ပြရပြီး တင်သွင်းခွင့်ရပါက တင်သွင်းလာသည့် ဆီကိုFDA မှ ထပ်မံစစ်ဆေးပြီး ရောင်းချခွင့်ပြုကြောင်း စားသုံးရန်မသင့်ကြောင်း ကြေညာထာသည့် ဆီများမှာ FDA မှ တင်သွင်းခွင့်ပြုထားသည့် ဆီများ မဟုတ်ကြောင်းသိရသည်။
                 စားသုံးရန်မသင့်ကြောင်း ကြေညာထားသည့် ဆီလေးမျိုးမှာ ........

1......မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင်( Star Oil ကြယ်နီပုံ) တံဆိပ်( ၁၈ လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး)
2.....မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်တစ်ကောင် တံဆိတ်( ၁၈ လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) ၊
3.....ရေနဂါး( Twin Sea Horse ) တံဆိပ်( ၁၈ လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး) နှင့်
4.....ထိုင်းနိုင်ငံထုတ် ငါးကြော်တံဆိပ်( Pamola Brand ) ( ၁၈ လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး)တို့ ဖြစ်ကြောင်း .......

             Ref:Popular News ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1043..သစ်ပင်လူသား ( Tree Man ) ထပ်မံခွဲစိတ်ခံရမည် ဆိုသည့်သတင်း မဟုတ်မှန် ( 2.9.10 )

 
    tree man
   


                         အခုတစ်လော တစ်ချို့ဘလော့တွေမှာ သစ်ပင်လူသား တစ်ယောက် ပြန်လည်ခွဲစိတ်ခံရမယ်ဆိုလို့ ကျွန်တော်လည်း Breaking News တွေရှာဖတ်တာ
မတွေ့ရလို့ သူငယ်ချင်းတစ်ယောက်ကို မဟုတ်ကြောင်း အကြောင်းပြန်ရင်းနဲ့ အာဒလုံးသိအောင် ဒီပို့ရေး လိုက်တာပါ.....
                  
                         သစ်ပင်လူသားဟာ ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ကခွဲစိတ်ခဲ့တာပါ......

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1042..ကမ္ဘာ့ ဝှေးစေ့ ဟင်းချက် ချန်ပီယံပြိုင်ပွဲ ( 2.9.10 )

 
မုန်တိုင်း
       သ​တ္တ​မ​အ​ကြိမ်​မြောက်​​ ​ကမ္ဘာဝှေး​စေ့​ ​ဟင်း​ချက်​ပြိုင်​ပွဲ​အား​​ ​ဆာ ​ဘီး​ယား​နိုင်ငံ​ရှိ​​ ​တောင်​ပေါ်​ရွာ​လေး​ ​တစ်​ခု​တွင်​ ကျင်း​ပ​ခဲ့​ရာ​ ​လာ ​ရောက်​ကြည့်​ရှု​သူ​များ​သည်​​ ​စား​ဖို​မှူး​များ​၏​​ ​နွား​သိုး​၊​ ​ဝက်​ဝံ​၊​​ ​ကု​လား​အုတ်​၊​ ငှက်​ကု​လား​အုတ်​နှင့်​​ ​သား​ပိုက်​ကောင်​စ​သော​​ ​တိ​ရ​စ္ဆာန်​ ​မျိုး​စုံ​တို့​၏​​ ​ဝှေး​စေ့​များ​ကို​ ​လက်​စွမ်း​ပြ​​ ​ကြော်​လှော်​ချက်​ပြုတ်​နေ​မှု​ကို​ အား​ပေး​ခဲ့​ကြ​သည်​။

     ယ​ခု​ပြိုင်​ပွဲ​သည်​​ ​ပျော်​စ​ရာ​ကောင်း​ပြီး​​ ​အ​စား​အ​သောက်​ကောင်း​နှင့်​​ ​ရဲ​ရင့်​မှု​တို့​ ​ပေါင်း​စု​သည့်​​ ​နေ​ရာ​ဟု​ ​ဆာ​ဘီး​ယား​​ ​စား​ဖို​မှုး​ 
Ljubomir Erovic က​​ ​ပြော​ကြား​ခဲ့​သည်​။ ​ဆာ​ဘီး​ယား​တွင်​ ​တိ​ရ​စ္ဆာန်​ဝှေး​စေ့​များ​ဖြင့်​​ ​ချက်​ထား​သော​ ​ဟင်း​လျာ​ကို​​ ​ယဉ်​ယဉ်​ကျေး​ကျေး​ဖြင့်​​ ​ "white kidneys" ( ကျောက်ကပ်ဖြူ )ဟင်း​ဟု​ခေါ်​သည်​။ ​ယင်း​ဟင်း​သည်​ ​အ​ဖို​ဟို​မုန်း​များ​ကို​ ​လှုံ့​ဆော်​ပေး​ကြောင်း​ ​ယုံ​ကြည်​ကြ​သည်​။ ​ဘော်​ကန်​ဒေ​သ​တွင်​ ​ထို​ဟင်း​မျိုး​သည်​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာ​ကို​ ​ပျောက်​ကင်း​စေ​သည်​ဟု​ ​ယူ​ဆ​ကြ​သည်​။

         နွား​သိုး​ဝှေး​စေ့​သည်​ ဟန်​ဂေ​ရီ​ရိုး​ရာ​စ​တိုင်​ ​ပူ​ပူ​စပ်​စပ်​ ​ချက်​ပါ​က​ ​အ​ကေင်း​ဆုံး​ဟု​ ​ယ​မန်​နှစ်​ ​ချန်​ပီ​ယံ​ 
Zoltan Levai, က​ဆို​သည်​။ ​ယ​ခု​ပြိုင်​ပွဲ​တွင်​ ​ဝှေး​စေ့​ပီ​ဇာ​နှင့်​ ​ဝှေး​စေ့​အ​ချဉ်​ဆမ်း​ ​မုန့်​များ​ပါ​ ​ပြု​လုပ်​ထား​သည်​။ ​လာ​ရောက်​ကြည့်​ရှု​သူ​များ​သည်​ ​ဝိုင်​၊​ ​ဘီ​ယာ​ ​စ​သည်​တို့​နှင့်​ ​ယင်း​ဟင်း​များ​ကို​ ​မြည်း​စမ်း​ကြည့်​နိုင်​သည်​။
Ref:http://www.telegraph.co.uk/news/worldnews/europe/serbia/7971158/Chefs-compete-at-World-Testicle-Cooking-Championship.html


Chefs compete at World Testicle Cooking Championship

Teams of chefs cooked up bull, boar, camel and kangaroo in a remote Serbian mountain village a the seventh annual World Testicle Cooking Championship.

Participants of the so-called 7th annual World Testicle Cooking Championship get a first taste of a dish that they prepared in the village of Ozre
The food, politely called "white kidneys" in Serbian, is believed to be rich in testosterone. In the Balkans, it is considered to help men's libido.
"This festival is all about fun, food and bravery," said Ljubomir Erovic, the Serbian chef and testicles gourmand specialist who organises the bizarre cooking festival and has published a testicle cookery book.
The bulls' testicles are the best, goulash style," said last year's winner Zoltan Levai, stirring a metal pot heated by a wood fire and filled with vegetables and large testicles that he said were provided from a state-run slaughter house.
The festival – which includes dishes like testicle pizza and testicles in béchamel sauce flavoured with a variety of herbs found in the region.
Visitors eat the dishes with plenty of wine or beer, and cool themselves in a small mountain river that flows beside the makeshift cooking stands blasting folk music. The stalls also sell roasted pig or lamb, "as a side dish".
"I came here last year, and decided to come back," said Anna Wexler, an Israeli citizen originally from New York who's now a member of the festival's jury. "It was delicious. There was testicle moussaka, goulash, stallion, boar, bull and many other things."
The festival also gives prizes to to those who have made the news for being "ballsy". This year one of the unsuspecting winners is Barack Obama.
"He's the bravest man in the world," said Mr Erovic. "Obama took over the world at the most difficult economic and political times," Erovic said. "He showed he has balls."
The other prize went to American pilot Chesley "Sully" Sullenberger who last year glided a passenger jet into the Hudson river in New York rather than risk crashing in a densely populated area trying to reach an airport.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1040..​ဂြိုဟ်​ပေါင်း​ ​၇​ ​လုံး​က​ ​ဝန်း​ရံ​လှည့်​ပတ်​နေ​သည့်​ နေ တစ်စင်းတွေ့ရှိ ( 31.8.10 )

 
Discovery: An artist's impression shows the planetary system  around the sun-like star HD 10180

နေနှင့် ​ဆင်​တူ​သော​ ​ကြယ်​တစ်​လုံး​ကို​ ​ဂြိုဟ်​ပေါင်း​ ​၇​ ​လုံး​က​ ​ဝန်း​ရံ​လှည့်​ပတ်​နေ​သည့်​ ​နေ​အ​ဖွဲ့​အ​စည်း​တစ်​ခု​အား​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။ 

က ​မ္ဘာ​မှ​ ​အ​လင်း​နှစ်​ ​၁၂၇​ ​အ​ကွာ​တွင်​ ​တည်​ရှိ​သော​ ​နေနှင့် ​ဆင်​တူ​သော​ ​ကြယ်​တစ်​လုံး​ကို​ ​ဂြိုဟ်​ပေါင်း​ ​၇​ ​လုံး​က​ ​ဝန်း​ရံ​လှည့်​ပတ်​နေ​သည့်​ ​နေ​အ​ဖွဲ့​အ​စည်း​တစ်​ခု​အား​ ​န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များ​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​.... ​ရှာ​ဖွေ​တွေ့​ရှိ​သ​မျှ​ ​နေ​အ​ဖွဲ့​အ​စည်း​ ​အား​လုံး​တို့​တွင်​ ​အ​ကြီး​မား​ဆုံး​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​ရှိ​နေ​သည်​။ ​ပ​ညာ​ရှင်​များ​က​ ​ယင်း​နေ​အ​ဖွဲ့​အ​စည်း​တွင်​ ​ဂြိုဟ်​ ​၅​ ​လုံး​ ​သေ​ချာ​ပေါက်​ ​ရှိ​နေ​ပြီး​ ​နောက်​ထပ်​ ​၂​ ​လုံး​ ​တည်​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​ဖွယ်​ ​အ​ထောက်​အ​ထား​များ​ ​တွေ့​ရှိ​ထား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

Neptune​ဂြိုဟ်​၏​ ​အ​ရွယ်​မျှ​ရှိ​သော​ ​အ​စိုင်​အ​ခဲ​ ​၅​ ​ခု​တို့​မှ​ ​ထင်​ထင်​ရှား​ရှား​ ​တုန့်​ပြန်​မှု​များ​ကို​ ​ဖမ်း​ယူ​နိုင်​ခဲ့​ပြီး​ ​နောက်​ထပ်​ ​အ​စိုင်​အ​ခဲ​ကြီး​ ​၂​ ​ခု​တို့​မှ​ ​ထွက်​ပေါ်​လာ​သည်​ဟု​ ​ယူ​ဆ​ရ​သော​ ​မြေ​ဆွဲ​အား​များ​ကို​လည်း​ ​ထောက်​လှမ်း​ဖော်​ထုတ်​နိုင်​ခဲ့​ကြာင်း​ ​လို​ဗစ်​ကဆို​သည်​။

 ကြယ်​နှင့်​ ​အ​နီး​ဆုံး​ဂြိုဟ်​မှာ​ ​နေ​နှင့်​က​မ္ဘာ​ကြား​ ​အ​ကွာ​အ​ဝေး​၏​ ​၀.​၀၆​ ​ရာ​ခိုင်​နှုန်း​မျှ​ ​အ​ကွာ​ဖြင့်​ ​လှည့်​ပတ်​နေ​ပြီး​ ​အ​ဝေး​ဆုံး​ဂြိုဟ်​မှာ​မူ​ ​နေ​နှင့်​က​မ္ဘာ​ကြား​ ​ကွာ​ဟ​ချက်​ထက်​ ​၁.​၄​ ​ရာ​ခိုင်​နှုန်း​ ​ပို​များ​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

Read more: http://www.dailymail.co.uk/sciencetech/article-1305834/Solar-seven-planets-sun-found.html#ixzz0yAQNrGin

Ref:http://www.dailymail.co.uk/sciencetech/article-1305834/Solar-seven-planets-sun-found.html


Discovered beyond the sun: Solar system with seven planets


  • Nasa to make announcement about 'intriguing' discovery

A solar system containing up to seven planets orbiting a sun-like star has been detected 127 light years from Earth.

The planetary system is believed to be the largest ever discovered beyond the sun.

Astronomers have confirmed the presence of five planets and have tantalising evidence of two more.

And it comes as Nasa has said that it plans to make an announcement about an 'intriguing' planetary system that it has discovered using the Kepler space telescope

Discovery: An artist's impression shows the planetary system  around the sun-like star HD 10180

Discovery: An artist's impression shows the planetary system around the sun-like star HD 10180

Kepler looks at the telltale 'wobble' as planets pass in front of distant stars and, earlier this year, astronomers announced that it had discovered more than 700 possible planets. The conference is scheduled for 1pm EDT (6pm BST).

The distance of the planets from their parent star follow a regular pattern, similar to that seen in our own solar system.

'We have found what is most likely the system with the most planets yet discovered,' said Dr Christophe Lovis, who led the European Southern Observatory (ESO) scientists.


Read more: http://www.dailymail.co.uk/sciencetech/article-1305834/Solar-seven-planets-sun-found.html#ixzz0yAQYDgbB

This remarkable discovery also highlights the fact that we are now entering a new era in exoplanet research: the study of complex planetary systems and not just of individual planets.

'Studies of planetary motions in the new system reveal complex gravitational interactions between the planets and give us insights into the long-term evolution of the system.'

The parent star, known as HD 10180, lies in the southern constellation of Hydrus 127 light years away.

Astronomers patiently studied it for six years using a planet-finding instrument called the HARPS spectrograph, attached to ESO's 3.6 metre (11.8ft) telescope at La Silla, Chile.

127 light years from Earth: A photograph of the region around the  star HD 10180

127 light years from Earth: A photograph of the region around the star HD 10180

From 190 individual HARPS measurements, they were able to detect tiny wobbles in the star's motion caused by the gravitational tugs of its planets.

The five strongest signals corresponded to planets with Neptune-like masses, between 13 and 25 times that of the Earth.

These planets, with orbit periods ranging from six to 600 days, are separated from their star at 0.06 to 1.4 times the distance between the Earth and sun.

Dr Lovis added: 'We also have good reasons to believe that two other planets are present. One would be a Saturn-like planet (with a minimum mass of 65 Earth masses) orbiting in 2,200 days. The other would be the least massive exoplanet ever discovered, with a mass of about 1.4 times that of the Earth.

'It is very close to its host star, at just two per cent of the Earth-sun distance. One 'year' on this planet would last only 1.18 Earth days.'

The planet would be rocky, like the Earth, but probably far too hot to sustain life.

With at least five Neptune-sized planets circling inside an orbit equivalent to that of Mars, the HD 10180 system has a more populated inner region than our solar system.

So far astronomers have found 15 systems containing at least three planets.

The last record holder was 55 Cancri, which has a total of five planets including two gas giants.

Details of the discovery were presented today at an exoplanet meeting at the Haute-Provence Observatory in south-east France.

A paper on the research has been submitted to the journal Astronomy And Astrophysics.



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1035..အပေါ်ပိုင်း အ၀တ်အစား မ၀တ်ပဲ သရုပ်ဆောင်မယ့် Jennifer Aniston

 


Jennifer Aniston hoping to relight her box office credentials with new topless film role



         အ​သက်​ ​၄၁​ ​နှစ်​အ​ရွယ်​ ​အင်​နစ်​စ​တန်​သည်​ Wanderlust​ ​ဇာတ်​ကား​တွင်​ ​သူ​မ​၏​ ​ရုပ်​ရှင်​မင်း​သ​မီး​ ​သက်တမ်း​တ​လျှောက်​ ​ပ​ထ​မ​ဆုံး​ ​အ​ဝတ်​အ​စား​များ​ ​ချွတ်​ပစ်​တော့​မည်​ဖြစ်​သည်​။ ​ထို​ဇာတ်​ကား​တွင်​ ​သူ​မ​၏​ ​ဇာတ်​ရုပ်​သည်​ ​ကြုံ​ရာ​အ​မျိုး​သား​နှင့်​ ​အိပ်​စက်​ပြီး​ ​မူး​ယစ်​ဆေး​ ​စွဲ​နေ​သည့်​ပုံ​စံ​မျိုး​ဖြစ်သည်​။ ​ဟော​လီး​ဝုဒ်​ ​သ​တင်း​ဌာ​န​များ​က​ ​အင်​န​စ်​စ​တန်​သည်​ ​ဟစ်​ပီ​လူ​တန်း​စား​တို့​နှင့်​ ​ရော​နှော​နေ​ထိုင်​ပြီး​ ​လိင်​နှင့်​ပတ်​သက်၍​ ​လွတ်​လပ်​စွာ​ ​ပြု​မူ​နေ​သော​ ​အိမ်​ထောင်​ရှင်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​အ​ဖြစ်​ ​ပါ​ဝင်​ရန်​ ​သ​ဘော​တူ​ညီ​လိုက်​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။ 


If there was ever an actress in danger of being typecast, it was Jennifer Aniston.

But not for much longer.

In a significant departure from her syrupy, goody-goody rom-com roles, the 41-year-old star is to take on her most risqué role and appear topless.

Baring all? Jennifer Aniston, pictured in New York last week, is  set to go topless in new film Wanderlust

Baring all? Jennifer Aniston, pictured in New York last week, is set to go topless in new film Wanderlust

She is to star in the film Wanderlust, which calls for her to strip off for the first time in her acting career.

Naked ambition: Aniston peeled off to advertise her perfume  Lolavie earlier this year

Naked ambition: Aniston peeled off to advertise her perfume Lolavie earlier this year

Her character also indulges in threesome with two other women, sleeps around with numerous men and takes drugs.

Reports in Hollywood said Aniston has agreed to play the part of a 'free loving' married woman who ends up living in a hippie community.

The role will be a major departure for the actress who found fame playing Rachel in the hit TV series Friends.

In recent years she has appeared in a series of romantic comedies, including The Switch and Bounty Hunter that have failed to win over audiences.

Playing such a wild character - and appearing topless - will be a major departure for Aniston who has built her career on romantic comedies.

According to reports in Hollywood, Aniston is looking to the Judd Apatow directed film to boost her flagging career.

Her most recent film The Switch, in which she played a single woman who uses a sperm donor to have a child, bombed at the box office, taking $8.4million in the U.S. box office on its opening weekend.

Her previous films The Bounty Hunter and Love Happens also performed poorly with audiences in the US and worldwide.

 

In Wanderlust, Aniston's character Linda moves to a hippie commune after tiring of life in New York City.

In the script, which has been seen by a celebrity website Hollywoodlife.com, Aniston's character rips off her top to distract workmen who are attempting to build a new supermarket.

Making a mild impression on the box office: Aniston's latest film  The Switch only made $8.4million during its opening weekend in the U.S.

Making a mild impression on the box office: Aniston's latest film The Switch only made $8.4million during its opening weekend in the U.S.

The film is also likely to include several sex scenes as Aniston's character sleeps with numerous men at a hippie commune where is living with her husband, played by Paul Rudd.

Aniston and Rudd previously co-starred together in romantic comedy The Object Of My Affection 12 years ago.

The prospect of Aniston appearing topless will generate huge publicity for the film  and the actress.

Before shooting begins in November Aniston is to be reunited with her former Friends co-star Courtney Cox when she makes a guest appearance in the TV series Cougar Town.


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1030.. အိမ်သာခွက် မှ အင်တာနက်သို့ ( 29.8.10 )

 
           အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် နေထိုင်သူများအတွက် လိုင်း-ကြိုးချိတ်ဆက်စရာ မလို၊ အင်တာနက်လိုင်း လျှောက်ထားစရာ မလိုပဲ ရိုဂယ်-နည်းပညာဖြင့် လွယ်ကူစွာ အင်တာနက် အသုံးပြုနိုင်ကြ ပါပြီ။

ပြု လုပ်ပုံမှာ ......
**Google မှာ လှမ်းဆက်သွယ်ပြီး အိမ်သာအတွင်း ချရန် ကြိုးနှင့် Modem ၀ယ်ရပါမည်။
**ကြိုးကို အိမ်သာ-ကြွေခွက်အတွင်း ထဲ့ပြီး ရေလောင်းချလိုက်လျှင် ကြိုးသည် အိမ်သာ-ပိုက်အတွင်း ဆင်းသွားပါမည်။
**အစ-တစ်ဘက်ကို Google - Modem နှင့် ဆက်သွယ် လျှင် အင်တာနက်ကို သုံးနိုင်ပါပြီ။

      

Google TiSP (BETA) is a fully functional, end-to-end system that provides in-home wireless access by connecting your commode-based TiSP wireless router to one of thousands of TiSP Access Nodes via fiber-optic cable strung through your local municipal sewage lines.

Installing TiSP
Installing a typical home TiSP system is a quick, easy and largely sanitary process -- provided you follow these step-by-step instructions very, very carefully.
#1   Remove the spindle of fiber-optic cable from your TiSP installation kit.
#2   Attach the sinker to the loose end of the cable, take one safe step backward and drop this weighted end into your toilet.
#3   Grasp both ends of the spindle firmly while a friend or loved one flushes, thus activating the patented GFlush™ system, which sends the weighted cable surfing through the plumbing system to one of the thousands of TiSP Access Nodes.
#4   When the GFlush is complete, the spindle will (or at least should) have largely unraveled, exposing a connector at the remaining end. Detach the cable from the spindle, taking care not to allow the cable to slip into the toilet.
#5   Plug the fiber-optic cable into your TiSP wireless router, which has a specially designed counterweight to withstand the centripetal force of flushing.
#6   Insert the TiSP installation CD and run the setup utility to install the Google Toolbar (required) and the rest of the TiSP software, which will automatically configure your computer's network settings.
#7   Within sixty minutes -- assuming proper data flow -- the other end of your fiber-optic cable should have reached the nearest TiSP Access Node, where our Plumbing Hardware Dispatchers (PHDs) will remove the sinker and plug the line into our global data networking system.
#8   Congratulations, you're online! (Please wash your hands before surfing.)
Note: If you have any difficulty installing, operating or simply living with TiSP, we suggest joining the TiSP Help Group.
Advanced TiSP Options
Professional Installation Service
You can also choose to request our professional installation service, which dispatches an army of factory-trained, sub-contracted nanobots from the TiSP Access Node. The nanobots travel with exhilarating nano-speed through the sewer system and into your home to perform the installation service, which should be complete within 15 minutes. Note: For your own physical safety and emotional well-being and in consideration of the nanobots' working conditions, please make absolutely certain that your toilet is unoccupied at the scheduled appointment time.
In-Commode Package Delivery
With professional installation service, you can also have your Google Checkout purchases delivered directly through the sewage network into your bathroom. Each package comes pre-sealed in a watertight and nanobot-resistant bag made of biodegradable corn-based plastic. For a limited time, TiSP subscribers who sign up for a Checkout account will receive free bathroom delivery on their first ten Checkout purchases.
TiSP for Enterprise
We're actively developing a higher-performance version of TiSP specifically tailored to small and medium-sized businesses, including 24-hour, on-site technical support in the event of backup problems, brownouts and data wipes.

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1029..အီရတ်စစ်ပွဲ အဆုံးသတ်ပြီ ( 29.8.10 )

 

အချိန် ၇ နှစ်ကျော် ကြာမြင့်စွာ ဆင်နွဲခဲ့သော အီရတ်စစ်ပွဲကို အဆုံးသတ်ပြီဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက သြဂုတ်လ ၂၈ ရက် စနေနေ့ က ပြောကြားလိုက်သည်။

"အဓိကကျတဲ့ အချက်ကတော့ အီရတ်စစ်ပွဲ အဆုံးသတ်လိုက်ပါပြီ" ဟု သမ္မတ အိုဘားမားက ရေဒီယိုနှင့် အင်တာနက် ဝဘ်ပေါ်မှတစ်ဆင့် ၎င်း၏ နိုင်ငံသားများအား ပြောကြားခဲ့သည်။"အချိန် ၇ နှစ်ကြာပြီးတဲ့နောက် လာမယ့် အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အီရတ် စစ်မြေပြင်က ထိုးစစ်တွေကို အဆုံးသတ်ပါလိမ့်မယ်။ ဒါဟာ အီရတ်စစ်ပွဲ အဆုံးသတ်နိုင်ဖို့ အတွက် အရေးပါတဲ့ အဆင့်တစ်ခုပါပဲ" ဟု အိုဘားမားက ပြောကြားပါသည်။

သြဂုတ်လ ၃၁ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် အီရတ် စစ်မြေပြင်ရှိ ထိုးစစ် အားလုံးကို ရုပ်ဆိုင်းပြီး စစ်တပ်များအားလုံး ပြန်လည် ရုပ်သိမ်းမည်ဟု သိရသည်။


အိုဘားမားသည် အီရတ်စစ်ပွဲ အဆုံးသတ်ခြင်းနှင်း ပါတ်သက်သည့် အကြောင်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် အိမ်ဖြူတော်ရှိ Oval Office တွင် တရားဝင် ပြောကြားမည် ဖြစ်ကြောင်း သိရသည်။



Obama says Iraq war is ending

Soldiers of C Company, 1st Battalion, 3rd U.S. Infantry Regiment, returning from a deployment to Taji, Iraq, arrive at the Andrews Joint Base outside Washington D.C., capital of the United States, Aug. 28, 2010.  (Xinhua/Zhang Jun)

WASHINGTON, Aug. 28 (Xinhua) -- After seven years and thousands of U.S. military deaths, U.S. President Barack Obama on Saturday said the Iraq war is ending.

"The bottom line is this: the war is ending," Obama told the nation in his weekly address broadcast on radio and the web. On Aug. 31, the United States is ending its combat mission in Iraq, with the end of next year as the deadline to withdraw all troops from that country.

"On Tuesday, after more than seven years, the United States of America will end its combat mission in Iraq and take an important step forward in responsibly ending the Iraq war," Obama said.

He said as a candidate for president, he had pledged he would end this war, and that's what he is doing as president.

"We have brought home more than 90,000 troops since I took office. We have closed or turned over to Iraq hundreds of bases. In many parts of the country, Iraqis have already taken the lead for security," said Obama.

After ending combat mission, about 50,000 U.S. troops will conduct training and assistance missions in Iraq, partner with Iraqis in counterterrorism missions, and also protect U.S. civilian and military efforts there.

Obama will deliver an Oval Office speech on Aug. 31 to mark the end of Iraqi combat missions. White House spokesman Bill Burton said the president will talk about "the importance of the milepost that day is as we change missions in Iraq," as well as U.S. policy toward Iraq.



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1026..သဇင် တစ်ကိုယ်တော်စီးရီး နဲ့တောင်ကိုးရီးယား ခရီ ( 29.8.10 )

 
www.monetine999.com သဇင်ခရီး

သဇင်က သူ့တစ်ကိုယ်တော် စီးရီးအောက်တိုဘာ ၃ ရက်မှာ ထွက်မယ်လို့ ဆိုပါတယ်။

သဇင်ရဲ့ 'ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ' စီးရီးမှာ တေးရေး မင်းချစ်သူ၊ စိုးလင်း၊ အရိုး၊ ဟဲလေး၊ အိမ့်ချစ်တို့ရဲ့ သီချင်းများ ပါဝင်ပြီး The Trees Band, Lazy Club Band တို့ရဲ့ တီးခတ်မှုနဲ့ အတူ ကွန်ပျူတာတီးခတ်မှု တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။



သဇင်က လောလောဆယ်မှာ တစ်ကိုယ်တော် စီးရီးထွက်ဖို့ ပြင်ဆင်နေသလို စက်တင်ဘာမှာ ကိုရီးယား သွားဖို့လည်း စီစဉ်နေပါတယ်။ သဇင်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားမှာ ဖြစ်ပြီး ဖျော်ဖြေရေး ခရီးစဉ် ဖြစ်ပါတယ်။ ကိုရီးယား ဖျော်ဖြေရေး ခရီးစဉ်မှာ Lazy Club Band နဲ့ အတူ ခင်မောင်တိုး၊ L လွန်ဝါ၊ ဟဲလေး၊ ချစ်သုဝေ၊ Jennyနဲ့ သဇင်တို့ သွားရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။



ေ၇ှ့လပိုင်းတွေကစပြီး တောင်ကိုးရီးယားလေဆိပ်မှာ ကိုယ်လုံးဖေါ် 3D Scanner နဲ့လုံခြုရေးစစ်ဆေးတော့မယ်လို့လည်းသတင်းတွေမှာသိထားရပါတယ်....

Ref: The Ray of Light

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1025..အမျိုးသမီးများ ရှက်စိတ်ဖြစ်မယ့် တောင်ကိုးရီးယား လေဆိပ်က ကိုယ်လုံးဖေါ် Scanner ( 29.8.10 )

 
www.monetine999.com s Korea airport
www.monetine999.com s Korea airport

တောင်ကိုရီးယား လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ တစ်ကိုယ်လုံး စကင်နာတွေနဲ့ အောက်တိုဘာ ၁ ရက်နေ့က စပြီးစတင်ရှာဖွေတော့မှာ ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဌာနက ဩဂုတ် ၁၆ ရက်က ပြောကြား ပါတယ်။


ခန္ဓာကိုယ်အသေးစိတ်ကို သရီးဒီနဲ့ အသေးစိတ်ဖော်ပြပေးတဲ့အတွက် ခရီးသည်တွေရဲ့ ပုဂ္ဂလိက လျှို့ဝှက်ချက်ကို ဖောက်ဖျက်သလို ဖြစ်နေပါတယ်..လေဆိပ်ဝန်ထမ်းတွေက လူကိုယ်တိုင်စစ်ဆေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စက်ကိရိယာ သုံးစွဲမှုဟာ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုမှာပါ စတင်သုံးစွဲနေတဲ့ အတွက် ကမ္ဘာတစ်ဝှန်းမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်...



Devices will be deployed at international airports in Incheon, Gimpo, Gimhae and Jeju from October 1.




SEOUL - South Korean airports are to start screening passengers with full body scanners, the government said Monday, despite complaints that they violate privacy.

The devices will be used at international airports in Incheon, Gimpo, Gimhae and Jeju from October 1 after a 30-day trial, the transport ministry said.

The National Human Rights Commission has urged the ministry to dump the machines, installed in July, because they breach passengers’ privacy by creating detailed 3D images of their figures.

But the ministry has insisted the scanners are an effective way of preventing terrorism and will only be used on passengers considered a possible security threat, while others can opt to be scanned manually by airport staff.

The machines have fuelled controversy around the world, with several European countries and the United States introducing them.

Ref:http://www.relax.com

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1020..ပန်းဖြူအမှုကို ပယ်ချခံရ ( 27.8.10 )

 
www.monetine999.com ပန်းဖြူ
ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦး*******ကို

ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားမှုအား ရန်ကုန်တိုင်း တရားရုံးက ယနေ့တွင် ပလပ်လိုက်ကြောင်း သိရသည်။

ဦး********ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် စွဲဆိုခဲ့ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းစွဲချက်ကို ပယ်ချခဲ့သဖြင့် တိုင်းတရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ယနေ့ နေ့လယ် ၁ နာရီတွင် ယင်းသို့ ထပ်မံ ပလပ် လိုက်ခြင်း ဖြစ်သည်။

ပန်းဖြူ၏ ရှေ့နေဖြစ်သူ ဦးယုတင်က “တရားရုံးမှာ ကျနော် နားထောင်ပြီး ကောက်ချက် ချရသလောက်တော့ ရက် ၄၀၊ ၅၀ လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ သဘာဝ ယုတ္တိ မရှိဘူးပေါ့။ နောက် တခုက ၄၊ ၅ နှစ်လောက် ကြာအောင် လိမ်လည်တယ် ဆိုတာလည်း သဘာဝ ယုတ္တိမရှိ ဘူးပေါ့။ အဓိက ကတော့ အဲဒီ ၂ ချက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွဲချက်ကို ပယ်ချသည့် အကြောင်းအရင်းမှာ အပြစ်ရှိမရှိ သုံးသပ်သည်နှင့် တူညီခြင်း မရှိကြောင်း၊ စွဲချက်ကို တင်နိုင်လောက်သည့် အထောက်အထားရှိပါက တင်ရမည်ဖြစ်ကြောင်း၊ မိန်းကလေးတယောက်က အရှက်နှင့် ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်မှာ ပြည့်စုံသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်းဖြူက “အခု အမှုတည်ဆောက်ထားတာ မခိုင်မာဘူး။ တယောက်ယောက်က သင်ကြားပေးထားတဲ့ ပုံစံ ရှိနေတယ်။ လုပ်ကြံတယ်ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းတရားရုံးက ယခုကဲ့သို့ ထပ်မံပယ်ချခဲ့သည့်အတွက် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်းလည်း ပန်းဖြူက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေးလိမ်လည်မှု၊ ပစ္စည်းလိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည်မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း သိရသည်။

ပန်းဖြူသည် ၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့သည်။


Credit :ဧရာဝတီ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ