ကိုကြီးဇော် ( မုန်တိုင်း )

ဗဟုသုတဘဏ်

this site the web

1070..မိုးယံဇွန် နှင့် အင်တာဖြူး ( 7.9.10 )

 
http://t1.gstatic.com/images?q=tbn:3yI5T4SvPn5dvM:https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgChqsXAz5qOYqh5EYKcU9xvdFCCZvKtbMCzHYiBqCSyd78tln0jAhb-YRgRcr0Pa_oH5CsMiHnUFymAbz7Vw3SVVK8FTZ8tOguUS_aYX_OPGe8Z7IBl6-YxPJ5N0g3dkeqipS-BbVDKZwi/s1600/39192_149522415061665_100000117230937_484560_1987637_n.jpg&t=1    ခုအနုပညာ အလုပ်တွေ လုပ်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ နိုင်ငံခြား ဇာတ်လမ်းတွေ ကြည့်တယ်။ သီချင်း နားထောင်တယ်။ အရမ်းစိတ်ဖိစီးမှု ရှိလာ ရင်တော့ သူငယ်ချင်းတွေနဲ့ GYM ဆော့တယ်။ လူငယ်တွေက စိတ်ညစ်တယ် ဆိုပြီး လမ်းလွဲကြတာလို့ ပြောကြပေမယ့် ဒါက စိတ်ညစ်လို့ လွဲတာ မဟုတ်ဘူး။

ကိုယ့်စိတ်ကကို လုပ်ချင်စိတ် ရှိနေလို့ပါ။ မကောင်းမှန်းလည်း သိတယ်။ ဒါပေမယ့် စူးစမ်းချင်စိတ်နဲ့ စိတ်က အလိုလို လုပ်ချင်စိတ် ရှိလို့ လုပ်ဖြစ်တာပါ။ မကောင်းမှန်းသိပြီး ဆင်ခြင်ဖို့ပါပဲ။ အရာရာမှာ ဆိုးတာကြီး လုပ်နေလို့ အများအမြင်မှာ အမြင်ကတ်စရာကြီး ဖြစ်နေပေမယ့် ဒီလူတစ်ယောက် ကောင်းတာ လုပ်လို့ရှိရင်တော့ အများကလည်း ဩော်… မဆိုးပါဘူးလို့ ပြန်ပြီး အသိအမှတ်ပြုသင့်တယ်။

ကိုယ်က ဘယ်လောက်ထိပဲ လမ်းမှားတွေ ရောက်နေပါစေ အဲဒါကို သိပြီး ပြန်ပြင်နိုင်မယ် ဆိုရင် ကိုယ့်ဘဝအတွက် အကျိုးရှိမှာပါ။ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အဓိက ကိုယ့်စိတ်က အဲဒီ့ပေါ်မှာ အာရုံလွှဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လွှဲလို့ရပါတယ်။

သီချင်းနားထောင်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်း ကားတစ်စီးနဲ့ လျှောက်သွားရင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ပဲ ဖြစ်ဖြစ် လွှဲလို့ရပါတယ်။ အဲဒါဆိုရင် စိတ်ပြေသွားမှာပဲလေ။ အဲဒီ့တော့ ကိုယ်စိတ်ဖိစီးမှု များနေတဲ့ စိတ်ကို လွှဲနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ခုလတ်တလောက သုခမိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်နေတယ်။

ဒါရိုက်တာ ဦးဒေါနနဲ့။ ကျွန်တော့်ဆီမှာကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှု အရှိဆုံးဆိုရင် မျက်ခုံးနဲ့ မျက်လုံးလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ရုပ်မြင်သံကြားမှာ Presenter လုပ်ရတာလည်း ပျော်သလို ဇာတ်ကားတွေ ရိုက်ရတာလည်း ပျော်ပါတယ်။ နှစ်ခုစလုံးက အနုပညာတွေပဲဆိုတော့လေ။

အကယ်၍ ကျွန်တော်သာ ခုချိန်မှာ ၁၀ တန်းကျောင်းသားဘဝကို ပြန်ရောက်ခဲ့ရင် ဖြတ်သန်းခဲ့တဲ့ (၁၀) တန်းကျောင်းသားအရွယ်နဲ့ မတူအောင် ဖြတ်သန်းချင်တယ်။ ကျွန်တော်က (၁၀) တန်းတုန်းက ဆိုးခဲ့တယ်။ ပြန်ပြီး ရောက်ခဲ့မယ်ဆိုရင် လိမ္မာအောင် နေပြီး စာကြိုးစားတဲ့ကျောင်းသား တစ်ယောက် ဖြစ်အောင်နေမယ်။

Ref: 8 Days

                                       
http://t0.gstatic.com/images?q=tbn:uYKg0o57x7lRkM:https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzWUaL3wwBw532ddrMPm9GAhqpjGg6v7-dUussrr1mUUoIMO4tflcv1ddrsTL4cbhu91K0PO_bWbZmnyqVFViXMTZkiIBUsGQ89Ia1p1a7WhfHLBZGEsjaYdbrd-wUg0h5w_n1WNcZ4gFE/s640/18968_107729219240985_100000117230937_203196_257058_n.jpg&t=1





Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1069..မော်ဒယ် ဆုရွှန်းလဲ့ ရဲ့ Bikini လေးနဲ့ စွဲဆောင်နေတဲ့ အလှများ ( 7.9.10 )

 
မြန်မာ သရုပ်ဆောင် နဲ့ မော်ဒယ် ဆုရွှန်းလဲ့ ရဲ့ Bikini လေးနဲ့ စွဲဆောင်နေတဲ့ အလှပါ။

Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service
Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service

Hosted by FreeImageHosting.net Free Image Hosting Service


Hosted by FreeImageHosting.net Free Image Hosting Service

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1057..အနုပညာရှင် အဖွဲ့များ ဩစတြေးလျ ဖျော်ဖြေရေး သွားမည်...( 4.9.10 )

 
http://files.myopera.com/myanmargossip/albums/870827/Thazin%20(10).jpg

ခန့်စည်သူ၊ ထွန်းထွန်း၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးပြည့်ပြည့်မောင်နဲ့ သဇင်တို့ အနုပညာရှင်အဖွဲ့က အောက်တိုဘာလမှာ ဩစတြေးလျကို သွားပြီး ဖျော်ဖြေပေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဩစတြေးလျ ဖျော်ဖြေရေး ခရီးအတွက် ကြိုတင်ပြင်ဆင် ထားတာနဲ့ ပတ်သက်လို့ မိုးပြည့်ပြည့်မောင်က 'မိုးပြည့်တို့က မြို့သုံးမြို့မှာ သုံးပွဲဆိုရမှာ ဆိုတော့ ဂီတမှူး ပေါ့သျှံနဲ့ သျှန်ထွန်း (မြန်မာစာ)က မိုးပြည့် နာမည်ပါတဲ့ သီချင်းတွေ ရေးပေးထားတယ်။

မြို့သုံးမြို့မှာ သုံးပွဲ ဖျော်ဖြေရမှာဆိုတော့ တစ်နေရာနဲ့ တစ်နေရာလည်း မထပ်အောင် မိုးပြည့်တို့ အနုပညာရှင်တွေ အားလုံး ပြင်ဆင်သွားမှာပါလို့' ဖြေပါတယ်။ ဩစတြေးလျ ဖျော်ဖြေရေးခရီးမှာ မိုးပြည့်ပြည့်မောင်က အငြိမ့်ကမယ့်အပြင် တင်မောင်ဆန်းမင်းဝင်းနဲ့ နှစ်ပါးသွားလည်း ကဖို့ ပြင်ဆင် ထားပါသေးတယ်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1050..မြန်မာပြည်က ကိုရီးယား ရုပ်တူ ပြုင်ပွဲ ဆုရသူများ ( 3.9.10 )

 
http://www.freeimagehosting.net/uploads/8fa4cd16c5.jpg

ပထမဆုကို မောင်ရှိုင်းနှင့် မမိုမိုကို

         မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သြဂုတ်လ (၂၉) ရက်နေ့က ကိုရီးယားစတား ရုပ်တူပြိုင်ပွဲနောက်ဆုံးအဆင့်ပြိုင်ပွဲကို သြဂုတ်လ (၂၈) ရက်နှင့် (၂၉) ရက်နေ့များတွင် ရန်ကုန်မြို့၊ Strand Hotel တွင် Ecap မောင်မယ်ကိုရီးယားစတားများနှင့် အ၀တ်အစား (သို့မဟုတ်) ရုပ်တူပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး  ပထမဆုကို မောင်ရှိုင်းနှင့် မမိုမိုကို၊ ဒုတိယဆုကို မောင်ဇော်လွင်ဦးနှင့် မဆောင်းယွန်းစံ၊ တတိယဆုကို မောင်မြတ်မင်းခန့်နှင့် နိုနိုကေ တို့က အသီးသီး ဆုရရှိခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1035..အပေါ်ပိုင်း အ၀တ်အစား မ၀တ်ပဲ သရုပ်ဆောင်မယ့် Jennifer Aniston

 


Jennifer Aniston hoping to relight her box office credentials with new topless film role



         အ​သက်​ ​၄၁​ ​နှစ်​အ​ရွယ်​ ​အင်​နစ်​စ​တန်​သည်​ Wanderlust​ ​ဇာတ်​ကား​တွင်​ ​သူ​မ​၏​ ​ရုပ်​ရှင်​မင်း​သ​မီး​ ​သက်တမ်း​တ​လျှောက်​ ​ပ​ထ​မ​ဆုံး​ ​အ​ဝတ်​အ​စား​များ​ ​ချွတ်​ပစ်​တော့​မည်​ဖြစ်​သည်​။ ​ထို​ဇာတ်​ကား​တွင်​ ​သူ​မ​၏​ ​ဇာတ်​ရုပ်​သည်​ ​ကြုံ​ရာ​အ​မျိုး​သား​နှင့်​ ​အိပ်​စက်​ပြီး​ ​မူး​ယစ်​ဆေး​ ​စွဲ​နေ​သည့်​ပုံ​စံ​မျိုး​ဖြစ်သည်​။ ​ဟော​လီး​ဝုဒ်​ ​သ​တင်း​ဌာ​န​များ​က​ ​အင်​န​စ်​စ​တန်​သည်​ ​ဟစ်​ပီ​လူ​တန်း​စား​တို့​နှင့်​ ​ရော​နှော​နေ​ထိုင်​ပြီး​ ​လိင်​နှင့်​ပတ်​သက်၍​ ​လွတ်​လပ်​စွာ​ ​ပြု​မူ​နေ​သော​ ​အိမ်​ထောင်​ရှင်​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​အ​ဖြစ်​ ​ပါ​ဝင်​ရန်​ ​သ​ဘော​တူ​ညီ​လိုက်​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။ 


If there was ever an actress in danger of being typecast, it was Jennifer Aniston.

But not for much longer.

In a significant departure from her syrupy, goody-goody rom-com roles, the 41-year-old star is to take on her most risqué role and appear topless.

Baring all? Jennifer Aniston, pictured in New York last week, is  set to go topless in new film Wanderlust

Baring all? Jennifer Aniston, pictured in New York last week, is set to go topless in new film Wanderlust

She is to star in the film Wanderlust, which calls for her to strip off for the first time in her acting career.

Naked ambition: Aniston peeled off to advertise her perfume  Lolavie earlier this year

Naked ambition: Aniston peeled off to advertise her perfume Lolavie earlier this year

Her character also indulges in threesome with two other women, sleeps around with numerous men and takes drugs.

Reports in Hollywood said Aniston has agreed to play the part of a 'free loving' married woman who ends up living in a hippie community.

The role will be a major departure for the actress who found fame playing Rachel in the hit TV series Friends.

In recent years she has appeared in a series of romantic comedies, including The Switch and Bounty Hunter that have failed to win over audiences.

Playing such a wild character - and appearing topless - will be a major departure for Aniston who has built her career on romantic comedies.

According to reports in Hollywood, Aniston is looking to the Judd Apatow directed film to boost her flagging career.

Her most recent film The Switch, in which she played a single woman who uses a sperm donor to have a child, bombed at the box office, taking $8.4million in the U.S. box office on its opening weekend.

Her previous films The Bounty Hunter and Love Happens also performed poorly with audiences in the US and worldwide.

 

In Wanderlust, Aniston's character Linda moves to a hippie commune after tiring of life in New York City.

In the script, which has been seen by a celebrity website Hollywoodlife.com, Aniston's character rips off her top to distract workmen who are attempting to build a new supermarket.

Making a mild impression on the box office: Aniston's latest film  The Switch only made $8.4million during its opening weekend in the U.S.

Making a mild impression on the box office: Aniston's latest film The Switch only made $8.4million during its opening weekend in the U.S.

The film is also likely to include several sex scenes as Aniston's character sleeps with numerous men at a hippie commune where is living with her husband, played by Paul Rudd.

Aniston and Rudd previously co-starred together in romantic comedy The Object Of My Affection 12 years ago.

The prospect of Aniston appearing topless will generate huge publicity for the film  and the actress.

Before shooting begins in November Aniston is to be reunited with her former Friends co-star Courtney Cox when she makes a guest appearance in the TV series Cougar Town.


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1033..Tiger Girls က ဆုပြည့်မှူးအိမ် နှင့် တစ်ကြိမ် ( 29.8.10 )

 
www.monetine999.com ဆုပြည့်မှူးအိမ်
Tiger Girls အဖွဲ့ရဲ့ Single Album ဖြစ်တဲ့ 'Year of the Tiger Girls' ကျားမလေးများရဲ့နှစ် အခွေထွက်ရှိလာခြင်းအပေါ်

သမီးအနေနဲ့က ဒီအခွေ ထွက်လာတဲ့အပေါ်ကို အားရကျေနပ်မှုရှိခဲ့ပါတယ်။ Tiger Girls Album Promotion လုပ်တာ ပရိသတ် လက်ခံ အားပေးမှု တော်တော်လေး များခဲ့တယ်။ အဲဒီအတွက် Tiger Girls ကလည်း ပရိသတ်တွေ အားပေးတာနဲ့ တန်အောင် ဒီ့ထက်ပိုပြီး ကြိုးစားသွားမှာပါ။ Single Album မှာပါတဲ့ သီချင်းလေးတွေ တော်တော်လေး ကောင်းတဲ့အတွက် ပရိသတ်ကို ခံစားမှုရသ အသစ်တစ်ခုပေးတယ်လို့ ထင်ပါတယ်။

ပရိသတ်က အဲဒီလို သတ်မှတ်ရင်တော့ သမီးတို့ကြိုးစားရတာ ကျေနပ်တာပေါ့။

သီချင်းတွေကို ရေးပေးခဲ့တဲ့ တေးရေးတွေက L.R chan နဲ့ ကိုဘသောင်းရယ်၊ သမီးတို့ Trainer Nicole May လည်း(၁)ပုဒ် ရေးထားတယ်။

အခွေ Promotion မှာတုန်းက အဖွဲ့လိုက်အဆိုရော၊ အကရော တွဲဖက်ပြီး ဖျော်ဖြေတာ တွေ့ရတယ်။ အကပိုင်းကို တာဝန်ယူ သင်ကြားပေးတဲ့ ဆရာဆိုရင်

သမီးတို့ရဲ့ ဒီအခွေထဲမှာ R&B, Pop, Hip Hop စတိုးလေးတွေပါပါတယ်။

ပရိသတ်တွေရဲ့အားပေးမှုကလည်း သူ့အတွက် လေးနက်မှုကို ဖြစ်စေတယ်။

သမီးကိုအားပေးသလို Tiger Girls အဖွဲ့ကိုလည်း အားပေးပါ။ သမီးက ပရိသတ်အတွက် အကောင်းဆုံး အနုပညာ ရသတွေကို ပေးစွမ်းနိုင်မည့် အနုပညာရှင် တစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်လို့၊ ပရိသတ် ရင်ထဲက လာတဲ့ အားပေးမှုအစစ်ကို လိုချင်ပါတယ်။

Missy Tiger တစ်ဖြစ်လည်း ဆုပြည့်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းလေး အနည်းအကျဉ်းမေး ဖြစ်ခဲ့တယ်။

VCD တွေရိုက်ဖို့ရှိတယ်။ Tiger Girls VCD ရိုက်ဖို့ပြင်နေပြီ။ ပြီးတော့ Myanmar Beer Super Star (၁ဝ)ယောက်ရဲ့ 'ပြိုင်နေတဲ့မျဉ်းများ Album အတွက် အသံသွင်းနေ တယ်။ VCD လည်း ရိုက်နေပါပြီ။ မြဝတီမှာလည်း နိုင်ငံတော်အကျိုးပြု သီချင်းတွေ ရိုက်ထားတယ်။ လွှင့်လည်းလွှင့်နေပါပြီ။

ပရိသတ်ကြားထဲကို မကြာမီ ရောက်ရှိလာတော့မည့် Tiger Girls VCD ကို အသွင်တစ်မျိုးနဲ့ မြင်တွေ့ရမှာပါ။ VCD ကိုသီချင်း(၁)ပုဒ်ပဲ အရင်ထုတ်ပြီး၊နောက် (၃)ပတ်ကြာပြီးမှ နောက်တစ်ပုဒ် ထုတ်မယ်။ အဲဒီလို (၃)ပတ်စီခြားပြီးမှ သီချင်း (၁ဝ)ပုဒ်စလုံးကို အစဉ်တိုင်း ထုတ်သွားမှာ ဆိုပြီးတော့ ပြေကြားခဲ့ပါတယ်။
DDမဈာန်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1026..သဇင် တစ်ကိုယ်တော်စီးရီး နဲ့တောင်ကိုးရီးယား ခရီ ( 29.8.10 )

 
www.monetine999.com သဇင်ခရီး

သဇင်က သူ့တစ်ကိုယ်တော် စီးရီးအောက်တိုဘာ ၃ ရက်မှာ ထွက်မယ်လို့ ဆိုပါတယ်။

သဇင်ရဲ့ 'ထိပ်ဆုံးရဲ့ ထိပ်ဆုံးမှာ' စီးရီးမှာ တေးရေး မင်းချစ်သူ၊ စိုးလင်း၊ အရိုး၊ ဟဲလေး၊ အိမ့်ချစ်တို့ရဲ့ သီချင်းများ ပါဝင်ပြီး The Trees Band, Lazy Club Band တို့ရဲ့ တီးခတ်မှုနဲ့ အတူ ကွန်ပျူတာတီးခတ်မှု တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။



သဇင်က လောလောဆယ်မှာ တစ်ကိုယ်တော် စီးရီးထွက်ဖို့ ပြင်ဆင်နေသလို စက်တင်ဘာမှာ ကိုရီးယား သွားဖို့လည်း စီစဉ်နေပါတယ်။ သဇင်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားမှာ ဖြစ်ပြီး ဖျော်ဖြေရေး ခရီးစဉ် ဖြစ်ပါတယ်။ ကိုရီးယား ဖျော်ဖြေရေး ခရီးစဉ်မှာ Lazy Club Band နဲ့ အတူ ခင်မောင်တိုး၊ L လွန်ဝါ၊ ဟဲလေး၊ ချစ်သုဝေ၊ Jennyနဲ့ သဇင်တို့ သွားရောက် ဖျော်ဖြေမှာ ဖြစ်ပါတယ်။



ေ၇ှ့လပိုင်းတွေကစပြီး တောင်ကိုးရီးယားလေဆိပ်မှာ ကိုယ်လုံးဖေါ် 3D Scanner နဲ့လုံခြုရေးစစ်ဆေးတော့မယ်လို့လည်းသတင်းတွေမှာသိထားရပါတယ်....

Ref: The Ray of Light

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

1012..သရုပ်ဆောင် အကယ်ဒမီအိန္ဒြာကျော်ဇင်နှင့်တွေ့ဆုံခြင်း ( 26.8.10 )

 
www.monetine999.com

မေး - အနုပညာလှုပ်ရှားမှုတွေ ပြောပြ ပေးပါဦး။
ဖြေ - လတ်တလော လှုပ်ရှားမှု အနေနဲ့ ကတော့ ရွှေမင်းသမီးထုတ်လုပ်ရေးကုမ္ပဏီနဲ့ မေခင်ကညာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်တို့နဲ့ ရိုက်နေပါတယ်။ နောက်ထပ် လှုပ်ရှားမှုတွေကတော့ ဗီဒီယို၊ ရုပ်ရှင်၊ ဒီဗွီဒီကားကြီးတွေပဲ ရိုက်ဖို့ရှိပါတယ်။

မေး - အခုနောက်ပိုင်း ရုပ်ရှင် ကားကြီးတွေမှာ နာမည်ကြီးသရုပ်ဆောင်ကြီးတွေအများအပြားသုံးပြီး ရိုက်လာတာ တွေ့ရတယ်နော်။ ဒီလိုမျိုးရိုက်လာတာတွေနဲ့ပတ်သက်ပြီး သုံးသပ်ပြောပြပေးပါဦး။
ဖြေ - ကောင်းပါတယ်။ ဒါကလည်း ဇာတ်အနေအထားပေါ်မူတည်ပြီး ရိုက်လာတာပေါ့နော်။ အဓိက ကတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဆိုတော့ ပရိသတ်အတွက်လည်း ကြည့်ရတာ ကောင်းတာပေါ့နော်။ ဒါကြောင့် သရုပ်ဆောင်များများနဲ့ ရိုက်လာကြတာပါ။

မေး - အခုဆိုရင် သရုပ်ဆောင်တော်တော်များများက အဆိုဘက်ကို လုပ်လာကြတာတွေ့လာရတယ်။ မအူဝဲလည်း စီးရီးထုတ်ဖို့ အစီအစဉ်များ မရှိဘူးလား။
ဖြေ - ဒါကတော့ လုံးဝအစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လုပ်မယ်ဆို ဟိုးအရင် ကတည်းက လုပ်ဖြစ်မှာပေါ့ နော်။ ကိုယ်ကိုယ်တိုင်က အဆိုဘက်ကို သရုပ်ဆောင် လုပ်တာလောက် ဝါသနာမပါတာလည်း ပါတာပေါ့နော်။

မေး - ငယ်ငယ်တုန်းက စိတ်ကူးနဲ့ အခုလက်ရှိဖြစ်လာတဲ့ဘဝ လက်တွေ့ ကျနေလားဆိုတာ သိပါရစေ။
ဖြေ - ငယ်ငယ်တုန်းက စိတ်ကူးတာကတော့ အခုလို မင်းသမီးလုပ်ဖို့မဟုတ်ဘူး။ ဒီအလုပ်က ပြောရမယ်ဆိုရင် သူ့အချိန်နဲ့သူ ပါရမီပါလာလို့ဖြစ်သွားတယ်လို့ ပြောလို့ ရတယ်။ နဂိုကတည်းက မင်းသမီးဖြစ်ချင်တယ်။ မင်းသမီးလုပ် ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ မရှိခဲ့ပါဘူး။

ငယ်ငယ်တုန်းကတော့ ဆရာဝန်မကြီးဖြစ်ချင်တယ်ဆိုတာတော့ တစ်ချိန်လုံး ပြောခဲ့တာ ပေါ့နော်။ ဒါပေမဲ့လည်း အခုလိုအသက်အရွယ်ရလာတာနဲ့ ကိုယ်လုပ်တဲ့အလုပ်မှာလည်း ဝါသနာပါလာတော့ လုပ်ဖြစ်သွားတာပေါ့နော်။

မေး - အမျိုးသမီးတွေ အချိန်တန် အရွယ်ရောက်ရင် အိမ်ထောင်ပြုကြတယ်။ ဒါပေမဲ့ အူဝဲလို အောင်မြင်နေတဲ့သူ တစ်ယောက်အတွက် အိမ်ထောင်ဖက်က ခုချိန်မှာမလိုအပ်သေးဘူးဆိုတဲ့ အတွေးမျိုးရှိပါသလား။
ဖြေ - အူဝဲအနေနဲ့ပြောရမယ်ဆိုရင်တော့ လူဆိုတာ စိတ်တစ်မျိုးစီရှိကြတာပေါ့နော်။ အူဝဲကတော့ အောင်မြင်နေလို့ အိမ်ထောင်မပြုသေးတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ လုံးဝကြီးမဆိုင်ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ တစ်စိတ်တစ်ဒေသတော့ ပါတာပေါ့နော်။ မိသားစုဘဝတစ်ခုကို လိုတော့လိုချင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဒီအခြေ အနေမျိုးမှာ မလိုချင်သေးတာ ကံတရားနဲ့လည်းဆိုင်တာပေါ့နော်။

Ref: Yangon Media Group

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

987..အကသင်တန်း ဖွင့်ထားသည့် ခေမီကို ( 21.8.10 )

 
click to zoom


          ခေမီကိုသည် အနောက်တိုင်း အက၊ အာရဗစ်အက၊ ရက်တီနို အကများကို ၂၀၀၁ ခုနှစ်ခန့်တွင် စတင် သင်ယူခဲ့သူ ဖြစ်သည်။ "ခေမီကိုနှင့် သူငယ်ချင်းများ" ဆိုသည့် အကအဖွဲ့ကို ၂၀၀၃ ခန့်က ထူထောင်ကာ ရှိုးပွဲများ၊ စင်တင်ပွဲများတွင် ကပြခဲ့သည်။ ၂၀၀၅ ခုနှစ်ခန့်တွင် စတင် လူသိများလာခဲ့သည်။

        ယခုလက်ရှိတွင် အကပညာ လေ့လာ လိုသူများ အတွက် အက သင်တန်း ဖွင့်လှစ်ထားသည်။ မကြာသေးမီက အဆိုတော် Lဆိုင်းဇီ၏ စင်တင်ပွဲကို ရန်ကုန် အမျိုးသား ကဇာတ်ရုံတွင် ကျင်းပခဲ့ရာ ခေမီကိုနှင့်အဖွဲ့က ၂၀၁၀ ကမ္ဘာ့ဖလား သီချင်း "ဝါကာ ဝါကာ" နှင့် တင်ဆက်ကပြခဲ့သည်။

        ခေမီကိုနှင့်အဖွဲ့ ကထားသည့် ဗီဒီယိုဖိုင်ကို အင်တာနက် youtube ဝက်ဘ်ဆိုက်တွင် တွေ့ရပြီး ခေမီကို၏ ဝတ်စားဆင်ယင်မှုနှင့် အကကို ဝေဖန်မှုများ ရှိနေသောကြောင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေးမြန်းထားပါသည်။

မေး။ ။ ခေမီကို ကို လူသိများသွားတဲ့၊ မှတ်မှတ်ရရ ဖြစ်သွားတဲ့ ပွဲမျိုး ရှိလား။
ဖြေ။ ။ People မဂ္ဂဇင်းက ဒုတိယအကြိမ် miss ရွေးပွဲပေါ့။ အဲဒီမှာ ရှာကီယာတို့ သီချင်းတွေနဲ့ ဗိုက်လှုပ်တဲ့ အကမျိုး တွေကို performance အနေနဲ့ ခေမီကိုအဖွဲ့ကနေပြီး လေးယောက် တင်ဆက်တဲ့ ပွဲမှာ လူပိုသိသွားတယ်။ ဒုတိယ အကြိမ်မြောက် miss ရွေးပွဲ people မှာပါ.

http://api.ning.com/files/prJ7-lirmVN*OGd5KZYRJ6VyxCBza8DjWiKe-3LG1szMvYrnpTsGIH09hWgHyv18Zma4Koqyn-4vj-*Msn1199l-3uOu21vj/861695008.jpeg
          ခေမီကို နဲ့ waka waka


မေး။ ။ အဲဒီမှာ ရှာကီယာ ပုံစံနဲ့ ကတာကို လူသိများသွားတာလား။
ဖြေ။ ။ ဟုတ်တယ်။ ရှာကီယာ ပုံစံ နဲ့ရယ်လို့တော့ မဟုတ်ဘူး။ အဲဒီပေါ်မှာ အခြေခံထားတဲ့ ဗယ်လီ ဒန့်စ်ပေါ့ အဲဒီပုံစံနဲ့ ခေမီကိုတို့ ကဖြစ်တာပေါ့။

မေး။ ။ မြန်မာအက စသင်ဖြစ်ရာကနေ အနောက်တိုင်း အကဘက်ကူးသွားတဲ့ အကြောင်း ပြောပြပါဦး။
ဖြေ။ ။ ယဉ်ကျေးမှုတက္ကသိုလ်က ဆရာမ ဒေါ်နီဝင်းနဲ့ မြန်မာအက စသင်တယ်။ ပုဂံအကတို့ ပျူအကတို့ သင်ရတယ်။ မြန်မာအကကိုတော့ ပထမဦးဆုံး စကတယ်။ အဲဒီနောက်ပိုင်းမှာမှ ဒစ္စကို၊ အနောက်တိုင်း အကတွေ လေ့လာဖြစ်တာပါ။ အနောက်တိုင်း အကကိုတော့ ဆရာက နည်းနည်းပါးပါး အခြေခံတွေ ပြတယ်။ ပြီးတော့မှ ကိုယ်က အမြင်နဲ့ တတ်တာ တွေက များတယ်။

အဲဒီတော့ ကိုယ်တတ်ထားတဲ့ ပညာတွေကို ဘယ်လို ဖော်ထုတ်မလဲ၊ ဘယ်လို တင်ဆက် မလဲဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဦးနှောက်၊ ဉာဏ်စွမ်း ဖြစ်သွားပြီလေ။ အဲဒီ အပေါ်မှာ ခေမီကို အခြေခံပြီး တီထွင်ပါတယ်။

http://www.perfectmagazineonline.com/journal/perfect_news/images/upload/volume30/aug7.jpg


မေး။ ။ ခေမီကိုတို့ အခုကတဲ့ ပုံစံက တော်တော်လေးလည်း ပင်ပန်းမယ် ထင်တယ်။ အဲဒီတော့ အမောလုံဖို့ အတွက် ဘယ်လိုလုပ်လဲ။
ဖြေ။ ။ ပင်ပန်းတယ် ရယ်လို့တော့ မဟုတ်ဘူး။ ခေမီကိုကတော့ ဂီတ အပေါ်မှာ စိတ်သွင်းပြီး Mood ဝင်နေတယ်။ ကျွန်မကို ကြည့်တဲ့ လူတွေကလည်း ပြောကြတယ်။ တချို့ဆိုရင် တော်တော်ကြီးကို လှုပ်ရှားရတယ်၊ အရမ်းပင်ပန်းမှာပဲလို့ ပြောကြတယ်လေ။ ခေမီကို ကတော့ စင်ပေါ်မှာ ရောက်ပြီဆိုရင် သီချင်းနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လူတယောက် အဖြစ်ပေါ့၊

အဲဒီလိုမျိုး သီချင်းပေါ်မှာ စီးမျောသွားတယ်။ အဲဒီလို ပုံစံမျိုး ကဖြစ်တယ်။ တကူးတက တော့မဟုတ်ဘူး။ ဒါပေမယ့် ကျန်းမာရေး အတွက်လည်း အရမ်းထိရောက်မှု ရှိတယ်။ အမောခံနိုင်တယ်၊ သက်လုံအား ကောင်းစေတယ်ပေါ့နော်။

မေး။ ။ ခေမီကိုရဲ့ အဝတ်အစား ဒီဇိုင်းတွေကျတော့ ဘယ်သူလုပ်ပေးလဲ။
ဖြေ။ ။ အဝတ်အစား ဒီဇိုင်းကတော့ ခေမီကိုနဲ့ လိုက်ဖက်တာကို ခေမီကိုရဲ့ စိတ်ကူးထဲမှာ ထွင်ပြီးတော့မှ ဒီဇိုင်နာကို ချုပ်ခိုင်းတာပေါ့နော်။

မေး။ ။ ခေမီကို ဆိုတာကို အိန္ဒိယအကနဲ့ လူသိများလာတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်လား။
ဖြေ။ ။ အိန္ဒိယ အက အစစ်ကြီးတော့ ခေမီကို မကပါဘူး။ ရက်တီနို၊ အာရဗစ် … အဲဒီလို ပုံစံမျိုးကို ခေမီကို ကတာ။ လူသိ များတယ် ဆိုတာက ခေမီကိုတို့က ပွဲတိုင်းလိုလိုမှာ လက်ခံတာက အစ ဒီလိုမျိုး အကမျိုး ဖြစ်နေတာကိုး။ လူငယ်အကတွေ ခေမီကိုတို့ ကရတာပဲ။ ဒါပေမယ့် တခါတလေမှ ကဖြစ်တယ်။

ဒီလိုမျိုး ပွဲတပွဲမှာဆိုရင် လေးပုဒ် ကလိုက်ရတယ်ဆိုရင်၊ လေးပုဒ်ထဲမှာမှ အများဆုံး သုံးပုဒ်က လက်ခံနိုင်တဲ့ အပိုင်းက ရက်တီနိုပဲလေ။ ကျန်တဲ့ hip-hop တွေဘာတွေ လာကပြရင် လူကြီးတွေက မကြိုက်ဘူး။ တချို့လူကြီးတွေ ကြတော့ Classic မှ ကြိုက်တယ်လေ။ ဒီလိုမျိုး လူငယ်အကတွေ ကပြရင် လူကြီးတွေက ကြည့်ရတာ အရမ်း underground ဆန်လွန်းတယ်လို့ သူတို့ စိတ်ထဲမှာ ထင်တာ။

တကယ်တော့ ခေမီကိုတို့က လူငယ်တွေဆိုတော့ underground လိုမျိုး ပုံစံကို ပိုကြိုက် တာပေါ့။ တခါတလေကျရင်တော့ သုံးပုဒ်ကိုတော့ ရက်တီနိုပုံစံ ကပြီး တပုဒ်ကိုတော့ ဒီလိုမျိုး hip-hop စတိုင်လ်နဲ့ပဲ ကတာပေါ့နော်။ မျိုးစုံ ကဖြစ်ပါတယ်။

http://myanmarmp3album.com/wp-content/uploads/2010/07/Image-1.jpg


မေး။ ။ ရှာကီယာရဲ့ ဝါကာဝါကာ သီချင်းနဲ့ ခေမီကို ကထားတယ်နော်။ အဲဒီ အက အင်တာနက်ပေါ်မှာ ရောက်နေတယ်၊ အဲဒါကိုလည်း အရမ်းကို ဝေဖန် နေကြတယ်၊ အဲဒါကိုရော ညီမသိလား။
ဖြေ။ ။ သိပါတယ်။ ခေမီကို ကတော့ ဒီ music ပေါ်မှာ မူတည်ပြီးတော့ သူ့ရဲ့ သံစဉ် တေးသွား အလိုက်ပေါ်မူတည်ပြီး Mood ဝင်သလို ကတာပဲလေ။ ကိုယ်ပိုင်ဟန် အနေနဲ့ ထွင်ပြီးကတာပါ။ ရှာကီယာ ကသလို ခေမီကို ကတာ မဟုတ်ဘူး။ ဒါပေမယ့် ရှာကီယာ သီချင်းကို ကျွန်မနှစ်သက်တယ်၊ သူ့ကို လေးစားတယ်၊ သူ့ကိုကြိုက်တယ်။ သူက သလိုတော့ ခေမီကို ကလို့မဖြစ်ဘူးပေါ့။ သူကလှတယ်လေ။

ဒါကြောင့် ကျွန်မကလည်း ကျွန်မရဲ့ ကိုယ်ပိုင် စတိုင်လ် အတိုင်းပဲ ကတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ အမျိုးသမီး တယောက်အနေနဲ့ နည်းနည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ အကကိုပဲ ကရမှာကိုး။ ပြီးတော့ အာဖရိက ဆန်ဆန်လေးနဲ့ ဒီဇိုင်းကို ဖက်ရှင် အေရိုးမားကနေ ပြီးတော့ ဆင်ပေးတာပေါ့နော်။ ဆင်ပေးတဲ့ ပုံစံနဲ့ ကျွန်မတို့က ကိုယ်တိုင် ထွင်ကတဲ့ အကနဲ့ ကတာပါ။

မေး။ ။ ဒီလို ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်ပြီး ကတာကလည်း ကိုယ့်ဘာသာကိုယ် ကတာ မဟုတ်ဘဲ ရှာကီယာ သီချင်းကြီးနဲ့၊ ခိုးချပြီး ကထားတယ် ဆိုတာမျိုး တော်တော်ကြီး ဝေဖန်ထားတဲ့အပေါ်မှာကော ခေမီကို တခုခု ပြောပါဦး။
ဖြေ။ ။ ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ခေမီကိုကို တချို့ကတော့ လက်ခံတယ်၊ တချို့ ကျတော့ လက်မခံဘူး။ ဒါကတော့ အဆိုးနဲ့ အကောင်းဆိုတာ အမြဲဒွန်တွဲနေတာပဲ။ တချို့ကတော့ ကျွန်မတို့ရဲ့ အဝတ်အစား အပေါ်မူတည်တယ်။ အဝတ်အစားကတော့ ခေမီကို တို့က အမြဲတမ်း ကိုယ့်ဘာသာ တီထွင်သလို ဖြစ်နေတယ်။ ဒါပေမယ့် သူများ ကပြီးတာကိုတော့ မကပါဘူး။

အခု ထွက်နေတဲ့ ရှာကီယာရဲ့ VCD ကို တွဲပြီး ကြည့်လို့ရပါတယ်။ အကတွေက တပုံစံတည်း မဟုတ်ဘူးလေ။ အာရဗစ် ပုံစံကတော့ ဒီလိုမျိုး ပုံစံပဲ သွားရမှာပဲ။ ပုံစံ ကူးတာတော့ ခေမီကို မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခေမီကို ဒီသီချင်းကို စနားထောင်ပြီး စပြီး အက ထွင်ကတည်းကိုက ရှာကီယာ ကတာ လုံးဝ မမြင်ဖူးဘူး။ ဒါ လုံးဝ အမှန်အတိုင်း ပြောတာပါ။

လုံးဝ မမြင်ဘူးဘဲနဲ့ ခေမီကိုတို့ အဖွဲ့ အပျော်သဘောနဲ့၊ အရမ်းကို အားပေးတဲ့ အနေနဲ့၊ ဒီကမ္ဘာ့ဖလား ပွဲကြီးကို အားပေးတဲ့ အနေနဲ့ ခေမီကိုကလည်း ကမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ ကကြတာပါ။ ကပြီးတော့လည်း မဆိုင်းဇီ ပွဲလေးမှာ ဒါ ကိုယ့်အစ်မ တယောက်ကို ဒီပွဲလေးမှာ စုပြီးတော့ ပျော်စေချင်တဲ့ စိတ်သဘောနဲ့ ခေမီကိုတို့က ကပေးတာလေ။

ပုံတူကူးချတယ်လို့ ပြောရင်တော့ နည်းနည်းလေး မှားမယ်လို့ ခေမီကို ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယှဉ်ကြည့်လို့ ရတယ်လေ။

မေး။ ။ အဲဒီတော့ ဝတ်စား ဆင်ရင်မှုနဲ့ ပတ်သက်ပြီးတော့ရော၊ ဒါကို မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီဘူး၊ ဗိုက်ကို ဖော်ထားတယ်၊ ရင်တွေ၊ တင်တွေလှုပ်ပြီး ကတယ်ဆိုတာမျိုး ဝေဖန်ကြတာတွေကို ညီမအနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ဒါကတော့ ခေမီကို့ အတွက်ကတော့ မဆန်းတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခေမီကို အစကတည်းက ဒီရှာကီယာ သီချင်းတွေနဲ့ပဲ ဗိုက်ဖော်ပြီး ကလာတာကိုး။ ခေမီကို အတွက်ကတော့ ဒီဟာက အဆန်းကြီး မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ်၊ ဗိုက် ဘယ်လောက်ပဲ ပေါ်ပေါ် ဘယ်လိုပဲ ခေမီကို လုပ်လုပ် ခေမီကို ကတော့ မြန်မာအမျိုးသမီး တယောက်ပါပဲ။ မြန်မာအမျိုးသမီး စိတ်ဓာတ်အပြည့်ရှိပါတယ်။

http://i.ytimg.com/vi/1kA-1SW2bF8/0.jpg


မေး။ ။ အဲဒီတော့ မြန်မာအမျိုးသမီး တယောက်ရဲ့ စိတ်ဓာတ်နဲ့ ဒီဝတ်စား ဆင်ယင်မှုနဲ့ မဆိုင်ဘူးလို့ ပြောချင်တာလား။ အဲဒီလိုပဲ ညီမက ခံယူထားတာလား။
ဖြေ။ ။ ဟုတ်ကဲ့ ခေမီကိုကတော့ အဲဒီလိုပဲ ထင်တယ်။ အဓိကကတော့ အနုပညာပေါ့နော်။ အနုပညာ ကောင်းဖို့ပဲ လိုတယ် ထင်တယ်။

မေး။ ။ ခေမီကိုက ဒီအကနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ ဆက်လုပ်သွားဖို့ အစီအစဉ် ရှိလဲ။ ဘာတွေ ဆက်လေ့လာဖို့ အစီအစဉ် ရှိလဲ။ ညီမနောက်ထပ် ဘာတွေ လုပ်ချင်သေးလဲ။
ဖြေ။ ။ အဲဒါကတော့ ခေမီကို စိတ်ကူးပေါ်ရင် ပေါ်သလိုတော့ လုပ်ဖြစ်ပါတယ်။ တခြားတော့ ဘာစိတ်မှ မရှိဘူးပေါ့နော်။ ကမယ်၊ music ကောင်းရင်၊ ခေမီကိုတို့ အဖွဲ့နဲ့ လိုက်ဖက်ရင် ခေမီကို တို့ကတော့ ကတယ်။ သေချာတာကတော့ အသစ်အနေနဲ့ အမြဲတမ်း ထွင်ဖြစ်ပါတယ်။

ပေါ်တာ၊ မပေါ်တာတွေကတော့ ခေမီကို မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဓိက ခေမီကို ပြောချင်တာက တချို့ အရင်တုန်းက ၂၀၀၂ – ၂၀၀၃ လောက် တုန်းက ကခဲ့ကြသလို စကတ် တိုတိုလေးတွေဝတ်၊ ဘောင်းဘီ အကျပ် တိုတိုလေးတွေ ဝတ်ပြီးတော့ sexy အက ကတာလည်း မဟုတ်ဘူး။ ခေမီကို တို့က တကယ့် အကကို၊ အနုပညာကို ကပြတာပါ။

မေး။ ။ ခေမီကိုတို့ အကတွေက sexy အကနဲ့ မတူဘူး၊ ကွဲတယ်လို့ ပြောချင်တာလား။
ဖြေ။ ။ အရမ်းကို ကွဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာကြီး ဝတ်ပြီး ဗိုက်ကြီး ပေါ်ပြီး sexy ကတာလည်း မဟုတ်ဘူးလေ။ မယဉ်ကျေးတဲ့ အကတွေ ကတာလည်း မဟုတ်ဘူး။ ခေမီကိုတို့က တကယ်ကို လိုင်း ရှိတဲ့ ဟာတွေကို ကတာပေါ့နော်။ အဲဒီတော့ သူ့ရဲ့ အဝတ်အစား ပုံစံတွေကတော့ ဒီလိုပဲ လာတယ်လေ။ သူ့ရဲ့ လိုင်းပေါ့နော်။ ဒါပါပဲ။

မေး။ ။ အခု အင်တာနက်ပေါ်မှာ ဝေဖန်တာ ပြည်တွင်းမှာရော အဲဒီလို တည့်တည့် ဝေဖန်တာမျိုး ခံရတာ ရှိလား။
ဖြေ။ ။ ရှိတာပေါ့၊ အများကြီး။ တချို့ကလည်း ကောင်းတယ်ပေါ့၊ တချို့ကလည်း မကောင်းဘူးပေါ့။ ဒါကတော့ လိုတဲ့ လူ၊ မလိုတဲ့ လူပေါ်မှာ မူတည်တယ် ပေါ့နော်။

မေး။ ။ အဲဒီတော့ ယဉ်ကျေးမှု ပေတံဆိုတာနဲ့ နေရာတကာ လိုက်တိုင်း သင့်တယ်လို့ ညီမထင်လား။ တချို့ အနုပညာတွေမှာ လွှတ်ပေးသင့်တယ်လို့ ထင်လား။ ညီမ ဘယ်လို သဘောရလဲ။
ဖြေ။ ။ ခေမီကို ထင်တာကတော့ ကိုယ်တကယ် လုပ်နိုင်တယ်ဆိုရင် ဘယ်လောက်ပဲ ပေါ်ပေါ် လုပ်ပါ။ တကယ် အနုပညာ စစ်ရင်တော့ ဘယ်လောက်ပေါ်ပေါ် လုပ်၊ လှတယ်။ ခေမီကို ဆိုလိုတာကလေ အဲဒီလို ယဉ်ကျေးမှု ပေတံနဲ့ တိုင်းတယ်၊ မတိုင်းဘူး ဆိုတာထက် ကိုယ့်အပေါ်မှာပဲ မူတည်တယ်ပေါ့နော်။ ကိုယ့် ဂုဏ်သိက္ခာ၊ ကိုယ်ယုံကြည်ချက် ခိုင်တယ် ဆိုရင်တော့ မြန်မာ အမျိုးသမီး တယောက် အနေနဲ့ ဘာမှ မဖြစ်လောက်ပါဘူး။ ခေမီကိုတို့ ကတော့ သေချာတာက ဒီအက တကယ်ရှိလို့ ခေမီကိုတို့ လုပ်တာပါ။

မေး။ ။ ခေမီကို အနေနဲ့ ဖက်ရှင် ဒီဇိုင်း အမျိုးမျိုးကို ထွင်ပြီးတော့ ဝတ်နေရတဲ့ သူလည်း ဖြစ်တယ်၊ နောက်တခုက ခုနက ညီမပြောသွားတာ၊ ပုဂံ အကတွေလည်း ကတယ်ဆိုတော့ ပုဂံခေတ်က အမျိုးသမီးတွေရဲ့ ဝတ်စား ဆင်ယင်မှု တွေကိုရော ညီမ လေ့လာဖူးလား။
ဖြေ။ ။ လေ့လာဖူးပါတယ်။ အခုဆိုရင် မြန်မာအမျိုးသမီးရေးရာ အဖွဲ့အတွက် ခေမီကိုတို့ မြန်မာ့ အသံတို့၊ မြဝတီတို့မှာ လွှင့်တော့မှာပါ။ အဲဒီ ပုဂံအကကို ခေမီတို့ ညီအစ်မ နှစ်ယောက် ကပေးထားတာပါ။ ဆရာမတွေကလည်း အကုန်လုံး သင်ပေးတယ်။ သူတို့တွေကတော့ လုံးဝကို မြန်မာရှေးရိုး ဆန်ဆန်၊ ရှေးခေတ်ပုံစံ အတိုင်း အဲဒီလို ဝတ်ကြတာပေါ့နော်။

မေး။ ။ အဲဒီခေတ်မှာကော အမျိုးသမီးတွေရဲ့ အဝတ်အစားတွေက ဗိုက်တွေ ဘာတွေ မပေါ်ဘူးလား။
ဖြေ။ ။ အဲဒီ ခေတ်တုန်းကတော့ မပေါ်ပါဘူး။ နည်းနည်းပါးပါး ပေါ်တယ်ဆိုတာကလည်း ချက် နေရာလောက်ပေါ့။ တကယ်တော့ ပုဂံခေတ် အရမ်းစစ်သွားလို့ရှိရင် လုံးဝ မပေါ်ပါဘူး။ ဒါပေမယ့် ရက်တီနိုဘက်ကို ဝင်သွားလို့ရှိရင်တော့၊ ရောမ ခေတ်ကို ရောက်သွားပြီ။ ရောမခေတ်ဘက်ကို ရောက်သွားပြီ ဆိုလို့ရှိရင် ဒီဟာက အနောက်တိုင်း ဘက်ကို ရောက်လာပြီ။ အနောက် တိုင်းဘက်မှာ အဲဒီ ရက်တီနိုနဲ့ ပတ်သက်ပြီး ပေါ်တာ၊ မပေါ်တာထက် သူတို့ ရိုးရာ ဝတ်စုံတွေ အများကြီး ရှိတယ်။ ခေမီကိုတို့ လိုက်မမီ တာတွေလည်း အများကြီး ရှိပါတယ်။

မေး။ ။ ခေမီကိုအနေနဲ့ တခြား နိုင်ငံတွေမှာ အကနဲ့ ပတ်သက်တဲ့ ကျောင်း သွားတက်ချင်တဲ့ ဆန္ဒ မရှိဘူးလား။ ထပ်ပြီးတော့ အကပညာနဲ့ ပတ်သက် ပြီးတော့ လေ့လာဖို့ပေါ့။
ဖြေ။ ။ ဟုတ်ကဲ့ ထပ်ပြီးတော့ လေ့လာဖို့ မရှိဘူးလား ဆိုတော့ ရှိတာပေါ့၊ အရမ်း ရှိတယ်။ ဟိုကလည်း သူတို့ အဖွဲ့ဝင်အနေနဲ့ ကဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ခေမီကို တို့ကတော့ မြန်မာပြည်မှ မြန်မာပြည်ပဲ။ ဘယ်မှ မသွားဘူး။

မေး။ ။ ဒါဆိုရင် နိုင်ငံခြားက ခေါ်တယ်ပေါ့ ဟုတ်လား။
ဖြေ။ ။ ဟုတ်တယ် ခေါ်တယ်။ နိုင်ငံတစ်နိုင်ငံက သူတို့အက အဖွဲ့မှာ ဝင်ကပေးဖို့၊ သူတို့နဲ့ ပူးပေါင်းပေးဖို့။ ဒါပေမယ့် ခေမီကိုကတော့ အေးအေးဆေးဆေးပဲ ဒီမှာနေမယ်လေ၊ နော်။ အခုအချိန်က အစစအရာရာ ခေတ်မီနေပြီလေ။ ခေမီကိုတို့ လုပ်နိုင်သလောက်တော့ လုပ်သွားမှာပါ။ မလုပ်နိုင်ရင် မလုပ်ဘူးပေါ့။ အေးအေးဆေးဆေးပဲ။ ခေမီကိုတို့ကို ဟိုဘက်ကလည်း ခေါ်တယ်ဆိုတဲ့နေရာမှာ တခါတလေကျရင် အဆင်ပြေတာရှိပါတယ်၊ ဒါပေမယ့် ကိုယ့်နိုင်ငံနဲ့ သူများနိုင်ငံမှာ နွေးထွေးမှုခြင်း မတူဘူးလေ။ အဲဒါကြောင့် ကိုယ့်နိုင်ငံမှာ ကိုယ့်ဟာကိုယ် ပျော်သလို ကတာပဲ ကောင်းပါတယ်။

မေး။ ။ ခေမီကို ဆိုတဲ့ နာမည်က ဘာလူမျိုးရဲ့ နာမည်လဲ။
ဖြေ။ ။ ဂျပန်နာမည်လေးကို ကြိုက်လို့ သုံးထားတာ။ ကိုယ်နဲ့လည်း လိုက်လို့ပေါ့နော်။ ခေမီကို ဆိုတာ ပြုံးအလှ ပိုင်ရှင်လို့လည်း ပြောလို့ရတယ်၊ အတောက်ပဆုံးကြယ် လို့လည်း ပြောလို့ရတယ်။

မေး။ ။ ခေမီကို့ကို ဝေဖန်တဲ့သူတွေကိုကော၊ လက်ခံတဲ့ ပရိတ်သတ်ကိုကော ဘာပြောချင်လဲ။
ဖြေ။ ။ ကောင်းတယ်ဆိုရင်လည်း ကောင်းတယ်ပေါ့၊ မကောင်းဘူး ဆိုရင်လည်း မကောင်းဘူးပေါ့။ ပြောတာ လက်ခံပါတယ်။ ဝေဖန်တာ၊ မဝေဖန်တာထက် သေချာ လေ့လာကြည့်ရင် သိသာပါတယ်။ ခေမီကိုက ခေမီကို့ကို ကောင်းတယ်လို့ပဲ ပြောရမယ်လို့ မဆိုလိုပါဘူး။ ဒါက လူ့ရဲ့ စိတ်အလိုအလျှောက် ဖြစ်လာတာပဲလေ။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဒါပေမယ့် ခေမီကိုတို့ကတော့ တတ်နိုင်သလောက် ကိုယ့် အနုပညာကို ကိုယ် ဖော်ထုတ်နေမှာပါ။ ။

Ref: Internet


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

972..ထက်ထက်မိုးဦးအမှု တရားလိုပြသက်သေ စတင်စစ်ဆေး ( 18.8.10 )

 
ရန်ကင်း တရားရုံးတွင် ၂ လကျော်ကြာ တရား ရင်ဆိုင်နေရသော် ထက်ထက်မိုးဦးအမှုအား  ပထမအကြိမ် တရားလိုပြ သက်သေ ကို စစ်မေးခဲ့သည်.......

တရားသူကြီး********************************************* ဦးနေအောင်
တရားလိုပြ သက်သေ*************************************ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာ မ၀င်းဝင်းမာ


တရားသူကြီး***** The Voice မှာပါတဲ့ ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမေးအဖြေ တွေကို ဖတ်ဖူးလားလို့ မေးတယ်။ အဲဒီမေးခွန်းတွေက အနုပညာနဲ့ ဆိုင်လား၊ ဘယ်ဟာကို အနုပညာလို့ ထင်လဲ

မဝင်းဝင်းမာ***** တရားသူကြီး၏ မေးခွန်းများသည် အနုပညာရှင်ဖြေရမည့် မေးခွန်းများသာ ဖြစ်ကြောင်း.....

"ထက်ထက်မှာက နှလုံးရောဂါရှိတော့ သူ့ပရိသတ်တွေက သူ့ကျန်းမာရေး ကောင်း၊ မကောင်းဆိုတာ အရင် သိချင်ကြမှာပဲလေ။ နောက်၊ အိမ်ထောင်ရေး ဆိုတာလည်း သိချင်ကြမှာပဲ။ သာမန် အရပ်သူဆိုရင်တော့ ဘယ်သိချင်ကြမလဲလို့ ဖြေလိုက်တယ်" ဟု    မဝင်းဝင်းမာက ပြောပြသည်။

               တရားသူကြီး ဦးနေအောင်က ယင်းမေးခွန်း တခုတည်းသာ စစ်မေးခဲ့ပြီး တရားခံရှေ့နေကသာ ကိုယ်ထိ လက်ရောက်မှုနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းသည်။

အမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန် ၃ ရက်တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ ဖြင့် ထက်ထက်မိုးဦးအား တရားစွဲတင်ထားသည်။

             ထက်ထက်မိုးဦးက ဇူလိုင် ၁၃ ရက်တွင် တရားရုံးသို့  ဆေးစာတင်ပြခဲ့ပြီး ယခုရုံးချိန်းအထိ လာရောက်ကြားနာခြင်း မရှိသေးပေ။

               သတင်းထောက်အေးသူစံဘက်က တရားလိုပြ သက်သေအဖြစ်
1....မ၀င်းဝင်းမာ၊
2.... ကိုဘုန်းနေလ၊
3....ကိုသန့်စင်အောင  နှင့်
4....မအေးမြကျော် တို့ကို တင်သွင်းထားပြီး လာမည့် ၃၁ ရက်နေ့တွင် တရားလိုပြ သက်သေများကို ဆက်လက် ကြားနာမည်........

ထက်ထက်မိုးဦးသည် ဇူလိုင်လ ၃၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။

 


Credit :
ဧရာဝတီ.

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

963..အဆိုတော် မိုးမိုး နှလုံးသွေးကြောပိတ် ဝေဒနာ ဖြစ်ပွား ( 17.8.10 )

 



The image

အဆိုတော် မိုးမိုးသည် နှလုံးသွေးကြောပိတ် ဝေဒနာ ဖြစ်ပွားမှုကြောင့် အနုပညာလုပ်ငန်း အချို့အား ရပ်နားခဲ့ရကြောင်း အဆိုတော်မိုးမိုး က ပြောပါသည်။

 
    "ဆာတိုရီနဲ့ ရိုက်ဖို့ ပြောထားတဲ့ ဇာတ်ကားတစ်ကား၊ နေပြည်တော်မှာ ဆိုမယ့်စတိတ်ရှိုးနဲ့ စင်ကာပူ ခရီးစဉ်တစ်ခုကို နှလုံးရောဂါကြောင့် ဖျက်လိုက်ရပါတယ်။ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆေးရုံက ပြန်ဆင်းလာပါတယ်။ သြဂုတ်လ ၁၆ နေ့ကစပြီး ဆေးရုံသုံးရက် ပြန်တက်ရပါမယ်။ ဒီတစ်ခါ ပြန်ဆင်းလာရင်တော့ အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်ပြန်လုပ် နိုင်ပါပြီ"ဟု မိုးမိုးက ပြောကြားခဲ့ သည်။


    မိုးမိုးသည် လတ်တလောတွင် သီချင်းရေးသားခြင်း၊ သီဆိုခြင်းတို့ ကို ခေတ္တရပ်နားထားပြီး နေအိမ်တွင် အနားယူလျက် ရှိနေကြောင်း သိရှိရသည်။ မိုးမိုးသည် သြဂုတ်လ ၁၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးအနု ပညာလှုပ်ရှားမှု အဖြစ် ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် အတူ ပါဝင်သွားမည်ဟု သိရှိရပါသည်။

Ref:Eleven media grop


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

944.. သရုပ်ဆောင် သီရိရှင်းသန့် နှင့် တွေ့ခဏတာ { 13.8.10 }

 
http://api.ning.com/files/8H4KgK9W6uM3L3yk3M-MfG*OWSwbdwkzSrpPyYUnNkc-GntT2ndPxDSMA4zx-ff99ukimYAJc815jOK17hJy7FcUUbJK4ZmH/1.jpg?width=104&height=139

http://api.ning.com/files/fv9HkRjarxXH28HdrKoNpVFj54o2PxhRkLGomzn3p6HFAWuAyishg4xsxd7Qhqrh-9fmakbyh-c5aVQhZ*cF0DZZvFsrvAnf/3.jpg?width=139&height=93

Beautiful Myanmar : အစ်မရဲ့ အနုပညာလှုပ်ရှားမှုလေးပြောပြပေးပါအုံး။
သီရိရှင်းသန့် : အခု VCD သီချင်းရယ်၊ နောက်ပြီးတော့ ကြော်ငြာရိုက်ထားပါတယ်၊ ကော်ဖီကြော်ငြာတစ်ခု၊ မှန်ချိုဆေးကြောငြာတစ်ခုရိုက်ထားပါတယ်။
     
Beautiful Myanmar : ကျန်ခဲ့တဲ့ရက်တွေက အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလှုပ်ရှားဖြစ်ခဲ့လဲ။
သီရိရှင်းသန့် : Wall Sheet တွေရိုက်ထားပါတယ်။ Hello မဂ္ဂဇင်းအတွက်ရယ် နောက်ပြီးတော့ နိုင်ငံတော်အကျိုးပြုသီချင်းတွေရိုက်ထားပါတယ်။ မြန်မာအသံကရိုက်တာပါ။
     
Beautiful Myanmar : နောက်ထပ်ဘာတွေများ လှုပ်ရှားဖို့ရှိပါသလဲ။
သီရိရှင်းသန့် : အင်း-- ကားရိုက်ဖို့ရှိပါတယ်။ ပြီးတော့နို့မှုန့်ကြောငြာရယ်။ နောက်သီတဂူလက်ဝတ်လက်စားကြော်ငြာ ရိုက်ဖို့ရှိပါတယ်။ ဗီဒီယိုရိုက်ဖို့ပြောထားတာတွေက နိုင်းနိုင်းနဲ့ရိုက်မယ်လို့ပြောတယ်။ သေသေချာချာတော့မသိသေးဘူး။ မန္တလေးမှာလည်း Wall Sheet တွေဘာတွေရိုက်ဖို့ရှိပါတယ်။ ဆိုင်ကြော်ငြာတစ်ခုပါ။
     
Beautiful Myanmar : အစ်မငယ်ငယ်က ဖြစ်ချင်တဲ့ဘဝနဲ့ အခုလက်ရှိဘဝကဘယ်လိုများ ကွာဟချက်လေးတွေရှိပါသလဲပြောပြပေးပါအုံး။
သီရိရှင်းသန့် : ငယ်ငယ်တုန်းကတော့ တအားဖြစ်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီမသိစိတ်ထဲမှာ အနုပညာအလုပ်တွေလုပ်ချင်တာပေါ့။ ဓါတ်ပုံတွေရိုက်ဖြစ်ပါတယ်။။
     
Beautiful Myanmar : အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာပုံက....
သီရိရှင်းသန့် : ဘယ်လိုရောက်ခဲ့တာလည်းဆိုတာက Alpine ပြိုင်ပွဲဝင်ပြိုင်မယ် ဆိုပြီးတော့ရောက်လာတာပါ။ ဒီရောက်တော့ ပြိုင်ပွဲကမလုပ်ဖြစ်ဘူး။ ဒါပေမယ့်ဓါတ်ပုံဆရာတွေနဲ့ ခင်သွားတယ်။ ကိုအေးဇော် တို့ပေါ့နော်။ အဲ့ဒါနဲ့ နောက်ပိုင်း ဒီလောကထဲရောက်လာတာပါ။
     
Beautiful Myanmar : အနုပညာလောကမှာ မသီရိရှင်းသန့်ဆိုတဲ့ နာမည်ကို လူတွေလက်ခံလာတာက ...
သီရိရှင်းသန့် : ကျွန်မထင်တာကတော့ သီချင်းတွေမှာ သရုပ်ဆောင်ရတယ်။ ပြီးတော့ နိုင်ငံတော်အကျိုးပြု သီချင်းတွေကနေပြီးတော့ သိကြတယ်လို့ထင်ပါတယ်။ ပြီးတော့ ဂျာနယ်တွေမဂ္ဂဇင်းတွေမှာလည်း ပါတယ်ဆိုတော့ အဲ့ဒီကနေပြီး သိကြတာထင်ပါတယ်။
     
Beautiful Myanmar : ကိုယ့်ရဲ့မွေးရပ်မြေကို သတိရတာမျိုးတွေ ရှိပါသလား။ပြန်ချင်တာမျိုးတွေ ရှိပါသလား။
သီရိရှင်းသန့် : အင်းအဲ့လိုမျိုးတော့ရှိပါတယ်။ ဒီမှာဘဝအခက်အခဲတွေ ကြုံလာတဲ့အခါ အိမ်ကိုလွမ်းတဲ့စိတ်က ဖြစ်တာပေါ့နော်။ အဲ့အချိန်ကျရင်တော့ စိတ်တွေအရမ်းမွန်းကျပ်လာတယ်။ ထွက်ပြေးချင်တယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာက ဒီမှာပဲရှိတာလေ။ ဒီအလုပ်ကိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့အတွက် နေရာတစ်နေရာရအောင် ကြိုးစားမယ်ဆိုပြီးတော့ ဒီမှာပဲနေတာပါ။
     
Beautiful Myanmar : အစ်မရဲ့ဘဝလက်တွဲဖော် ရွေးချယ်ထားတာရှိပါသလား။
သီရိရှင်းသန့် : အဲ့ဒါတော့ မစဉ်းစားသေးဘူး(ရယ်လျက်) အခုက အလုပ်ပဲခေါင်းထဲမှာရှိပါတယ်။ အချစ်ဆိုတာကတော့ ရှိလည်းကောင်းတယ်။ မရှိလည်းကောင်းတယ်(ရယ်လျက်)။ တစ်ယောက်ကို တစ်ယောက်သစ္စာရှိရမယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ရမယ်။ အနုပညာလုပ်တဲ့လူတွေက ဥပမာ ချစ်သူက ဖုန်းဆက်လာလို့ မကိုင်ဘူးဆိုရင် ဟိုဘက်ကနားလည်ပေးနိုင်မှလေ။ မဟုတ်ရင် တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုး၊ ရန်ဖြစ်ပြီးကွဲသွားကြရင် အဆင်ပြေမှာမဟုတ်ဘူး။ နားလည်ပေးနိုင်တဲ့သူက အကောင်းဆုံးပါပဲ။ ကိုယ့်အလုပ်ကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရော ပြီးတော့ ယုံကြည်မှုလည်းရှိရမယ်ပေါ့နော်။ ပြီးတော့ ညီမ အောင်မြင်မှုတစ်ခုရမှပဲ ဒီကိစ္စတွေကို စဉ်းစားမှာပါ။
     
Beautiful Myanmar : အစ်မ E-mail သုံးပါသလား။
သီရိရှင်းသန့် : ဟုတ်သုံးပါတယ်။ ဒါပေမယ့် Reply မလုပ်ဖြစ်မှာကြောက်တယ်။ ဒါကြောင့် facebook ကိုယူလိုက်နော်။ သီရိရှင်းသန့်ပါပဲ။
Beautiful Myanmar : အစ်မရဲ့ ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးပြောပြပေးပါ။
သီရိရှင်းသန့် : အနုပညာနဲ့ပတ်သက်ပြီး အများကြီးလုပ်သွားဖို့ရှိပါတယ်။ တစ်ခါထက် တစ်ခါပိုကောင်းအောင် ကြိုးစားမှာပါ။ နောက်ပြီး ညီမကိုအားပေးပါလို့ ပြောချင်ပါတယ်။


Ref:Beautiful Myanmar


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

935..​ကယ်​လီ​ဘ​ရွတ်​​ က အ​သက်​နှစ်ဆယ် ကဲ့​သို့​ ​​ခ​န္ဓာ​ကိုယ်​​ မလှတော့ဟုဆို ..11.8.10

 
ကာ​လ​သား​ကြိုက်​ မ​ဂ္ဂ​ဇင်း​ကြီး​၏​ ​မျက်​နှာ​ဖုံး​တွင်​ ​စိတ်​လှုပ်​ရှား​ဖွယ်​ ​ပုံ​ရိပ်​ဖြင့်​ ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ထား​သည့်​ ​ကယ်​လီ​က​ ​သူ​မ​၏​ ​ရင်​သား​များ​သည်​ ​လှ​ပ​ကျော့​ရှင်း​နေ​ဆဲ​ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လွန်​ခဲ့​သည့်​ ​ဆယ်​နှစ်​က​လို​ ​တင်း​ရင်း​မှု​တော့​ ​လျော့​နည်း​နေ​ပြီ​ဖြစ်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။ 

အ ​သက်​ ​၃၀​ ​အ​ရွယ်​ ​ကယ်​လီ​က​ ​သူ​မ​သည်​ Playboy​အ​တွက်​ ​မျက်​နှာ​ဖုံး​ဓာတ်​ပုံ​ ​အ​ရိုက်​ခံ​ရာ​တွင်​ ​အ​နည်းငယ်​ ​စိတ်​မ​သက်​မ​သာ​ ​ဖြစ်​မိ​ကြောင်း​၊​ ​ကျန်​အ​မျိုး​သ​မီးငယ်​များ​သည်​ ​သူ​မ​ထက်​ ​ပို​မို​ပြီး​ပြည့်​စုံ​နေ​သည်​ဟု​ ​ခံ​စား​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။ ​ကယ်​လီ၏​ ​ဓာတ်​ပုံ​များ​ကို​ ​ဘ​ရစ်​တ​နီ​စ​ပီး​ယား​၊​ ​ရီ​ဟာ​နာ​၊​ ​ဂျ​နက်​ဂျက်​ဆင်​၊​ ​က​လော်​ဒီ​ယာ​ရှက်​ဖား​တို့​၏​ ​လက်​စွဲ​တော်​ ​ဓာတ်​ပုံ​ဆ​ရာ​ အယ်​ဗန်​ဗွန်​အန်​ဝက်​က​ ​လက်​စွမ်း​ပြ​ ​ရိုက်​ကူး​ပေး​ထား​ခြင်း​ဖြစ်​သည်​။

ကယ် ​လီ​သည်​ ​မ​ကြာ​မီ​ ​ရုံ​တင်​ရန်​ ​စီ​စဉ်​ထား​သော​ ​သည်း​ထိတ်​ရင်​ဖို​ဇာတ်​ကား​ Piranha:​ 3D​ ​တွင်​လည်း​ ​ပါ​၀င်​သ​ရုပ်​ဆောင်​ထား​သည်​။
********************************************************

Her fans will be bowled over: First images of Kelly Brook's Playboy photo shoot released


Posing with an umbrella and a bowler hat, Kelly Brook graces the cover of Playboy magazine in a shoot that is sure to please her legions of male fans.

But in an astonishingly frank interview, Kelly reveals she has all the hang-ups and insecurities of every other woman.

'I'm not 20 any more,' she tells the September issue of the magazine. 'My boobs are real, and they even hang a little.'

The 30-year-old cuts a stunning figure in her bow-tie, cuffs and black lacy underwear, in a shoot entitled 'The U.K's hottest export'.

Kelly Brook

Bowled over: Kelly Brook poses for Playboy magazine in a sultry shoot. The magazine calls the Piranha 3D star 'the U.K.'s hottest export'

The News of the World quote the thirty-year-old admitting to feeling threatened by other models:

'I was a little self-conscious about the shoot because I look at the other girls in the magazine and they're just so perfect.'

The photographs were shot by legendary photographer Ellen von Unwerth, who has worked with Britney Spears, Rihanna, Janet Jackson and Claudia Schiffer, and also feature Kelly in a pink dressing gown.

 

Kelly told celebrity website Fox 411 earlier this month that she was thrilled with how the shoot turned out:

'I was able to produce an amazing photo shoot that I know when I'm old and grey, I can look back on and go, oh my God, that was me when people were interested in seeing me scantily clad.'

Kelly Brook

Insecure: The 30-year-old revealed in the interview that she has body hang-ups and felt nervous posing because she's 'not 20 anymore'

The cover shoot has been timed to coincide with the release of her new horror film Piranha: 3D.

But Miss Brook's curvaceous figure has been attracting criticism recently, firstly from some who were unimpressed that Kelly appeared in a tiny bikini for all of her scenes in the film.

And now road safety campaigners have started a backlash against her nude billboard campaign.

The advertisements, for Reebok, feature Kelly naked except for a pair of trainers, and have been called 'a deadly distraction' for drivers.

Critics are concerned the billboards may have the same effect as the infamous 1994 'Hello Boys!' Wonderbra campaign featuring Eva Herzigova, which was blamed for causing dozens of car accidents.

Kelly wasn't deterred, though, saying she was 'so excited', but also that: 'It's a bit scary having yourself up on a billboard but I suppose I've got to get used to it.'

'It seems this month is my naked month!'

Kelly Brook 'This month is my naked month!' Kelly's Reebok billboard has received backlash from road safety campaigners who fear it will be 'a deadly distraction'

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

933.. မျိုးစန္ဒီကျော်က မိဘကို အမှုဖွင့်..11.8.10

 
            သရုပ်ဆောင် မျိုးစန္ဒီကျော်သည် မိဘအိမ်တွင် ပစ္စည်း ပျောက်ဆုံးမှုဖြင့် သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ထားကြောင်း ၎င်း၏ မိခင် ဒေါ်သူဇာက ပြောသည်။

"ဒီလ ၃ ရက်နေ့က သင်္ဃန်းကျွန်းရဲစခန်းမှာ အန်တီက သူ့ပစ္စည်းတွေ ခိုးပါတယ်ဆိုပြီး တိုင်ထားတယ်။ ရဲစခန်းက ပုဒ်မ ၃၈၀ နဲ့ အမှု လက်ခံထားတယ်လို့ အန်တီတို့သိရတယ်" ဟု ဒေါ်သူဇာက ဧရာဝတီသို့ ပြောသည်။

ထိုအမှုနှင့် စပ်လျဉ်း၍ သင်္ဃန်းကျွန်း ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အသေးစိတ် မပြောနိုင်ကြောင်း တာဝန်ကျ ရဲအရာရှိ တဦးက ပြန်ကြားသည်။

              မျိုးစန္ဒီကျော်ကမူ "သင်္ဃန်းကျွန်း ရဲစခန်းကို တင်ပြထားတာတော့ ဟုတ်ပါတယ်။ အမှုဖွင့်တာတော့ မဟုတ်ပါဘူး။ ပစ္စည်း ပျောက်တာက အိမ်မှာပဲ၊ လွန်ခဲ့တဲ့ ၂ လကျော်လောက်က
ပျောက်တာ။ အားလုံးလည်း သိကြပါတယ်။ မိဘတွေက ကျမကို အမွေပြတ်ဆိုပြီး
စွန့်လွှတ်ထားပါတယ်။ ကျမဘက်က မိဘတွေ စွန့်လွှတ်ရ လောက်အောင် ဘာတခုမှ
မလုပ်ခဲ့ဖူးပါဘူး" ဟု ဧရာဝတီသို့ ပြောသည်။

           မျိုးစန္ဒီကျော် ပျောက်ဆုံးနေသည့် ပစ္စည်းများမှာ လက်ဝတ်လက်စားများ ဖြစ်ပြီး အဆိုပါ ပစ္စည်းများ ပြန်လည်ရရှိနိုင်ရန် ရဲစခန်းမှ တဆင့်
ညှိနှိုင်းစေခြင်းသာဖြစ်ကြောင်း သူက ဆိုသည်။

                 မိဘများက သြဂုတ် ၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မျိုးစန္ဒီကျော်အား သမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့သည်။

             ထိုကြေညာချက် ထွက်ပေါ်လာပြီးနောက် မျိုးစန္ဒီကျော်က ပေါ်ပြူလာဂျာနယ်နှင့် အင်တာဗျူးတခုတွင် သူမအနေဖြင့် မိဘများအား ကိုယ်စိတ် ဆင်းရဲခြင်း ဖြစ်စေရန်
ပြုမှုခဲ့ခြင်းမရှိကြောင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍လည်း မဟုတ်မမှန် ပြောဆို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဖြေကြားထားသည်။

              မျိုးစန္ဒီကျော်သည် မိဘများအား အသိမပေးဘဲ ဖြိုးကျော်ကျော်မြတ်ဆိုသည့် Crab အဖွဲ့ဝင် အဆိုတော်တဦးနှင့် ဧပြီလ ၇ ရက် နေ့က နှစ်ဦးသဘောတူ မင်္ဂလာ
လက်မှတ်ရေးထိုးခဲ့ပြီး လွန်ခဲ့သည့် ၂ လကျော်က အတူပေါင်းသင်း နေထိုင်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သူဇာက ပြောသည်။

           "သူက မိဘတွေကို အသိမပေးဘဲနဲ့ ကောင်လေးအိမ်မှာ တရားသူကြီးခေါ်ပြီး လက်မှတ်ထိုးထားတယ်။ ပြီးခဲ့တဲ့ ၂ လလောက်က စပြီး ကောင်လေးရဲ့ မိသားစုနဲ့ သူ အတူတူသွားနေတယ်။
နေပြီးတဲ့နောက် အခုလို ရဲစခန်းမှာ သူ့ လက်ဝတ်လက်စားတွေ ပျောက်တယ် ဆိုပြီး အန်တီတို့ကို အမှုဖွင့်တာပဲ။ သူလုပ်ချင်သလို လုပ်ပါစေ၊ အန်တီက အမေပဲ။ သူ့ကို
ဘာမှ ပြန်မလုပ်ပါဘူး။ သူလုပ်သမျှ အန်တီခံမှာပါ" ဟု မိခင်ဖြစ်သူက ဆိုသည်။

            ယခုလ ၆ ရက်နေ့ထုတ် Hot News ဂျာနယ် အင်တာဗျူးတွင် မျိုးစန္ဒီကျော်က ၎င်း၏ အချစ်ရေးမှာ အေးဆေး ပင်ဖြစ်ကြောင်း၊ ၎င်း၏ အချစ်ရေးနှင့် ပတ်သက်၍ ပရိသတ်ကို
လိမ်ညာခဲ့ခြင်း မရှိဘူးကြောင်း ပြောခဲ့သည်။


.မျိုးစန္ဒီကျော် အား သမီး အဖြစ်မှ စွန့်လွှတ် ကြောင်း ကြေညာချက် နှင့်ပက်သက်ရ်ျ ပြန်လည်ဖြေရှင်း..


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

930..မျိုးစန္ဒီကျော် အား သမီး အဖြစ်မှ စွန့်လွှတ် ကြောင်း ကြေညာချက် နှင့်ပက်သက်ရ်ျ ပြန်လည်ဖြေရှင်း..[ 10.8.10 ]

 
http://i394.photobucket.com/albums/pp30/zenithzin/MyoSandiKyaw.jpg


၃-၈-၂၀၁၀ ရက် ထုတ်ကြေး မုံသတင်းစာ၊ စာမျက်နှာ ၁၇ တွင်  ကြော်ငြာ ထားသည့် သမီး အဖြစ်မှ

အမွေပြတ် စွန့်လွှတ် ကြောင်း အ များ သိစေရန် ကြေညာချက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်၊ သုမင်္ဂလာ အိမ်ရာ၊ သဇင် မင်းရိပ်သာ၊ အခန်း အမှတ်-၃၀၂၊ တိုက် B တွင် နေထိုင် သူများဖြစ် သော ဦးကျော်မင်းလွင် (၉/ပမန (နိုင်)၁၂၄၄၃၃) နှင့် ဒေါ်ခင်မျိုး နွယ် (၁၂/မဂတ(နိုင်)၀၁၁၇၅၂) တို့၏  လွှဲအပ် ညွှန်ကြားချက် အရ အောက်ပါ အတိုင်း ကြေညာ အပ် ပါသည်။

ကျွန်ုပ်၏ မိတ်ဆွေ များဖြစ် သော ဦးကျော်မင်းလွင် နှင့် ဒေါ် ခင်မျိုးနွယ် တို့၏ သမီးဖြစ်သူ မမျိုး စန္ဒီကျော် (ခ)ဂျိုးဂျိုး (၁၂/မဂတ (နိုင်)၀၈၁၂၀၅) သည် မိဘ တို့၏ သွန်သင် ဆုံးမမှု ကို နာခံမှု မရှိဘဲ ၎င်း၏ သဘော ဆန္ဒ အလျောက်နေ အိမ်မှ ထွက်ခွာ သွားခဲ့သည့် အပြင် ၎င်းအား  မိဘ၏ ၀တ္တရားနှင့် အညီ ကျေပန်စွာ ပြုစု ပျိုးထောင် ခဲ့သည့် မိဘ နှစ်ပါး အပေါ် စိတ်၏ ဆင်းရဲ ခြင်း၊ ကိုယ်၏ ဆင်းရဲခြင်း များဖြစ် စေရန် ရည်ရွယ်ချက် ဖြင့် လူမှုရေး နှင့် ပတ်သက်၍ လည်းကောင်း၊ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် မှုများ နှင့်ပတ် သက်၍ လည်းကောင်း၊ မဟုတ် မမှန် ပြောဆို လုပ်ဆောင် ခဲ့သည့် အတွက် မိဘ နှစ်ပါး အနေဖြင့် စိတ်ဆင်းရဲ မှုများ တွေ့ကြုံ ခံစား နေရပါသည်။

ထို့ကြောင့် မိဘ နှစ်ပါးမှ ၎င်း မမျိုးစန္ဒီကျော်(ခ) ဂျိုးဂျိုး အား သမီး အဖြစ်မှ အမွေပြတ် စွန့်လွှတ် ကြောင်း အများ သိစေရန် ကြေ ညာ အပ်ပါသည်။

လွှဲအပ် ညွှန်ကြားချက်အရ

ဒေါ်ခင်စောဦး (တရားရုံး ချုပ်ရှေ့နေ)၊ စဉ်-၆၇၀၂

အမှတ် ၅၆၁၊ MAC Tower အခန်း-၇၀၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန် မြို့ဟူ၍ သတင်းစာ ကြော်ငြာ ပါရှိလာခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍သရုပ် ဆောင် မျိုးစန္ဒီကျော် ကို ဆက်သွယ် မေးမြန်းခဲ့ရာ "သမီးအနေနဲ့ ၃-၈-၂၀၁၀ ရက်ထုတ် ကြေးမုံ သတင်းစာ မှာပါတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် သုမင်္ဂလာ အိမ်ရာ၊ သဇင်မင်း ရိပ်သာ၊ အခန်း အမှတ်-၃၀၂၊ တိုက်(B) မှာနေထိုင် တဲ့ အဖေ ဦးကျော်မင်းလွင် နဲ့ အမေ ဒေါ်ခင်မျိုးနွယ် တို့ရဲ့ကြော်ငြာ ချက် အပေါ်မှာ သမီး မျိုးစန္ဒီကျော် (ခ) ဂျိုးဂျိုး မှတ်ပုံတင်အမှတ်(၁၂/မဂတ(နိုင်) ၀၈၁၂၀၅)အနေနဲ့ ပြန် လည် ရှင်းလင်း ပြောပြ ချင်ပါတယ်"

"သမီးက အသက် ၁၈ နှစ် ကတည်းက အနုပညာ အလုပ်ကို လုပ်ကိုင်ရ င်း မိဘ နှစ်ပါးကို သား သမီး ၀တ္တရား ထက်ပို လွန်စွာလုပ် ကိုင်ရှာ ဖွေကျွေး မွေးခဲ့ပါတယ်။ သမီး အနေနဲ့  ဘယ်တော့မှ မိဘ နှစ်ပါး အပေါ်မှာ  စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဖြစ်စေဖို့ ရည် ရွယ်ချက်နဲ့ ဘယ်သော အခါမှ ပြုမူ ဆောင်ရွက် ခဲ့ခြင်းမျိုး မရှိပါဘူး။ လူမှုရေး ကိစ္စနဲ့ ပတ်သက်ပြီးပစ္စည်း၊ ဥစ္စာ ပိုင်ဆိုင်မှု များနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ပြောဆို လုပ်ဆောင် ခဲ့ခြင်းမျိုး လုံးဝ မရှိခဲ့ပါဘူး။ အခုလို သမီး အဖြစ်က စွန့်လွှတ် ကြောင်း ကြေညာ လိုက်တာဟာ သမီးပရိ သတ်က သမီး အပေါ် မိဘတွေ အပေါ် ဘယ်လောက် ဆိုးသွမ်း နေလို့ သမီး အဖြစ်က စွန့်လွှတ် လိုက်တာလဲ ဆိုတာ တွေးသွား နိုင် ပါတယ်။ သမီး အပေါ် ပရိသတ် က အထင်အမြင် သေးပြီး အချစ် လျော့သွားမှာ စိုးတယ်။ အဲဒီအ တွက် သမီးက ပြန်ရှင်း ပြရတာ ဖြစ်ပါ တယ်" ဟု ရှင်းလင်း ပြော ကြား သွားပါတယ်။

မြန်မာပို့စ်


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

910.. ဒရမ်မာ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ထွက်ရှိ...7.8.10

 




       ဒရမ်မာဖိုးသက်၏ ဒရမ်တီးခတ်နည်း (အခြေခံမှ အဆင့်မြင့်) စာအုပ်ကို စာပေလောကမှ (၂၉၊၇၊၂ဝ၁ဝ) ရက်နေ့က မြန်မာ တစ်ပြည်လုံးသို့ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ဖိုးသက်သည် (၁၉၉၂)ခုနှစ်လောက် ကတည်းက ဂီတလောကတွင် ခြေချခဲ့သူဖြစ်သည်။ ဖိုးသက်သည် ဒရမ်မာအဖြစ် တီးခတ်ခဲ့သည့် တီးဝိုင်းပေါင်း များစွာ ရှိပြီဖြစ်သည်။ ရုံးပတီသီးလေးများနှင့် မြေပဲယို ဝိုင်းတို့တွင် တီးခတ်ခဲ့သူဖြစ်သည်။ ဂီတလောကတွင် ဖိုးသက်ကို ဂီတဖိုးပါကြီးဟု ကင်ပွန်းတပ် ခေါ်ခဲ့ကြသည်။ ဂီတလောကတွင် (၁၈)နှစ်ခန့် ရပ်တည် လာနိုင်သည် အတွက် ဒရမ်တီးခတ်နည်း စာအုပ်ကို ထုတ်ဖြစ်ခြင်းဖြစ်သည်။ ဖိုးသက်သည် ဒရမ်တီးခတ်နည်းစာအုပ်ကို နှစ်နှစ်ခန့် အချိန်ယူပြီး ရေးခဲ့ရသည်။ မြန်မာပြည်တွင် ဂီတသင်တန်းကျောင်းများ အလွန် ရှားနေသေးသည့် အတွက် ဂီတသင်တန်း ကျောင်းများနှင့် အလှမ်းကွာသည့် လူငယ်များကို တတ်သိ နားလည်စေချင်သည့် စေတနာဖြင့် ပြုစု ရေးသားခြင်း ဖြစ်သည်ဟု ဖိုးသက်ကဆိုသည်။ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ကို Gmi ဂီတသင်တန်းကျောင်းက ထုတ်ပေးခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ဖိုးသက်၏ ဒရမ်တီးခတ်နည်း စာအုပ်ကို ဝယ်သူတိုင်းကို DVD Lesson ခွေတစ်ခွေ လက်ဆောင်ပေးခြင်း ဖြစ်သည်။ ၄င်း DVD တွင် နိုင်ဇော်(Lazy Club)၊ ဒီရော်ဂမ်(Gmi)၊ မောင်မောင်(မြေပဲယို)၊ မောင်ဂျက်(မြေပဲယို)၊ အောင်အောင် (ရော့ခ်မုဆိုး)တို့က featuring ဝင်ရောက် တီးခတ်ပေးထားသည်။


Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

907..မေသက်ခိုင်နှင့် ခဏတာတွေ့ဆုံခြင်း..7.8.10

 

Beautiful Myanmar : အခုရိုက်နေတဲ့ကားလေးပြောပြပေးပါအုံး
မေသက်ခိုင် : "နေနှင့်လ ရွှေနှင့်မြ" ဆိုတဲ့ကားပါ။
     
Beautiful Myanmar : ဘယ်သူတွေ နောက်ထပ်ပါသေးလဲခင်ဗျ
မေသက်ခိုင် : သမီးရယ်၊ ကိုမင်းသွေးရယ်၊ အန်တီဝါဝါအောင်ရယ် ပါပါတယ်။
     
Beautiful Myanmar : ဘာကားတွေရိုက်ဖို့ရှိသေးလဲခင်ဗျ
မေသက်ခိုင် : ကားရိုက်တွေလက်ခဲ့ထားတာတော့ရှိပါတယ်။ ဘာကားတွေလဲတော့ ဇာတ်ကားနာမည်တွေ သမီးမသိဘူး ကားရိုက်လက်ခံတာက မေကြီးပဲလက်ခံတာပါ။
     
Beautiful Myanmar : ရိုက်ပြီးသွားတဲ့ ရုပ်ရှင်ကားပေါင်းဘယ်နှစ်ကားရှိပြီလဲ
မေသက်ခိုင် : ၂ ကားရှိပါပြီ


Beautiful Myanmar : ဗီဒီယိုကားပေါင်းကရော ဘယ်နှစ်ကားရှိပြီလဲခင်ဗျ
မေသက်ခိုင် : (၁၀၀)ကျော်သွားပါပြီ
     
Beautiful Myanmar : သီချင်းဆိုဖို့အစီအစဉ်ရောရှိပါသေးလား
မေသက်ခိုင် : နယ်တွေသွားရင်တော့ ဆိုပါတယ်။ ရန်ကုန်မှာတော့မဆိုဘူး
     
Beautiful Myanmar : သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာနဲ့ဘယ်ဟာကို ပိုပြီးအစ်မအနေနဲ့ပိုအားသန်လဲ
မေသက်ခိုင် : သမီးက အနုပညာလောကထဲ စဝင်လာကတည်းက VCD တို့ကြောငြာတို့နဲ့ဝင်လာတာမဟုတ်ဘူး။ VCD/Video သရုပ်ဆောင်အနေနဲ့ပဲ စဝင်ခဲ့တာဆိုတော့လေ သရုပ်ဆောင်ရတာကို ပိုအားသန်ပါတယ်။ ဇာတ်ကားတွေရိုက်ရတာက ပိုအဆင်ပြေတယ်လေ။ သီချင်းဆိုဖို့က ကိုယ်ကအသံကောင်းဖို့လည်းလိုသေးတယ်။
     
Beautiful Myanmar : အစ်မအနေနဲ့ Facebook တွေ E-mail တွေရောသုံးဖြစ်လား
မေသက်ခိုင် : ဘာမှမသုံးဘူး အချိန်မရှိတာလည်းပါတော့ မသုံးဖြစ်တဲ့သဘောပါ။
     
Beautiful Myanmar : အားလပ်ချိန်မှာ အစ်မဘာတွေလုပ်ဖြစ်လဲခင်ဗျ
မေသက်ခိုင် : အားလပ်ချိန်က အခုလောလောဆယ် ရရင်လိုချစ်နေတယ်။ အခုရာသီက ပြက္ခဒိန်ရာသီဆိုတော့ Wall sheet တွေ Shooting အလာမှာဝင်ရိုက်၊ ပြီးတော့ ကားရိုက်ဆက်လာနဲ့ဆိုတော့ မအားတာကများပါတယ်။
     
Beautiful Myanmar : အနုပညာလောကထဲကို ဘယ်အချိန်မှာ စတင်ဝင်ရောက်ခဲ့တာလဲ
မေသက်ခိုင် : (၁၀)တန်းအောင်ပြီးမှာပါ။ (၁၀)တန်းမအောင်ရင် အနုပညာလောကထဲမဝင်ရဘူးဆိုတော့ အောင်စာရင်းထွက်ပြီးမှာပဲ စဝင်ခဲ့ပါတယ်။
     
Beautiful Myanmar : အပြင်သွားရင် Shopping ထွက်ရင်ဘာတွေဝယ်ဖြစ်လဲ
မေသက်ခိုင် : ပစ္စည်းသေးသေးလေးတွေ၊ ကိုယ်ကြိုက်တာလောက်ပဲ ဝယ်ဖြစ်ပါတယ်။ အနုပညာအလုပ်အတွက်လိုအပ်တဲ့ အသုံးအဆောင်တွေက မေမေရယ်၊ မိတ်ကပ်ဆရာရယ်၊ ဒီဇိုင်နာရယ် ပေါင်းပြီးဝယ်ကြတယ်။ ကိုယ်တိုင်တစ်ခါမှ ထွက်မဝယ်ဘူး
     
Beautiful Myanmar : အစ်မကို အားပေးကြတဲ့ ပရိတ်သတ်ကြီးအတွက် ဆက်သွယ်ရမယ့် လိပ်စာပြောပြပေးပါ။
မေသက်ခိုင် : ၁/၅၀၃ ၊ဝေဇယန္တာအိမ်ရာ၊ သင်္ဃန်းကျွန်းပါ။
     
Beautiful Myanmar : အစ်မရဲ့ ပရိသတ်အတွက် စကားလက်ဆောင်လေးပြောပေးပါအုံး
မေသက်ခိုင် : သမီးကို အခုချိန်ထိအားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။ သမီးလည်းပရိသတ်ကြီးအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
0 comments

906.. Tiger Girl Band ( Ah Moon နဲ့ Su Pyae Muu Eain @ Char Char ) ..7.8.10

 
Ah Moon နဲ့ Su Pyae Muu Eain @ Char Char တို့ပါဝင်တဲ့ Tiger Girl မိန်းကလေးဂီတအဖွဲ့ဟာ ခပ်လန်းလန်းစတိုင်၊ ငယ်ရွယ်နုပျိုတဲ့စတိုင်တွေနဲ့ မိန်းကလေးသူငယ်ချင်းငါးဦးဖြင့်  ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ နိုင်ငံတကာအဆင့်မှီဖို့ ရည်ရွယ်ကြိုးစားနေပြီး သီချင်းတွေကို မြန်မာဘာသာရော အင်္ဂလိပ်ဘာသာရောနှစ်မျိုးစလုံးဖြင့် သီဆိုထားတာတွေ့ရပါတယ်။ Australia မှ International Performance & Trainer Nicole May ကိုယ်တိုင် ကြီးကြပ်တာဝန်ယူထားပြီး မြန်မာပရိသတ်သာမက international ပါထိုးဖောက်ဖို့ရည်ရွယ် လုပ်ဆောင်နေတာတွေ့ရပါတယ်။ သူတို့ရဲ့သီချင်းတွေက ခပ်မြူးမြူး၊ ခပ်လန်းလန်းတွေစတိုင်တွေနဲ့ Performance အပြည့်ဖြင့်ဖျော်ဖြေထားတာတွေ့ရပါတယ်။ Tiger Girl Band အဖွဲ့ဟာ မြန်မာအွန်လိုင်းကွန်ယက်မှာ နာမည်တော်တော်ရနေတယ်လို့လည်း သိရှိရပါတယ်။ Tiger Girl Band ရဲ့ သီချင်းနဲ့ ခပ်မြူးမြူး၊ ခပ်လန်းလန်းစတိုင်တွေကိုကြည့်ချင်တယ်ဆိုရင်တော့ အောက်က Links မှာ Download လုပ်ယူနိုင်ပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅
2 comments

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ