this site the web

2195.. Facebook ရဲ့ TRUSTED CONTACTS feature အသစ်

 
             ဒီ Feature ကအသစ်စစ်စစ်တော့ မဟုတ်ပါဘူး။ ၂၀၁၁တုန်းက လုပ်ခဲ့တဲ့ Trusted Friends ကိုပြန်လည် ဆန်းသစ် ထားတာ ဖြစ်ပြီး ဒီနေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ပေး တော့မှာပါ။

               Facebook ကအကောင့် လော့ကျသွားတဲ့ အခါ ကိုယ်အယုံကြည်ဆုံး၊ အခင်ဆုံး သူငယ်ချင်းတွေက ကိုယ့်အကောင့်ကို ပြန်ရအောင် လုပ်ပေးမယ့် "Trusted Contacts" ဆိုတဲ့ feature ကိုထပ်တိုး လိုက်ပါပြီ။

            ဒီ Feature ကအခင်ဆုံး သူငယ်ချင်း တွေဆီက အကူအညီနဲ့ ကိုယ့်ရဲ့ Passwords တွေကို ပြန်ပြင်လို့ ရအောင် လုပ်ဆောင် ပေးမှာပါ။ နောက်ပိုင်း Facebook ကိုဝင်တဲ့အခါမှာ ပြဿနာ တက်နေရင်ဒီ Trusted Contacts ထဲမှာ ကိုယ်အယုံကြည်ဆုံး သူငယ်ချင်း သုံးယောက် ကနေ ငါးယောက် အထိကို ရွေးထား ပြီးတော့ သူတို့တွေက ကိုယ့်ရဲ့ အကောင့်ကို ပြန်ရအောင် ကူညီပေး မှာပါ။

           Lock ကျ သွားတဲ့ အခါမျိုး တွေမှာ ကိုယ်ရွေးထားတဲ့ သူငယ်ချင်း တွေဆီကို Security Codes တွေကို ပို့ပေးမှာ ဖြစ်ပြီး သူတို့တွေက ကိုယ့်ဆီကို အဲ့ Security Codes တွေပြန်ပို့ ပေးရမှာပါ။

           ကိုယ့်အကောင့်ကို ပြန်ရဖို့ အတွက် Codes စုစုပေါင်း ၃ခု လိုပါမယ်။ ဒါတင်မက Trusted Contacts ကိုသုံးတာကြောင့် အရင်လို ကိုယ့်ရဲ့ Security Question တွေရဲ့ အဖြေကို မှတ်ထားစရာ မလိုတော့တဲ့ အပြင် ကိုယ်ဘယ်သူ ဘယ်ဝါ ဆိုတာ သက်သေ ပြရတဲ့ ဖောင်အရှည်ကြီး တွေလည်း ဖြေပေးစရာ မလိုတော့ ပါဘူးလို့ Facebook ကဆိုပါတယ်..

             ဒါဟာ ကိုယ့်ရဲ့ အိမ်သော့ အပိုတွေကို ပွားပေးထား ရတာနဲ့ ဆင်တူပြီး လော့ကျ သွားတဲ့အခါ သူတို့ဆီက ကိုယ့်သော့ကို ပြန်တောင်း ရတာမျိုးပါ။


ဒီ feature ကိုသုံးမယ် ဆိုရင် ......








On your Facebook profile Go To – Settings.
Choose Security Settings and then ‘Trusted Contacts’.
Click on ‘Choose Trusted Contacts’ and going forward you can add 3-5 friends whom you trust can help you in need.


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ