this site the web

2089.. ဖုန်းတွေမှာ မြန်မာ ဖောင့် ခဏခဏပျောက်ပျောက် သွားရင်

 

                  Android OS ဖုန်းတွေကို Root ပြုလုပ်ထားပြီး မြန်မာစာဖောင့်စနစ်ကို ထည့်သွင်းထားပေမဲ့ မကြာခဏဆိုသလို ဖောင့်ပျောက်ပျောက်သွားတဲ့ အခက်အခဲမျိုးတွေ ရှိတတ်ပါတယ်။

                 Root ဘယ်လောက်ပဲ လုပ်ထားလုပ်ထား ဖောင့်ပျောက်တာက Root လုပ်တာ မလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဖောင့်ကိုထည့်သွင်းတဲ့ ပုံစံချင်း ကွဲပြားမှုကြောင့် ဖြစ်တတ်ပါတယ်။

                အချို့က မြန်မာစာဖောင့်ကို ထည့်သွင်းတဲ့အခါမှာ ဖောင့်စနစ်တွေထဲမှာ
  • သီးသန့်အနေနဲ့ ထည့်သွင်းနည်း....    
  • ဖုန်းထဲမှာရှိပြီးသားဖြစ်တဲ့ ဖောင့်စနစ်တစ်ခုပေါ်မှာ Over Write လုပ်ပြီး ထည့်သွင်းနည်း.... ရှိပါတယ်။ 

             ထည့်သွင်းပေးကြတဲ့ စနစ်ပုံစံ ကွဲပြားတာကြောင့် ဖြစ်တတ်ပါတယ်။ ဖောင့်ကို ဖုန်းရဲ့ Font Folder ထဲမှာ သီးသန့်အနေနဲ့ သွားထည့်တာမျိုးဆိုရင်တော့ အသုံးပြုတဲ့သူရဲ့ မှားယွင်းမှုတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်၊ သူ့အလိုလိုပဲဖြစ်ဖြစ် ပျောက်ပျက်သွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။

           မြန်မာစာဖောင့်စနစ်ကို ထည့်သွင်းပေးကြတဲ့အခါမှာ အချို့က ဖုန်းထဲမှာပါဝင်ပြီးသားဖြစ်တဲ့ ဖောင့်တစ်ခုပေါ်မှာ သွားပြီးတော့ Over Write လုပ်လိုက်တာမျိုးကို ပိုအသုံးပြုကြပါတယ်။

          ဒီလိုမျိုး Original Fonts ပေါ်မှာ Over Write သွားလုပ်လိုက်တဲ့အတွက် ဖောင့်က Firmware အသစ်ပြန်မတင်မချင်း OS တစ်ခုလုံး မပျက်သွားမချင်း ရှိနေတတ်ပါတယ်။ 
         အသုံးမပြုတဲ့ ဖောင့်စနစ်ဖြစ်တဲ့ တရုတ်ဖောင့်တွေနဲ့ အာရေဗီယန်ဖောင့်တွေပေါ်မှာ Over Write လုပ်ပြီး ထည့်သွင်းလိုက်ရင် ဖောင့်က မပျက်သွားတော့ပါဘူး။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ