this site the web

1500..လည်ပင်းကြီး ရောဂါ ( 10.2.11 ဝ

 
ဒေါက်တာ နိုက်တင်ဂေးလ်

 http://www.sciencephoto.com/images/showEnlarged.html/C0029608-Goitre_in_a_girl-SPL.jpg?id=670029608
                  လွန်ခဲ့သော (၁၅)နှစ်၊အနှစ်(၂၀)ပိုင်းလောက်က လည်ပင်းကြီး ရောဂါဖြစ်လျှင် များသောအားဖြင့် တောင်တန်း ဒေသက များပါသည်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်ကဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က အိုင်အိုဒင်းပါသော ဆားမှာအလွန်နည်းသည်။ တောင်တန်းဒေသ၌ အစားအသောက်တို့၊ သောက်ရေသုံးရေ တို့မှာ အိုင်အိုဒင်းပါသည့်နှုန်း အလွန်နည်းပါသည်။ လူနာအများစုမှာ အထက်ပိုင်းက လာကြသည့်အပြင် တချို့ မြစ်ဝကျွန်းပေါ် ဒေသကလည်း လာကြသည်။  
                  မြစ်ဝကျွန်းပေါ်ဒေသက ရေထုညစ်ညမ်းမှုကြောင့် ဖြစ်၏။ ရေစီးနှုန်းက မြစ်ဝကျွန်းပေါ်ကိုရောက်လျှင် အားနည်းလာတတ်သည်။ ရေအနည်ထိုင်လာသည်။ ယင်းဒေသ၌ စီးပွားရေးကလည်း ကောင်းကြ၍ လူနေထူထပ်ပါသည်။ မြစ်ချောင်း၊အင်းအိုင်ထူပြောပြီး မြစ်ကမ်းပါး၊ချောင်းကမ်းပါးများမှာ အညစ်အကြေးစွန့်ကြ၍ ရေထုညစ်ညမ်းလာပါသည်။ အခုနောက်ပိုင်း နိုင်ငံတော်အစိုးရက အိုင်အိုဒင်းဆား ဖြန့်ဖြူးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ပေးသဖြင့် တောင်တန်း ဒေသကမျိုးဆက်သစ် လူတို့မှာလည်ပင်းကြီးရောဂါဖြစ်တာ နည်းသွားပါသည်။ မြစ်ဝကျွန်းပေါ်မှာတော့ ရှိနေဆဲပင်။
               ပန်၊ အသက်ရှူပြွန်၊ အဓိကသွေးကြောကြီး၊ အဓိက အာရုံကြောကြီးများမှာ လည်းကောင်းအထဲမှ သွားပါသည်။ ထို့ကြောင့် လည်ပင်းဆိုသော နေရာလေးမှာ ဧရိယာအားဖြင့် သေးငယ်သော်လည်း အလွန်အရေးကြီး လှသည်။ လည်ပင်း၏အရှေ့မှာ အကျိတ်လေးတစ်ခုရှိသည်။
လိပ်ပြာလေး အတောင်ပံဖြန့်ထားသကဲ့သို့ ပုံစံမျိုးဖြစ်၏။ လည်းကောင်းအကျိတ်မှာ အရေးကြီးပါသည်။ ကိုယ်တွင်းကျိတ် (Endocrine)ဖြစ်၍ ဟော်မုန်းထုတ်၏။ လူတစ်ယောက် နိစ္စဓူဝ လှုပ်ရှားသွားလာနိုင်ရန် သိုင်းရွိုက်ဟော်မုန်းက အားဖြည့်ပေးတဲ့ သဘောပင်။ လည်းကောင်း နည်းသွားလျှင် လူကအကုန် နှေးကွေးသွား၏။ လည်းကောင်းက ပုံမှန်ထက် အလုပ်ပိုလုပ်လျှင်တော့လူမှာ ပုံမှန်ထက်ပိုပြီး လှုပ်ရှားမှု များလာပါသည်။ အလွန်အမင်း သွက်လက်လာပြီး အဆိပ်တက်လက္ခဏာ (Toxoc Symptoms) ပေါ်လာပါသည်။ အရွယ်အစားအားဖြင့် ကြီးလာလျှင် (Goitre) ဟုခေါ်ပါသည်။ မြန်မာဝေါဟာရ အရ လည်ပင်းကြီးရောဂါ ဖြစ်သည်။
                  သိုင်းရွိုက် အကျိတ်က မည်သည့် အကြောင်းကြောင့်ပဲ ကြီးလာကြီးလာ၊ ကြီးလာသည့် အခြေအနေ အားလုံးကို လည်ပင်းကြီး ရောဂါဟုခေါ်သည်။ လည်းကောင်း ကြီးလာရခြင်း အခြေခံ အကြောင်းရင်းကို ရှာကြည့်သည့်အခါ ပထမတစ်မျိုးမှာ အဆိပ်တက်၍ ကြီးသည့်ရောဂါ။ သိုင်းရွိုက်အကျိတ်က ကြီးသည့်အချိန် လည်းကောင်းက ထုတ်သော ဟော်မုန်းပမာဏက ပုံမှန်ထက် ပိုပြီးများသည်။ များသည့်ဒဏ်ကို ကာယကံရှင် လူနာက ခံရပါသည်။
ဒုတိယတစ်မျိုးမှာ သိုင်းရွိုက်ဟော်မုန်း အထုတ်များခြင်းကြောင့် မဟုတ်ဘဲ ရိုးရိုးတန်းတန်း လည်ပင်းကြီး ခြင်းပင်။ အဆိပ်တက်သည့် လက်္ခဏာမရှိပါ။ အိုင်အိုဒင်းဓာတ်ချို့တဲ့၍ ဖြစ်လာရခြင်းဖြစ်သည်။ တောင်ပေါ်ဒေသနှင့် ရေညစ်ညမ်းမှုရှိသော ဒေသတို့မှာ အဖြစ်များပါသည်။ နောက်တစ်မျိုး အကြောင်းရင်းမှာ တချို့တလေ၌ မျိုးရိုးလိုက်ပြီး ဖြစ်တတ်သည်။ မျိုးရိုးလိုက်ပြီး ဖြစ်သူများမှာ များသောအားဖြင့် သိုင်းရွိုက် ဟော်မုန်းထုတ်သည့်ဖြစ်စဉ်မှာ ဓာတ်ကူပစ္စည်း (Enzymes) တို့၏ အကူအညီလိုအပ်သည်။ ကံမကောင်းသူ တချို့ လူတို့မှာ တချို့ဓာတ်ကူပစ္စည်း (Enzymes)က မွေးရာပါ ချို့တဲ့လာပါသည်။ ထိုသူများမှာ သိုင်းရွိုက် ဟော်မုန်းဖြစ်မလာပါ။
               ဖြစ်လာလျှင်လည်း အလွန်နည်းပါသည်။ ကိုယ်ခန္ဓာအတွက် မလုံလောက်ပါချေ။ မလုံလောက်သဖြင့် ဦးနှောက်မှ သိုင်းရွိုက်အကျိတ်သို့ ဟော်မုန်းများများ ထုတ်ဖို့လှုံ့ဆော်မှုပေးသည်။ လှုံ့ဆော်မှု ပေးသည့်အခါ သိုင်းရွိုက် အကျိတ်က မနိုင်ဝန်ကိုထမ်းရသည့်အတွက် အကျိတ်မှာဆဲလ်ပိုပွား လာပါသည်။ အကျိတ်က ပိုကြီးလာလေသည်။
              နောက်တစ်ခုမှာ Tumour ဟုခေါ်သော အဖုအလုံး၊ သိုင်းရွိုက် အကျိတ်ကနေ ဖြစ်သည့် အဖုအလုံး ဖြစ်သည်။ ဆေးပညာအရ Neoplasm ဟုခေါ်သည်။ ကင်ဆာနှင့် ဆက်နွယ်ပါသည်။ တချို့တလေလည်း ကင်ဆာမဟုတ်သည့် အကျိတ်တို့ ဖြစ်နိုင်ပါသည်။ များသောအားဖြင့် အသက်အရွယ် မရွေးဖြစ်တတ်၏။ အသက်ငယ်ငယ် အမျိုးသမီးတို့မှာ အဖြစ်များပါသည်။ ဥပမာ-အသက် ၁၄-နှစ်၊ ၁၅-နှစ်အရွယ် မိန်းကလေးများမှာ ဖြစ်တတ်ပါသည်။ တချို့ အသက်နှစ်ဆယ်အရွယ်မှာ ဖြစ်ပါသည်။ ကမ္ဘာပေါ်၌ တော်တော်များများ ဖြစ်ကြပါသည်။ ကျွန်မတို့ တိုင်းပြည်မှာလည်း ဖြစ်သည်။ အသက်ငယ်ငယ် အမျိုးသမီးတို့မှာ အကျိတ်တစ်နေရာထဲ ကြီးလာလျှင်စိုးရိမ်ရသည်။
နောက်ဆုံးတစ်မျိုးက သိုင်းရွိုက်အကျိတ် ရောင်လာခြင်းကြောင့် ဖြစ်ပါသည်။ ရောင်လာရခြင်း အကြောင်းရင်းက ၃-၄မျိုးခန့် ရှိပါသည်။ ပထမတစ်မျိုးက ဗက်တီးရီးယား ပိုးဝင်၍ ရောင်ခြင်းဖြစ်သည်။ လည်းကောင်းမှာ ကုသရလွယ်ကူပါသည်။ အများအားဖြင့် ဆေးပေးလိုက်လျှင် သက်သာသွားသည်။ နောက်တစ်မျိုးက Autoimmuned isease ဖြစ်သည်။ ဆေးပညာအရံAshimoto Thyroiditis ဟု ခေါ်ပါသည်။ သိုင်းရွိုက်အကျိတ်က တစ်ခါတစ်ရံ သိပ်မကြီးပါ။
               ကြီးသည့်အခါ သိုင်းရွိုက်ဟော်မုန်း အထုတ်နည်းသော လက္ခဏာနှင့် လာတတ်ပါသည်။ ကိုယ်အလေးချိန် တိုးလာမည်။ ပိုဝလာတတ်သည်။ လေးလေး ကွေးကွေးကြီး ဖြစ်လာ၏။ စကားပြောလျှင် အသံသြလာသည်။ တချို့ Hashimoto Thyroiditis မှာ ထိုသို့သော လက္ခဏာများ ပြတတ် ပါသည်။
အဆိပ်တက် လည်ပင်းကြီးရောဂါမှာ ဆေးပညာအရ Roxic Goitre ဟုခေါ်သည်။ လည်းကောင်းမှာ သိုင်းရွိုက်ဟော်မုန်း အထွက်များ၍ ဖြစ်သည်။ များသည့်အပြင် ခန္ဓာကိုယ်ကိုပိုပြီး လှုံ့ဆော်ပါသည်။ ဆဲလ်တိုင်းလိုလိုကို သွား၍လှုံ့ဆော်သည်။ အလုပ်များများလုပ်ဖို့ နှိုးဆော်သည်။ အဓိက ခံရသောဆဲလ်များမှာ နှလုံးနှင့် အာရုံကြောများမှာ ဖြစ်သည်။ ထို့ကြောင့် နှလုံးက ပိုခုန်လာပါသည်။ အာရုံကြောတို့ကို ထိခိုက်ပါသည်။ လူကပိန်လာပါသည်။ အစားအသောက်ကတော့ ပိုဝင်ပါသည်။ သို့သော် တဖြည်းဖြည်းနှင့် ပိန်လာပါသည်။ ဤရောဂါသည် များသောအားဖြင့် အမျိုးသမီးများမှာ ပိုဖြစ်တတ်ပါသည်။                 
             အမျိုးသမီး ၈-ယောက်မှာ ယောက်ျားတစ်ယောက်နှုန်း ဖြစ်တတ်ပါသည်။ များသောအားဖြင့် လူလတ်ပိုင်းမှာ ပိုအဖြစ်များ၏။ အသက် ၃၅-၄၀-၄၅ လည်းကောင်း အသက်အရွယ်ဝန်းကျင်မှာ အဖြစ်များပါသည်။ တချို့ နှလုံးအလွန်ခုန်ပြီး နှလုံးအမော ဖောက်ပြီးမှ ဆေးရုံရောက် လာတတ်ပါသည်။ ဆေးရုံရောက်မှ ရောဂါရှာရင်းဖြင့် သိုင်းရွိုက်အကျိတ်ကြောင့် ဖြစ်ကြောင်းကို များသောအားဖြင့် တွေ့ရတတ်ပါသည်။ အဆိပ်တက် လည်ပင်းကြီးရောဂါ၏ လက္ခဏာအမျိုးမျိုး ရှိပါသည်။ တစ်ခါတစ်လေ ရောဂါရှင်သည် ခဏခဏ စိတ်တိုတတ်သည်။ စိတ်တို၍ အိမ်လည်း အိမ်အလျောက်၊ အလုပ်ခွင်လည်း အလုပ်ခွင်အလျောက် မကြာခဏပြဿနာ ဖြစ်တတ်သည်။
             တစ်ခါတစ်လေ လူက စားကောင်း သောက်ကောင်းဖြစ်ပေမယ့် တဖြည်းဖြည်းပိန်လာတတ်သည်။ တစ်ခါတစ်ရံ ရောဂါသည်က သူတို့ ကိုယ်တိုင် ခံစားနေရခြင်းအတွက် သူတို့ ကိုယ်တိုင်မသိဘဲ သူတို့၏ အပြုအမူ နည်းနည်း ပြောင်း,ပြောင်းလာသည်ကို ဘေးလူက သတိပြုမိလာပါသည်။
နောက်တစ်ခု ထူးခြားသည်မှာ လည်းကောင်း ရောဂါရှင်တို့၌ မျက်လုံးက သာမန်ထက်စာလျှင် တောက်ပြောင် လာတတ်သည်။ (သို့မဟုတ်)မျက်လုံးက နည်းနည်းစူထွက်လာပါသည်။ တစ်ခါတစ်ခါ ဘေးကကြည့်လျှင် မျက်လုံး စူထွက်နေသည်ကို တွေ့ရပါသည်။
               သို့သော်လည်း ဖရောဂါ အတိမ်အနက်ပေါ်မူတည်ပြီး ရောဂါလက္ခဏာမှာ တစ်ယောက်နှင့်တစ်ယောက် မတူပါ။ တချို့ မသိသာပါ။ တချို့ အမျိုးသမီးများမှာ လည်းကောင်းရောဂါကြောင့် ဓမ္မတာမမှန်တော့ပါ။ ဓမ္မတာမမှန်ဘဲ နည်းခြင်း၊များခြင်း ဖြစ်တတ်ပါသည်။ များသောအားဖြင့် ဓမ္မတာ နည်းသွားတတတ်ပါသည်။ တချို့မှာ ဓမ္မတာပျောက်သွား တတ်ပါသည်။ ထိုသို့သော လူနာများကို ပထမဦးစွာ သွေးစစ်ပါသည်။ သွေးထဲမှာရှိသည့် ဟော်မုန်းပမာဏကိုတိုင်းသည်။ ဤရောဂါနှင့် ဆက်နွယ်ပြီး သွေးမှာတိုင်းရမည့် အစိတ်အပိုင်း တချို့တိုင်းရသည်။ ထိုသို့ တိုင်းတာစစ်ဆေးပြီး အဆိပ်တက် လည်ပင်းကြီးရောဂါ (Toxic Goitre) ဖြစ်ကြောင်း အတိအကျ ပြောပြနိုင်ပါသည်။ လည်ပင်းကြီးသော်လည်း ဤရောဂါရှင်မျိုးမှာ သိုင်းရွိုက်အကျိတ်က သိပ်ကြီးကြီး မဖြစ်တတ်ပါ။             အလွန်မကြီးသဖြင့် များသောအားဖြင့် ခွဲစရာ လိုအပ်လေ့မရှိပါ။ များသောအားဖြင့် ဆေးနှင့်ကုလျှင် ပျောက်တတ်ပါသည်။ ယခင်ကဆေးကို တစ်နှစ်ခွဲ၊ ၂-နှစ်လောက်စွဲပြီး စားရသည်။
               ဤသို့ဆေးကုပြီး ဆေးရပ်လိုက်သည်နှင့် လူနာသုံးပုံတစ်ပုံခန့်က ကောင်းသွားတတ်ပါသည်။
ယခုနောက်ပိုင်း ဆေးပေးသည့်နည်းကို နည်းနည်းပြောင်း ထားပါသည်။ များသောအားဖြင့် နည်းသစ်ဖြင့် ၆-လ(သို့) ၉-လခန့် ဆေးသောက်လျှင် လုံလောက်၏။ သို့သော် လူနာ(၁၀၀)မှာ (၅၀)ခန့် ပြန်ဖြစ်သည်ကို တွေ့ရပါသည်။ မခွဲဘဲကုသည့် နောက်တနည်းမှာ ရေဒီယိုဓာတ်ကြွအိုင်အိုဒင်း (sdadioactive Iodine )ကို ပါးစပ်မှ တိုက်ပါသည်။
             ဤဆေးရည်က နိုင်ငံခြားက ၀ယ်ရသဖြင့် နည်းနည်း ဈေးကြီးပါသည်။    ဈေးကြီးသည့်အပြင် ရေဒီယိုဓာတ်ကြွပစ္စည်း ဖြစ်သည့်အတွက် ထိန်းချုပ်ပစ္စည်းဖြစ်ပါသည်။ လူတိုင်းလည်း သုံး၍မရပါ။ ရန်ကုန်ဆေးရုံကြီး၌သာ ရပါသည်။ ဤနည်းဖြင့် ကုသပြီးလျှင် များသောအားဖြင့် ပျောက်သွားတတ်ပါသည်။ သိုင်းရွိုက်ဟော်မုန်း ပမာဏတဖြည်းဖြည်း ကျသွားသည်။ အဆိပ်တက်လက္ခဏာ တဖြည်းဖြည်း ပျောက်သွားပါသည်။ ယနေ့ခေတ်မှာ ဤနည်းနှစ်မျိုးဖြင့် အကုများပါသည်။ များသောအားဖြင့် အကျိတ်က သိပ်မကြီး၍ ခွဲစရာ လိုအပ်လေ့မရှိပါ။
               အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါက နှစ်ပေါင်းများစွာ ဖြစ်တတ်သည်။ ဆရာဝန်ထံ ရောက်လာပါက နှစ်ပေါင်းများစွာ ကြာပြီးမှ လာသည့်အတွက်ကြောင့် များသောအားဖြင့် တော်တော်ကြီးနေပြီ ဖြစ်၏။ ထို့အပြင် မျက်နှာပြင်က မညီမညာဖြစ်သည်။ ဆေးပညာအရ (Multinodular Goitre) ဟု ခေါ်ပါသည်။ ဤရောဂါရှင်ကို တခြား သိုင်းရွိုက်အဆိပ်တက် ရောဂါမဟုတ်ကြောင်း သေချာအောင် သွေးစစ်ပြီး ဟော်မုန်းပမာဏကို သေသေချာချာ တိုင်းရပါသည်။ လည်ပင်းကို သေသေချာချာ စမ်းသပ်ပါသည်။ တချို့နေရာမှာ သံသယရှိလျှင် လည်းကောင်းနေရာကို အပ်နဲ့စုပ်ပြီး အသားစယူပါသည်။ FNAC ဟုခေါ်သည်။ FNAC ကို ကင်ဆာ မဟုတ်ကြောင်း အထောက်အထား ပြရအောင် ယူခြင်းဖြစ်၏။ များသောအားဖြင့် သိုင်းရွိုက်ဟော်မုန်း ပမာဏတိုင်းခြင်းမှလွဲလျှင် FNAC လုပ်စရာ လိုအပ်လေ့မရှိပါ။ လက်နှင့် ပဲစမ်းကြည့်၍ တချို့တစ်နေရာရာမှာ သံသယဖြစ်မှ FNAC လုပ်ပါသည်။
              နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော လည်ပင်းကြီးရောဂါ (Multinodular Goitre) ဆိုလျှင် တချို့တလေ အဆိပ်တက် လည်ပင်းကြီး ရောဂါဖြစ်သွားနိုင်ပါသည်။ တချို့တလေ ကင်ဆာဖြစ်သွားပါသည်။ ထို့အပြင် လည်ပင်းကြီးသဖြင့် အနောက်မှာရှိသည့် လေပြွန် (သို့မဟုတ်) အစာပြွန်ကို ဖိမိနိုင်ပါသည်။ လည်ပင်းကြီး ရောဂါကြောင့် ရုပ်ပျက် ဆင်းပျက် ဆရာဝန်ကြီးများက ခွဲထုတ်ပေးပါသည်။ များသောအားဖြင့် ခွဲပြီးလျှင် ဆေးသောက်ဖို့ လိုအပ်ပါသည်။ ဆေးကို ဘယ်လောက်ကြာကြာ စွဲသောက်ရမည် နည်းဟုဆိုလျှင်မူ တစ်ယောက်နှင့် တစ်ယောက်မတူပါ။ ပုံမှန်အားဖြင့် တချို့တလေလည်း သွေးဆုံးသည်အထိ သောက်ရပါသည်။ တချို့လည်း ယင်းထက်ပိုလိုအပ်ပါသည်။
             ဆေးပညာအရ Neoplastic Goitre ဟုခေါ်သော သိုင်းရွိုက်ကင်ဆာ အမျိုးအစားမှာ နည်းနည်းပို ဖြစ်တတ်ကြောင်း ဆေးသုတေသနပညာရှင်များက ယူဆကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိသည့် စင်္ကာပူ၊ မလေးရှားအစရှိသော အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ၊ သြစတေးလျ ကျွန်းဆွယ်ဒေသတို့မှာ ယခုနှစ်ပိုင်း၌ သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနှုန်း ပိုတက်လာပါသည်။           
            အကြောင်းရင်းကို အတိအကျမသိရပါ။ သို့သော် နျူကလီးယားဗုံးကို ဤဒေသဘက်မှာ လာဖောက်ခွဲထား၍ ဟုစသဖြင့် စွပ်စွဲထားခြင်းတချို့ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤကင်ဆာ ဖြစ်နှုန်းက ယခင်က ထက်စာလျှင် ပိုများလာကြောင်း တွေ့ရပါသည်။ ထို့အပြင် ဤရောဂါဖြစ်သည့်အုပ်စုက အနည်းငယ်သော အရွယ်မှာ အဖြစ်များလာပါသည်။ ဟိုယခင်က အသက်ကြီးပိုင်းမှာ ပိုအဖြစ်များပါသည်။ ယခုလူငယ်ပိုင်းမှာ အဖြစ်များ လာသဖြင့် ပိုပြီးဂရုစိုက်ရန် လိုအပ်လာပါသည်။
သိုင်းရွိုက်ကင်ဆာဖြစ်လျှင် သိုင်းရွိုက်အကျိတ် တစ်ခုလုံးကြီးခြင်း မဟုတ်ဘဲ တစ်နေရာတည်းမှာ ကွက်ပြီး ကြီးတတ်သည်။ အလုံးလေး တစ်လုံးတည်း စူထွက်လာတတ်သည်။ ဤအလုံးလေးမှာ သိုင်းရွိုက် အကျိတ်မှထွက်လာခြင်း ဟုတ်မဟုတ် ဆိုသည်ကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ပါသည်။
                  တံတွေးမျိုချလိုက်သည့်အခါ ဤအလုံးက လိုက်တက်လာလျှင် သိုင်းရွိုက်ကထွက်ခြင်း ဖြစ်ကြောင်း သတ်မှတ်ပါသည်။ ဤသို့သော အလုံးမျိုးက တစ်လုံးတည်းဖြစ်လျှင် ကင်ဆာဖြစ်နိုင်၍ ပိုဂရုစိုက် သင့်ပါသည်။ သိုင်းရွိုက်ကင်ဆာက အသက်အရွယ်မရွေးပါ။ အထူးသဖြင့် သိုင်းရွိုက်ရောဂါ အကုန်းလုံးလိုလိုက အမျိုးသမီးများမှာ ဖြစ်တတ်ပါသည်။ သိုင်းရွိုက်ကင်ဆာဖြစ်နှုန်းသည် အမျိုးသမီးဖြစ်နှုန်းက အမျိုးသားများထက် ၄-ဆပိုများပါသည်။ တချို့ ရောဂါနည်းနည်း ပိုပြီးရင့်လာသည့်အပိုင်းမှာ အသံဝင်ခြင်း၊ ထမင်းမျိုချရခက်ခြင်း စသည့် လက္ခဏာများ ဖြစ်လာပါသည်။ လည်ပင်းကြီးရောဂါနှင့် အသံဝင်တာတွဲလျှင် အထူးဂရုစိုက်သင့်သည်။ အဘယ့်ကြောင့်ဆိုသော် များသောအားဖြင့် ကင်ဆာဖြစ်နေတတ်၍ ဖြစ်သည်။
               ပထမဦးစွာ ဤလူနာမျိုးကို သွေးစစ်ပြီး သိုင်းရွိုက်ဟော်မုန်း ပမာဏကို တိုင်းတာပါသည်။ ဤသို့ အဖုကလေး တစ်လုံးတည်း ကြီးပြီဆိုလျှင် FNAC အမြဲလိုလိုလုပ်ပါသည်။ သိုင်းရွိုက် အကျိတ်ဆဲလ်လိုချင်၍ ဖြစ်သည်။ လည်းကောင်း ဆဲလ်တို့ကို ဓာတ်ခွဲခန်းပို့ပါသည်။ ကင်ဆာဖြစ်နေလျှင် ခွဲစိတ်ဆရာဝန်များက ခွဲစိတ်ဖို့ ပိုဦးစားပေးပြီး ဆုံးဖြတ်သည်။ စောစောစီးစီး ထုတ်ပစ်နိုင်လျှင် တော်တော်များများ ကောင်းသွားတတ်ပါသည်။
             ခွဲစိတ်သည့်အခါ သိုင်းရွိုက်အကျိတ်တစ်ခုလုံး မဟုတ်လျှင်တောင် သိုင်းရွိုက်အကျိတ်၏ အနည်းဆုံး တစ်ဝက်ကျော်ကျော်ကို ထုတ်ပစ်ပါသည်။ ထို့နောက် သိုင်းရွိုက်ဟော်မုန်းအစား ဖြည့်ကုထုံးအနေဖြင့် ဆေးဆက် တိုက်ပါသည်။ လည်းကောင်းတို့မှာ အမြဲ ဆေးသောက်သွားဖို့ လိုအပ်ပါသည်။ တချို့မခွဲစိတ်ခင် ကင်ဆာဖြစ်ကြောင်း သက်သေ အထောက်အထား အတိအကျမရှိလျှင် သိုင်းရွိုက်အကျိတ်ကို တစ်ခြမ်း (ဒါမှမဟုတ်) တစ်ခြမ်းထက်ပိုပြီး ထုတ်ပစ်သည်။ ထုတ်ပြီးနောက် ဓာတ်ခွဲခန်းကအဖြေကို စောင့်သည်။ တချို့ ကင်ဆာများမှာ ခွဲပြီးလျှင် ရေဒီယိုသတ်္တိကြွ အိုင်အိုဒင်း ထပ်ပေးပါသည်။ တစ်ခါတလေ ဓာတ်ခွဲခန်းအဖြေက ကင်ဆာဟုပြောလျှင် ကျန်သေးသည့်တစ်ခြမ်းကို ပြန်ပြီးထုတ်ရသည့် အခါမျိုးလည်းရှိပါသည်။ လူတိုင်းကို သိုင်းရွိုက် ဟော်မုန်း အစားဖြည့်ကုထုံးပေးပါသည်။
လည်ပင်းကြီးရောဂါမှာ အလုံး တော်တော်များများက thyroid Cyst ဖြစ်တတ်ပါသည်။ သိုင်းရွိုက် အကျိတ်မှာ အရည်အိတ်တည် ခြင်းဖြစ်သည်။ နားလည်တတ်ကျွမ်းသည့် ခွဲစိတ်ဆရာဝန်က စမ်းကြည့်လျှင် အရည်အိတ်မှန်းသိသည်။ ပိုပြီးသေချာလိုလျှင် မခွဲခင်မှာ တီဗွီဓာတ်မှန် ဟုခေါ်သော Ultrasound ရိုက်ကြည့်သည်။ thyroid Cyst သေချာလျှင် ရိုးရိုးအရည်အိတ်ဖြစ်ပါက အပ်နှင့်စုပ်ပြီး ဓာတ်ခွဲခန်း ပို့ပါသည်။ ပြန်,ပြန်ကြီး လာတတ်သည့်အတွက် များသောအားဖြင့် တစ်ခါနှစ်ခါ ပြန်စုပ်ရပါသည်။ ဓာတ်ခွဲခန်းအဖြေအရ ကင်ဆာဆဲလ်မပါဘဲ လူနာမှာလည်း ကင်ဆာလက္ခဏာမရှိလျှင် အရည်စုပ်ထုတ်ရုံနှင့် ပြီးပါသည်။ တချို့တလေ လေးငါးခြောက်ခါ ပြန်စုပ်ရတတ်ပါသည်။ ခဏခဏစုပ်ရ၍ သွေးစသွေးနပါလာလျှင် ခွဲပစ်ရတတ်ပါသည်။ ခွဲသည့်အခါ ရောဂါဖြစ်သည့် အစိတ်အပိုင်းပါသော သိုင်းရွိုက်အခြမ်းကို ထုတ်ပါသည်။ ပိုပြီး သေချာအောင် ရောဂါဗေဒ ဆရာဝန်ကြီးဆီ ထပ်ပြီးပို့ရပါသည်။ လည်းကောင်းအမျိုးအစားမှာ များသောအားဖြင့် ခွဲစိတ်ပြီး နောက်ပိုင်း ဆေးထပ်လိုက်စရာမလိုဘဲ ကောင်းသွားတတ်ပါသည်။
သိုင်းရွိုက်ကင်ဆာမှာ ပုံစံအမျိုးမျိုးရှိပါသည်။ တချို့ပုံစံက အသက်ကြီးလျှင် ဖြစ်သည်။
                ဆရာဝန်ထံ ရောက်သည့်အခါ ခွဲ၍ မရတာများသည်။ လည်ပင်းက သိပ်မကြီးဘူးဆိုသော်လည်း သိုင်းရွိုက် အကျိတ်ကမာ နေသည့်အပြင် အသက်ရှူလမ်းကြောင်းပိတ်ခဲ့ပါက အသက်အန္တရာယ်အလွန်နီးပါသည်။ ယင်းအနေအထားမှာ ခွဲထုတ်နိုင်ဖို့ အခွင့်အလမ်း တော်တော်နည်းသွားပါသည်။ ထိုအခါ အသက်ရှူ လမ်းကြောင်းပွင့်အောင် လေပြွန်အပေါက်ဖောက်ပြီး Gracheostomy လုပ်ပေးရပါသည်။ ပြီးလျှင်ဓာတ်ကင်ရသည်။ တစ်ခါတစ်ရံ တချို့
သိုင်းရွိုက်ကင်ဆာမှာ သိုင်းရွိုက်အကျိတ်တစ်ခုလုံး ထုတ်၍မရတော့ဘဲ အကုန်လုံးဂျပ်ခဲကြီး ဖြစ်နေတတ်ပါသည်။ ထိုသို့ဆိုလျှင် ကင်ဆာဆေး သွင်းပေးပါသည်။ သက်တမ်း ကြာရှည်ခံနိုင်မှာ မဟုတ်တော့ပါ။သို့ဖြစ်၍ နားလည်တတ်ကျွမ်းသော ခွဲစိတ် အထူးကုဆရာဝန်ထံ အချိန်မီအမြန်ဆုံး ပြသဖို့ လိုအပ်ပါသည်။ အခြေအနေ ပေါ်မူတည်ပြီး စောစောစီးစီး ခွဲစိတ် ကုသမည်ဆိုလျှင် ဤရောဂါမျိုးက ပျောက်ပါသည်။ နောက်ကျလျှင်တော့ အကုရ တော်တော်ခက်ပါသည်။ အချိန်မီ သတိထားကြ စေချင်ပါသည်။
ဒေါက်တာ နိုက်တင်ဂေးလ်

Labels: , ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ