ဗဟုသုတဘဏ်
Labels: News-X

The newest Search Engine in town Blekko has opened up for public searches, you no longer have to be a logged in user to search. However, there are features that Blekko offer where it would be of use to the searcher to register. In my Blekko Review I wrote about the beauty of Slashtags, marking spam, and more of the unique selling points that Blekko has to offer.
Though it is still in Beta development and some technicalities need to be addressed, (are you reading Blekko? Anphicle.org has been 301′ing to Anphicle.com for 4 months!), it is a step in the right direction for the Californian startup, and is exciting the search industry too.
Labels: News-X
အဆိုတော်၊ သရုပ်ဆောင် စန္ဒီရဲ့ " ၁၅၀၀" လို့အမည်ရတဲ့ တေးစီးရီးဟာ လာမယ့် ဒီဇင်ဘာလထဲမှာ Tape/CD အဖြစ်ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ စန္ဒီရဲ့အတူပါဝင်သီဆိုထားကြသူတွေကတော့ အဆိုတော် ရဲလေး၊ ဟဲလေး၊ သြရသ၊ ဂျောက်ဂျက်၊ ထိန်ဝင်း၊ ဟာရီကိန်းတို့ပဲဖြစ်ပါတယ်။ "၁၅၀၀" စီးရီးထဲမှာတော့ စုစုပေါင်း တေးသီချင်း (၁၃) ပုဒ် ပါဝင်မှာဖြစ်ပြီး ရဲလေးနဲ့အတူ "ကြွေလွယ်နေပြီ"၊ သြရသနဲ့အတူ "လက်ခုပ်နှစ်ဘက်"၊ ဟဲလေးနဲ့အတူ "ထွက်ခဲ့ထွက်ခဲ့" စတဲ့ သီချင်းလေးတွေနဲ့ စွဲမက်ဖွယ်နားဆင်ခံစားကြရမှာဖြစ်ပါတယ်။
"၁၅၀၀" တေးစီးရီးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေမှာ တစ်ပြိုင်နက် ဖြန့်ချိသွားမှာဖြစ်ပြီး ဒီဇင်ဘာလမှာကျရောက်မယ့် စန္ဒီ့ရဲ့မွေးနေ့ပွဲမှာတော့ "၁၅၀၀" တေးစီးရီးမိတ်ဆက် (စာနယ်ဇင်း) ရှင်းလင်းပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ (၂) ရက်နေ့ နေပြည်တော် ဧလာလေဆိပ် Show မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ စန္ဒီကတော့ နေပြည်တော်ပွဲအပြီးမှာ "၁၅၀၀" တေးစီးရီး စာနယ်ဇင်းရှင်းလင်းပွဲကျင်းပမယ့်နေ့ကို ပရိတ်သတ်ကြီးအား အတိအကျဖွင့်ဟမယ်လို့ သတင်းပေးလိုက်ရပါတယ်။


Labels: News-X
![]()
ဖခင်တစ်ဦးသည် သမီးအား ၁၀ နှစ်အတွင်း မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်သော အဆိုပါ အမျိုးသား သည် သမီးဖြစ်သူ ၆ နှစ်သမီး အရွယ်ကတည်းက မုဒိမ်းကျင့်ခဲ့ပြီး ၁၉၉၉ မှ ၂၀၀၉ ထိ ၁၀ နှစ်လုံးလုံး လိင်ဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်။ စင်္ကာပူတွင် နေထိုင်သော အဆိုပါ အမျိုးသားသည် တရားရုံးတွင် မုဒိမ်းမှု ၃ ခု အပါအဝင် စွဲချက် ၅ ခုနှင့် အမှုရင်ဆိုင်ခဲ့ရပြီး ပြစ်မှုထင်ရှားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
သို့သော်လည်း အဆိုပါ အမျိုးသားက ၎င်း၏ ကလေး ၃ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ယခုအခါ ဆယ်ကျော်သက်အရွယ် ရောက်နေပြီဖြစ်သော သမီးကို လိင်ဆိုင်ရာ စော်ကားမှု မပြုခဲ့ဟု ငြင်းဆန်နေသည်။
အသက် ၁၇ နှစ်အရွယ် မိန်းကလေးကမူ သူမအသက် ၆ နှစ်အရွယ် ၁၉၉၉ က ဖခင်ဖြစ်သူသည် ပါးစပ် ဖြင့် လိင်ဖျော်ဖြေရန် စေခိုင်းခဲ့သလို နောက်တစ်နှစ်တွင်လည်း သူမတို့ ငှားရမ်းနေထိုင်ရာ နှစ်ထပ်တိုက်မှ ဧည့်ခန်းအတွင်း နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သေးကြောင်း ရဲများထံ အစစ်ဆေးခံခဲ့သည်။
Ref:http://www.dailychilli.com/news/7888-dad-sexually-abused-daughter-for-10-years
****************************************************************

An odd-job worker in Singapore has been convicted of raping and sexually abusing his daughter over a period of 10 years, beginning when she was only six years old.
The 35-year-old man was found guilty of all five charges he was on trial for - three of rape and one charge each of oral sex and molestation between 1999 and last year.
He denied all the charges, claiming that the teenager, the eldest of his three children, had cooked up the allegations.
Neither can be named to protect the identity of the girl, now 17 years old.
The abuse began in 1999, when her father made her perform oral sex on him. She was only six then.
A year later, he raped her twice in the living room of their rented two-room flat.
Labels: Fantastic News, News-X, Sexual Education-III, Sexual Education-VIII
အီ ရန်သမ္မတ Mahmoud Ahmadinejad က နိုင်ငံအတွင်းရှိ မိန်းကလေးများအား အသက် ၁၆ နှစ်အရွယ်တွင် အိမ်ထောင်ပြုရန် တိုက်တွန်းတောင်းဆိုလိုက်သည်။
Mahmoud Ahmadinejad က အီရန်မိန်းကလေးများ အိမ်ထောင်ပြုလေ့ရှိသည့် ပျမ်းမျှအသက်မှာ ၂၄ နှစ်နှင့် ၂၆ နှစ်ကြား ရှိနေခြင်းကို သဘောမကျကြောင်း ပြောဆိုခဲ့သလို အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်များတွင် အိမ်ထောင်သားမွေး ပြုလုပ်ပြီး မွတ်ဆလင်ဘာသာဝင် နိုင်ငံသား အရေအတွက် တိုးပွားလာအောင် ဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်။
အစိုးရပိုင် Jam-e Jam သတင်းစာနှင့် အင်တာဗျူးတွင် Mahmoud Ahmadinejad က ယောက်ျားလေးများအနေနှင့်လည်း အသက် ၂၀ အရွယ်ခန့်တွင် အိမ်ထောင်ပြုသင့်ပြီဟု ပြောကြားသွားသည်။ အာမက်ဒီနီဂျက်သည် နိုင်ငံအတွင်း လူဦးရေ တိုးပွားမှုကို အားပေးကြောင်း ပြောဆိုထားသလို အသက်အရွယ် ရင့်ကျက်ချိန်မှ အိမ်ထောင်ပြုခြင်းကိုလည်း အနောက်တိုင်း အယူအဆ လွှမ်းမိုးသည်ဟုဆိုကာ ဝေဖန်ရှုတ်ချသူဖြစ်သည်။
သို့ သော်လည်း အလုပ်လက်မဲ့ ၉ ရာခိုင်နှုန်းရှိသည့် နိုင်ငံအတွက် အာမက်ဒီနီဂျက်၏ အကြံပြုမှုမှာ အခြေအနေ ပိုဆိုးအောင် တွန်းအားပေးသလိုသာ ဖြစ်လိမ့်မည်ဟု အတိုက်အခံများက ဝေဖန်ပြောကြားထားသည်။
Ref:http://www.huffingtonpost.com/2010/11/21/ahmadinejad-girls-16-_n_786642.html
Following record birth rates in the wake of the 1979 Islamic revolution, Iran implemented an internationally praised family planning program in the 1990s that dramatically reduced the growth rate. Ahmadinejad has criticized the program as an ungodly and a Western import.
"We should take the age of marriage for boys to 20 and for girls to about 16 and 17," he said, according to the state-owned Jam-e Jam daily. "The marriage age for boys has reached 26 and for girls to 24, and there is no reason for this."
Since coming to power in 2005, the Iranian president has sought to increase of the country's population, which is already at 75 million, with a third between the ages of 15 and 30.
In July, he inaugurated a new policy to encourage population growth with financial incentives for every new child born, having previously said the country could feed a population of 150 million.
Critics said the policy will only exacerbate unemployment, currently set 9 percent officially. There are an estimated 3 million unemployed people of working age in the country.
Labels: News-X
Labels: News-X

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်မှ နည်းပြကြီး အာဆင်းဝင်းဂါး တစ်ယောက် မီဒီယာ ထိုးနှက်မှု တစ်ခုနှင့် ကြုံနေ ရကြောင်း သိရသည်။ အသက် ၆၁ နှစ်အရွယ် ပြင်သစ် လူမျိုး နည်းပြ ကြီးသည်
အမျိုးသမီး တစ်ဦးနှင့် ဇာတ်ရှုပ် နေကြောင်း ဗြိတိန် သတင်းစာ The Sun က နိုဝင်ဘာ ၆ ရက်နေ့တွင် ဖော်ပြ လိုက်သည်။
အိမ်ထောင်ရှင် တစ်ဦး ဖြစ်သူ ဝင်းဂါးနှင့် ပတ်သက် နေသူမှာ အသက် ၃၉ နှစ်ရှိ ပြင်သစ် အဆိုတော် Sonia Tatar ဆိုသူ ဖြစ်ပြီး ယင်းတို့နှစ်ဦး ပတ်သက်ခဲ့သည့် သက်တမ်းမှာ ၂ နှစ် ကျော်ပြီဟု The Sunက ရေးသား ထားသည်။ ဝင်းဂါးက ယခု လုပ်ရပ်သည် ပြင်းထန်သော ထိုးနှက်မှု တစ်ခု ဖြစ်ပြီး မိမိ အနေနှင့် တုန့်ပြန်ရန် စိတ်ကူး မရှိသေးကြောင်း၊ ဗြိတိန် မီဒီယာများသည် ကိုယ်ရေး ကိုယ်တာကိစ္စများကို အလွန် စိတ်ဝင်စားပြီး ယင်းအတွက် စိတ်ပျက်သော်လည်း မှတ်ချက် တစုံတရာ မပေး လိုကြောင်း ပြောကြား သွားသည်။
အာဆင်နယ် အသင်းကလည်း ယင်းအတွက် မည်သို့မျှ ပြောဆိုခြင်း မရှိဘဲ The Sun အနေနှင့် ဝင်းဂါး၏ မိသားစုကို လေးစားမှုရှိရန် သတိပေးခဲ့သည်။ ဝင်းဂါးသည် အာဆင်နယ်တွင် နည်းပြတာဝန် ယူထားသည်မှာ ၁၉၉၆ ခုနှစ်ကတည်းဖြစ်ပြီး ဇနီးသည် အန်နာဘရွတ်စတာဟောက်နှင့် သမီး ၁ ဦးရှိကြောင်းလည်း သိရသည်။
| |
The Daily Express quoted pals of Sonia Tatar, 39, as saying that she was "very depressed" after Wenger allegedly refused her appeals to leave his wife.
Sonia was signed off work sick when their fling was exposed following crisis talks at a Paris airport last week.
The Arsenal manager is currently at his London home with wife Annie, 53, and daughter Leah, 13.
A pal said: "All Sonia wanted was to settle down. Now she has some deeply serious problems to sort."
Arsene, 61, refused to comment on his private life last night, saying the allegations were "without any truth".
Labels: News-X
အမေရိကန်တွင် လူများစွာ တွေ့ရှိခဲ့သည့် ဒုံးကျည် လွှတ်တင် လိုက်သည့် ပုံစံမျိုး ရေခိုး ရေငွေ့များ အတန်းလိုက် ကျန်ရှိနေသော ကိစ္စအတွက် ပင်တဂွန် စစ်ဌာနချုပ်တွင် အကြပ်ရိုက် နေကြောင်း သိရသည်။
ကယ်လီဖိုးနီးယား ကောင်းကင်ယံတွင် ထင်ကျန် နေသော အဆိုပါ အတန်းလိုက် အခိုး အငွေ့ကို KCBS ရုပ်မြင်သံကြား ဌာနက မှတ်တမ်း တင်နိုင် ခဲ့သော်လည်း မည်သည့် အရာမှန်း မသိဘဲ ပဟေဠိ ဆန်ဆန် ဖြစ်နေသည်။ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းက လော့စ်အိန်ဂျယ် လိစ်မြို့တော် အနောက် ဖက်ခြမ်းတွင် တွေ့လိုက်သော အရာကို ပင်တဂွန်က အမျိုးအမည် မခွဲခြား နိုင်သေးသော်လည်း နိုင်ငံ အတွက် ခြိမ်းခြောက်မှု တစုံတရာ မရှိဟု အတည်ပြုနိုင်ကြောင်း ကြေညာခဲ့သည်။ ပင်တဂွန်သည် ထိုအရာကို လွှတ်တင်လိုက်သည် ဆိုပါက ယင်း၏ ပစ်စင်နေရာကို တွေ့ရှိနိုင်ရန် ကြိုးပမ်းရှာဖွေလျက်ရှိသည်။
အမျိုးအမည်မသိ အခိုးအငွေ့တန်းနှင့် ပတ်သက်ပြီး မြို့ခံများကြား စိုးရိမ်မှုများ ရှိနေပြီး ဒေါင်လိုက်တက်သွားသည့် အနေအထားကြောင့် ဒုံးကျည်ပစ်လိုက်ခြင်းဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ သမားရိုးကျအားဖြင့် ဒုံးကျည်စမ်းသပ်မှုများကို လူထူထပ်ရာ နေရာများတွင် ပြုလုပ်လေ့ မရှိသလို လေယာဉ်သွားလာမှုကိုလည်း ရှင်းလင်းထားရသည်။ ထိုနေ့ကမူ လေကြောင်းခရီးစဉ်များကို တားဆီးဖျက်သိမ်းထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း မရှိဟုလည်း သတင်းများက ဖော်ပြထားသည်။
Ref:::::::http://www.foxnews.com/scitech/2010/11/09/mystery-solved-missile-launch-jet-contrail/
*******************************
A video that appears to show a missile launch off the coast of California is so far "unexplained" by anyone in the military, a Pentagon spokesman told reporters Tuesday -- but what seems mysterious could be nothing more than an airplane.
Federal officials do not consider the event a threat. And they aren't the only ones.
According to a post on ContrailScience.com, the visible exhaust from a jet engine, a trail of condensed water vapor called a contrail, resembles a missile trail when seen from some angles.
The confusion between a missile launch and a jet plane launch is caused by several common misconceptions, the site notes, explaining that the angle of launch, the direction of flight, and even the shape of the Earth can lead to the illusion. And indeed, when you look at certain images of jet launches, they do look a fair bit like missiles.
The site's author goes on to note other factors that could connect the unexplained launch to a jet engine. There's no no bright rocket flare, just a few flashes of sunlight, and a sunlit trail. Plus the unexplained craft is incredibly slow, the site notes, while rockets move incredibly fast.
Meteorologist Kevin Martin of the Southern California Weather Authority is a believer in the airplane theory, too.
"We see this often when the flights come at the right time, however, some people are just out to witness it at the right time," Martin told Examiner.com in Los Angeles. "We had strong winds up there as well as really cold temperatures from a passing storm system. This also had an area of upper level moisture ... where airliners fly."
And a senior military official told Fox News late Tuesday that indications are that the contrail "was more likely caused by an airplane than anything else because the other possibilities of rockets or missiles are turning up negative." But officials still aren't 100 percent sure, so the military is taking steps to review its missile inventory and make sure they're all accounted for.
A similar mystery event took place on Dec. 31, 2009, when a launch in the skies over Orange County mystified people. The Orange Country Register noted a few days later that the event was variously described as a rocket launch or jet contrails. ContrailScience.com argues that both events were simply planes -- seen from an unexpected angle, that is.
A Boeing spokesman could not immediately confirm this potential explanation for event. Meanwhile, military officials continue to puzzle it over.
The Missile Defense Agency told Fox News it did not launch any test missile last night that could explain the dramatic images. The Navy and the Air Force were also unable to offer an explanation.
"It does not appear that this was a regularly scheduled missile test," Lapan said. "Before a missile test the military sends notifications to mariners, airmen and air traffic controllers to stay clear of the area." And according to Lapan, it doesn't appear those warnings were sent.
ContrailScience.com's plane theory may explain why the military simply doesn't know what the so-called mystery missile was.
Click here to see the video captured by KCBS in Los Angeles.
Labels: News-X
အဆိုပါရတနာပုံ Web Portal မှ နိုင်ငံတွင်းမှ ပညာဗဟုသုတ ရှာမှီးလိုသူများ၊ သတင်းအချက်အလက် ရယူလိုသူများ အပါအဝင် အင်တာနက် သုံးစွဲသူများအနေဖြင့် မိမိတို့ကြည့်ရှုလိုသော ဝက်ဘ်ဆိုက်များကို နိုင်ငံခြား IP ကုမ္ပဏီများ၏ Search Engine ကို အသုံးပြုပြီး မြန်မာဘာသာဖြင့်အသုံးပြုရှာဖွေနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီလို နိုင်ငံတကာက ဝက်ဘ်ဆိုက်တွေကို မြန်မာဘာသာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်တာ အရမ်းကောင်းပါတယ်။ လက်ရှိ နိုင်ငံတကာမှာ ကိုယ့်ဘာသာတွေနဲ့ ဝက်ဘ်ဆိုက်တွေ ဖတ်ရှုနိုင်အောင်လုပ်တဲ့ စနစ်က ကျင့်သုံးနေတာကြာပါပြီ။ အခုလို နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်"ဟု အိုင်တီလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောသည်။
ယင်းသို့ မြန်မာဘာသာဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သောကြောင့် သတင်းအချက်အလက်များ ကို အချိန်နှင့် တပြေးညီ ရယူလိုသူများ အားလုံးအတွက် ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပြည်တွင်းပြည်ပ ဝက်ဘ်ဆိုက်များကို လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
"အခုဆို မနှစ်ကနဲ့တောင် မတူတဲ့ နည်းပညာတွေပေါ်ထွက်လာပြီ။ ရွေ့လျားစနစ်တွေပါ အသုံးပြုနိုင်တော့မှာ ဆိုတော့ အလားအလာကောင်းတွေပါပဲ။ အင်တာနက်လိုင်းတွေ ကောင်းမွန်ဖို့တော့ ပိုပြီး လိုအပ်မယ်ထင်တယ်။ ကိုယ်ပိုင်ဘာသာနဲ့ ဖတ်ရှုနိုင်မယ့်အတွက် အချိန်ကုန်သက်သာမယ်။ နောက်အင်္ဂလိပ်စာနဲ့ ဖတ်ဖို့ သိပ်အဆင်မပြေမယ့် လူငယ်တွေအတွက် ဝင်ရောက်လေ့လာနိုင်မှာပါ"ဟု အိုင်တီနည်းပညာရှင် ကိုစည်သူက ဆိုသည်။
အဆိုပါ ရတနာပုံ IXP (Internet Exchange Point) သည် ပြည်သူများကို အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည့် ISP (Internet Service Provider) များ လုပ်ငန်းဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် အင်တာနက် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသော အိတ်ချိန်းကြီးဖြစ်ကြောင်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း အချို့သည် ယင်း IXP မှ တစ်ဆင့် အပြန်အလှန် ဖြတ်သန်းဆက်သွယ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
Ref: The Flower News
Labels: News-X
Labels: News-X

Labels: News-X
Labels: News-X
အာဂျင်တီးနား နိုင်ငံတွင် နိုဝင်ဘာ ၆ ရက်နေ့က လိင်တူ ဆက်ဆံသူများ၊ Gay နှင့် Gay အခွင့်အရေး လှုပ်ရှားသူများ၏ စုရုံး ချီတက်မှု တစ်ခု ပြုလုပ် ခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့က အာဂျင်တီးနား နိုင်ငံတွင် တရားဝင် ပြဌာန်း ခဲ့သည့် လိင်တူချင်း လက်ထပ်မှု ဥပဒေကို အောင်ပွဲ တစ်ခု အဖြစ် ကြွေးကြော် ဂုဏ်ပြု ခဲ့ကြသည်။
ယင်း ပြဌာန်းချက်ကြောင့် အာဂျင်တီးနားသည် လက်တင် အမေရိကတွင် ပထမဆုံး လိင်တူချင်း လက်ထပ် ခွင့်ပြုသည့် နိုင်ငံ ဖြစ်လာသည်။ ဥပဒေ ပြဌာန်း ပြီးနောက်ပိုင်း အာဂျင်တီးနားသို့ Gay ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု မြင့်တက် လာသလို တရားဝင် လက်ထပ်ခဲ့သူ Gay စုံတွဲ ၅၀၀ မျှထိ တိုးပွား လာကြောင်း သိရသည်။
ချီတက်မှုတွင်လည်း Gay များ၏ အခွင့်အရေးအတွက် ကြွေးကြော်တောင်းဆိုမှုများ ပြုလုပ်ခဲ့သလို လိင်ပြောင်းလဲမှု ခံယူထားသူများကိုလည်း တန်းတူရည်တူ ဆက်ဆံရန် တောင်းဆိုခဲ့သည်။ အာဂျင်တီးနား အစိုးရသည် လွှတ်တော်အတွင်း မဲခွဲမှုဖြင့် လိင်တူချင်း တရားဝင် ထိမ်းမြားခွင့် ပေးခဲ့သော်လည်း နိုင်ငံအတွင်း ဥပဒေကို မနှစ်သက်သူများ ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံအတွင်း ဩဇာကြီးမားသည့် ဘာသာရေး အဖွဲ့အစည်းဖြစ်သော ရိုမန်ကက်သလစ် ခရစ်ယာန် ကျောင်းတော်သည် ယင်းဥပဒေအား ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲဖြစ်ကြောင်း သိရသည်။
Ref::::::http://www.dailychilli.com/news/7533-a-colourful-gay-pride-parade
*****************************************************************
A transvestite blows a kiss before the Gay Pride parade
Thousands of people marched in Argentina's Gay Pride parade on Saturday.
They were celebrating the country's status as the first in Latin America to legalise same-sex marriage and vowing to campaign for new rights for transgender people.
More than 500 same-sex couples have been married since President Cristina Fernandez signed the law on July 21, said Esteban Paulo - president of the Argentine Lesbians, Gay, Bi and Transgender Federation.
The gay marriage law has been a boom for tourism, said Pablo De Luca - founder of the Gay and Lesbian Chamber of Commerce in Buenos Aires.
He estimated that 100,000 more gays and lesbians have visited Argentina as a result of the law.
"It's the same kind of increase that happened in South Africa, Canada and Madrid after they legalised gay marriage.
"We want to travel to a country where we don't feel like we have to hide our sexuality," said De Luca.

A woman poses for a picture before the Gay Pride parade
Gay and lesbian couples still face discrimination - some civil servants have been unwilling to sign their marriage licenses and the judicial system is slow to approve adoptions by them.
Argentina's dominant Roman Catholic Church remains opposed.
The theme of Saturday's parade, held in Buenos Aires, was "Let's go for more" - specifically, a "gender identity" law to enable individuals to change their gender on birth certificates and identity cards.Labels: News-X

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် ရဲတပ်ဖွဲ့က .ကမ္ဘာ. အကြီးကျယ်ဆုံး Spammer ကို ဖမ်းဆီးလိုက်နိုင်ပြီဟု ထုတ်ပြန်ကြေညာလိုက်သည်။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သော Gusev အား ဖမ်းဆီးမှုသည် ရုရှားနိုင်ငံတွင် Spammer တစ်ဦးကို ပထမဆုံး တရားဝင် ဖမ်းဆီးမှုလည်းဖြစ်သည်။
Gusev ၏ ကုမ္ပဏီ Despmedia သည် ဆေးဝါးပစ္စည်း ကြော်ငြာတုများကို အမေရိကန်သို့ အဓိက ဦးတည်ကာ Spam Mail များအဖြစ် ပို့လွှတ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့် နိုင်ငံများစွာသို့ Spam Mail များ ပို့လွှတ်ရာတွင် glavmed.com ဟူသော Partner ဝက်ဆိုက်ထံမှ အကူအညီကိုပါ ရယူခဲ့ကြောင်း ရုရှားသတင်းစာ Kommersant က ဖော်ပြခဲ့သည်။ Spam များ ပို့ပေးရာမှ ကုမ္ပဏီသည် ဒေါ်လာ သန်း ၁၂၀ ဖိုးမျှထိ ၂၀၀၇ ခုနှစ်အတွင်းက ရရှိခဲ့ပြီး အီဂေါ် တစ်ဦးတည်း ဒေါ်လာ ၂ သန်းမျှ မြတ်စွန်းခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။ ထိုစဉ်က Gusev သည် ရုရှားနိုင်ငံ ပြင်ပသို့ ရောက်ရှိနေသည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရုရှား အီလက်ထရောနစ် ဆက်သွယ်ရေးဌာနက ရုရှားနိုင်ငံသည် Spam Mail များကြောင့် ၂၀၀၉ ခုနှစ် တစ်ခုထဲတွင်ပင် ဒေါ်လာ ၄၆၂ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုကာလ အတွင်းတွင်ပင် Spammer များသည် ဒေါ်လာ ၁၂၃ သန်းကျော် ရရှိခဲ့ကြောင်းလည်း သိရသည်။ Spam Mail များသည် ရုရှားအင်တာနက် ကြော်ငြာစီးပွားရေး လောကတွင် ပို့ပေးနေသည့် Mail အရေအတွက်၏ ၂၀ ရာခိုင်နှုန်းမျှတွင် ပါဝင်နေပြီး Mail Account တစ်ခုသို့ ဝင်ရောက်သမျှ Mail အားလုံး၏ ၇၀ ရာခိုင်နှုန်းမျှသည် Spam Mail များ ဖြစ်နိုင်သည်ဟုလည်း ခန့်မှန်းဖော်ပြထားသည်။
*************************************************************************************************************************
Russia has opened a criminal case against a man accused of involvement in a major spamming operation flooding the Internet with advertisements for the anti-impotence drug Viagra, a top Russian daily reported on Wednesday.
The paper said the charges were unprecedented in Russia, a major centre for spammers, which is under pressure from Western partners to clamp down on abuse of the Internet.
Moscow police on Tuesday raided the home of Igor Gusev who is accused of illegally operating a spam network that helped earn his partner company $120-million, the Kommersant daily reported, citing investigator Yevdokia Utenkova.
Mr. Gusev's lawyer, Vadim Kolosov, confirmed a criminal case had been opened against his client, but said he was innocent.
"He has no relation to these activities," Mr. Kolosov told Reuters by telephone. He said Mr. Gusev was currently out of the country and unavailable for comment.
Kommersant said Mr. Gusev is the general director of Despmedia, a partner of Glavmed.com, which investigators said had earned $120-million over the past three and a half years from medicine sales over the Internet.
Kommersant says Mr. Gusev is accused of using Glavmed to operate a business without registration.
A police spokeswoman representing the capital's central administrative district confirmed that a case had been opened against a major spammer, but declined to give any details.
Labels: News-X
Janet Jackson က သူမသည် အသက် ၁၁ နှစ် အရွယ်ကတည်းက အပျိုဖော် စဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မိုက်ကယ်ဂျက်ဆင်၏ ညီမဖြစ်သူ အဆိုတော် မင်းသမီးက သူမ၏ ရင်သားသည် အသက် ၁၁ နှစ်အရွယ်တွင် ကြီးထွားလာသည်ဟုဆိုသည်။
သူမသည် ထိုစဉ်က TV Channel တစ်ခုမှ အစီအစဉ် တစ်ခုအတွင်း ပါဝင်ခွင့် ရခဲ့ရာ ရင်သားအလွန်ကြီးနေသဖြင့် ကြိုးဖြင့်သိုင်းကာ ဖိနှိပ်ထားခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ထိုစဉ်က သူမသည် ၁၀ နှစ်ကျော်၊ ၁၁ နှစ်ဝန်းကျင်သာ ရှိသေးပြီး ရိုက်ကူးရေးအဖွဲ့က ရင်သားကို ဖိကပ်ဖုံးကွယ်ထား ရန် အကြံပေးခဲ့ကြောင်း ပြောဆိုသွားသည်။ အသက် ၄၄ နှစ်အရွယ် Janet Jackson က ABC သတင်းဌာနနှင့် အင်တာဗျူးတွင် သူမ၏ အထုပ္ပတ္တိကို ဖော်ပြထားသည့် True You စာအုပ်အတွင်း ယင်းအကြောင်းအရာများကို ထည့်သွင်းထားကြောင်း ပြောဆိုသွားသည်။
Janet Jackson ၏ ရင်သားနှင့် ပတ်သက်ပြီး ယခုကိစ္စကို သတင်းမီဒီယာများသို့ ပြောကြားခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ ၂၀၀၄ ခုနှစ်က သူမသည် ဂျက်စတင် တင်းဘားလိတ်နှင့် ဖျော်ဖြေစဉ် ဂျက်စတင်၏လက်ဖြင့် မတော်တဆ ထိမိမှုကြောင့် ညာဖက်ရင်သားတစ်ခုလုံး ကွင်းကွင်းကွက်ကွက် ပေါ်ခဲ့ဖူးသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ Janet Jackson က မည်သူမျှ ယင်းသို့ဖြစ်ရန် ရည်ရွယ်ချက် မရှိကြောင်း၊ ပရိသတ် အမြင်မသင့်မလျော် ဖြစ်ခဲ့သည့်အတွက် တောင်းပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
Ref::::::::http://www.celebrity-mania.com/news/view/00016537.html
*********************************************************************************************************************************

Labels: News-X

Q. လတ်တလော ဘာကားတွေ ရိုက်နေပါလဲ။
A. Lucky 7 နဲ့ Waka Waka မှာ မိုးအောင်ရင်၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ ကိုရဲအောင်တို့နဲ့ ရိုက်နေပါတယ်။ Champion of Dance အက ပြိုင်ပွဲရိုက်ဖို့ ရှိတယ်။ လက်ရှိ Mail Box မှာလည်း Presenter လုပ်နေတယ်။
Q. Mail Box မှာ အစီအစဉ် တင်ဆက်သူ လုပ်လာတာ တစ်နှစ်လောက်တောင် ရှိပြီနော်။ အဲဒီ့က ဘယ်လိုအတွေ့အကြုံတွေ ရလဲ။
A. စီစဉ်တင်ဆက်သူ အနေနဲ့ လုပ်ရတာ ကောင်းပါတယ်။ ဒီအစီအစဉ်လေးထဲမှာ အနုပညာ မောင်နှမတွေလည်း တော်တော်များများ ပါဝင်ထားကြတယ်။ ကြည့်ရတာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို အစီအစဉ်လေးမှာ အစီအစဉ်တင်ဆက်သူ လုပ်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ နန်းဆုအတွက် အတွေ့အကြုံတွေ ပိုတိုးတာပေါ့။
Q. 7goldengirls မှာရော အမှတ်တရ အတွေ့အကြုံလေး ပြောပေးပါ။
A. ထူးထူးခြားခြားတော့ မရှိပါဘူး။ ပျော်စရာကောင်းပါတယ်။ မိန်းခလေးကြီးပဲ ခုနှစ်ယောက်ဆိုတော့ စိတ်ဝင်စားကြတယ်လေ။ Lazy Club နဲ့ Dinner Show မင်္ဂလာဆောင်တို့မှာ ဆိုဖူးပါတယ်။ ပထမဆုံး Live အနေနဲ့ ဆိုရတာတော့ ဒါပထမဆုံးပါပဲ။ မဆိုခင်ကတော့ အရမ်းရင်ခုန် လှုပ်ရှားရပါတယ်။ ပြင်ဆင်တဲ့ အချိန်သိပ်မရပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရတာပါပဲ။
Q. အဲဒီလိုပွဲမျိုး နောက်ထပ်တစ်ကြိမ် ဖျော်ဖြေခွင့်ရမယ် ဆိုရင် ဘယ်လိုပုံစံမျိုး တင်ဆက်ချင်လဲ။
A. ရှိပါတယ်။ အဲဒီ့ပွဲကျရင် ကြည့်ရမှာပေါ့နော်။ ခုလောလောဆယ် ပွဲတစ်ခုပြီးသွားတဲ့ အချိန်မှာတော့ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိစမြဲပဲလေ။ အားနည်းချက်ကို ပြင်ဆင်ပြီး အားသာချက်ကို ခုထက်ပိုကောင်းအောင် လုပ်သွားမယ် ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ခု အမျိုးသားက ဇာတ်ရုံမှာ Classic ပုံစံ Show လုပ်တော့လည်း ပရိသတ်အနေနဲ့ အေးအေးဆေးဆေး ထိုင်ကြည့်လို့ ရတယ်။ အဲဒီ့ပွဲနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးတွေပဲ ဆိုဖြစ်သွားမှာပါ။
Q. နန်းဆုရဲ့ တစ်ကိုယ်တော် VCD ကရော........
A. VCD က ရိုက်ပြီးသွားပြီး အရင်ဆုံး MRTV- 4 နဲ့ ဆက်စပ်လိုင်းတွေမှာ နှစ်လ လွှင့်ဦးမယ်။ အဲဒါပြီးမှ အချိန်ကောင်းကို စောင့်ပြီး ထွက်သင့်တဲ့ အချိန်မှာ ထွက်ပါမယ်။
Q. ဘာကြောင့် MRTV-4 နဲ့ ဆက်စပ်လိုင်းတွေမှာ လွှင့်ဖြစ်ဖို့ စိတ်ကူးရသွားတာလဲ။
A. သူတို့က လာကမ်းလှမ်းတယ်။ နန်းဆု ရိုက်ပြီးသား သီချင်းတချို့ရယ်၊ မရိုက်ရသေးတဲ့ သီချင်းတွေကိုလည်း သူတို့ထပ်ရိုက်တယ်။ အရင်ဆုံး သူတို့က သီချင်းခြောက်ပုဒ် ရွေးပြီးလွှင့်မှာပါ။
Q. အဲဒီ့လိုလွှင့်တဲ့ အတွက် အခွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်ထင်လဲ။
A. MRTV-4 ဆိုတာက မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေ တကယ်အားပေးတဲ့ ရုပ်သံလိုင်းတစ်ခုပဲလေ။ ပြီးတော့ ထူးထူးဆန်းဆန်း အစီအစဉ်တွေကို တင်ဆက်နေတာ ဆိုတော့ အဲဒီ့လို Channel အကြီးကြီး တစ်ခုမှာ ကမ်းလှမ်းခံရတယ် ဆိုတော့ အရမ်းပျော်ပါတယ်။ အဲဒီ့လို လွှင့်တဲ့ အတွက် အခွေမထွက်ခင်မှာ ပရိသတ်ကို အမြည်းကျွေးတာပေါ့။ Promotion ဖြစ်တာပေါ့ အစ်မရယ်။
Q. ဒီနှစ် နန်းဆုရဲ့ မွေးနေ့မှာရော ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။
A. ခုထိစဉ်းစားမရသေးဘူး။ ပြည်ပခရီးစဉ်တစ်ခုနဲ့လည်း တိုက်နေတယ်လေ။ နန်းဆု မွေးနေ့ကို ကြီးကြီးမားမားတော့ လုပ်ဖြစ်မှာ မဟုတ်ဘူး။ ထုံးစံအတိုင်း မွေးနေ့မှာ အလှူတစ်ခုလုပ်မယ်။ ညဘက်မှာ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားမယ်။ အဲဒီ့လောက်ပဲ ရှိတယ်။
Q. ဟိုတလောက ရိပ်သာဝင်ခဲ့သေးတယ်နော်။ ဘာကြောင့်လဲ။
A. နန်းဆုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်ဆိုတာ မိရိုးဖလာအဆင့်ပဲရှိသေးတယ်။ ဗုဒ္ဓဘာသာအကြောင်းကို အများကြီးမသိဘူး။ ငယ်ငယ်တုန်းက အဖေ၊ အမေ ဘုရားရှိခိုးလို့ လိုက်ရှိခိုးတာပဲရှိတယ်။ ခုကျတော့ ကိုယ်တိုင် ယုံကြည်မှုကြောင့် ရှိခိုးဖြစ်လာတယ်။ ဒီထက် စနစ်တကျ သိချင်လေ့လာချင်တယ်။ ဘာအပူအပင်မှ မရှိဘဲတစ်နေကုန် အေးအေးချမ်းချမ်းလေးနဲ့ တရားထိုင်ချင်တယ်။ အဲဒါကြောင့်ပဲ ရိပ်သာသီးသန့် ဝင်ဖြစ်တာ။
Labels: News-X
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ