this site the web

2253.. Career ဆိုတာ

 

Career ဆိုတာဘာလဲ။ 
            Job ဆိုတာ ကကော။လူငယ်တွေအနေနဲ့ မေးသင့်မေးထိုက်တဲ့ မေးခွန်းနှစ်ခု ဖြစ်တယ်။ တကယ်တော့ မေးခွန်းတွေ ဆိုတာထက် ရွေးချယ်မှုလို့ ဆိုနိုင်ပါတယ်။ သင်ဘာကိုရွေးချယ် မလဲ။ Career နဲ့ Job က ဆင် သယောင် ထင်ရသလို၊ ကွဲပြားသလို လဲထင်ရပါတယ်။ အလွယ်ကူဆုံး ဖြေရှင်းနည်းကတော့ Career တစ်ခုအတိုင်း လျှောက်လှမ်းတော့မယ်ဆိုရင် မိမိရွေးချယ်လုပ်ကိုင်လိုက် တဲ့ လုပ်ငန်းနဲ့ တူညီတဲ့ မည်သည့် ကုမ္ပဏီမှာမဆို လုပ်ကိုင်နိုင်ပါတယ်။ 

           ဒီလိုရွေးချယ်လုပ်ကိုင်ရတဲ့ အကြောင်းအရင်းကတော့ Career ရဲ့ရွေးချယ်မှုပါပဲ။   Career ကို စာရေးသူအနေနဲ့ ပြောမယ်ဆိုရင် ပထမဦးဆုံးအိပ် မက်လို့ဆိုချင်ပါတယ်။ လူတိုင်းလူ တိုင်းတွေးတတ်ကြပါတယ်။ ကျွန် တော် အင်ဂျင်နီယာဖြစ်ချင်တယ်။ ကျွန်မ ဆရာဝန်ဖြစ်ချင်တယ်။ အဲ့ဒီလိုရွေး ချယ်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်မယ်ဆိုရင်တော့ Career လမ်းကြောင်းနဲ့အတူစီစဉ်လုပ်ကိုင် ဆောင်ရွက်တတ်ဖို့ပါပဲ။ Minnesota State Colleges and Universities များရဲ့ iSeek Solution က ၎င်းရဲ့ www.iseek.org website မှာဖော်ပြထားတာကတော့ Career အတွက် Education Training နှင့် Work Experience တို့ပါဝင်ရမယ်လို့ဆိုပါတယ်။ 

           မိမိ ရွေးချယ်လိုက်တဲ့ Career အ တိုင်း ဆောင်ရွက်နိုင်ဖို့ သင်ယူခြင်း၊ လေ့ကျင့်ခြင်းနှင့် လုပ်ငန်းအတွေ့အကြုံများ ပါဝင်ရမှာပါ။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းနေရာဒါမှမဟုတ်အခြားအလုပ်မှာလည်း အဆင့်မြင့်တက်ဖို့အတွက် သင်ယူခြင်း၊ လေ့ ကျင့်ခြင်းနှင့်လုပ်ငန်းအတွေ့အကြုံများမှာ ဆက်လက် လိုအပ်လာမှာပါ။   မတူညီတဲ့ အလုပ်တစ်ခုမှ တစ်ခုပြောင်းလဲခြင်းနှင့် Career အတိုင်းဆောင်ရွက်မှုမှာ ကွာခြားချက် တွေရှိသလို Career Plan ရှိသူနဲ့ Career Plan မရှိသူမှာလည်း ခြားနားချက်တွေ ရှိပါတယ်။  အချိန် ကာလ တစ် ခုနဲ့ အတူ သိသာတဲ့ ပြောင်းလဲမှုတွေရှိလာမှာ ဖြစ်သလို၊ မိမိဖြစ်ချင်တဲ့၊ မိမိရောက်ရှိလိုတဲ့ နေရာကိုလည်း Career ဦးတည်နေမှာပါ။Career Plan ထားရှိမယ်ဆိုရင် အလွယ်ကူဆုံးကတော့ အဆင့် လေးဆင့်ခွဲခြား သတ်မှတ်ရပါမယ်။ 

           ပထမအဆင့်အနေနဲ့ မိမိလက်ရှိ ဘာလုပ်နိုင်လဲဆိုတာ၊ ဘာလုပ်ချင်လဲဆိုတာ၊ မိမိလုပ်ချင်တဲ့အရာ ဆီကို ဘယ်လို သွားမယ်ဆိုတာ သိရှိဖို့ လိုအပ်ပါတယ်။ အဲ့လိုသိရှိဖို့ အပြင် ထည့်သွင်း စဉ်း စားရမှာကတော့ မိမိလုပ်ချင်တဲ့ အလုပ်နဲ့အတူ မိမိတတ်ကျွမ်းမှု၊ စိတ်ဝင်စားမှု၊ အရည်အချင်း တို့ကို စဉ်းစားချင့်ချိန် ရမှာပါ။ ဒီလိုသိရှိဖို့ အတွက်ကတော့ မိမိကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်း ထုတ်ဖို့ပါပဲ။   

            ဒုတိယအဆင့်ကတော့ ရှာဖွေ ဖို့ပါပဲ။ မိမိလုပ်ချင်တာသိရှိပြီး မိမိ လုပ်နိုင်တာသိရှိပြီဆိုရင်တော့ မိမိ လုပ်ချင်တာအတွက် ဘာတွေလိုအပ်မလဲ။ ဘယ်လိုအရည်အချင်း တွေလိုအပ်မလဲ။ အလုပ်ကကော ဘယ်မှာ ရှိမလဲ ဆိုတာတွေကို ရှာဖွေရမှာပါ။ လိုအပ်ချက်တွေကို လည်းဖြည့်ဆည်းထားဖို့ လိုအပ်ပါမယ်။ 

           တတိယတစ်ခုကတော့ အစီ အစဉ် စတင်ရေးဆွဲရပါမယ်။ မိမိ အရည်အချင်း၊ စိတ်ဝင်စားမှု၊ ကျွမ်းကျင်မှုတို့နဲ့ ဘယ်လို ကိုက်ညီမလဲ၊ ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုး၊ ကောင်းကျိုး၊ အောင်မြင်မှု၊ ကျရှုံး မှုတို့ကိုလည်း ကြိုတင်တွက်ချက်ပြီး ကိုယ်ဘယ်အရာက စတင်လုပ် ဆောင်ရမယ်ဆိုတာကို ရေးဆွဲရ ပါမယ်။

            နောက်ဆုံးအဆင့် လုပ်ဆောင် ချက်ကတော့ ဘယ်လိုနေရာကနေ အကူအညီတွေ ရနိုင်မလဲဆိုတာ နဲ့ ဘယ်လိုလူတွေက အထောက်အပံ့ အနေနဲ့ မိမိကို ကူညီနိုင်မလဲဆိုတာ သိအောင်လုပ်ရပါတယ်။ ဒီလိုသိ ရှိပြီဆိုရင်တော့ လိုအပ်မယ့် အခြေ ခံလုပ်သက်တွေနဲ့အတူ မိမိရွေး ချယ်ထားတဲ့ Career လမ်းကြောင်း ကိုကြိုးစားလုပ်ဆောင်ရမှာပါ။ ဒီ လို Career Plan တစ်ခုအနေနဲ့ ရေးဆွဲလုပ်ဆောင်တဲ့နေရာမှာ တိကျ တဲ့ ဆောင်ရွက်ချက်တွေ၊ အချိန် တွေကိုထည့်သွင်းနိုင်မယ်ဆိုရင် ပိုမို ပြည့်စုံတဲ့ Plan တစ်ခုဖြစ်လာ မယ့်အပြင် မိမိလိုချင်တဲ့ Career အလုပ်ကိုလည်း တိတိကျကျရောက် ရှိနိုင်မှာပါ။   

           Career အကြောင်းရှင်းလင်း တဲ့နေရာမှာ Job ဆိုတဲ့အခန်းကဏ္ဍ ကလည်း ဖယ်ရှားထားလို့ မဖြစ်ပါဘူး။ Career တစ်ခုရောက်ရှိနိုင်ဖို့ အတွက် ကြားခံဝင်ရောက် လုပ်ကိုင်ရတဲ့ အလုပ်တွေရှိသလို၊ မိမိ Career တစ်ခုအတွက်လည်း လိုအပ်တဲ့ အခြေခံအဆင့် Job တွေ လည်းရှိနိုင်ပါတယ်။ နေရာတစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ ပန်းတိုင်တစ်ခု၊ အိပ်မက်တစ်ခု အောင်မြင်ဖို့ အတွက် ပေးဆပ်မှု၊ ဇွဲ၊ အရည်အချင်းတွေ များစွာ လိုအပ်ပါတယ်။ 
https://www.iseek.org/careers/

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ