this site the web

1300..ဖိုမ သဘာဝ အသိပညာပေး ( 27 ) 12.10.10

 

http://www.freeimagehosting.net/uploads/1e1cdb0062.jpg

 ရည်းစားနဲ့ ဆိတ်ကွယ်ရာမှာ ဆုံတွေ့မယ်ဆိုရင်

               အရေးအကြီးဆုံး အချက်၊အဓိကအကျဆုံးအချက်က ကိုယ့်ချစ်သူဆိုပေမယ့် ကိုယ်နဲ့ တစ်အိမ်တည်းနေတာမဟုတ်ပါဘူး။ မနက်အိပ်ရာထက ညအိပ်ရာဝင်ချိန် လည်းကိုယ့် မျက်စိအောက်မှာ ရှိနေသူ မဟုတ်ပါဘူး။  ဒါကြောင့်သူ့နောက်ကြောင်းရာဇဝင်ကို သူပြောသလောက်သာသိထားရတာပါ။ သူဟာ ကိုယ့်ရှေ့မှာဘယ်လိုအမျိုးသမီးတွေနဲ့ ယဉ်ပါးခဲ့မှန်းကိုယ် ဘယ်လိုနည်းနဲ့မှအမှန်အတိုင်း မသိနိုင်ပါဘူး။ သည်အခါမှာ သူ့မှာအိပ်ခ်ျအိုင်ဗှီဆိုတဲ့ကုရာနတ္ထိရောဂါပိုး ရှိနေမယ်ဆိုရင် ကိုယ့်ကိုပါအလိုလို ကူးစက်လာမယ့်အန္တရာယ်ကြီးက ကျောချမ်းစရာကြီးပါ။အိပ်ခ်ျအိုင်ဗှီပိုး ရှိသူတွေမှာချိုပေါက်နေတာ မဟုတ်ဘဲ သူလို ကိုယ်လိုသွားသွားလာလာ၊ ကျန်းကျန်းမာမာမို့ကိုယ့်ချစ်သူကို အမြင်နဲ့တင်၊သူ့စကားတစ်မျိုးနဲ့တင် ယုံလို့မရဘူး ဆိုတာသတိချပ်ကြစေလိုပါတယ်။သည်အချက်ဟာ ထိပ်ဆုံးနံပါတ်တစ်ကသတိထားရမယ့် အချက်ပဲဖြစ်ပါတယ်။

             ကိုယ့်ချစ်သူက ကိုယ့်ကို တန်ဖိုးထားတော့မှာ မဟုတ်တော့ပါဘူး။လုံးလုံးတန်ဖိုးမထားတော့တာမျိုး မဟုတ်ရင်တောင် ကိုယ့်ကိုအရင်ကလောက်တန်ဖိုးထားတော့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွယ်လွယ်နဲ့ရရင်  ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူ မှန်ရင်သိပ်တန်ဖိုး မထားတတ်တာသဘာဝပါ။ ဒါကြောင့် ကိုယ့်ဘက်က လွယ်လွယ်လိုက်လျော မိလို့ကိုယ့်ဈေးပျက်သွားတာ၊ သူ့ဘက်ကတန်ဖိုး မထားတာ ဟာစေ့စေ့တွေးရင်ကိုယ့်အပြစ်တွေချည်းပါ။

            တစ်ခါလိုက်လျောမိပြီဆိုတာနဲ့ အခါအခါအထပ်ထပ်လိုက်လျောရတော့မှာလည်းသိထားဖို့ လိုတယ်။

               နောက်ထပ်အန္တရာယ်ကတော့ တခြား လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေလို့ခေါ်တဲ့
ကာလသားရောဂါ အမျိုးမျိုး ကူးစက်လာနိုင်စရာ ရှိတာတွေပါပဲ။ဒါ့အပြင်ရေ ယုန်ပေါက်တာလို၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးလိုဟာတွေလည်း ကူးစက်လာနိုင်ပါတယ်။ ဒါတွေကလည်း လူကောင်းပကတိတွေဆီမှာခိုအောင်းနေနိုင်တဲ့
ရောဂါပိုးတွေပါပဲ။

            ရောဂါတွေပြီးတဲ့နောက်တခြားဆိုးရွားတဲ့အကျိုးဆက်ကတော့ကိုယ်ဝန်ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါမောင်မင်းကြီးသားများက တာဝန်ယူရင် တော်ရဲ့၊ တာဝန်မယူရင် မမများပဲအကျိုးနည်း ရမှာပါ။ တာဝန်ယူတဲ့အခါမှာလည်း ကဲတုန်းက သူတို့ပဲဇွတ်ကဲခဲ့သူ ယောကျာ်းသားများပေမယ့် ကိုယ်ဝန်ကြောင့်  ယူလိုက်ရရင် အဲဒီ့မိန်းမအပေါ်မှာအခြောက်တိုက် ညိုးတတ်တဲ့ယောက်ျားတွေလည်း မျက်စိနဲ့တပ်အပ် မြင်ဖူးပါတယ်။ဒါကြောင့်မို့ ကိုယ်ဝန်ကြောင့် ကိုယ့်ကို ယူလိုက်တဲ့ ယောက်ျားဟာ
ကိုယ့်အပေါ်မှာ အလိုလို အသာစီး ယူသွားတတ်တယ်။တာဝန်မယူတဲ့သူနဲ့တွေ့တဲ့အခါမျိုးကျတော့ ဘဝပျက်သွားနိုင်တာ အထူးရှင်းနေစရာ မလိုတော့ဘူးထင်ပါတယ်။

             ဒါကြောင့် ချစ်သူရည်းစား ထားနေကြတဲ့ မိန်းကလေးများအနေနဲ့
ကိုယ့်ချစ်သူကကိုယ့်ကို ဆိတ်ကွယ်ရာကို ခေါ်ရင် ( ဆိတ်ကွယ်ရာ ဆိုတာလိင်ဆက်ဆံဖို့ပဲလို့ ပွင့်ပွင့် လင်းလင်းပြောပါရစေ ) ဆိတ်ကွယ်ရာမှာ တွေ့ဖို့ချိန်းရင်သတိထားကြစေချင်ပါတယ်။

             သို့ဖြစ်ပါသော်ကြောင့် နောက်ကွယ်ရာမှာ လလိင်ဆက်ဆံရာမှ AIDS ရောဂါဆိုးကြီးကိုကာကွယ်နိုင်ရန် ဖိုမသဘာဝ အသိပညာပေးအနေနှင့် ရေးသားလိုက်ရပါတယ်.....

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ