this site the web

2283.. Facebook အတွင်းသို့ Color Change Malware ပြန့်နှံ့နေတယ်

 

Facebook profile ကို အရောင်များဖြင့် ပြောင်းလဲပေးမည် ဆိုသော Color Change scam သည်
သုံးစွဲသူ များကို ဆိုက်တစ်ခုမှ malware အား download ပြုလုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ malware သည် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူ ၁ဝ,ဝဝဝ ကျော်တွင် ကူးစက်
ပျံ့နှံ့နေကြောင်း တရုတ် အင်တာနက် ကုမ္ပဏီ Cheetah Mobile က ဆိုခဲ့သည်။

၎င်း malware သည် Facebook သုံးစွဲသူ များက ၎င်းတို့၏ profile အရောင်ကို ပြောင်းလဲနိုင်သည် ဟူသော
app တစ်ခုကို ကြော်ငြာခြင်းဖြင့် စတင်ခဲ့သည်။ ၎င်းသည် app ကို download ပြီး သုံးစွဲသူအား
အန္တရာယ်ရှိသည့် phishing ဆိုက်တစ်ခုသို့ ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း Cheetah Mobile ၏
လုံခြုံရေး သုတေသီများက ပြောကြားခဲ့သည်။

အဆိုပါ phishing ဆိုက်သည် သုံးစွဲသူ များအား နည်းလမ်း နှစ်မျိုးဖြင့် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ဆိုသည်။
ပထမ နည်းလမ်းသည် Color Changer အသုံးပြုပုံ ဗီဒီယိုကို ကြည့်ရှုခိုင်းကာ သုံးစွဲသူ၏ Facebook
Access Token များကို ခိုးယူခြင်းဖြစ်သည်။ Token များကို ယာယီ အသုံးပြုခွင့် ပေးပြီးနောက်
ဟက်ကာများက သုံးစွဲသူ၏ Facebook သူငယ်ချင်း များထံ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

အကယ်၍ သုံးစွဲသူက ဗီဒီယိုကို မကြည့်ရှုပါက phishing ဆိုက်သည် အန္တရာယ်ရှိသည့် application ကို
download ပြုလုပ်စေရန် ကြိုးပမ်းမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူက ကွန်ပျူတာပေါ်မှ အသုံးပြုက
phishing ဆိုက်သည် video player တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။ သုံးစွဲသူက Android
ထုတ်ကုန် တစ်ခုပေါ်မှ အသုံးပြုပါက phishing ဆိုက် အနေဖြင့် ၎င်းထုတ်ကုန်တွင် malware ကူးစက်
ခံနေရကြောင့် သတိပေးချက် တစ်ခု ဖော်ပြကာ app တစ်ခုကို download ပြုလုပ်စေမည် ဖြစ်သည်။

၎င်းပြဿနာသည် Facebook တွင်ရှိသည့် အားနည်းချက် တစ်ခုကြောင့် ဖြစ်ပြီး အဆိုပါ အားနည်းချက်သည်
Facebook အခြေခံ app များ အတွင်းသို့ ဟက်ကာများက virus များနှင့် အန္တရာယ် ရှိသည့် code
များ ထည့်သွင်းစေနိုင်ကြောင်း Cheetah Mobile မှ ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက်ကို Facebook က ပြင်ဆင်ရန် စီစဉ်နေခြင်း ရှိ၊ မရှိ မသိရှိသေးကြောင်း
Mashable က ဖော်ပြခဲ့သည်။

INternet Journal

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Anonymous İlayda said...

https://saglamproxy.com
metin2 proxy
proxy satın al
knight online proxy
mobil proxy satın al
C6Oİ2

1/9/23 10:05 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ