this site the web

2186.. သင်္ချိုင်း ထဲက စားသောက်ဆိုင်

 



                  လူအများက အမင်္ဂလာဟု သတ်မှတ်သော၊ လာဘ်တိတ်သည်ဟု ယူဆသော မြင်ကွင်းမျိုးသည် ခရစ်ရှ်နန်ကတ်တီအတွက်မူ လာဘ်ရွှင်သော၊ ကံကောင်းသော နိမိတ်ပုံမျိုး ဖြစ်နေသည်။ Ahmadabad, India တွင် Krishnan Kutti သည် စားသောက်ဆိုင်လေး တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ 

              သင်္ချိုင်းနေရာ တစ်ခုတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် မနက်ပိုင်း ဆိုင်စခင်းကတည်းက ဆိုင်ဝန်ထမ်းများ အနေဖြင့် သင်္ချိုင်းတွင် မြှုပ်နှံထားသူတို့၏ ဝိညာဉ်များကို ရည်ရွယ် ဆုတောင်းပေးပြီးမှ လုပ်ငန်းစတင်လေ့ ရှိကြသည်။




              ၎င်းဆိုင်ဖွင့်သော နေရာသည် သင်္ချိုင်းဟောင်း တစ်ခုလည်း ဖြစ်သည်။   ကော်ဖီဆိုင်ငယ်လေးအဖြစ် အစပြုခဲ့သော ကက်တီ၏ လုပ်ငန်းသည် ယခုအခါ အတော်လေး အောင်မြင်ပြီး လူဝင်များသည့် စားသောက်ဆိုင် တစ်ခု ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဖောက်သည်များအတွက် ဆန်းကျယ်သော ခံစားမှုမျိုးကို မိမိ၏ဆိုင်က ပေးစွမ်းနေ၍ဖြစ်ကြောင်း ကက်တီက ဂုဏ်ယူစွာဖြင့် ဆိုသည်။

               အမှန်တကယ်လည်း အုတ်ဂူများဘေးတွင် စားပွဲခင်းပြီး စားသောက်ရသော ခံစားချက်မျိုးသည် သာမန် ကြုံရလေ့ရှိသည့် အခြေအနေဟု ဆိုနိုင်မည် မဟုတ်ချေ။ ကက်တီသည် ဆိုင်ကို စတင်ခင်းကျင်း ပြင်ဆင်ကတည်းက ယခင်အုတ်ဂူဟောင်းများကို ဖျက်မပစ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစား အုတ်ဂူများကို ဆိုင်အခင်းအကျင်းသဖွယ် ထားရှိကာ နံဘေးမှကပ်၍ စားပွဲများ ခင်းကျင်း ပြင်ဆင်ခဲ့သည်။ 


             သင်္ချိုင်းနေရာ တစ်ခုတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် မနက်ပိုင်း ဆိုင်စခင်းကတည်းက ဆိုင်ဝန်ထမ်းများ အနေဖြင့် သင်္ချိုင်းတွင် မြှုပ်နှံထားသူတို့၏ ဝိညာဉ်များကို ရည်ရွယ် ဆုတောင်းပေးပြီးမှ လုပ်ငန်းစတင်လေ့ ရှိကြသည်။ ယခုအခါ ကက်တီ၏ စားသောက်ဆိုင်ကို New Lucky ဟု အမည်ပေးထားပြီး လူသိများ ထင်ရှားနေပြီ ဖြစ်သည်။

 

              “ကျွန်တော့်အတွက်တော့ သင်္ချိုင်းမြေက ကောင်းမွန်တဲ့ ကံကြမ္မာတွေ   ဆောင်ယူလာပေးတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့် လုပ်ငန်းက ဒီအုတ်ဂူတွေနဲ့ ခေါင်းတလားတွေကြောင့်ပဲ ပိုပြီး အောင်မြင် လူသိများလာတာပါ။ လူတွေအတွက် ဒီဆိုင်မှာ လာထိုင်ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံ တစ်ခုပဲလေ။ ကျွန်တော်တို့က အုတ်ဂူတွေကို ကောင်းကောင်းမွန်မွန် ပြန်ပြင်ဆင်ပေးထားတယ်။ ဖောက်သည်တွေ အနေနဲ့လည်း အုတ်ဂူတွေကို မြင်နေရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ပုံမရဘူး”ဟု ကက်တီက ပြောကြားခဲ့သည်။

                စားသောက်ဆိုင်ထဲတွင် အုတ်ဂူ(၁၆)လုံးမျှ ပျံ့နှံ့တည်ရှိပြီး (၁၆)ရာစုခေတ် သူတော်စင် ဆူဖီ၏ အုတ်ဂူပင် ပါရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ကက်တီက “မနက်စောစော အုတ်ဂူတွေကို အရိုအသေပေးပြီးမှ ကျွန်တော်တို့ ဆိုင်စခင်းလေ့ ရှိပါတယ်။ အုတ်ဂူတွေကိုလည်း ကျွန်တော်တို့ အဝတ်တွေနဲ့ သပ်သပ်ရပ်ရပ် ဖုံးအုပ်ပေးထားပြီး ပန်းစည်းတွေလည်း ထားပေးလေ့ရှိတယ်။ သေဆုံးသွားသူတွေကို အလေးအနက် ထားခြင်းဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟုလည်း ရှင်းပြသွားသည်။


cemetery  ============ သုသာန်။ သင်္ချိုင်း။


Restaurant owner in India places tables around coffins after opening business on site of old cemetery 



Flourishing: Krishnan Kutti, owner of New Lucky Restaurant in Ahmadabad, India, claims business is brisk since opening his cafe at the site of an old cemetery

Unique: The New Lucky Restaurant promises a different experience for its customers

Kutti said: 'The graveyard brings good luck. Our business has been flourishing because of these graves. It gives people a unique experience.
'We have maintained the graves as they were. Our customers don't seem to mind.'
However, the owner has little idea who the graves belong to, while some locals claim they contain the remains of followers of a 16th-Century Sufi saint, whose tomb lies nearby.

Around a dozen graves lay inside the restaurant and have been sealed off by iron grills.
Every morning, when the shutters of the restaurant are pulled up, waiters spend some time wiping the gravestones and decorating them with fresh flowers.
'We begin our day by paying respects to the graves.
'We wipe them and cover them with cloth and also shower flowers on them.
'It is important to respect the dead,' said Kutti.

Preserved: Owner Krishnan Kutti decided to place tables around the graves rather than disturb them

Mind your step: Customers have to negotiate their way around the coffins to the tables

Respectful: The graves do not seem to bother the clientèle, while staff begin their day by paying their respects

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ