this site the web

2270.. လူသေ တွေရဲ့ ဆံပင်ကို ဆံထုံး ကြီးတွေ ထုံးထားတဲ့ လူမျိုးများ

 


                   ဆံပင်ရှည်များသည် ဆံပင်တုများဖြင့် ပေါင်းစပ်ထားပြီး ယင်းဆံပင်တု များသည်လည်း သေဆုံးသွားပြီးဖြစ်သည့် ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တို့ထံမှ ဖြတ်တောက်ယူငင် ထားခြင်းဖြစ် တရုတ်နိုင်ငံမှ Miao လူနည်းစု တိုင်းရင်းသားများ၏ ဓလေ့ထုံးစံသည် အမျိုးသမီးများ၏ ထူးခြားသော ဆံပင်ထုံးဖွဲ့မှုကြောင့် လူသိများလေ့ ရှိကြသည်။
                Miao အမျိုးသမီးများသည် ကြီးမားသည့် ကိုင်းတံကြီးများကို ဦးခေါင်းနောက်ဘက်တွင် ထားရှိကာ ဆံပင်ရှည်ကြီးများကို ဖီးသင်ထုံးဖွဲ့ကြသည်။ အထူးသဖြင့် ရိုးရာပွဲတော်များနှင့် အထိမ်းအမှတ် ကာလများတွင် ယင်းကဲ့သို့ လေးလံကြီးမားသည့် ဆံပင်အပြင်အဆင်ကို ပြုလုပ်ကြသည်။ ပို၍ ဆန်းကြယ်သော အချက်မှာ ထိုဆံပင်ရှည်များသည် ဆံပင်တုများဖြင့် ပေါင်းစပ်ထားပြီး ယင်းဆံပင်တုများသည်လည်း သေဆုံးသွားပြီးဖြစ်သည့် ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်တို့ထံမှ ဖြတ်တောက်ယူငင်ထားခြင်းဟု သိရသည်။

                  ထို့ကြောင့် ဦးချိုရှည်များဟု တင်စားခေါ်ဝေါ်ခံရပြီး လူဦးရေ (၅၀၀၀)မျှသာ ကျန်ရှိတော့သည့် Miao တို့သည် လူသေဆံပင်ကို ပန်ဆင်သူများဟု သတ်မှတ်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ဒေသရှိ Liupanshui မြို့အနီးမှ Suojia ကျေးရွာတွင် နေထိုင်လျှက်ရှိသည်။ မိုင်ယိုအမျိုးသမီးများသည် မိခင်မှ သမီးထံသို့ အဆိုပါ ဆံပင်များကို တရိုတသေ လက်ဆင့်ကမ်း ထိန်းသိမ်းစေခဲ့ကြသည်။

                 လူသေတို့ထံမှ ရယူထားသော ဆံပင်များကို ကောင်းစွာ ဆေးဆိုးပြီး မပျက်မစီးအောင် ထိန်းသိမ်းကာ ဂုဏ်ယူစရာ အဆင်တန်ဆာတို့အဖြစ် ဝတ်ဆင်လေ့ ရှိကြသည်။
“Miao တွေက ပွဲလမ်းသဘင်တွေမှာ ခုလိုဆံပင်ထုံးဖွဲ့မှုမျိုး လုပ်တတ်ကြပါတယ်။ ရိုးရာဓလေ့အရ ယောက်ျားတချို့လည်း ဒီလို အဆင်အပြင်မျိုး လုပ်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အဓိကပေါ့။ ခုချိန်မှာတော့ မိုင်ယိုတွေရဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့ ဓလေ့က လျော့ကျစ ပြုလာပါပြီ” ဟု ယင်းလူမျိုးစုများကို လေ့လာနေသည့် ပညာရှင် ရှုတူးက ပြောကြားခဲ့သည်။
                 Miao အမျိုးသမီးများသည် သမီးများ အရွယ်ရောက်လာ၍ အိမ်ထောင်ပြုသည့်အခါ ထိန်းသိမ်းထားသည့် ဆံပင်များကို အမွေအဖြစ် လွှဲအပ်ပေးပြီး မိခင်များ သေဆုံးချိန်တွင်လည်း သမီးများက ဆံပင်ကို အမြတ်တနိုး သိမ်းယူထားလေ့ရှိကြောင်း သိရှိရသည်။

horn========= ဦးချို။
woven  =======ရက်လုပ်ခဲ့သည်
rural========= ကျေးလက်ဒေသ
 ancestor======ဘိုးဘေးဘီဘင်။ ဘိုးအေ။

Chinese tradition sees women wear helmets made of HAIR from their dead ancestors
             A Chinese tradition which sees women wear headdresses made from the hair of their dead ancestors appears to be going strong in this part of the country.

             Instead of throwing away their hair when they comb it, women who are part of China's Long-horn Miao minority instead save the strands and add them to their collection of hair that allows them to create spectacular headdresses.

            The hairpieces are brought out for special occasions and carefully woven around horn-shaped headdresses fitted to the heads of the young women and girls.

           Although there are now less than 5,000 people in the Miao minority, the strong tradition carries on, as revealed by these pictures taken in the village of Suojia, in Liupanshui city in southwest China's Guizhou province.

            Every wig is passed down from mother to daughter and includes not just yarn and twine but also the hair from a line of female ancestors which the owners of the headdresses claim go back hundreds of years.

            'But it continued among the women and the hairdos that they have now include hair not only from the mother and grandmother but probably even the great-grandmother and even older - all woven together.

             'It's regarded as a living way for them to honour their ancestors. Every time a woman combs her hair, she collects it, and she hands it to her daughter when her daughter marries.

            'It probably originated with the wearing of the horns as the cow was a sacred animal in the past for people in this rural area, but this no doubt developed from a desire to decorate the horns and to honour not only the animal itself but also ancestors.'

            She added: 'For some people, their history is in books. However, for the Miao, their history is on their heads.'






Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ