this site the web

2095.. Zapya အသုံးပြုပုံ နှင့် Zapya v1.6.3

 










          Zapya ဆိုတဲ့ဆော့ဖ်ဝဲကတော့ ဖိုင်တွေကို အကောင်းဆုံးနှုန်းနဲ့ ပို့ဆောင်ပေးနိုင်တဲ့အပြင် ဖိုင်အရွယ်အစားမရွေး ပို့ဆောင်နိုင်တဲ့ ဆော့ဖ်ဝဲလေးလည်း ဖြစ်ပါတယ်။ ဖိုင်ပို့တဲ့နှုန်းဟာ သာမန် Bluetooth နဲ့ပို့တဲ့နှုန်းထက် ပိုပြီးတော့ မြန်ဆန်ကောင်းမွန်ပါတယ်။ Bluetooth မှာမပို့နိုင်တဲ့ ဖိုင်ဆိုက်တွေကိုလည်း Zapya ဆော့ဖ်ဝဲထဲမှာ ပို့နိုင်ပါတယ်။

                          Zapya ဆော့ဖ်ဝဲကို အသုံးပြုတော့မယ်ဆိုရင်တော့ ပထမဆုံးဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ပထမဆုံးအကြိမ် စဖွင့်တာဆိုရင်တော့ ဆော့ဖ်ဝဲရဲ့ Interface ပုံမြင်ကွင်းတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။
 
                      စတင်မြင်တွေ့ရတဲ့ စာမျက်နှာကို ဘယ်ဘက်ကို Slide ငါးခါလောက် ဆွဲလိုက် ပြီး Start Now ကိုနှိပ်ရင် ဆော့ဖ်ဝဲကို စတင်အသုံးပြုနိုင်မယ့် ဖိုင်စနစ်တွေထဲကို ရောက်ရှိမှာဖြစ်ပါတယ်။
 
                      ပထမဆုံး စတင်တွေ့ရတဲ့ နေရာမှာတော့ ကိုယ့်ရဲ့ Device Name တစ်ခုကို ပေးထားခဲ့နိုင်ပါတယ်။ Profile ပုံကိုရွေးနိုင်သလို Device ထဲက ပုံတွေလည်းရွေးနိုင်ပါတယ်....
 
                      ပြီးရင် Next ဖိုင်တွေ စတင်ပို့နိုင်မယ့်နေရာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်ဖိုင်တွေ၊ အခြား Application Icon တွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

                 ဆော့ဖ်ဝဲမြင်ကွင်းရဲ့ ထိပ်ဆုံးဘက်မှာ Connect to friends ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်မယ်ဆိုရင်တော့ Zapya ဆော့ဖ်ဝဲကိုဖွင့်ထားတဲ့ အခြား Device တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။  Connect Friends ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ဆော့ဖ်ဝဲက သူ့အလိုလို Device တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ Connect Friends ဆိုတဲ့ Box လေးရဲ့ဘေးဘက်မှာ invite ဆိုတာရှိပါတယ်။ invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်းနံပါတ်ရိုက်ထည့်ရမယ့် နေရာလေးတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး ကိုယ်ကချိတ်ဆက်ချင်တဲ့ Device ရဲ့ဖုန်းနံပါတ် ဒါမှမဟုတ် နာမည်ကို ရိုက်ထည့်ပြီး Invite ပြုလုပ်ထားနိုင်ပါတယ်။
 
                ကိုယ် invite လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ဖြည့်သွင်းပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာ Send Invite နဲ့ Invite Message ဆိုတဲ့ စနစ်နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပြီး နှိပ်ပေးရပါမယ်။ Send Invite ကိုနှိပ်လိုက်မယ်ဆိုရင်တော့ Zapya စနစ်ဖွင့်ထားတဲ့ အခြားဖုန်းတစ်လုံးကို Invite လှမ်းလုပ်ပြီး ရှာဖွေနိုင်မှာဖြစ်ပြီး Invite Message ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းကနေ အခြားဖုန်းတစ်လုံးကို Zapya ဆော့ဖ်ဝဲအတွက် Invite လုပ်ချင်ပါတယ်ဆိုတဲ့ Message တစ်စောင်ကို ပို့ပေးလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဖုန်းတစ်လုံးကလည်း Message ကို လက်ခံရရှိတာနဲ့ ဖုန်းကို Data ပို့ဖို့အတွက် Zapya ဆော့ဖ်ဝဲကို ဖွင့်ခိုင်းနေပြီဆိုတာကို အလိုအလျောက်သိရှိနိုင်မှာ ဖြစ်ပါတယ်။

                     ဆော့ဖ်ဝဲရဲ့ Interface ကိုကြည့်မယ်ဆိုရင်တော့ အပေါ်ဘက်မှာ Game နဲ့ Application ဆိုတဲ့စနစ်နှစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အောက်ဘက်မှာဆိုရင်တော့ App, Gallery, Media, File, History အစရှိတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုဖြစ်တဲ့ Game နဲ့ Application ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ဂိမ်းတွေနဲ့ Application တွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပြီး ဒီဖော်ပြချက်ထဲမှာရှိတဲ့ ဂိမ်းနဲ့ဆော့ဖ်ဝဲတွေကို အခြားဖုန်းတစ်လုံးကို ပို့ဆောင်ချင်တယ်ဆိုရင်တော့ မြင်တွေ့နေရတဲ့ Icon ကိုနှိပ်လိုက်ရုံနဲ့ Send, Properties, Open, More ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

                        ဒီစနစ်တွေထဲကနေ ကိုယ်ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အခြားဖုန်းတစ်လုံးကို ပို့ချင်တယ်ဆိုရင်တော့ Send ကိုနှိပ်ရမှာဖြစ်ပြီး ဆော့ဖ်ဝဲကိုဖွင့်ချင်ရင်တော့ Open ကိုနှိပ်နိုင်ပါတယ်။ Properties ဆိုတာကို နှိပ်လိုက်မယ်ဆိုရင်တော့ Application နဲ့သက်ဆိုင်တဲ့ ဖိုင်အရွယ်အစားတွေ၊ ဗားရှင်းတွေကို ဖော်ပြထားတဲ့စာမျက်နှာကို မြင်တွေ့ရမှာဖြစ်ပြီး More ဆိုတဲ့ထဲမှာဆိုရင်တော့ Uninstall နဲ့ Backup ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Zapya ထဲကနေပဲ ဆောဖ့်ဝဲကို Uninstall ပြုလုပ်ပစ်လို့လည်း ရပါတယ်။ ဒါကတော့ ဆောဖ့်ဝဲစာမျက်နှာရဲ့ အပေါ်ဘက်ထိပ်မှာမြင်နေရမယ့် Game နဲ့ Application ဆိုတဲ့ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေ ပဲဖြစ်ပါတယ်။

                  ဖုန်း Screen ရဲ့အောက်ဘက်မှာရှိနေတဲ့ Gallery ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်းထဲက ဓာတ်ပုံတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေထဲက ကိုယ် Share ပေးချင်တဲ့ပုံကို ထောက်လိုက်မယ်ဆိုရင် အပေါ်မှာဖော်ပြခဲ့သလိုပဲ Share,View, Properties, More ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Application မှာ Open လို့ဖော်ပြခဲ့ပြီး ဓာတ်ပုံတွေမှာဆိုရင်တော့ View လို့ပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ တူတူပဲဖြစ်ပါတယ်။

                  Gallery ရဲ့ဘေးနားမှာရှိနေတဲ့ Media ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ ရုပ်ရှင်ဖိုင် (Movie) ဖိုင်တွေကို ပြသပေးတာပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာဆိုရင်လည်း အထက်မှာဖော်ပြခဲ့သလိုပဲ Share, more အစရှိတဲ့ စနစ်လေးခုကိုပဲ မြင်တွေ့ရမှာဖြစ်ပြီး အသုံးပြုပုံစံချင်း တူတူပဲဖြစ်ပါတယ်။

                 File ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ အချက်အလက်တွေကို စုစည်းထားတဲ့ ဖိုင်တွေကို ဖော်ပြပေးတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ Music, Movie အစရှိတဲ့ အရာတွေကို တစ်ခုချင်းစီမဟုတ်ဘဲ စုစည်းထားတဲ့ Folder အတိုင်း ဖိုင်လိုက်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဖိုင်လိုက်တော့ Share လုပ်လို့မရနိုင်ပါဘူး။ ဖိုင်ကို တစ်ချက်ထောက်လိုက်ရင် ဖိုင်ကပွင့်သွားမှာဖြစ်ပြီး ဖိုင်ထဲမှာရှိတဲ့ အချက်အလက်တွေကို ထုတ်ပေးမှာဖြစ်ပြီး အဲဒီလို ဖွင့်ပေးတဲ့ထဲကမှ ကိုယ်ပေးပို့ချင်တဲ့ဖိုင်ကို ပေးပို့ရမှာဖြစ်ပါတယ်။

               History ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Zapya ဆော့ဖ်ဝဲကနေတစ်ဆင့် Download ပြုလုပ်ထားတဲ့ဖိုင်တွေကို ပြသပေးတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီနေရာဟာ ရှေ့ဆုံးမှာစတင်ခဲ့တဲ့ Application ဆိုတဲ့နေရာနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး Zapya ထဲမှာ Download ပြုလုပ်ဖို့ရှိနေတဲ့ Upgrade ဖိုင်ရှိခဲ့တယ်ဆိုရင် Apps ဆိုတဲ့နေရာမှာ Notification တစ်ခုအနေနဲ့ ဖော်ပြပေးမှာဖြစ်ပြီး Apps ဆိုတဲ့ Application ထဲမှာပဲ Download ပြုလုပ်နိုင်မယ့် Application ဖိုင်ကိုလည်း ပြသပေးထားမှာဖြစ်ပါတယ်။ ပြသထားတဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့ Download ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြုလုပ်ပြီးတဲ့ Download ကိုတော့ ဖော်ပြခဲ့တဲ့ History ထဲမှာသွားကြည့်နိုင်ပြီး အဲဒီနေရာမှာ တစ်ခါတည်း Install ပြုလုပ်နိုင်မှာပါ။


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ