ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

2162..တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး

 

            အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး                
           အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။
စူပါမားကစ်တွေမှာ လူစိမ်းတွေနဲ့ဆိုရင်တော့ ပရောပရည်လုပ်ပြီး အိမ်ခေါ် လိင်ဆက်ဆံတာပေါ့။ အာသာပြင်းပြနေတာတွေ ပြေလျော့ဖို့ အစားထိုးအတုတွေ သုံးတာလည်းရှိပါတယ်။ ဒါပေမဲ့ သူမဟာ ကျန်းမာနေတဲ့ လူကောင်းတစ်ယောက်ပါလို့ လူတွေကို နားလည်စေတယ်လို့ သိရပါတယ်။

'I've slept with 300 people and have to have AT LEAST five orgasms a day' Confessions of Nessa the Norfolk nymphomaniac

A 'hypersexual' woman who claims to have slept with 300 people is so addicted to carnal pleasure that she spends up to five hours a day having sex or pleasuring herself.
Nessa Jay, 24, from Cromer, Norfolk, finds her addiction to sex hard to deal with and she is even having therapy to try to curb it.
Speaking to The Sun's Jennifer Tippett, she said: 'I get sweaty palms, I feel angry and I need to satisfy myself if I don't get at least five orgasms a day through sex.'

Nessa, who describes herself on Twitter as a 'philosopher in sex toys' and 'boinkologist', reached her sexual peak when she was 19 and admitted that she used to have sex with 'anyone I could'. 
Nessa says she even used to meet sexual partners in the supermarkets. 'First I chat to them a bit to make sure they're not dangerous or odd but once I know they are OK we go home together,' she said.
She first discovered her thirst for sex after losing her virginity at the age of 16 but now channels much of her sexual energy in to her work as a sex toy reviewer.
She has tested 2,000 toys, and says the nature of her job helps her to deal with her cravings.
Nessa also says she's enjoyed sex with women and has had threesomes.
However, while she has been polyamorous in the past, she has one partner at the moment. 

Ref:http://www.dailymail.co.uk/femail/article-2570294/Ive-slept-300-people-AT-LEAST-five-orgasms-day-Confessions-Nessa-Norfolk-nymphomaniac.html


 


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

2077.. Anonymous ဟက်ကာအဖွဲ့မှ မြန်မာအစိုးရကို နည်းပညာဖြင့် တိုက်ခိုက်မည်

 
ကမ္ဘာကျော်နာမည်ကြီး ဟက်ကာ (Hacker) တွေပါဝင်တဲ့ Anonymous ဟက်ကာ အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးတွေကို လူမျိုးတုန်းသုတ်သင်မှု ပြုလုပ်နေခြင်းအတွက် ဒီကိစ္စတွေအပေါ် အရေးယူ ဆောင်ရွက်ခြင်း မရှိသူတွေ၊ မြန်မာအစိုးရအာဏာပိုင်တွေကို အွန်လိုင်းကနေတဆင့် တိုက်ခိုက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ကြောင်း     Global Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။


Anonymous ဟက်ကာ အဖွဲ့ရဲ့ Twitter အသုံးပြုသူ   @CIApressoffice   ကနေတဆင့် ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအတွင်း အမေရိကန်အခြေစိုက် Human Rights Watch  အဖွဲ့ရဲ့   အစီရင်ခံစာ  အတွင်း မြန်မာအစိုးရအနေနဲ့   ရိုဟင်ဂျာ   တွေအပေါ် လူမျိုးတုန်းသုတ်သင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက် Anonymous ဟက်ကာ အဖွဲ့က ယခုလို ထပ်မံပြောဆိုခဲ့တာပါ။

"ကျွန်တော်တို့ လက်ရှိအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ ရိုဟင်ဂျာ အရေး လှုပ်ရှားနေသူတွေဆီကလည်း သတင်းအချက်အလက်တွေရယူ နေပါတယ်" လို့ @CIApressoffice အမည်ရှိ Anonymous ဟက်ကာအဖွဲ့ကို ကိုယ်စားပြုထားတဲ့ Twitter အသုံးပြုသူက ဆိုပါတယ်။ ဆက်လက်ပြီး "ဒါဟာအတော်ကို ဝမ်းနည်းစရာကောင်းပါတယ်။ OpRohingya လို့ အမည်ပေးထားတဲ့ ဒီအွန်လိုင်းအဖွဲ့ မပေါ်ပေါက်မီအထိ ရိုဟင်ဂျာတွေကို ကမ္ဘာကမသိခဲ့ရပါဘူး၊ ဒါကြောင့် Anonymous ဟက်ကာအဖွဲ့အနေနှင့် အသံတိတ်နေရတဲ့ ရိုဟင်ဂျာတွေကိုယ်စား ကမ္ဘာကို သိအောင် တင်ပြပေးမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

OpRohingya ကို ဦးဆောင်နေတာကတော့ Anonymous ဟက်ကာအဖွဲ့ဝင်တွေ ပါဝင်တဲ့ "Anons" အမည်ရှိ ဟက်ကာအဖွဲ့ခွဲတစ်ခု ဖြစ်ပါတယ်။ "ရိုဟင်ဂျာတွေဟာ (၂) ဖက်ကနေ ဖိအားပေး နှိပ်ကွပ်မှုတွေခံနေရပါတယ်။ တစ်ဖက်က အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး၊ နောက်တစ်ဖက်ကတော့ မြန်မာအစိုးရပါပဲ"လို့ "Anons" အဖွဲ့သားတစ်ဦးက Anonymous ဟက်ကာအဖွဲ့ရဲ့ အခြား Twitter Account တစ်ခုဖြစ်တဲ့ @Crypt0nymous ကနေ ပြောဆိုလိုက်ပါတယ်။

Anonymous ဟက်ကာ အဖွဲ့ရဲ့ OpRohingya အတွက် ပြုလုပ်ထားတဲ့ ဗီဒီယိုကိုလည်း အွန်လိုင်းဗီဒီယို ဝဘ်ဆိုဒ်တစ်ဖြစ်တဲ့ Youtube မှာတင်ပြထားပါတယ်။ ဒီဗီဒီယိုကိုတော့ Anonymous ရဲ့ Crypt0nymous အမည်ရှိ Youtube အသုံးပြုသူက လွှင့်တင်ထားတာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (Rakhine Nationalities Development Party)၊ အာရကန် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army)၊ န.စ.က လုံထိန်းတပ်ဖွဲ့တွေအပြင်၊ "ဘားမား ဘင်လာဒင်" လို့ ကြွေးကြော်ထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ "၉၆၉" ဘုန်းကြီးတွေအပြင် မြန်မာအစိုးရလည်း နောက်ကွယ်က ပါဝင်တယ်လို့ ဆိုထားပါတယ်။

Ref:::::http://oneislandtwonationsblogspotcom.typepad.com/blog/2013/05/myanmar-anonymous-rallies-around-rohingya-prepares-for-online-operation.html

Myanmar: Anonymous rallies around Rohingya, prepares for online operation

Worried that ethnic cleansing may take place without international attention, Anonymous is preparing an operation in support of Myanmar's minority Muslim Rohingya ethnic group, possibly targeting government officials.
ENLARGE
In this photograph taken on April 8, 2013, a young Myanmar Muslim Rohingya refugee looks on behind a wired fence at Indonesia's Belawan immigration detention center in Medan city located on Sumatra island, where eight Myanmar Buddhist detainees were killed by Myanmar Muslim Rohingya refugees inside the detention center on April 5, 2013. Some 200 asylum seekers, from countries including Sri Lanka and Afghanistan as well as Myanmar, remain at the detention center in the port town of Belawan, with some rooms holding large groups. They have been badly shaken by the killings. (Romeo Gacad/AFP/Getty Images)
Jeb BooneMay 6, 2013 
Factions within the global hacker collective Anonymous are preparing to launch a digital campaign in support of the Rohingya – Myanmar’s Muslim minority – who potentially face what a Human Rights Watch report last month classified as “ethnic cleansing.”
“Currently we are keeping an eye on the situation making sure the... violence against the Rohingya does [not] spin into another massacre again,” one of the managers of the Anonymous-aligned Twitter account, @CIApressoffice, told GlobalPost. “Our targets will include those who turn a blind eye or actively allow this tyranny to continue.”
More than just a group of hackers in search of lulz and glory, those involved in OpRohingya are taking their cues from Rohingya community leaders on the ground, who relay reports to Anonymous through established internet activists such as Heather Marsh.
Some activists involved in the operation want to push up the June launch date as crackdowns force Rohingya community leaders further underground.
“What we do know is, yes, the Rohingya are asking for assistance and an end to the violence being bestowed upon them and their children,” the @CIApressoffice contributor told GlobalPost.
Prominent netizens and supporters of Anonymous organized a Twitter storm in March to raise awareness about violence against Rohingya communities and to pressure Myanmar’s government to protect those facing harm and displacement. 

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1757.. ပေါက်ကွဲ မီးလောင်မှု အကြီးမားဆုံး ၇န်ကုန် တွင် ဖြစ် ( သတပ်း နှင့် ပုံများ )

 
၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက် စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင်ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။




ပုစွန်တောင်မြို့နယ် စက်ဆန်း၊ သာကေတ တံတားဟောင်းအနီးရှိ CNG သဘာဝဓါတ်ငွေ့ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုဖြစ်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ခက်ခက်ခဲခဲ ကြိုးစားချဉ်းကပ်နေကြောင်း သိရှိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်အနီးရှိ နေအိမ်များ၏ မှန် ပြတင်များ လန့်ကွဲခြင်းများဖြစ်ပွားခဲ့သည်။ ၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက် စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။

လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင်ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

ရသမျှ မှတ်တမ်းလေးတွေပါ။ ကျွန်တော်ရိုက်တာတော့မဟုတ်ပါဘူး။


(ဒါက ဦးနှောက်အပိုင်းအစတွေပါတဲ့)
(ဒါက ဦးခေါင်းခွံတွေပါ တဲ့)
(ဦးခေါင်းမဲ့ ခန္ဓာ အလောင်းတစ်လောင်းပါ)
(ဦးနှောက်ပွင့်ထွက် သေဆုံးသူတစ်ဦးပါ)
(ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့စဉ်ပါ)
(သေဆုံးသူတွေကို ကြက်ခြေနီတွေက ထုပ်ပိုးနေပုံပါ)
(ဒဏ်ရာရချက်တွေ သိပ်ပြင်းထန်ပါတယ်)

(ဘယ်လောက် အန္တရာယ်ကြီးလဲ ဆို ဆာလဖျူရစ် ကန် ကို ရေနဲ့ ငြိမ်းနေရတဲ့ မီးသတ်ရဲဘော်များပါ)



Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

1733.. သမ္မတအိုဘားမားပေးလိုက်သည့် ဒ်ါအောင်ဆန်းစုကြည် အတွက်စာ

 
               သမ္မတအိုဘားမား ထံမှ မြန်မာ့ဒီမိုကရေစီအရေးဦးဆောင်လှုပ် ရှား ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစု ကြည်ထံသို့ ပါးလိုက်သော ပုဂ္ဂိုလ်ရေးစာ လွှာအား ပေးအပ်ခဲ့ကြောင်းသိရသည်။ 

               စာ ပါအကြောင်းအရာအပြည့်အစုံမှာ အောက် ပါအတိုင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်
     မကြာသေးမီက ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ ပြောကြားခဲ့ရမှုများ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဆွေး နွေးပြောကြားစဉ်အခါက ဒီမိုကရေစီအရေး အတွက် မဆုတ်မနစ် ရဲရဲဝံ့ဝံ့ကြိုးပမ်းနေမှု များအတွက် လေးစားမိကြောင်း၊ ကျွန် တော့်အနေနဲ့ ပြောကြားခဲ့ပါတယ်။ ကျွန် တော်တို့ရဲ့ ပြောကြားမှုထဲမှာ မကြာသေးမီ က ကျွန်တော့်ရဲ့ အာရှခရီးစဉ်နဲ့ပတ်သက် လို့လဲ အလေးပေးပြောကြားခဲ့ကြပါတယ်။
    မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းဦးတည်ရာနဲ့ ပြုပြင်ပြောင်းလဲ မှုအတွင်း အားတက်ဖွယ်ရာ တွန်းအားပေး ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက်လဲ ကျေနပ်အားရမိပါတယ်။ နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံခရီး စဉ်အတွင်း နိုင်ငံရေးဆိုင်ရာ လွတ်လပ်ပွင့် လင်းမှုအပေါ် အားပေးမြှင့်တင်ရေးနဲ့အ<ကင်း မဲ့ လူ့အခွင့်အရေးဆိုင်ရာ လေးစားမှုတို့အ တွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲဆိုတာကို လေ့ လာစူးစမ်းသွားမှာဖြစ်ပါတယ်။ အလားတူ ပဲ ဒီမိုကရေစီအရေး မြန်မာတစ်မျိုးသား လုံးရဲ့ဒီမိုကရေစီ အရေးကြိုးပမ်းဆောင်ရွက် မှုအပေါ်မှာ ကျွန်တော်တို့အနေနဲ့ အလေး အနက်ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်။
    ကျွန်တော်တို့ နိုင်ငံခြားရေးဝန် ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် လက်ကမ်း ကြိုဆိုခဲ့တဲ့ ဒေါ်စုကိုလဲ ကျေးဇူးတင်သလို ဒေါ်စုနဲ့ နောက်တစ်ကြိမ်ပြောဆိုနိုင်ဖို့အ တွက်လဲ မျှော်လင့်မိပါတယ်။ ကမ္ဘာတစ်ဝန်း မှာ ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတွေကို ဝေမျှနေတဲ့ကျွန်တော် တို့ရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ ဒေါ်စုရဲ့ လှုံ့ဆော်အားပေးမှုအတွက်လဲ ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေါ်စုနဲ့အ တူ အခုရော နောင်ပါ အမြဲတမ်းအသင့်ရှိ နေမယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါ တယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1694.. ကဒါဖီ ဘယ်လို သေဆုံးခဲ့သလဲ

 
 ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးက ဗိုလ်မှူးကြီး ကဒါဖီ ဘယ်လိုဘယ်ပုံ သေဆုံး သွားခဲ့ရတယ်ဆိုတာကို အပြည့်အဝ စုံစမ်း စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

လက်ကိုင်ဖုန်းနဲ့ရိုက်ကူးထားတဲ့ စိတ်အနှောင့် အယှက် ဖြစ်စရာ ပုံတွေထဲမှာ ကဒါဖီကို အသက်ရှင်လျက် ဖမ်းဆီးခဲ့ တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရတယ်လို့ နာဗီပီလေးရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

လစ်ဗျား ဝန်ကြီးချုပ် Mahmoud Jibril ကတော့ မစ္စတာ ကဒါဖီရဲ့ သစ္စာခံ တွေနဲ့ အစိုးရ တပ်ဖွဲ့တွေကြား အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်တုန်း ခေါင်းကို သေနတ် ကျည်ဆန် ထိမှန် သေဆုံး ခဲ့တာလို့ ပြောပါတယ်။

ဆာ့တ် မြို့ကနေ အထွက် မစ္စတာ ကဒါဖီ လိုက်ပါလာတဲ့ ကားတန်းကို ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်က နေတိုး တပ်ဖွဲ့တွေ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် သူအပါအဝင် သူ့လူတွေ တော်တော်များများ ဒဏ်ရာ ရသွားခဲ့ကြပါတယ်။ နောက်တော့ ဆာ့တ်မြို့က ကွန်ကရစ် ပိုက်လုံးကြီးထဲမှာ ဝင်ပုန်း နေခဲ့ကြတာပါ။

ဗွီဒီယို ရုပ်ပုံတွေ မှာတော့ ဆာ့တ် မြို့က လမ်းမပေါ်မှာ ဒဏ်ရာ ရထားတဲ့ မစ္စတာ ကဒါဖီကို လူတွေ ဝိုင်းအုံ ပြီး ဒရွတ်တိုက် ဆွဲသွားတာ တွေ့ရပါတယ်။ အဲဒီတုန်းက သူအသက် ရှင်လျက် ရှိပါသေးတယ်။

အဲဒီ အချိန်မှာပဲ သေနတ် ပစ်ခတ်သံတွေ အကြီး အကျယ် ကြားခဲ့ရပြီး မြင်ကွင်း ကလည်း ရှုပ်ရှုပ် ထွေးထွေး ဖြစ်သွားပါတယ်။ နောက်တော့ သွေးအိုင်ထဲ လဲကျ သေဆုံး နေတဲ့ မစ္စတာ ကဒါဖီကို တွေ့ရပါတယ်။

လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို သစ္စာခံတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက် ကတော့ မစ္စတာ ကဒါဖီက သူ့ကို ပစ်မသတ်ဖို့ တောင်းပန်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အနီးနားက လူတစ်ယောက် ကတော့ မစ္စတာ ကဒါဖီကို (၉)မမ ပစ်စတိုနဲ့ လူတစ်ယောက်က ဗိုက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။

NTC ထိပ်တန်း အဖွဲ့ဝင် တစ်ယောက် ဖြစ်သူ Mohammed Sayeh က မစ္စတာ ကဒါဖီကို NTC တပ်ဖွဲ့တွေက တမင် ပစ်သတ်ခဲ့ တယ်လို့ မထင်ကြောင်း ပြောပါတယ်။

လူ့အခွင့် အရေး အဖွဲ့တွေ တောင်းဆို နေကြသလို မစ္စတာ ကဒါဖီ ဘယ်လို သေသွားခဲ့ရသလဲ ဆိုတာ ကိုတော့ စုံစမ်း စစ်ဆေးမှုတွေအရ အဖြေ ထွက်လာတဲ့ အခါ သိရမှာပါ။

အခု အသေအချာ ပြောနိုင်တာက မစ္စတာ ကဒါဖီရော၊ သူ့ရဲ့ သား တစ်ယောက် ဖြစ်တဲ့ Mutassim ပါ မနေ့က သေဆုံး သွားခဲ့ပြီ ဖြစ်ပြီး၊ လောလောဆယ် မစ္စရာတာ မြို့မှာ သူတို့ အလောင်းတွေကို ထားရှိတယ်လို့ သိရပါတယ်။

 ဗိုလ်မှူးကြီးကဒါဖီ သေဆုံးသွားခဲ့ပြီးနောက် နေတိုးအဖွဲ့ရဲ့ လစ်ဗျားနိုင်ငံ စစ်ဆင်ရေးလည်း ပြီးဆုံးတော့ မှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ နီကိုးလပ်စ်ဆာကိုဇီက ပြောကြားလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ကျင်းပမယ့် နေတိုး ထိပ်တန်း အရာရှိတွေရဲ့ ဆွေးနွေးပွဲ မကျင်းပ ခင်မှာ သမ္မတ ဆာကိုဇီက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ လက စတင်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ လစ်ဗျားစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြုလုပ်မယ့် ဒီအစည်းအဝေးကနေ တိုက်ခိုက်မှုတွေကို တဖြည်းဖြည်းချင်း ရပ်စဲသွားဖို့ကို ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

နေတိုးအဖွဲ့က သူတို့အနေနဲ့ အရေးပါတဲ့ အောင်မြင်မှု ရရှိခဲ့တယ်လို့ ယုံကြည်နေကြောင်း ဘရပ်ဆဲလ်မှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1672.. အိုဇုန်း ထွှာ အပေါက်အား တွေ့ရှိကြောင်း အတည်ပြု ( 6.10.11 )

 
 An ozone hole five times the size of California opened over the Arctic this spring, matching ozone loss over Antarctica for the first time on record, scientists said today. The white line marks the area within which chemical ozone destruction takes place

                  အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှု တစ်ခုကို ပညာရှင်များ​​က အတည်ပြု ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မျိုး ​​သည် ကမ္ဘာ့​​​တောင်ဘက်ခြမ်း​​ အန္တာတိတ်စက်ဝိုင်း​​ ​​ဒေသတွင်လည်း​​ ​​ပေါ်​​ပေါက်လျက်ရှိသည်။ 

                ပညာရှင်များ​​၏ အဆိုအရ ကမ္ဘာ့​​​ မြောက်ခြမ်း​​ရှိ အာတိတ်စက်ဝိုင်း​​​ဒေသ ​​မြေလွှာအထက် ၁၃ မိုင် အကွာတွင် အိုဇုန်း​​ပမာဏသည် သာမန်ထက် ၈၀ ရာခိုင်နှုန်း​​ ​​လျော့​​နည်း​​​နေ​​ ကြောင်း​​ သိရှိရသည်။
ထို့ ​​​ကြောင့်​​ အဆိုပါ ​​ဒေသတွင် ​​နေမှ တိုက်ရိုက်ကျလာ​​သော ​​ရောင်ခြည်များ​​၏ ထိ​​တွေ့​​မှုကို ပိုမိုခံစား​​ရမည်ဖြစ်သည်။

               ခရမ်း​​လွန်​​ရောင်ခြည် B အမျိုး​​အစား​​သည် အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုမှ ပိုမိုထိခိုက်ပြင်း​​ထန်မှု ဖြစ်လာ​​စေနိုင်ပြီး​​ အိုဇုန်း​​လွှာ အ​​ပေါက်နှင့်​​ ဆက်စပ်​​ နေသည့်​​ နိုင်ငံများ​​ကိုပါ သက်​​ရောက်လာ​​စေဖွယ် ရှိ​​နေ​​ကြောင်း​​ ပညာရှင်များ​​က သတိ​​ပေး​​ထား​​သည်။

               အဆိုပါ ဓာတ်​​ရောင်ခြည် အမျိုး​​အစား​​ သည် ​​နေ​​လောင်မှုနှင့်​​ အ​​ရေပြား​​ ကင်ဆာများ​​ကို ဖြစ်​​ပေး​​လာ​​စေတတ်သည်။ Nature သိပ္ပံဂျာနယ်က ကမ္ဘာ့​​​မြောက်ခြမ်း​​တွင် အိုဇုန်း​​ကို ပျက်စီး​​​စေသည့်​​ ဓာတ်ပစ္စည်း​​များ​​ ပိုမိုများ​​ပြား​​​နေခြင်း​​ကလည်း​​ အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုကို ပိုမိုဆိုး​​ရွား​​​စေ​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။ 

              သိပ္ပံပညာရှင်များ​​က အာတိတ်စက်ဝိုင်း​​ ​​ဒေသ၏ အပူချိန်သည် မူလခန့်​​မှန်း​​သည်ထက် ပိုများ​​​နေခြင်း​​ကလည်း​​ အိုဇုန်း​​လွှာ ​​ပေါက်ပြဲမှုနှင့်​​ ဆက်စပ်​​နေ​​ကြောင်း​​ ​​ပြောကြား​​ထား​​သည်။ 

Hole in the sky: Europe, Canada and Russia  at risk as continent-sized 'second hole' in ozone layer opens over the Arctic


The ozone loss over the Arctic was so severe this year that for the first time a 'hole' in the ozone layer, similar to the one over the Antarctic, appeared.
At a level of around 13 miles above the ground, 80 per cent of the ozone was lost, potentially exposing people on Earth's surface to harmful ultraviolet-B rays from the sun, which can cause sunburn and skin cancer.
The loss happened not because of increased use of ozone-destroying chemicals - now banned, and rarely used - but because cold high-altitude weather made the existing chemicals 'more active'.
An ozone hole five times the size of California opened over the Arctic this spring, matching ozone loss over Antarctica for the first time on record, scientists said today. The white line marks the area within which chemical ozone destruction takes place
The paper, published in science journal, Nature, said: 'Chemical ozone destruction over the Arctic in early 2011 was — for the first time on record — comparable to that in the Antarctic ozone hole.'
Data showing ozone destruction was released in April, but this is the first full analysis of the effect in the Arctic. Scientists cannot predict whether the effect will persist - but under certain conditions, predict 'severe ozone loss'.
'Our results show that Arctic ozone holes are possible even with temperatures much milder than those in the Antarctic. We cannot at present predict when such severe Arctic ozone depletion may be matched or exceeded,' said the report.
 A Nasa-led study has documented an unprecedented depletion of Earth's protective ozone layer above the Arctic last winter and spring caused by an unusually prolonged period of extremely low temperatures in the stratosphere
A Nasa-led study has documented an unprecedented depletion of Earth's protective ozone layer above the Arctic last winter and spring caused by an unusually prolonged period of extremely low temperatures in the stratosphere
This year's loss was recorded in the initial analysis carried out by the World Meteorological Organization. It wrote: 'Depletion of the ozone... has reached an unprecedented level over the Arctic because of the continuing presence of ozone-depleting substances in the atmosphere and a very cold winter in the stratosphere.'
When man-made substances such as CFCs are broken down by ultraviolet rays, chlorine is released - reacting with ozone and depleting the protective layer around the earth. Chlorine monoxide (measured in the map above) is present in one stage of the reaction.
The current loss is thanks to the polar vortex, a weather system that circulates over the Arctic. The weather in the stratosphere remained cold for an unusually long period, and cold air spread over a larger area than normal.
Weather in the stratosphere is often very different to the weather we experience.
Dr Michelle Santee of Nasa's Jet Propulsion laboratory said, 'It was continuously cold from December to April, and that has never happened before in the Arctic.'
Levels of harmful UV-B rays rose, but were not sustained. It's still not clear what risks this new hole has posed or will pose to human health.
While chlorine compounds such as CFCs have been phased out in most countries, they persist in the upper atmosphere for decades.
Scientists predict that the current 'trend' for cold winters in the stratosphere will continue, and that the ozone hole may continue. 'Over the last decades, cold winters have been getting colder,' said Dr Santee. 'If other cold ones happen while chlorine levels are high, we'd anticipate severe ozone loss.'

Read more: http://www.dailymail.co.uk/sciencetech/article-2044627/Europe-Canada-Russia-risk-second-hole-ozone-layer-opens-Arctic.html#ixzz1ZzVEC1uu



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1663.. အမျိုး​​သမီး​​များ​​ အဝတ်လဲ​​နေသည်ကို ​​ချောင်း​​​မြောင်း​​မှတ်တမ်း​​တင်သူအား ​​ထောင်ဒဏ်ချမှတ်ခံရ

 
http://www.straitstimes.com/STI/STIMEDIA/image/20110531/showering.jpg
            စင်္ကာပူနိုင်ငံတွင် လူတစ်ဦး​​သည် အမျိုး​​သမီး​​များ​​ အဝတ်လဲခန်း​​တွင် အဝတ်အစား​​လဲ​​နေသည်ကို ကင်မရာနှင့်​​ ​​ချောင်း​​​မြောင်း​​မှတ်တမ်း​​တင်ခဲ့​​သည့်​​အတွက် ​​ထောင်ဒဏ် သီတင်း​​ ၃ ပတ် ချမှတ်ခြင်း​​ ခံခဲ့​​ရ​​ကြောင်း​​ သိရှိရသည်။
 http://images.inmagine.com/img/cultura/culs048/culs048063.jpg
         အမျိုး ​​သမီး​​တစ်ဦး​​ အဝတ်အစား​​များ​​ ချွတ်လဲ​​နေသည်ကို ​​ချောင်း​​​မြောင်း​​၍ ဗီဒီယိုရိုက်ခဲ့​​​ကြောင်း​​ ​​ဖော်ထုတ်​​တွေ့​​ရှိပြီး​​​နောက် အသက် ၂၃ နှစ်အရွယ် Ong Woon Yong ကို တရား​​ရုံး​​က စက်တင်ဘာ ၂၀ ရက်​​နေ့​​တွင် အဆိုပါ စီရင်ချက် ချမှတ်ခဲ့​​သည်။
          ၎င်း ​က ၂၀၁၀ ပြည့်​​နှစ်၊​ ​​အောက်တိုဘာ ၁၈ ရက်​​နေ့​​က Ang Mo Kio Hub တွင် အသက် ၃၀ အရွယ် အမျိုး​​သမီး​​အား​​ ​​ချောင်း​​​မြောင်း​​၍ ဗီဒီယို ရိုက်ခဲ့​​မိ​​ကြောင်း​​ ဖွင့်​​ဟဝန်ခံခဲ့​​သည်။ အမျိုး​​သမီး​​သည် အခြား​​တစ်ဖက်တွင် မိုဘိုင်း​​လ်ဖုန်း​​ကို မသင်္ကာဖွယ် အသုံး​​ပြု​​နေသူကို သတိပြုမိပြီး​​​နောက် စုံစမ်း​​ရာ ဗီဒီယိုရိုက်​​နေမှန်း​​ သိရှိသွား​​သည်။
        ထို့​​​ကြောင့်​​ သူမသည် အွန်ကို ထိန်း​​ချုပ်ဖမ်း​​ဆီး​​ကာ ရဲထံ တိုင်ကြား​​ခဲ့​​​ကြောင်း​​ သိရှိရသည်။ 

အမျိုးသမီးတွေ အစစအရာရာ သတိထားစေချင်လို့ပါ
Ref:http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_714781.html

 

Man jailed 3 weeks for secretly filming woman changing 

A man who hid in a store's fitting room to film a woman changing in the next cubicle was sentenced to three weeks' jail on Tuesday.
Ong Woon Yong, 23, admitted to insulting the modesty of the 30-year-old woman at Cotton On outlet at Ang Mo Kio Hub on Oct 18, 2010.
A court heard that the supervisor of the outlet became suspicious when Ong stayed in the fitting room for a long period.
She went to the cubicle beside Ong's and peeked from under the partition. She saw him using his mobile phone to film the victim who was in the fitting room on the other side. She detained Ong and called the police.

 


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

1662.. မြန်မာဘောလုံးအဖွဲ့ချုပ်ကို FIFA အရေးယူ

 
ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ- အိုမန် ပွဲစဉ်တွင် မြန်မာပရိသတ် တချို့၏ ရမ်းကားမှုကြောင့် ပွဲဖျက်သိမ်း လိုက်ရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အရေးယူလိုက်ပြီ ဖြစ်သည်။

News_Ball_addition
မြန်မာပရိသတ်တချို့၏ ပစ်ခတ် တိုက်ခိုက်မှုကို ကွင်းအတွင်းရှိ အိုမန်အသင်း အရံ ကစားသမားများ တိမ်းရှောင်နေရပုံ (ဓာတ်ပုံ-ဧရာဝတီ)
ထိုဖြစ်ရပ်အတွက် FIFA က မြန်မာဘောလုံးအသင်းကို ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်ပြီး ဒဏ်ငွေအဖြစ် ဆွစ်ဖရန့် ၂၅၀၀၀ (ဒေါ်လာသုံးသောင်းခန့်) ချမှတ်ခဲ့သည့် အပြင် ကြားနာမှု အတွက် တရားစရိတ် ဆွစ်ဖရန့် ၂၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ယနေ့ထုတ် AFP သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည် ဇူလိုင်လအတွင်းက ၂၀၁၄ ကမ္ဘာဖလား ခြေစစ်ပွဲတွင် အိမ်ရှင် မြန်မာအသင်းက အိုမန်အသင်းအား ၂ ဂိုးပြတ် ရှုံးနိမ့်စဉ် မြန်မာပရိသတ်တချို့က ကွင်းအတွင်း ခဲများ၊ ရေဗူးများ၊ သံချွန်များ၊ ထီး၊ ဖိနပ် အစရှိသည့်တို့နှင် ပစ်ပေါက်ခဲ့သည့်အတွက် ပွဲဖျက်သိမ်း ခဲ့ရသော အဖြစ်အပျက်နှင့် ပတ်သက်၍ FIFA က အရေးယူလိုက်ခြင်းဖြစ်သည်။

ထိုသို့ ပရိသတ်တချို့၏ ရမ်းကားမှုကြောင့် အိုမန်ဘောလုံးသမားများနှင့် နည်းပြတချို့ ထိခိုက် ဒဏ်ရာရကာ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး FIFA မှ တာဝန်ရှိသူများက အိုမန်အသင်းအား အနိုင်ပေးခဲ့သည်။

Ref:AYarwaddy

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1661.. မြစ်ဆုံ ဆည်တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားတော့်မည်

 
မစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ သ၀ဏ်လွှာအပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်သည်။

၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့၏ တူညီသော မျော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀'' အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများအားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။

၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက် အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင်ဖြစ်ပါသည်။

၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍ မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင် လုံလောက်မှုမရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -

(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။

(ခ) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။

(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။

(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။

(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။

၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။



Ref:http://www.news-eleven.com/index.php?option=com_content&view=article&id=10335:2011-09-30-04-38-33&catid=42:2009-11-10-07-36-59&Itemid=112

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
3 comments

1655.. သစ်တောပညာရှင် ဦးအုန်း မြစ်ဆုံဆည်စီမံကိန်းအတွက် မေတ္တာရပ်ခံစာ သမ္မတကြီးထံ ပေးပို့မည် ( 29.9.11 )

 
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အကောင်းနှင့်အဆိုးကို အချိန်ယူစဉ်းစားပြီး ပြန်လည်သုံးသပ်ပေးပါရန် ပညာရှင်များနှင့် ဧရာဝတီကို ချစ်မြတ်နိုးသူများက သမ္မတကြီးထံ မေတ္တာရပ်ခံစာ ပေးပို့သွားမည်ဖြစ်ကြောင်း သစ်တောပညာရှင် ဦးအုန်းက ပြောသည်။

အဆိုပါ မေတ္တာရပ်ခံစာသည် စက်တင်ဘာ ၂၃ ရက်က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီသီရိခန်းမတွင် မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သော မြစ်ဆုံရေကာတာကိစ္စနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးပွဲ၌ ပညာရှင်များ၏ အမြင်သုံးသပ်ချက်များကို အခြေခံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် သစ်တောပညာရှင် ဦးအုန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ ဆည်မြောင်း အင်ဂျင်နီယာများ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးပညာရှင်များနှင့် နိုင်ငံရေးပါတီများက ထောင့်ပေါင်းစုံမှ အမြင်မျိုးစုံကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဦးစိုးညွန့်က

“ဧရာဝတီမြစ်ဆုံကိစ္စဟာ အကြီးအကျယ် အခမ်းအနားဆုံးနဲ့ ကျွန်တော်တို့ရဲ့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ယူဆတဲ့အတွက် ပညာရှင်ပေါင်းစုံကို ဖိတ်ခေါ်ပြီး ဒီပွဲလေးကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဧရာဝတီမြစ် အသွင်းပြောင်းသွားရန် မြန်မာနိုင်ငံရဲ့ အနေအထားလည်း ပြောင်းသွားမယ်။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ထိခိုက်လာမယ့် အရာတွေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အားလုံးက ဆောင်ရွက်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံဟာ လွှတ်တော်ရဲ့ အသံဖြစ်ရမယ်လို့ ပြောထားတဲ့အတွက် နိုင်ငံတော်သမ္မတကြီး အမှူးရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေနဲ့ အခြားအရေးကြီးတဲ့ အစိုးရအဖွဲ့တွေကို မေတ္တာရပ်ခံသွားမှာ ဖြစ်ပါတယ်”

ဟု ပြောပြခဲ့သည်...............

Ref: Popular News

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1643.. မြန်မာ လိင်တူ ချစ်သူ တွေ ဖုန်းကနေ အခမဲ့ ကျန်းမာရေး ဆွေးနွေးနိုင်ပြီ

 
http://www.tilburgdegekste.com/images/uploads/homo_sex_kj_rlighet_570515p.jpg

မြန်မာနိုင်ငံက အမျိုးသား လိင်တူချစ်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်နဲ့ နှစ်သိမ့်နွေး ပညာပေးမှုများကို တယ်လီဖုန်းမှတစ်ဆင့် အခမဲ့ဆွေးနွေး နိုင်ပြီလို့ အဆိုပါ လုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်နေတဲ့ ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medecins Du Monde-MDM) မှ ပြောကြားခဲ့ကြောင်း
ယခုအပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ ၂၇ ၊ အမှတ် ၅၃၅မှာ ဖော်ပြပါရှိပါတယ်။

အဖွဲ့မှ ပရောဂျက်တာဝန်ခံ ဒေါက်တာ ယမင်းရီရဲ့ ပြောကြားချက်အရ အဆိုပါ ဆွေးနွေးမှုတွေကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ည ၉နာရီအတွင်း ဖုန်း ၀၉၇ ၃၁၂၂၅၆၆ သို့ မေးမြန်းဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 'မောင်တို့ရွာ' လို့ အမည်ပေးထားတဲ့ ဖုန်းမှတစ်ဆင့် လိင်မှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုမှာ အကြံပေး ဆွေးနွေးမှုတွေအပြင် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် အိပ်ခ်ျအိုင်ဗီ၊ ကာလသားရောဂါ၊ အသည်းရောင် ဘီပိုးနှင့် စီပိုး ရှိ မရှိ စစ်ဆေးရန်နဲ့ ထိရောက်သည့် ကုသမှုများခံယူရန် မှန်ကန်တဲ့ သတင်းအချက်အလက်များပေးရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် မောင်တို့ရွာ အမည်နဲ့ ၀က်ဘ်ဆိုဒ်တစ်ခုလည်း လွင့်တင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

"ဒီစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်တိုင်လာပြီး ဆွေးနွေးရမှာရှက်တဲ့ ယောက်ျားချင်း လိင်တူဆက်ဆံသူတွေနဲ့ ခန္ဓာကိုယ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေကို တယ်လီဖုန်းကတစ်ဆင့် နှစ်ကိုယ်ကြား နှစ်သိမ့်ဆွေးနွေး ပေးပါတယ်။ အဲဒီအချက်လက်တွေ အားလုံးကို လျှို့ဝှက်ပေးသွားမှာပါ" ဟု ဒေါက်တာ ယမင်းရီက ဆိုသည်။
http://images.inmagine.com/img/glowimages/gwis065/gwc42520151.jpg

ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM) ဟာ ပြင်သစ်နိုင်ငံမှ အဓိက ထောက်ပံ့ငွေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၁ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ စတင်လို့ လိင်တူချင်းဆက်ဆံသူများနှင့် လိင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်သူများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အသေးစိတ်ကို hotlinecounsellor@gmail.com သို့မေးမြန်းနိုင် တယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။

၂၀၁၁ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ အကျုံးဝင်မယ့် မြန်မာ့ အိတ်ခ်ျအိုင်ဗီနဲ့ အေအိုင်ဒီအက်စ် အမျိုးသား စီမံကိန်းအရ မြန်မာနိုင်ငံမှာ အမျိုးသားချင်း လိင်တူချစ်သူ နှစ်သိန်းကျော် (၂၂၄ ၀၀၀) ဦး ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

MSM, sex worker health hotline launched

By Shwe Yee Saw Myint
September 19 - 25, 2011

AN INTERNATIONAL non-government organisation has launched a telephone hotline to provide advice on sexual and reproductive health to men who have sex with men and sex workers.

The hotline (09-7312-2566) is staffed from 9am to 9pm Monday to Friday, said Dr Ya Min Yee, a project site coordinator with Médecins du Monde, which launched the hotline on August 1.

Staff “will answer questions about HIV/AIDS, hepatitis B, C and other sexually transmitted infections as well as medical treatment available in the country”, she said.

“The hotline will help men who have sex with men and sex workers who want to get information anonymously.” Médecins du Monde established its program in Myanmar in 1991 and began HIV/AIDS prevention and medical activities for sex workers and men who have sex with men in Yangon in 1998.

Information on sexual health can also be found at the Médecins du Monde website, www.maung doeywar.com, or by emailing hotlinecounsellor@gmail. com.

According to the Myanmar National Strategic Plan on HIV and AIDS for 2011 to 2015 there are an estimated 224,000 men who have sex with men.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
1 comments

1641.. Blink hacker group ဖျတ်သိမ်း ( 22.9.11 )

 



BHG, Blink Hacker Group အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှ

င့် နည်းပညာထောက်ပံ့ရေးအစီအစဉ်အရ ကာလတခုအနေဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည်။ BHG အနေဖြင့် မြန်မာ့အင်တာနက်လွတ်လပ်ခွင့်တွင်လုပ်ဆောင်နေမှုများကိုလည်း ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ပါ။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အင်တာနက်စာမျက်နှာ (မည့်သည့်စာမျက်နှာကိုမှ) များကိုလည်း တိုက်ခိုက်တော့မည် မဟုတ်ပါ။

BHG အား အစဉ်တစိုက်လက်ခံအားပေးသူများနှင့် နည်းပညာပံ့ပိုးကူညီသူများအား BHG မှ အထူးကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ကြောင်း ဂါရ၀ပြုနှုတ်ဆက်အပ်ပါသည်။
နောက်နောင်တွင် BHG နှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စများကိုလည်း တာဝန်ယူဖြေရှင်းတော့မည် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် မိမိတို့စွန့်လွှတ်ခဲ့ရသည်များကို ထောက်ထားပြီး နစ်နာဆုံးရှုံးမှုများကို BHG မှ လေးစားစွာ တောင်းပန်အပ်ပါသည်.....ဟု admin အဖွဲ့မှပြောကြားထားပါတယ်


Blogger ကြီးဖွင့်ပေးလို့ ကျေးဇူးတင်ပါတယ်နိုင်ငံတော်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1640.. Google+ ကို အသုံး​​ပြုလိုသူ အား​​လုံး​​ အတွက် ဖွင့်​​​ပေး​​လိုက်ပြီ

 

http://th03.deviantart.net/fs70/150/f/2011/185/9/8/google__logo_and_icon_hd__psd_by_zandog-d3kozvh.jpg

Googleသည် ၎င်း​တို့​​၏ Social Networking ဝန်​​ဆောင်မှုသစ်ဖြစ်​​သော Google+ကို အသုံး​​ပြုလိုသူ အား​​လုံး​​အတွက် ဖွင့်​​​ပေး​​လိုက်ပြီဖြစ်သည်။

စမ်း ​​သပ်ဆဲ ကာလတွင် လူဦး​​​ရေ အကန့်​​အသတ်ဖြင့်​​သာ သုံး​​စွဲခွင့်​​ ပြုခဲ့​​​သော Google+သည် ယခုအခါ လူတိုင်း​​အတွက် အလွယ်တကူ သုံး​​စွဲရန် ဖြစ်လာ​​တော့​​မည်ဟု နာမည်​​ကျော် အင်တာနက် ရှာ​​ဖွေ​​ရေး​​ ဝန်​​ဆောင်မှု လုပ်ငန်း​​ကြီး​​က ​​ကြေညာခဲ့​​သည်။ Googleသည် Social Networking ​​လောကတွင် မင်း​​မူ​​နေသည့်​​ Facebookကို ယှဉ်ပြိုင်ရန် Google+ကို အသက်သွင်း​​ခဲ့​​ခြင်း​​ဖြစ်သည်။ စတင်​​ကြေညာပြီး​​ ၂ ပတ်အတွင်း​​ မိမိတို့​​အ​​နေနှင့်​​ သုံး​​စွဲသူ ၁၀ သန်း​​ထိ ရရှိ​​နေပြီဟု Googleက ​​ကြေညာနိုင်ခဲ့​​သည်။

ထိုစဉ်ကတည်း ​​က Google+ အသုံး​​ပြုသူ အ​​ရေအတွက်ကို Googleက တရား​​ဝင် ထပ်မံ​​ကြေညာခြင်း​​ မရှိ​​တော့​​​သော်လည်း​​ ​​လေ့​​လာသူများ​​က တစ်လအတွင်း​​ ၂၅ သန်း​​မျှထိ ရှိလာပြီဟု ယူဆရ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ သုံး​​စွဲသူဦး​​​ရေ တိုး​​ပွား​​လာ​​သောလည်း​​ အသုံး​​ပြုသူများ​​၏ Postတင်မှုမှာ တစ်စထက်တစ်စ ကျဆင်း​​လာ​​ကြောင်း​​ ဩစ​​တြေး​​လျ အင်တာနက် သု​​တေသန ဌာနတစ်ခုက သုံး​​သပ်ခဲ့​​သည်။ သို့​​​သော် ယင်း​​​လေ့​​လာမှုတွင် လူတစ်ဦး​​ချင်း​​စီ၏ ပုဂ္ဂိုလ်​​ရေး​​ Postများ​​ကို ထည့်​​သွင်း​​တွက်ချက်မှု မရှိ​​ပေ။

http://www.tricksdaddy.com/wp-content/uploads/2011/07/google-plus-vs-facebook.png

ယခုအခါ Googleသည် ၎င်း​၏ ​​အောင်မြင်မှုကို ချဲ့​​ထွင်ရန် လူတိုင်း​​အတွက် Google+သုံး​​စွဲခွင့်​​ကို အတည်ပြု​​ပေး​​လိုက်ပြီဖြစ်သည်။ Google+အရ ကွန်ပျူတာ အသုံး​​ပြု​​နေသူများ​​သည် Screen​​ပေါ်ရှိ အချက်အလက်များ​​ကို မိမိ၏ မိတ်​​ဆွေများ​​ထံ အလွယ်တကူ မျှ​​ဝေ ​​ပေး​​ပို့​​နိုင်သည်။ ​​လေ့​​လာသူ အများ​​စုက Facebookအ​​နေနှင့်​​ Google+ထံမှ ကြီး​​မား​​​သော စိန်​​ခေါ်မှုများ​​ကို ရင်ဆိုင်ရဖွယ်ရှိ​​ကြောင်း​​ သုံး​​သပ်ခန့်​​မှန်း​​ခဲ့​​ကြသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1635.. တိုင်းရင်းဆေး ၇ မျိုး သုံးစွဲရန် မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

 
မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေး ၇ မျိုးနှင့် မှတ်ပုံတင် သက်တမ်းလွန်ဆေးတစ်မျိုးတို့အား အများပြည်သူ သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ 17 ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ တယ်လီဖုန်းအမှတ်တံဆိပ် မျက်စဉ်း၊
နန်းတွင်းဒေဝီအမှတ်တံဆိပ် ကလေးလေပုပ်ထုတ်ဆေး၊
ငန်းနက်အမှတ်တံဆိပ် အပူငြိမ်းဆေး၊
ဒေါ်ကြည်အမှတ်တံဆိပ် အပုပ်ချလေဆေး၊
သမားတော်ကြီးဆရာရှိန်း အပူသတ်ဆေးချို၊ ပိစပ်ဆေးပြားနှင့်
ပြည်သူ့မုန်တိုင်း အမှတ်တံဆိပ် လေကွဲဆေး

တို့သည် တိုင်းရင်းဆေး ပညာဦးစီးဌာနတွင် မှတ်ပုံတင်ထား ခြင်း မရှိသော ဆေးများဖြစ်ပြီး

ဇော်ဂျီအမှတ်တံဆိပ် ဝမ်းနုတ်ဆေးမှာ မှတ်ပုံတင် သက်တမ်းလွန် တိုင်းရင်း ဆေးဖြစ်ကြောင်း
ကျန်းမာရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် နှိုးဆော်ချက်ထုတ်ပြန်ခဲ့သည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1630.. 2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ ခြင်း နှင့် သူမ ရဲ့ အလှ ပုံ များ

 
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် အင်ဂိုလာ ကိုယ်စား​​ပြု အလှမယ် Leila Lopes က မယ်စကြာဝဠာ ဘွဲ့​​ထူး​​ကို ဆွတ်ခူး​​ပိုင်ဆိုင်သွား​​သည်။
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net

2010 အလှမယ်က သရဖူဆောင်းပေးစဉ်
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
Leila Lopes သည် အခြား​​ပြိုင်ပွဲဝင် အလှမယ် ၈၈ ဦး​​ကို ​​ကျော်ဖြတ်ကာ ဘရာဇီး​​လ်နိုင်ငံ၊​ ​​ဆော်​​ပေါ်လိုမြို့​​တွင် ကျင်း​​ပ​​သော ပြိုင်ပွဲကြီး​​အတွင်း​​ ဗိုလ်စွဲနိုင်ခဲ့​​ခြင်း​​ဖြစ်သည်။ သူမသည် ယမန်နှစ် မယ်စကြာဝဠာဖြစ်သူ မက္ကစီကို အလှမယ် Ximena Navarrete ထံမှ သရဖူကို လက်လွှဲရယူနိုင်ခဲ့​​သည်။
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
တိုက်ကြီး​​ ၆ ခုရှိ နိုင်ငံ​​ပေါင်း​​ ၈၉ ခုမှ အလှမယ်များ​​သည် ဘရာဇီး​​လ်တွင် ပြိုင်ပွဲဝင်ရန်အတွက် ဆမ်ဘာအက သင်ခဲ့​​ရပြီး​​ ​​ဘောလုံး​​ကန်တတ်​​အောင်လည်း​​ ကျင့်​​ခဲ့​​ရ​​သေး​​သည်။
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
2011 နှစ် မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် Leila Lopes ဆွတ်ခူး​​ www.monetine.net
ပထမဆုံး​​အကြိမ် ကျင်း​​ပခွင့်​​ရသည့်​​ မယ်စကြာဝဠာ ​​ရွေး​​ပွဲတွင် ဒုတိယ​​နေရာကို ယူကရိန်း​​မယ်Olesia Stefanko နှင့်​​ တတိယ​​နေရာကို အိမ်ရှင် ဘရာဇီး​​လ်မယ် တို့​​က ရယူသွား​​သည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
6 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ