this site the web

2122.. GPU ( Graphic Processing Unit ) ဆိုတာ

 



                   မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ GPU ဆိုတာကတော့ Graphic Processing Unit ကို အတိုခေါက်အနေနဲ့ ခေါ်ဆိုသတ်မှတ်ထားတာပဲဖြစ်ပါတယ်။


                     နောက်ထပ်နာမည်တစ်မျိုးနဲ့ ခေါ်တွင်တာလည်း ရှိပါသေးတယ်။ အဲဒါကတော့ VPU လို့ခေါ်တဲ့ Visual Processing Unit လို့လည်း အခါအားလျော်စွာ
ခေါ်ဆိုသတ်မှတ်လေ့ရှိတယ်လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ GPU ဟာကောင်းမွန်တဲ့ Electronic Circuit တစ်ခုဖြစ်တယ်လို့လည်းဆိုကြပြီး ပုံရိပ်တွေကို မှတ်သားခြင်းနဲ့ တည်ဆောက်ခြင်းအပိုင်းတွေကို လုပ်ဆောင်တဲ့နေရာမှာ ကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

                 ကွန်ပျူတာတွေမှာဆိုရင်တော့ Graphic Card တွေကို ထည့်သွင်းအသုံးပြုကြသလိုမျိုးပဲ မိုဘိုင်းဖုန်းတွေမှာလည်း GPU ဟာ ပုံရိပ်ဖန်တီးခြင်း၊ ရုပ်ပုံများကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းတွေမှာ နာမည်ကြီးတယ်လို့ ဆိုပါတယ်။ GPU ကိုတော့ nVidia ကနေ စတင်အသုံးပြုခဲ့ပြီး နာမည်ရလာခဲ့တာဖြစ်ပါတယ်။ GPU ကို ၁၉၉၉ ခုနှစ်မှာ GeForce 256 ဆိုတဲ့နာမည်နဲ့ စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ GPU ကိုတော့ Single Chip ပုံစံမျိုးနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပေါ့ပါးခြင်း၊ ဂရပ်ဖစ်စနစ်များအား ပေါင်းစပ်ထားခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။
                 GPU ကို မိုဘိုင်းဖုန်းတွေပေါ်မှာ စတင်အသုံးပြုခဲ့တာဟာ အချိန်သိပ်မကြာမြင့်သေးပါဘူး။ မိုဘိုင်းဖုန်းတွေမှာ ကွန်ပျူတာတစ်လုံးလို အသုံးပြုနိုင်လာတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေရဲ့ ဂရပ်ဖစ်ဆိုင်ရာ အသုံးပြုခြင်းတွေအတွက် GPU ကို အသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ GPU ကို အသုံးပြုလာခဲ့ကြပြီးတဲ့နောက်မှာတော့ မိုဘိုင်းဖုန်းတွေအတွက် ဂရပ်ဖစ်စနစ်ပိုင်းကို ပိုမိုကောင်းမွန်အောင် ဖော်ပြပေးနိုင်မယ့် LCD တွေနဲ့ LED Screen တွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

             GPU ရဲ့ဂရပ်ဖစ်စနစ် ပြုပြင်ဖန်တီးပေးချက်တွေကို LCD တွေကလည်း အကောင်းဆုံး ပုံဖော်ပေးကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကလည်း နည်းပညာပေါင်းစပ်မှု တစ်ခုဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့စနစ်တွေကို ဖန်တီးလာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

1 - ဦး မှတ်ချက်ပေးထားပါသည်

Blogger Unknown said...

Nice info.

21/1/14 1:35 PM  

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ