this site the web

2155.. Applications တွေ Game တွေ သုံးနေရင်းမှ ရုတ်တရက် Unfortunately Stopped ဖြစ်သွားခြင်းအား ဖြေရှင်းခြင်း...

 
မိမိ တို့ ဂိမ်းဆော့ နေရင်း ဖြစ်ဖြစ် .. Applications တွေ ဖွင့်

ထားရင်းပဲ ဖြစ်ဖြစ် အဲ့လို လေး ပေါ်လာရင် မည်သူ မဆို လွန်စွာ ပေါက်ကွဲ ဖူးကြပါလိမ့်မယ်...

စာဖတ် သူလည်း ဖြစ်ဖူး ကြရင် ဒီပို့စ်လေးကို အဆုံးထိ ဖတ်ရှု ပေးပါ...




အောက်က တော့ Outlook.com App ရဲ့ Crash ဖြစ်သွားတဲ့ ပုံပါ....


ဒါမျိုးကို Application Crash ဖြစ်ခြင်း လို့ ခေါ်ဆိုပါတယ်....

များသော အားဖြင့် ဒီ လို Error မျိုးဟာ... မိမိ ဖုန်းရဲ့ Hardware ထိခိုက် မှု တစ်ခုခု ကြောင့် ဖြစ်တတ်တာ

များပါတယ်... ဒီလို ဖြစ်လာရင်တော့.. သင်ဟာ Technician တစ်ယောက် မဟုတ်ရင်... သင်ကိုယ်တိုင်

ပြင် ဆင်နိုင်မှာ မဟုတ်ပါ...

ဒီလို ဆိုရင်တော့ Service Center ကိုသာ သွားပြလိုက်တာ အကောင်းဆုံးပါပဲ... Factory Faults ကြောင့်

ဖြစ်တာ ဆိုရင် Phone အသစ် တစ်လုံး လဲ လှယ် ပေးပါလိမ့်မယ်...

Application Crash ဖြစ်ခြင်းကို ဖြေရှင်းရန် နည်းလမ်း များ...(For Normal Users)


ဒီ ခေါင်းစဉ် မှာ Normal Users ဆိုတာက တော့ Root Access မရှိ ... တစ်နည်း အားဖြင့် ဖုန်းကို

Root လုပ်ထားခြင်း မရှိတဲ့ Users များအတွက် ဖြစ်ပါတယ်...

  1. Simple Reboot ပြု လုပ်ခြင်း
ဒါက တော့ မိမိ ဖုန်းကို Restart ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်.. ဖုန်း အများစုဟာ ပုံမှန် ကနေ ချို့ယွင်းမှု

(issues) တစ်ခုခု ဖြစ်ပေါ် လာပါက ... Restart ချပေးခြင်းဖြင့် Phone ရဲ့ System ပိုင်းကို ပုံမှန် ပြန်လည်

အလုပ်လုပ် စေပါတယ်.... အကယ် ၍ သင့် ဖုန်းကို Restart ချပေး ပြီးနောက်... Crash ပြုလုပ် ခြင်းခံ

ရသော Application အား ပြန်ဖွင့် ၍ သုံးကြည့်ပါ... Unfortunately App has stopped

သာ ပြနေပါက ... ဖုန်းအား Battery ဖြုတ် လိုက်ပါ.... မိနစ် အနည်းငယ် ကြာပြီးမှ Battery ကို ပြန်တပ်

လိုက်ပါ....

    2.  Re-installing an Application

ဒါကတော့ Application ကို Uninstall ပြု လုပ်ပြီးနောက် .. ပြန်လည် install ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်...

Setting>>Application>>Manage Applications မှ သော် လည်းကောင်း..

Setting>>Application Management မှ သော်လည်း ကောင်း...

Crash ပြု လုပ် ခံ ရသော Application အား Uninstall ပြုလုပ်၍... တစ်ဖန် ပြန်လည် install ပြုလုပ်

ပေးပါ....

    3.  အခြား Applications များ ပြောင်းလဲ အသုံးပြု ခြင်း

ဒါက Fix ပြု လုပ် နည်း မဟုတ်ပါဘူး... ဆိုလို ချင်တာက တော့ သင့် ရဲ့ Camera ဟာ Crash ပြုလုပ်

ခံ ထားရသော Application ဖြစ်နေပါက .. Camera 360 ကို ပြောင်းသုံးခိုင်း ခြင်းမျိုးဖြစ်ပါတယ်..

သဘောက တော့ ဆင်တူ Application မျိုး သုံးခိုင်း ခြင်း ဖြစ်ပါတယ်...

    4.  အသစ် ထည့် သွင်းထားသော Application တစ်ချို့အား Uninstall ပြုလုပ်ခြင်း

တချို့သော Applications များဟာ ... တခြား သော သင့် ဖုန်းထဲရှိ.. Applications များ ၏

Operation အချို့တွင် ဝင်ရောက် စွက်ဖက်မှု ရှိနိုင်ပါသည်..... ထို သို့ ဖြစ်သည် ဟု ယူဆပါက...

Crash ဖြစ်နေသော Application အား ထည့် သွင်းပြီးနောက်... အသစ်ထပ်

ထည့် ထားသော.. Application  များအား Uninstall ပြုလုပ်ကြည့်ပါ....

အသစ် များအား မသိပါက ... Launcher အချို့တွင်ပါရှိသည့် Sort By Function ဖြင့် ကြည့်ရှုပါ...

    5.  Factory Data Reset ပြုလုပ်ခြင်း

Factory Data Reset ဆိုသည်မှာ... သင့် ဖုန်းကို Factory မှ ထုတ်လုပ် ပေးပြီး အသစ်စက်စက် လုံးဝ

မထိ မကိုင်ရသေးသော ပုံစံ အတိုင်း ပြု လုပ်ခြင်းပါသည်....

Factory Data Reset သည်.. သင့် Phone Memory အား Erase ပြု လုပ်ပါသဖြင့်...

Factory Data Reset မပြုလုပ်ခင်... သင့် ရဲ့ Phone အတွင်းရှိ အရေးကြီးသော Data များအား

Backup ပြုလုပ်ထားသင့်ပါသည်...

Factory Data Reset ပြု လုပ်ရန်မှာ...

Setting>>Backup and Reset>> Factory Data Reset

မှ သွားရောက် ပြုလုပ်နိုင်ပါသည်....


အထက် ပါ နည်းလမ်း များအားလုံးကို ပြုလုပ်ကြည့်ပြီးနောက် .... သင့် Application မှာ

Crash ဖြစ် နေသေးပါက.... Hardware ချို့ယွင်းချက် သို့မဟုတ် Applications ၏ ချို့ ယွင်းချက်ဟု

ယူဆ ရပေမည်...

Hardware ချို့ယွင်းချက် ဖြစ်ပါက... Service Center သို့ ပို့ဆောင် ခြင်းသာ အကောင်းဆုံး ဖြစ်ပါလိမ့်မည်..

Application Crash ဖြစ်ခြင်းကို ဖြေရှင်းရန် နည်းလမ်း...(For Root Users)  



ဒီ နည်းလမ်းက တော့ Root Access ရှိပြီးသော ... User များ ပြု လုပ် ရန်အကောင်းဆုံး နည်းလမ်း

ဖြစ်ပါတယ်....

ဒီ နည်းလမ်းကို ပြုလုပ် မယ်ဆိုရင် သင့် ဖုန်းဟာ Root ထားခြင်း မရှိပါက သက်ဆိုင်ရာ Tool များနဲ့

Root အရင် ပြုလုပ်လိုက်ပါ...

သင့် ဖုန်းမှာ Root Access ရရှိပြီ ဆိုလျှင် ကျွန် တော်တို့ လုပ်ငန်းစလို့ ရပါပြီ...

ပထမ ဆုံး သင့် အတွက် လိုအပ် တာကတော့

Link2SD ဆိုတဲ့ Application ဖြစ်ပါတယ်... File Size ကတော့

အဲ့ဒီ့ Application ကို Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်....

Link ကတော့ ...

https://play.google.com/store/apps/details?id=com.buak.Link2SD
       http://www.monetine.net/2012/07/1856-android-application-sd-card.html

ပဲ ဖြစ်ပါတယ်...



Install ပြုလုပ်ပြီးပါက Link2SD ကို ဖွင့်လိုက်ပါ...

မိမိ ဖုန်းထဲတွင် Crash ဖြစ်နေသော Application ကိုရွေးပေး ပါ...


ထို့နောက် ... Action ဆိုတာကို ကလစ် ပြီး...  Convert to system app ကိုနှိပ်၍

OK ကိုနှိပ် ပေးလိုက်ပါ.....

ပြီးရင် သင့် ဖုန်းကို Restart/Reboot ပြုလုပ်ပေးလိုက်ပါ....

ဒါဆိုရင်တော့ သင့် Application ဟာ Crash မဖြစ်တော့ပါဘူး.. System App အဖြစ် လူလည် ကျ

ပြီး ပြောင်းလဲ ပေးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်...

ညီငယ်တစ်ယောက်ရေးထားတာပါ...မေ့နေလို့ပါ...

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ