ဗဟုသုတဘဏ်
Labels: Sexual Education-XI
Labels: Sexual Education-XI
Labels: Sexual Education-XI, Videos-V


AN INTERNATIONAL non-government organisation has launched a telephone hotline to provide advice on sexual and reproductive health to men who have sex with men and sex workers.
The hotline (09-7312-2566) is staffed from 9am to 9pm Monday to Friday, said Dr Ya Min Yee, a project site coordinator with Médecins du Monde, which launched the hotline on August 1.
Staff “will answer questions about HIV/AIDS, hepatitis B, C and other sexually transmitted infections as well as medical treatment available in the country”, she said.
“The hotline will help men who have sex with men and sex workers who want to get information anonymously.” Médecins du Monde established its program in Myanmar in 1991 and began HIV/AIDS prevention and medical activities for sex workers and men who have sex with men in Yangon in 1998.
Information on sexual health can also be found at the Médecins du Monde website, www.maung doeywar.com, or by emailing hotlinecounsellor@gmail. com.
According to the Myanmar National Strategic Plan on HIV and AIDS for 2011 to 2015 there are an estimated 224,000 men who have sex with men.
Labels: News-XII, Sexual Education-IV, Sexual Education-XI



အမျိုးသားကနေပြီး အမျိုးသမီးဖက်ကို လိင်ပြောင်းလဲခွဲစိတ်ထားတဲ့ နွတ်ဟာ မိခင်မေတ္တာစိတ်ကို မွေးကတည်းကနေ ပါလာခဲ့ပါတယ်လို့ စိတ်ဝင်စားဖွယ် ထုတ်ဖော်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
နွတ်ဟာ ၂၀၀၆ခုနှစ်ရဲ့ မစ္စတက်ဖနီ အလှမယ်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ချန်နယ်နိုင်း ရုပ်သံအစီစဉ်မှာ လက်ဝတ်ရတနာတွေနဲ့ ပတ်သက်တဲ့ သီးသန့်အစီစဉ်ကို ဦးဆောင် တင်ဆက်နေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။
ကျမက နန်မြို့နယ်မှာ မွေးဖွားတဲ့သူပါ။ ကျမအဖေက ရဲ ပါ။ အမေကတော့ ဈေးမှာ ကုန်စိမ်းဆိုင်ဖွင့် ရောင်းချတဲ့ သူတယောက်ပါ။

ကျမ ဘယ်အချိန်ကတည်းက မိန်းကလေးတယောက် ဖြစ်ချင်ခဲ့တယ်ဆိုတာကို ကျမ မသိခဲ့ဘူး။ ဘာဖြစ်လို့ မသိရသလဲဆို ကျမထင်တာက ဟိုး အမေ့သန္ဓေတည်ကတည်းက ကျမက မိန်းကလေးဖြစ်ချင် နေခဲ့လို့ ဖြစ်မှာပါ။
ကျမရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားခန္ဓာကိုယ်နဲ့ မိန်းကလေးတယောက်လို ဖြစ်ချင်နေတဲ့စိတ်လေ။ ကျမ မိန်းကလေးတယောက်လို အရမ်းကို ဖြစ်ချင်ခဲ့တာ။ အရူးအမူးကိုပဲ ဖြစ်တာ။ အဲဒီအတွက်ကြောင့်နဲ့ပဲ ကျမ မိဘတွေက ကျမရဲ့ ပြဿနာ အခက်အခဲကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမှန်း မသိတော့လောက်အောင်ကို ဒုက္ခရောက်ခဲ့ကြဖူးပါတယ်။
ကျမ အပြုအမူနဲ့ ပတ်သက်လို့ ဖေဖေက အရမ်းကို စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။ မှတ်မိပါသေးတယ်။ ကျမ ခြောက်တန်းလောက်တုန်းကပေါ့။ သူ့ရဲ့ စစ်ဖိနပ်ကြီးနဲ့ ကျမကို ပစ်ပေါက်တာလေ။ မေမေကတော့ ရှင်းပါတယ်။ ကျမကို ဟိုမရောက် ဒီမရောက် နေရာမှာ မနေခိုင်းစေချင်ဘူး။ ယောက်ျားဖြစ်ချင်လား၊ မိန်းမဖြစ်ချင်လား။ သေချာတာ တစ်ခုကို ရွေးခိုင်းတယ်။ မိန်းကလေး ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတယောက်လို ပီသအောင်နေ၊ ယောက်ျားလေးတယောက် ဖြစ်ချင်တယ်ဆိုရင်လည်း ယောက်ျားလေးလို ပီသအောင်နေ ဆိုပြီး ပြောခဲ့တယ်။ ဆိုတော့ အဲဒီကတည်းကနေ ကျမက သာမန်မိန်းကလေး တယောက်လိုပဲ ကြီးပြင်းလာခဲ့ရတာပေါ့။ ပြီးတော့ အတုအယောင် တစ်ခုလိုမျိုးလည်း ကျမ မဖြစ်ချင်ဘူးလေ။

အထက်တန်းကျောင်းတုန်းက ကျောင်းနှစ်နှစ်တောင် ထွက်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမဆပ်တက္ကသိုလ်က အစားအသောက်ပိုင်းနဲ့ သိပ္ပံပိုင်းဆိုင်ရာ အစီစဉ်ကို ကျမတက်ရောက်ခွင့် ရခဲ့တဲ့အတွက်ကြောင့်ပါ။ အဲဒီမှာ ဘန်ကောက်ကို စရောက်ဖူးတယ် ဆိုရင်ပဲ လိင်ပြောင်းလဲခွဲစိတ်လို့ ရတယ်ဆိုတာကို သိသွားတော့ အတတ်နိုင်ဆုံး ဘန်ကောက်ကို ပြောင်းနိုင်ဖို့အတွက် ကျမကြိုးစားခဲ့တယ်။ ရှင်းရှင်းပြောရရင် ကျမရဲ့ခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ ဟောဒီ ယောက်ျားလိင်တံကြီးကို တစက်ကလေးမှ မလိုချင်တော့ဘူးလေ။
လိင်ပြောင်းလဲခွဲစိတ်လိုက်တာကို ရွေးချယ်မှုတစ်ခုလို့ ကျမက မထင်စေချင်ဘူး။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေတယ်လို့ ခံယူနေရလို့ရှိရင်တော့ ဒါက ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုလို့ပဲ ထင်ပါတယ်။ ရှင်းရှင်းလေးပြောရမယ်ဆိုရင် ကျမကိုယ်ကျမ ဘယ်တော့မှ ယောက်ျားလေးတယောက်လို မခံယူခဲ့ဖူးဘူး။ ဒါကြောင့် ကျမနဲ့ ကိုက်ညီမှုမရှိတဲ့ ယောက်ျားခန္ဓာကိုယ်ထဲ ရောက်နေတဲ့ အတွက်ကြောင့် ကျမရဲ့ မူရင်းနေရာဖြစ်တဲ့ မိန်းကလေးဖက်ကို ပြန်သွားရမှာလေ။ ဒါကြောင့် ကျမ လိင်ပြောင်းလဲခွဲစိတ်လိုက်တာပေါ့။
လိင်ပြောင်းလဲခွဲစိတ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို တစ်နှစ်တိတိ ပြုလုပ်ခဲ့ရပါတယ်။ အဲဒါက လိင်ပြောင်းလဲခွဲစိတ်မယ့်သူတိုင်း ဖြတ်သန်းရမယ့် ကာလတစ်ခုပေါ့။ လိင်ပြောင်းလဲခွဲစိတ်ဖို့ ပြင်ဆင်တဲ့သူတွေ တော်တော်များများ ဒီနေရာမှာ အကုန်ကျဆုံးကြတာ များပါတယ်။ ဒါပေမယ့် ကျမကတော့ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ပဲ လိင်ပြောင်းလဲခွဲစိတ်မှုကို ပြုလုပ်နိုင်ခဲ့တယ်လေ။ မှတ်မိပါသေးတယ်။ အဲဒီတုန်းက ကျမက အသက်မပြည့်သေးတော့လေ အမေရဲ့ သဘောတူညီချက် လက်မှတ်ကို ရယူရတာပေါ့။ မေမေက ကျမကိုမေးတယ်။ “သေချာပြီလား သမီး”။ ကျမ သူ့ကို ပြန်ပြောခဲ့ပါတယ်။ အမေတကယ်လို့ လက်မှတ်မထိုးပေးချင်ဘူး ဆိုလို့ရှိရင် ကျမ ဂရုမစိုက်ဘူး။ ကျမ တရားဝင် ခွဲစိတ်လို့ရတဲ့ အသက်အရွယ်ထိ ကိုယ့်ဟာကိုယ် စောင့်နိုင်တယ်လို့ ဖြေဆိုခဲ့ပါတယ်။
အိပ်မက်ဆိုးမှနိုးထခြင်း။ ခွဲစိတ်ပြီးလို့ ကျမ သတိရလာတဲ့ အချိန်ဟာ ကျမတသက်လုံး စောင့်စားနေရတဲ့ ဘ၀အမှန်ကို ပြန်လည်ရယူခြင်းပေါ့။ ဒါကျမရဲ့ တကယ့်ဘ၀အစစ်မှန်ပါ။ နောက်ဆုံးတော့ ကျမတကယ်ဖြစ်သင့်တဲ့ အမျိုးသမီးဘ၀ကို ရောက်ခဲ့ရပြီလေ။

ကျမမှာ နောက်ထပ် နာကျင်ကျေကွဲစရာ ဘာမှမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျမရဲ့ ခန္ဓာကိုယ် အစစ်မှန်ထဲကို ပြန်ရောက်နေတဲ့ အတွက်ကြောင့်ပါ။
အဲဒီအချိန်ကနေစပြီး ကျမ အလှမယ်ရွေးပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက မိန်းကလေး ဖြစ်သွားပြီလေ။ ဆိုတော့ မိန်းကလေးတယောက်မှာ ရသင့်တဲ့ အခွင့်အရေးတွက် ကျမမှာ ၀င်ပြိုင်ဖို့ အခွင့်အရေး ရှိတယ်လေ။ ဒီလိုနဲ့ပဲ ကျမ မယ်ရွေးပွဲတွေကို ၀င်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျမ အဖမ်းခံခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆို ကျမရဲ့ မိန်းကလေး မှတ်ပုံတင်ကဒ် အတုကို သူတို့က ဖမ်းမိသွားလို့ပေါ့။
ကျမ အဖမ်းခံခဲ့ရတယ်။ ဒါပေမယ့် ကျမကိုယ်ကျမ အပြစ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဥပဒေကိုယ်တိုင်က မှားနေတာလေ။ အဲဒီတည်ရှိနေဆဲ ဥပေဒကိုယ်က ကျမကို တရားမ၀င်တဲ့ လုပ်ရပ်တွေ လုပ်လာအောင်လို့ကို စေ့စပ်ဆော်သြပေးနေတာကိုး။
ကျမ မိခင်ကောင်းတယောက် ဖြစ်ချင်တယ်။ တခြားသာမန် မိန်းကလေးတွေလိုပဲ ကျမလည်း ကလေးလိုချင်ပါတယ်။ ကျမမှာ အဲဒီဆန္ဒအများကြီး ရှိပါတယ်။ ကလေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ မသိတာပါ။ တကယ်လို့များ ဈေးမှာလေ သားအိမ် ရောင်းတယ်ဆိုလို့ရှိရင် ကျမချက်ခြင်းကို ပြေးဝယ်ပစ်လိုက်ချင်တာပါ။ သေချာပါတယ်။ ကျမ သားအိမ်တစ်ခုလောက်တော့ ၀ယ်ဖြစ်မှာပါ။
ကျမချစ်သူနဲ့ ပွင့်ပွင့်လင်းလင်းပါ။ သူ့ကို ကျမက သားအိမ်ပါတဲ့ တကယ့်မိန်းမအစစ်တယောက် မဟုတ်ဘူးဆိုတာကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးသားပါ။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတွေ မှတ်မိနေပါသေးတယ်။ “အချစ်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းက မိန်းမနဲ့မတူတာ ရှိလို့လဲ”ဆိုပြီးတော့ သူပြောခဲ့ဖူးပါတယ်။ ပြောချင်တာက သူနဲ့ကျမတို့နှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးက လိင်တူချင်းချစ်တဲ့သူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးမျိုး မဟုတ်ဘူး။ တကယ့်မိန်းမနဲ့ ယောက်ျားနှစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးမျိုးပါ။ အခုနောက်ပိုင်းဆို ကျမက မီဒီယာတွေမှာ သူ့ကို ဆွဲခေါ်လာတာမျိုးတွေရှိတော့ ဘာမှဖုံးကွယ်ထားစရာ မရှိပါဘူး။
အခုတော့ ကျမရဲ့ သီသန့်ရုပ်သံအစီစဉ်တစ်ခုကို ထူထောင်နိုင်ခဲ့ပါပြီ။ လက်ဝတ်ရတနာတွေနဲ့ ပတ်သက်တဲ့ အစီစဉ်လို့ လူသိများကြပါတယ်။ နာမည်ကတော့ ကာရက်အင်စီးကရက်ပါ။
ထိုင်းနိုင်ငံရဲ့ လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးများ အစည်းအရုံးကို စတင်တည်ထောင်ပြီးတဲ့နောက်မှာ ညီအစ်မများရဲ့ တွဲလက်များဆိုတဲ့ ပရောဂျက်တစ်ခုကို ကျမ စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျမလိုပဲ တစ်ချိန်တစ်ခါတုန်းက ခံစားခဲ့ရဖူးသလိုမျိုး လိင်ပြောင်းလဲ ခွဲစိတ်တာတော့ လုပ်ချင်တယ်။ ပိုက်ဆံက မရှိဘူး။ စိတ်ပိုင်းဆိုင်ရာကနေ ကြည့်မယ်ဆိုလို့ရှိရင် တကယ့်အကျဉ်းအကျပ်ထဲကို ရောက်နေတဲ့ ဘ၀လိုပေါ့။ အဲဒီလို ညီအစ်မတွေကို ကူညီဖို့အတွက် ထူထောင်ခဲ့တာပါ။
ကွန်းခွန်ဂွန် (Kon Khon Kon) ရုပ်သံအစီစဉ်။ ဒီအစီစဉ်က လိင်ပြောင်းလဲ ခွဲစိတ်ပြီးသွားတဲ့ သူတွေကို တစ်နှစ်ကြာပြီးတဲ့နောက်ပိုင်း သူတို့တွေရဲ့ ဘ၀တွေကို လိုက်လံပြီးတော့ ပြန်လည်တင်ဆက် ပြသတဲ့ အစီစဉ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ ဆင်ဆာအဖွဲ့က လိင်ကွဲပြားမှု ၀ိသေသလက္ခဏာတွေရဲ့ တည်တကျ တည်ရှိနေမှု မရှိခြင်းကို နားမလည်တဲ့ အတွက်ကြောင့်မို့ အဲဒီအစီစဉ်ကို ဖြတ်တောက်ပေးခဲ့ကြပါတယ်။ အဓိက သူတို့တွေ နားလည်မှုလွဲတာက လိင်ပြောင်းလဲခွဲစိတ်တာကို အလှအပတွက် ခွဲစိတ်ပြုပြင်တဲ့ဟာနဲ့ မှားယွင်းပြီး နားလည်မှုလွဲတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
လိင်ကွဲပြားမှု ၀ိသေသလက္ခဏာတွေရဲ့ တည်တကျ တည်ရှိနေမှု မရှိခြင်းရဲ့ ကျမတို့အပေါ်မှာ သက်ရောက်စေတဲ့ အကြိုးသက်ရောက်မှုကို သူတို့တွေ တကယ်နားမလည်ကြလို့ပါ။ အမှန်တကယ်တော့ ကျမတို့ရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ပြုပြင် ရတယ်ဆိုတာက ကျမတို့ရဲ့ စိတ်နဲ့ခန္ဓာ တသားတည်း ဖြစ်စေချင်တဲ့ အတွက်ကြောင့် ပြုလုပ်တာပါ။ အဲဒီအပြင် အဲဒီလို လိင်ကွဲပြားမှု ၀ိသေသလက္ခဏာတွေရဲ့ တည်တကျ တည်ရှိနေမှု မရှိတာကို ကျန်တဲ့သူတွေလည်း နားလည်စာနာ တတ်လာစေဖို့အတွက် ဒီအစီစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
ကျမလို လူမျိုးတွေ အဓိကတွေ့ကြုံနေရတဲ့ အခက်ခဲ့ဆုံး ပြဿနာကတော့ အကြမ်းဖက်မှုပါ။ အဲဒီအကြမ်းဖက်မှုက မိသားစုကလည်း ဖြစ်နိုင်သလို၊ ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းကလည်း လာပါတယ်။ များသောအားဖြင့် လူတွေတော်တော်များများက ကျမတို့ကို လူပျက် ရယ်စရာ မောစရာ သတ္တ၀ါတွေလို ရှုမြင်ကြတယ်။ တချို့ကျတော့ လူလူချင်းဖြစ်ပေမယ့်လို့ ကျမတို့ရဲ့ အခွင့်အရေးတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကြပါတယ်။
ကျမတို့ကို အဲဒီလိုမျိုး ဆက်ဆံကြတာကို ရပ်တန်းက ရပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဂျီမတွေရဲ့ ဘ၀ဆိုတာ နဂိုကတည်းကနေ စိတ်ဆင်းရဲစရာ ကောင်းလှတဲ့ဘ၀ပါ။ စိတ်နဲ့လိုက်လျှောညီထွေတဲ့ ခန္ဓာကိုယ်ကို မရတဲ့အတွက်ကြောင့် စိတ်ပျက်ဝမ်းနည်းနေကြရတဲ့ အထဲမှာမှ အဲဒီလို ခွဲခြားဆက်ဆံကြဦးမယ် ဆိုရင်တော့ ပိုတောင်ဆိုးတော့မှာပေါ့။ ကျမတို့ကို ကူညီထောင့်ပံ့ ပေးနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ နားလည်ကိုယ်ချင်းစာနာမှုလေးပါပဲ။
ဒီအစီစဉ်ကို ဆက်ပြီးတော့ လုပ်ဆောင်သွားပါ့မယ်။ တကယ်လို့ ဒီလုပ်ငန်း အစီစဉ်ကို တားမြစ်ချင်တယ် ဆိုရင်တော့ ထိုင်းနိုင်ငံမှာ လိင်ပြောင်းလဲခွဲစိတ်တာကိုပါ တရားဝင်ပိတ်ပင်ရပါလိမ့်မယ်။
Labels: Sexual Education-IV, Sexual Education-XI

Labels: Fantastic News, News-VIII, Sexual Education-XI
ကျေးဇူးတင်ပါတယ် မုန်တိုင်း
ကျန်းမာကြပါစေ