this site the web

1154..ဖိုမသဘာဝ အသိပညာပေး ( ၂၀ ) 16.9.10

 
အပျိုစစ်တယ် ဆိုတာ

http://www.freeimagehosting.net/uploads/1e1cdb0062.jpg

အပျိုစစ်တယ် ဆိုတာ

                  အပျိုစစ်မစစ် ဘယ်လိုခွဲမလဲ  ပိုစ့်မှာ ရေးထားတာနဲ့နဲနဲတော့ကွယ်မယ်ဗျာ....အပျိုစစ်တယ်ဆိုတာကို အဓိပ၌ါယ်ပြန်ရုံသက်သက်ပါ...တစ်ချို့က မေးလ်ကနေမေးကြလို့ အဲဒီပိုစ့် ကိုနဲနဲ အဓွန့်တက်လိုက်တာပါ...:P
အမျိုးသမီးရဲ့ နို့သီးဝိုင်းဟာ ပန်းရောင်ရှိမှ အပျိုစစ်တယ်လို့ဆိုခဲ့တာ မဟုတ်ပါဘူး....

http://www.monetine999.com အပျိုစစ်တယ် ဆိုတာ

                ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola အရောင်ရင့်အ၀ိုင်း နဲ့ Nipple ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

               ခန္ခာဗေဒက In the virgin the areola is of a delicate rosy hue လို့ ဆိုပါတယ်။ ဘာသာပြန်ရင် အပျိုဘ၀မှာ နို့အလည်ဝိုင်း Areola ဟာ နှင်းဆီသွေး အရောင်ရှိတယ်။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန်ရှိတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။ http://www.monetine999.com အပျိုစစ်တယ် ဆိုတာ

            အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ "မိန်းကလေး တယောက် သူ့ဘ၀မှာ ပဌမဆုံး အကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။" "ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။" လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)
http://www.monetine999.com အပျိုစစ်တယ် ဆိုတာ

          ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမယ်။

          Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇ၀တ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

            လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အ၀ိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ "အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ" လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ အခု ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

          ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

http://www.monetine999.com အပျိုစစ်တယ် ဆိုတာ

          "နို့" ဟာ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက နို့ရည်ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ ယေဘုယျ ပြောရင် ငယ်တုံးက သေးတယ်။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

          Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ထိပ်မှာ ပြွန်ပေါက်လေးတွေ ၁၅-၂၀ ရှိတယ်။ နို့သီးအခြေမှာ အရောင်အရင့် အ၀ိုင်း Areola ဆိုတာ ရှိတယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။

            Nipple နို့သီးဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁၀ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွရင် သန်မာမှု ဖြစ်စေတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီးထာတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်မှာ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

          Areola (အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအ၀ိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

         ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ "မရွှေတိကျ" က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

        မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တီဗွီ တင်ဆက်သူ Lily Allen အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် "ရွှေသနတ်နဲ့လူ" ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

          လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ ခပ်ချောင်ချောင်သာ ၀တ်ပါတဲ့။

           ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘ၀နဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့ သူကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေလုပ်သူက အော်သံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် သွေးစွန်းတဲ့ အိပ်ရာခင်း လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုးထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

            ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အ၀ိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
http://www.monetine999.com အပျိုစစ်တယ် ဆိုတာ
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊

http://www.monetine999.com အပျိုစစ်တယ် ဆိုတာ
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊

http://www.monetine999.com အပျိုစစ်တယ် ဆိုတာ
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။

Ref: Dr Tint Swe and www.thevalkyrie.com/ladybumps/stories/steele/wedding-trip.htm
       http://easycomeseasygoes.blogspot.com/2009/03/physical-virginity-tests-in-africa.html

HOW TO CHECK IF A GIRL'S STILL A VIRGIN?


Virginity and First-Time Sex

What does "virginity" really mean? The definition has changed greatly from the origination of the word, with its transformation to a sexual term in medieval times and today's adaptation of the word. Below is some history about "virginity" you might find of interest.

Virgo – Origination of "Virgin"

"Virgin" originated from the Greek and Latin word "Virgo," or maiden. It was used often in Greek mythology to classify several goddesses such as Artemis (also known as Diana) and Hestia. Virgin was a label of strength and independence -- it described the goddesses who were immune to the temptations of Dionysus, Greek god of seduction and wine. Artemis is the Greek virgin goddess of the moon and the hunt; she protects women in labor, small children and wild animals. Hestia is the Greek virgin goddess of the hearth. She never takes part in the struggle of men and gods. Virginity was once a term of power.
Back to top

Medieval Transformation of Virgin

In medieval times, virginity became a sexual term for a heterosexual woman in a physical state of not having had been penetrated by a penis. "Virginity" was classified as a gift from the Christian God only to be released by a "husband." It was expected for a woman to remain chaste until marriage; a woman broke her family's honor if she was not chaste and was often punished. Tests of chastity, both medical and mystical, were used on women to verify their status.

One such test was checking for a hymen, or thin flap of skin located ½ inch inside most women's vaginas upon birth. If the hymen was still intact, the woman was said to be "virgin." This test had been developed or adopted by various other cultures as well.
Back to top

Today's Interpretation

In the last few decades, the term or label "virgin" has become confusing as we try to label persons of both genders -- as well as transgendered persons and all persons of sexual orientations (straight, gay and bisexual).

The old concept of checking for a woman's hymen to determine if she is a virgin is being thrown out as more is understood about the hymen. Not all women are born with hymens, some are born without fully intact hymens, and the membrane is so thin that it often breaks with normal physical activity such as running, gymnastics or horseback riding. Today it's assumed that "virgin" means not having had been penetrated sexually. But what is considered "de-virginizing" penetration is still unclear -- does it mean penetration by a penis, finger, tongue or experience alone? Even more confusing is how society judges a "virgin." Sometimes the name is used condescendingly, sometimes in high regard and sometimes simply just as a fact.

So there you have it -- the history and confusion of the word "virgin." It still leaves a question as to what "virginity" really means. As society is still confused, it's up to us to develop our own personal interpretation of the word. Many would like to regain the association of the word "virgin" with power, extending to all persons. However you decide to personalize the term, don't force your interpretation on others. If your potential partner discuss "virginity" versus "non-virginity" make sure you are clear on your definitions. 


What Is A Real Test Of A Woman Virginity? 

It is true, a lady can lose her virginity as a result of other activities apart from sex. I don't know why the lady is complaining. Maybe you are her would be suitor and curious about the claim.

I believe there is a way of knowing a virgin. However, just like the convention "tearing of hymen" can be faked, there is no absolute guaranttee. Why the stess? It is only a foolish man that would pick virginity over dignity.

Went thru the thread and it reminded me of a discussion that took place in my room at school some weeks back. We had been trying to determine when a girl loses her virginity. Out of curiousity, i posted the topic on Yahoo Answers and i got some rather reasonable answers. One of which was that a girl loses her virginity only upon pentration of the manliness into her womanliness. Period.
In other words, as long as your friend ha not actually slept with a man, she is still, technically, a virgin. Full Stop, End of Quote. Smiley

Tell the girl not to worry she is still a virgin, from my experience with my hubby, i was a virgin ,the very first time we tried to have  sex, my hemen got torn, it bleeded, but still we havnt had sex yet, he tried ,the next two days, his p***s couldnt penetrate ,and it was painful, he kept trying day by day untill it was ok, so she should not be afraid ,the guy will truely find out himself.



Physical Virginity Tests in Africa!!!!!!

To all Ladies out there - anyone of you dare to take this tests ??????????

Thousands of girls in South Africa are queuing up each month to prove that they are virgins, reviving an African tradition seen by many as the answer to the scourge of AIDS.

Bare-breasted teenagers wearing nothing but strings of beads and colourful loincloths regularly submit to the ordeal of having a stranger check if their hymens are intact, leaping for joy when the test confirms that they are still virgins.

Advocates say the revival of the rite, which had died out in all but a few rural areas late in the 20th century, is the most effective way to stop the spread of teenage pregnancies and the deadly HIV virus, believed to affect one in 10 South Africans.

Opponents argue that the practice is unconstitutional, unhygienic and violates the human rights of those being tested.

"Those who are behind the comeback...say that if we test young girls to see if they are virgins they will be fearful and will not engage in sexual activity," said Phumelele Ntombela-Nzinande, former deputy head of the Commission for Gender Equality.

"We are arguing that this practice undermines the principles of equality, freedom and human dignity. It is difficult to tell whether or not a girl has had intercourse and after touching about 600 girls you can easily transfer infections."

Girls between the age of seven and 26 lie on a mat in front of the woman doing the test, which only takes a few seconds. It is often carried out with bare hands and the tester seldom washes them.

Girls who pass get white stars pasted on their foreheads and a certificate confirming their virginity.

"We have come here to celebrate and keep our culture going," 16- year-old Brenda Mkhize told Reuters television after her test.

"It's better to be a virgin than to have AIDS and have a baby at the age of 16...we don't see any reason to sleep with a guy, and I think I will stay like this until I get married."

Mkhize was one of hundreds of girls attending a virginity celebration at a sports stadium near Durban in December.

Afterwards, the girls sang and danced in traditional Zulu fashion.

"We are here because we are proud of ourselves, because we are virgins," another girl said.

Any volunteers from Asia for this tests??????




 

 
 




Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ