this site the web

1308..ဖိုမသဘာဝ အသိပညာပေး ( 27 ) 13.10.10

 

          လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း

http://www.freeimagehosting.net/uploads/1e1cdb0062.jpg

   လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း


  

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း
Peekaboo!
In Bangkok, making yourself into what you want to be takes on a whole new meaning        

               အမျိုးသား တစ်ယောက်ကို အမျိုးသမီး တယောက်အဖြစ် ပြောင်းလဲ ခွဲစိတ်ဖို့ရန် လွယ်ကူပေမယ့်လို့ အမျိုးသမီး တယောက်ကို အမျိုးသား တယောက်နဲ့ တူအောင် ခွဲစိတ်ကုသဖို့ ကတော့ အင်မတန်မှကို ခက်ခဲလှတယ်လို့ ဆိုပါတယ်။

                အဲဒီအပြင် ခွဲစိတ်ကုသမှု ကုန်ကျစရိတ်ကလည်း အမျိုးသား ကနေ အမျိုးသမီး ပြောင်းတာထက် ပိုပြီးတော့ တစ်ဆထက်တပိုး ဈေးနှုန်း မြင့်မားလှတယ်လို့ ဆိုပါတယ်။

               အမျိုးသား တယောက် အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ဖို့အတွက် ဒေါ်လာ တစ်ထောင် နှစ်ထောင်နဲ့ ခွဲစိတ်လို့ ရနိုင်ပေမယ့် အမျိုးသမီး တယောက် အမျိုးသား အဖြစ်ကို ပြောင်းလဲ ခွဲစိတ်မယ် ဆိုရင်တော့ တစ်လက်မစာ ခွဲစိတ်မယ်ဆိုရင်တောင် ဒေါ်လာ တစ်သောင်းနှစ်ထောင်လောက် ကုန်ကျနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ အောင်မြင်ကျော်ကြားဆုံးသော လိင်ပြောင်းလဲခွဲစိတ်ကုသမှု လောကမှာ နာမည်ကြီးတဲ့ ခွဲစိတ်ဆရာကြီးက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း

               တစ်လက်မစာ ခွဲစိတ်ဖို့အတွက် ငွေကြေးအမြောက်အမြား ကုန်ကျခံရသလို တစ်ဖက်ကလည်း နာကျင်မှု ဝေဒနာက တစ်ဆထက်တပိုး တိုးမြင့်လာတာပဲ အဖတ်တင်တယ်လို့ ဆိုပါတယ်။

               ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ လိင်ပြောင်းလဲ ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အောင်မြင်ကျော်ကြား ထင်ရှားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ကြော်ငြာမှု အားကောင်းသလို စာနယ်ဇင်းသမားတွေကို သူ့ရဲ့ လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ရေးချင်စဖွယ် ဖြစ်လာအောင် ဆွဲဆောင်နိုင်စွမ်းလည်း ရှိနေတာ ဖြစ်ပါတယ်။

            ထိုင်းနိုင်ငံမှာ လိင်ပြောင်းလဲ ခွဲစိတ်ဖို့အတွက် လာရောက်ကြတဲ့သူတွေ အများစုထဲမှာ အမေရိကန်၊ သြစတြီးယား၊ ဥရောပ၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အရှေ့လယ်ပိုင်းဒေသတွေက လာကြတဲ့သူတွေ များတယ်လို့ ဆိုပါတယ်။

 

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း


              အဲဒီလူတွေထဲမှာ အများစုကတော့ အမျိုးသားကနေပြီး အမျိုးသမီးဖက်ကို ပြောင်းလဲခွဲစိတ်ကြတာ များပါတယ်။ အမျိုးသားလိင်တန်ကို မိန်းမယောနိဝအဖြစ် ပြောင်းလဲခွဲစိတ် ဖို့ရန်အတွက် လွယ်ကူပေမယ့်လို့ ယောနိဝကနေပြီး ရွှေပန်းတစ်ခု ထောင်လာဖို့အတွက်ကတော့ အလွန်အင်မတန်မှ ခက်ခဲလှတယ်လို့ ဒေါက်တာ ပရီချာ ချီရာဝါထရိုနွန်က ပြောပါတယ်။

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း


                    ဆက်လက်ပြီး ဒေါက်တာ ပရီချာက “ကျနော့် ဘ၀မှာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်အတွင်း လူပေါင်း သုံးထောင့်ငါးရာကျော်ကို ခွဲစိတ်ကုသ ပေးခဲ့ဖူးပါတယ်”လို့လည်း သူမရဲ့ အတွေ့အကြုံကို ပြောဆိုခဲ့ပါတယ်။

             ဒေါက်တာပရီချာဟာ white-walled Preecha Aesthetic Institute http://www.pai.co.th လို့ခေါ်တဲ့ လိင်ပြောင်းလဲခွဲစိတ်မှု ဌာနတစ်ခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း


           များမကြာမှီကပဲ ထိုင်းအစိုးရက လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေအသစ် တစ်ခုကို    ပြဌာန်းလိုက်ပါတယ်။ အဲဒါကတော့ လိင်ပြောင်းလဲခွဲစိတ်မယ့် သူတွေအနေနဲ့ အနည်းဆုံး မခွဲစိတ်မှီ တစ်နှစ် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ရမယ်ဆိုတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။

         ဒေါက်တာပရီချာကတော့ သူ့ရဲ့ ဖောက်သည် ထိုင်းနိုင်ငံသားတွေကိုတော့ မခွဲစိတ်မှီ တစ်နှစ်ကြိုတင်ပြီး ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ပါတဲ့ လက်မှတ်ကို ယူဆောင်လာဖို့အတွက် အမြဲတမ်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

            အမျိုးသားကနေ အမျိုးသမီးအဖြစ် ပြောင်းလဲခွဲစိတ်လိုက်တဲ့ သူတွေဟာ ခွဲစိတ်ပြီးလို့ လေး ငါးလ အကြာမှာတော့ သာမန်အမျိုးသမီးတွေလိုပဲ ကာမစပ်ယှက်မှုကို ပြုလုပ်နိုင်ကြသလို ကာမဂုဏ် ဇာတ်သိမ်းခန်း အထွတ်အထိပ်ကိုလည်း ခံစားနိုင်ကြတာ ဖြစ်တယ်လို့ ပြောပြပါတယ်။

            “ကျနော့်ဆီမှာ လာခွဲစိတ်ကြတဲ့ လူတွေရဲ့ ၈၀ရာခိုင်နှုန်းကတော့ အမျိုးသားတွေပါ။ အဲဒီအမျိုးသားတွေက အမျိုးသား အချင်းချင်း လိင်ဆက်ဆံခဲ့ဖူးတဲ့ သူတွေချည်းပါ။ ကျန်တဲ့ ၂၀ရာခိုင်းနှုန်းတွေက Lesbian တွေပါ။ ပြီးတော့ ကျမဆီမှာ လာခွဲစိတ်ကြတဲ့ ယောက်ျားတွေ အတော်များများ ၈၀ရာခိုင်နှုန်းလောက်ကတော့ လိင်ဆက်ဆံတဲ့အခါမှာ ဇာတ်သိမ်းခန်း အထွတ်အထိပ် အရသာကို ရရှိကြတယ်လို့ ဆိုပါတယ်” လို့ ဒေါက်တာ ပရီချာက ပြောပြပါတယ်။

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း


            သူ့ရဲ့ ထပ်လောင်းပြောဆိုချက်အရ အမျိုးသားကနေ အမျိုးသမီးကို ခွဲစိတ်ထားတဲ့သူတွေ လိင်ခံစားမှု အထွတ်အထိပ်ကို ရဖို့အတွက်ဆိုတာ အကြိုးအကြောင်း အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

               တကယ်လို့ အဲဒီခွဲစိတ်ထားတဲ့သူဟာ အသက်ငယ်မယ် ပြီးတော့ သူ့ရဲ့အဖော်ကလည်း စိတ်ရှည်တဲ့သူ သူ့ကို ကောင်းကောင်း နူးနှပ်ချော့မြူ ပေးနိုင်တဲ့သူ ဆိုရင်တော့ လိင်ခံစားမှု အထွပ်အထိပ်ကို ရရှိတာလွယ်ကူမှာဖြစ်ပြီး တကယ်လို့ ခွဲစိတ်ထားတဲ့သူဟာ အသက်လည်းကြီးနေမယ် ဒါမှမဟုတ် သွေးချိုရောဂါသည် ဒါမှမဟုတ် မဟိုမုန်းဆေးတွေကို လွန်လွန်ကျူးကျူး သုံးစွဲထားတဲ့သူ ဆိုရင်တော့ လိင်ခံစားမှု အထွပ်အထိပ်ကို ရရှိဖို့ အလွန်ပဲနှေးကွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

              အမျိုးသမီးကနေ အမျိုးသားကို ပြောင်းလဲဖို့အတွက် ဘာကြောင့် အရမ်းခက်ခဲရတယ် ဆိုတာကိုတော့ သူ့ရဲ့ကွန်ပျူတာ စကင်ပေါ်က ရုပ်ပုံတွေနဲ့ အတူတကွ ဒေါက်တာ ပရီချာက အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။

 

www.monetine999.com လိင်အဂ်ါ ခွဲစိတ် ပြုပြင် ပြောင်းလဲခြင်း

              ဘယ်နေရာမှာ ခက်ခဲရသလဲ ဆိုရင်တော့ လိင်အင်္ဂါပြုလုပ်ရတဲ့ နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ခွဲစိတ်ရာမှာ သာမန်ယောက်ျားလေးတယောက်ရဲ့ လိင်အင်္ဂါအရွယ်အစားကို ရရှိဖို့ရန်အတွက် အလွန်အင်မတန်မှ ခက်ခဲတဲ့အတွက် ခွဲစိတ်ပေးတဲ့ ဌာနတွေက တတ်နိုင်သလောက် တစ်လက်မအရွယ် လိင်တံအရွယ်ကိုသာ ရယူကြဖို့ရန်အတွက် ဖောက်သည်တွေကို ခက်ခက်ခဲခဲ စည်းရုံးသိမ်းသွင်းရတယ်လို့ ဆိုပါတယ်။

            “ရှည်လျားတဲ့ လိင်တံတစ်ခု ရရှိဖို့ဆိုတာ ကြီးမားတဲ့ ခွဲစိတ်မှုတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အသားပိုတစ်ခုကို တည်ထွင်ရတာ ဖြစ်တဲ့အတွက်ကြောင့် ခွဲစိတ်မှု ခံယူနေတဲ့သူရဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းထဲက အသားတွေကို အမြောက်အမြား အသုံးပြုရတာ ဖြစ်ပါတယ်။ ဆိုတော့ တဖက်မှာ ဘာဖြစ်လာသလဲဆိုရင် ကြီးမားတဲ့ ခွဲစိတ်မှု ပြုလုပ်ရတဲ့ အတွက်ကြောင့် မြင်မကောင်းနိုင်လောက်အောင်အထိဖြစ်တဲ့ အမာရွတ်တွေက သူ့ခန္ဓာကိုယ်မှာ စွဲထင်နေတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ အမျိုးသမီးကနေ အမျိုးသားကို ပြောင်းလဲခွဲစိတ်ကြတဲ့သူတွေ အများစုက လိင်တံသေးသေးလေးကိုသာ ပြုလုပ်ပေးဖို့ တောင်းဆိုကြတော့တာ ဖြစ်ပါတယ်။ ကျမတို့က သူ့ရဲ့ ခလိုင်တိုးရစ်စ် (လိင်ရသကို နှိုးဆွပေးတဲ့ အင်္ဂါ) ကို လိင်တံတစ်ခုနဲ့ တူလာအောင် အသားစားထိုးပြီး ခွဲစိတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ခလိုင်တိုးရစ်စ်ကို တစ်လက်မအရွယ်ရှိတဲ့ လိင်တံသေးသေးလေး တစ်ခုဖြစ်အောင် ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိင်တံက ထောင်နိုင် မတ်နိုင်သလို တကိုယ်ရေ အာသာဖြေလို့လည်း ရပါတယ်။ ဒါပေမယ့်လို့ တစ်လက်မပဲ ရှိတဲ့အတွက်ကြောင့်မို့ ဘယ်လိုနည်းနဲ့မှ မိန်းမကိုယ်ထဲကို ၀င်အောင် ထိုးသွင်းလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် အခုလိုမျိုး တစ်လမအရွယ် လိင်အင်္ဂါ ရယူလိုက်တဲ့ အားသာချက်က အမာရွတ်တွေ ဘာမှ မထင်ကျန်ခဲ့ပါဘူး။ တကယ်တော့ ကျမတို့က ခြောက်လက်မလိုချင်လား ကိုးလက်မလိုချင်လား ကြိုက်တဲ့ဆိုဒ် လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် အသားတွေ အရမ်းလိုတယ်လေ။ ဆိုတော့ အရမ်းတောင်းဆိုလာတဲ့ ဖောက်သည်တွေကို ဆိုရင်တော့ တတ်နိုင်ဆုံး ကျမတို့က လေးလက်မအထိ လုပ်ပေးတာ များပါတယ်။ လေးလက်မဆိုရင်တော့ မိန်းမကိုယ်ထဲကို ထိုးသွင်းဆက်ဆံလို့ ရနိုင်ပါပြီ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာတော့ အထင်းကရ အမာရွတ်ကြီးက ရှိနေပြီဆိုတာ အသေချာပါပဲ”  လို့ ဒေါက်တာပရီချာက အခုလို ရှင်းပြသွားပါတယ်။

               အဲဒီလိင်တံလိုချင်တဲ့ အမျိုးသမီးတွေထဲမှာ ဂျပန်အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဘာဖြစ်လို့ ဂျပန်အမျိုးသမီးတွေက လိင်တံလိုချင်ရတာလဲလို့ မေးကြည့်တော့ သူတို့က အမျိုးသားပါလို့ ပြောတဲ့အချိန်မှာ မယုံသင်္ကာ အမှုတွေကြောင့် ထုတ်ဖော်ပြရတဲ့ အခြေအနေတွေ ရှိပါတယ်လို့ ဆိုပါတယ်။

               အဲဒီအပြင် အမျိုးသား ဖြစ်သွားပြီဆိုရင် အလုပ်ရဖို့ လွယ်ကူသလို ရာထူးတိုးဖို့ကလည်း အင်မတန်မှ လွယ်ကူတယ်လို့ ဆိုပါတယ်။ တချို့ကတော့ လိင်ဖျော်ဖြေရေး ဈေးကွက်တွေမှာ စိတ်ဝင်စားဖွယ် ပြသနိုင်ဖို့ရန်အတွက်လို့ ဆိုပါတယ်။

           အမျိုးသမီးတယောက်ကို အမျိုးသားအဖြစ် ခွဲစိတ်ရတဲ့ နေရာမှာ အခက်ခဲဆုံးက အဲဒီ ခရိုင်တိုးရစ်စ်ကို လိင်တံဖြစ်အောင် လုပ်ရတဲ့နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လိင်အရသာကို ခံစားရဖို့အတွက် ခရိုင်တိုးရစ်စ်ကိုလည်း ထိမိအောင် လိင်တံလည်း ထွက်လာအောင် ပြုလုပ်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

               ဒါပေမယ့် လိင်တံကတော့ ပွတ်သတ်လိုက်ရင် ထောင်တက်လာနိုင်ပေမယ့်လို့ ဘာခံစားမှု အရသာကိုမှ မပေးစွမ်းနိုင်ပါဘူး။ တကယ်လို့ မိန်းမကိုယ်ထဲကို ထိုးသွင်းချင်တယ် ဆိုရင်တောင် ဆီလီကွန်အစားထိုး ခွဲစိတ်ပေးရတာ ဖြစ်ပါတယ်။

           အမျိုးသားတယောက်ကနေ အမျိုးသမီးတယောက်ကို ခွဲစိတ်ရတာဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ လိုတိုရှင်းပြောရရင် လမ်းဖြောင့်ကြီးတစ်ခုပေါ် သွားရတာနဲ့ တူပါတယ်။ နှစ်ပတ်အတွင်းမှာ အပြီးအသတ် ခွဲစိတ်ကုသလို့ ရပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီး စစ်စစ်တယောက်အသွင် ဖြစ်လို့လာပြီဖြစ်သလို ခြောက်ပတ်မြောက်မှာတော့ လိင်စတင် ဆက်ဆံလို့ရပါပြီ။

          အမျိုးသမီးတယောက်ကနေ အမျိုးသားတယောက်အဖြစ်ကို ခွဲစိတ်ရာမှာတော့ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကြိုတွေးပြီး တဆင့်ခြင်းစီ တဖြည်းဖြည်းနဲ့ သွားရတာ ဖြစ်ပါတယ်။

            ဥပမာ - သူလက်ရှိခွဲစိတ်ထားတဲ့ လိင်အင်္ဂါနှင့်ပင် ကျေနပ်တင်းတိမ်မှု မရှိဘူးလို့ သူ့ရဲ့အဖော်က ပြောလာတဲ့အခါမှာ နောက်ထပ်တဆင့် ထပ်မံခွဲစိတ်ရပြန်တာ ဖြစ်ပါတယ်။

             အဲဒီအပြင် လိင်တံကနေတဆင့် ကြင်ငယ်စွန့်နိုင်ဖို့ဆိုတာ အင်မတန်မှ ပြုလုပ်ရခက်ခဲတဲ့ လုပ်ငန်းစဉ် တစ်ရပ်လို့လည်း ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးတွေ ကြင်ငယ်စွန့်တဲ့ အပေါက်က အမှန်တော့ အရေပြားထိပ်ကလေးမှာတင် ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လိင်တံကနေတဆင့် ကြင်ငယ်စွန့်လို့ရအောင် လုပ်မယ်ဆိုရင်တော့ လမ်းကြောင်း အရှည်ကြီးဖြစ်အောင် ခွဲစိတ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

             ဆိုတော့ကာ အဲဒီဆီးလမ်းကြောင်းကို ပြုလုပ်ခွဲစိတ်ရတဲ့ အချိန်မှာ အမျိုးသမီးအတွက် အလွန်အင်မတန်မှ အန္တရာယ်ကြီးမားသလို နာကျင်ခက်ခဲမှုတွေကို ဖြစ်စေပါတယ်။ တကယ်လို့သာ ထိုင်းနိုင်ငံမှာ ရှိနေမယ်ဆိုရင်တော့ အဲဒီလိင်တံ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်ပြုပြင်ရတာ လွယ်ကူပေမယ့်လို့ ထိုင်းနိုင်ငံရဲ့ ပြင်ပမှာဆိုရင်တော့ ဘယ်လိုမှ ပြန်လည်ခွဲစိတ်ကုသလို့ ရတော့မှ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် တခြားနိုင်ငံမှာ ဒီလိုခွဲစိတ်မှုမျိုးကို ပြုလုပ်ပေးတာ အလွန်အင်မတန်မှ နည်းပါးတဲ့အတွက် ဖြစ်ပါတယ်။

                  ဒါက်တာ ပရီချာဟာ သူ့ဆီရောက်လာတဲ့ အမျိုးသမီး ဖောက်သည်တွေကို လိင်တံတစ်လက်မအတွက် ဒေါ်လာတစ်သောင်းနှစ်ထောင် ယူတာဖြစ်ပြီး ဒီထက်ပိုရှည်ချင်တယ် ဆိုရင်တော့ ဒေါ်လာနှစ်သောင်းအထက်ကို ယူတယ်လို့ ဆိုပါတယ်။

             အမျိုးသမီးဖက် ပြောင်းချင်တဲ့ အမျိုးသားတွေကိုတော့ ဒေါ်လာကိုးထောင်ကနေပြီးတော့ ပိုပြီး အမျိုးသမီးနဲ့ ချွတ်စွတ်တူချင်တယ် ဆိုရင်တော့ ဒေါ်လာနှစ်သောင်းအထိ ယူတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ညှိယူလို့ ရတယ်လို့လည်း ဆိုပြန်ပါတယ်။

              အခုချိန်ခါမှာ အရေးပြားခွဲစိတ်ကုသတဲ့ နည်းပညာဟာ အလွန်အင်မတန်မှ ခေတ်စားလာတဲ့အတွက် နှာခေါင်းခွဲစိတ်ချင်တဲ့သူတွေ၊ မျက်ခုံး မျက်ရစ် ခွဲစိတ်ချင်တဲ့သူတွေ၊ အဲဒီအပြင် တခြား အလှအပရေးနဲ့ ပတ်သက်လို့ ခွဲစိတ်ချင်တဲ့သူတွေ များပြားလွန်းတဲ့ အတွက်ကြောင့်မို့ နောက်ထပ် ဆေးခန်းခွဲတစ်ခုကို ဗီယာနမ်နိုင်ငံ ဟန်နွိုင်းမြို့တော်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ဒေါက်တာ ပရီချာက ဆိုပါတယ်။

                အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က မော်နီကာ ဝေ့စ်ကတော့ “အခုဆိုရင် ကျမလိင်တံ ဖြတ်ထုတ်ဖို့ တစ်ခုပဲ ကျန်တော့တယ်။ ထိုင်းနိုင်ငံမှာ အခုလိုခွဲစိတ်ရတာ ဈေးနှုန်းအရမ်းသက်သာတာပဲ။ အမေရိကန်မှာ ခွဲစိတ်လို့ ကုန်ကျငွေ သုံးပုံ တစ်ပုံလောက်ပဲ ကုန်ကျတယ်။ အခုဆိုရင် စုစုပေါင်းကုန်ကျတာမှ ဒေါ်လာ တစ်သောင်း ခုနှစ်ရာပဲ ကုန်ကျတာဆိုတော့ မသက်သာဘူးလား ဈေးနှုန်းက။ ကျမ ဆန်ဖရန်စစ္စကိုမှာ ဟိုမုန်းဆေးတွေကို ပဲကြီးလှော်ဝါးသလို ၁၁နှစ်လုံးလုံး စားလာခဲ့ရတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူမှ ကျမကို အမျိုးသမီးတယောက်လို မသတ်မှတ်ဘူး။ ကျမကို ကိုကိုလို့ပဲ တပ်ခေါ်ကြတယ်။ အဲဒါတွေကို ကျမမုန်းတယ်။ ကဲ အခုတော့ ကျမပြောင်းလိုက်ပြီ။ သူတို့ ကျမကို ဘယ်လိုခေါ်လာမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့”လို့ ၀မ်းသာအားရ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

                   အမျိုးသားတယောက်အတွက် မိန်းမကိုယ်ဖန်တီးရာမှာ ဈေးနှုန်း နှစ်မျိုးနှစ်စား ရှိတယ်လို့လည်း သိရပါတယ်။ ဒေါ်လာ ၈ထောင်တန် လိင်ဆက်ဆံလို့ရတဲ့ မိန်းမကိုယ်နဲ့ ကိုယ့်ရဲ့ ခလုန်းတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဒေါ်လာ ၂သောင်းတန် မိန်းမကိုယ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

                မော်နီကာ ကတော့ ၂သောင်းတန် မိန်းမကိုယ်ကို ခွဲစိတ်ဖို့အတွက် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခလုန်းနဲ့အစားထိုး ခွဲစိတ်ထားတဲ့ မိန်းမကိုယ်ဟာ မိန်းမကိုယ်စစ်စစ်နဲ့ ပိုပြီးတူသလို အရည်အသွေးကလည်း အလွန်အင်မတန်မှ ကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရေရှည်အတွက်လည်း အင်မတန်မှ အသုံးခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ လိင်ဆက်ဆံရတဲ့ အချိန်မှာလည်း ပိုပြီးတော့ အရသာရှိတယ်လို့ မော်နီကာက ပြောပါတယ်။

                 ဒါပေမယ့် အမြဲတမ်း လိင်ခံစားမှုအထွတ်အထိပ်ကို ရရှိနိုင်မယ်ဆိုတာကိုတော့ သိပ်မသေချာလှဘူးလို့ မော်နီကာလေးက တီးတိုးငြီးရှာပါတယ်။

Ref:::http://asiancorrespondent.com/asiasentinel/now-you-see-it-now-you-don-t-thai-sex-  changes


       http://www.asiasentinel.com/index.php?option=com_content&task=view&id=2680&Itemid=392



                အောက်ပါ ပိုစ့်ကို ဘာသာပြန်ခြင်းသာဖြစ်ပြီး ဗဟုသုတ အလို့ငှာ ဖိုပသဘာဝ အသိပညာပေးအနေနှင့်တင်လိုက် ရခြင်းသာ ဖြစ်ပါဘည်......
****************************************************************************************************
*********************************************************************************************************


Now You See It, Now You Don't: Thai Sex Changes

In Bangkok, making yourself into what you want to be takes on a whole new meaning

Making an outie into an innie has long been a hallmark of Thailand's thriving sex change industry, but doing the opposite – making a woman into a man – is difficult and it will cost about US$12,000 an inch, at least for the first inch, says Thailand's most famous transgender surgeon.

The price per inch goes down but the pain goes up for acquiring a longer bit of wedding tackle. At that, having your gender reassigned is cheaper in Bangkok than anywhere else on earth, and it's so common that it is advertised in the newspapers in bold print, attracting generations of journalists eager to tell the tale. Thousands of people flock here from all over the world, but particularly the United States, Australia, Europe, China, Japan, South Korea and the Middle East, mostly men seeking to match their softer side with a physique to match.

Using a penis to create a vagina is relatively easy compared to the surgical difficulty of constructing a penis from a clitoris, says Dr Preecha Tiewtranon, who bends people both ways. "I have done more than 3,500 of this kind of operation in 30 years," Preecha said during a recent interview at his modern, three-story, white-walled Preecha Aesthetic Institute on upmarket Thonglor Road (http://www.pai.co.th). Preecha leads a staff of 15 plastic surgeons slicing, dicing and reconfiguring both male and female sexual organs.

The Thai government recently changed its law on transgender operations and now requires Thais to wait at least one year before undergoing a sex change. In response to the new law, Preecha says he sends his Thai patients to two psychiatrists to confirm that the individuals qualify. After a surgeon slices off the male organ (aaagh), and plumps the breasts with implants, the newly created woman can usually enjoy sexual relations and climax, he says.

"Eighty percent have a relationship with a man. The rest become the so-called lesbian. About 80 percent of the patients are able to get the orgasm," Preecha said, describing the result of a male-to-female sex change. "Orgasm depends on so many factors. If the patient receives a big dose of hormones, then it suppresses the orgasm. The patient must reduce the dose.

"If the patient is old, and the patient has diabetes, the chance to get the orgasm is low. But they get the sexual pleasure OK," he says, indicating that there is some sensuality inside their new vaginas. "In the young patient, it depends on the partner. If they get the good partner, they will get the orgasm."

Displaying excruciatingly graphic medical photos on his computer's screen, Preecha explained why it is much more difficult to turn a woman into a man. The medical and cosmetic problems convince most women to opt for a very small penis, instead of an average-sized longer one.

"To do the long penis involves a very big operation, and quite a lot of mutilation, because the patient will have big scarring on the side of their belly, or on the arm, or the thigh, from the skin graft or the skin flap.

"Today, we have more and more patients wanting the so-called 'small penis,' or the 'micro penis.' We usually elongate the clitoris, and the patient is able to have about one-inch of a penis. He can stand up to urinate in the toilet. They still can stimulate themselves with masturbation. They can achieve sensation." Sexual intercourse, however, is not possible with a one-inch penis.

"Of course they cannot do penetration. Too short. Only rubbing around. But they still can enjoy sexual pleasure."

The other advantage is "no scar at all," Preecha said. Skin grafts from elsewhere on the body are not needed if an entire phallus is not required.

"Longer, you need a lot of skin. Average size? We can do six inches, eight inches. But average is about four. It depends on the wish of the patient.

"Four inches is enough for insertion. But even you go for four inches, you still have the scar."

Preecha says his handful of Japanese female-to-male patients tell him they can earn more money after they get their penises, a disheartening commentary on Japanese sexism in the marketplace.

"Now they like to do the small one-inch, because in Japan, you are able to get a promotion when you are the man. After you do the one-inch, you go back and apply to be a 'Mister.' When you are 'Mister,' you get a higher salary in Japan. "They want a penis for the job," but that is not the only reason Japanese women undergo surgery to become men, he says.
Whatever the size, Preecha creates a penis by tugging a woman's clitoris outward. "We keep the clitoris. The patient, after they have the penis, the clitoris is still there. And they can stimulate."

To make a penis longer than one-inch, a tubular shape must be added, which can function in ways similar to the real thing -- albeit with some numbness. "The reconstructed phallus, the penis, has no sensation. They are able to stand up and have urination. They are able to rub it, and feel like they are getting the female partner excited. And they are able to get the hardness, by using the silicone implant, and have the sexual intercourse."

Switching sex under a surgeon's blade, takes time. If you are a woman who wants to become a man, "you have to go through multiple operations. There is no such 'one stop', like male-to-female. "Male-to-female you can do 'one stop,' get everything in two weeks, and then you go back home -- recuperation for another two weeks -- and then you are completely a woman. ‘

"In six weeks, you can start to have the partner. Male-to-female is straightforward." Female-to-male, however, increases the patient's future risk, especially if a woman requests a penis long enough for penetration.

"The more you do the penetration, the silicone could extrude. When you have the extrusion back home, the cost is so high to go to see the doctor," Preecha says.

The relatively low cost of surgery in Thailand is why so many patients choose Bangkok for sex change operations. Another woe, for women who become men with an insertible phallus, involves “possible leakage of urine, because in the [original] female, the opening for urine is just at the skin level. You have to make it longer, so the connection is [vulnerable to] leaking. If they are in Thailand, it is very simple to repair. But back home, they don't have the experience to do it."

Preecha charges female patients US$12,000 for a one-inch penis, which includes deflating the breasts and removing the uterus and ovaries. A longer phallus boosts the total cost to almost US$20,000. Males pay US$9,000 to $20,000 or more to become females, and comprise the overwhelming majority of Preecha's patients.

Business is booming, especially because his clinic also does plastic surgery on noses, eyelids, and for other cosmetic purposes, including liposuction. Preecha said he will open another clinic in Hanoi, Vietnam, later this year. He also hopes to expand to Dubai.

Monika Weiss, 29, from San Francisco, California, underwent a partial male-to-female change at Preecha's clinic in January, and is considering a final penis cut. "I paid one-third of what I would have paid in America for the same procedures," Weiss said in an interview while recovering in Bangkok. "It was US$10,700. This was basically my first semi-permanent move to see if being a transgender, being a woman, was the right move for me. I've been on female hormones for 11 years, and most people in San Francisco still take me as male. So I was hoping this would push me, and that most people would start perceiving me as female. We shall see."

One of Preecha's surgeons gave Weiss breast implants, a "new nose" and other procedures to "feminize my face."

Weiss says she may return for "sexual reassignment surgery, to remove my penis and make it into a vagina. It depends on money at this point, and how all this works out for me."

Weiss is comparing two options for a vagina. "They can invert what's there, and put it inside. It's called a 'penile inversion.' That is about US$8,000 dollars here in Thailand. They have another procedure, where they use a piece of your colon to create a vagina," which costs US$20,000, Weiss says. "I would probably go for the colon one, because it is a better quality. Certain complications are lessened with that, and it's more durable.

"And I've been told that it feels more real." Weiss is anxious, however, about a possible loss of orgasm after either operation. "It is always a concern."

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ