this site the web

1491..Font ထည့်စရာ မလိုတဲ့ web ကို မြန်မာလိုဖတ်လို့ရတဲ့ နည်းပညာ ( 28.1.11 )

 
            web ပေါ်မှာ မြန်မာစာကို သုံးထားတဲ့ အခါတိုင်းမှာ internet ကနေ ဖွင့်ဖတ်တဲ့ လူတိုင်းရဲ့ စက်တွေထဲမှာ font မရှိလို့၊ (Win XP မှာ) complex script ON မလုပ်ထားလို့ စသဖြင့် အကြောင်းကြောင်းကြောင့် ဖတ်မရတာ၊ အမှန်မမြင်ရတာ၊ လေးထောင့်ကွက်ပေါ်တာတွေဟာ အခုကစပြီး ကျန်သွားပါပြီ။
               ဒီလို မဖြစ်တော့အောင် အလိုအလျောက် ပြောင်းပေးမဲ့ technology ထွက်လာပါပြီ။ ဒီလိုဆိုတော့ ကျွန်တော်တို့ လုပ်ထားတဲ့ blog တွေ web site တွေကို Unicode ပြောင်းသုံးလိုက်လို့ Unicode software မရှိတဲ့ user တွေ  ဖတ်မရဖြစ်သွားမှာကို စိုးရိမ်စရာ လုံးဝ မလိုတော့ဘူးပေါ့ဗျာ။

             web page တွေမှာ ယူနီကုဒ်အစစ် သုံးထားတယ်ဆိုရင်၊ ဒီ Myanmar GUV script လေး ကြားညှပ်ထည့် ထားလိုက်ရုံနဲ့ သင့်ရဲ့ web page ကို ဘယ်သူ ခေါ်ကြည့်ကြည့်  Myanmar font ရှိရှိ / မရှိရှိ မြန်မာစာကို အမှန်အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။ opensource ကျေးဇူးတွေပေါ့ဗျာ။

                     ဒီစနစ်ကို တီထွင်သူ လေးစားစရာ researcher များကတော့ Keith Stribley (http://www.ThanlwinSoft.org) နဲ့ ဦးဝဏ္ဏကိုကို (http://my.openoffice.org/bur/index.html). Keith ကတော့ Thanlwin Soft အနေနဲ့ Padauk မြန်မာ ယူနီကုဒ် software တွေကို research/develop လုပ်နေသူ ဖြစ်ပါတယ်။ ဦးဝဏ္ဏကိုကို ကတော့ Word, Excel, PowerPoint လို software တွေကို မြန်မာဘာသာ menu တွေနဲ့ ဘာသာပြန် OpenOffice develop လုပ်ခဲ့သူ ဖြစ်ပါတယ်။ 


TECHNOLOGY:
                 Software requirement ကတော့ ကြည့်တဲ့သူစက်ထဲမှာ javascript ON ထားရုံပါဘဲ။ Windows, Mac, Linux dependency မရှိပါဘူး။ ဘယ်မှာမဆို အလုပ်လုပ်ပါတယ်။ DirectWrite သုံးတာထက်လည်း ပိုကောင်းတယ်။ Javascript, XML, Ajax, xajax, PHP are smartly used. ယူနီကုဒ် ဖွန့်တစ်ခုခု ရှိနေရင် graphically view လုပ်စရာ  မလိုတဲ့အတွက် ထမလုပ် မလုပ်ပါဘူး။ တော်တော် intelligent ဖြစ်ပါတယ်။


PRODUCT INFO:
                  ဒီ product တွေကို ဘယ်လိုခေါ်မယ်ဆိုတာတောင် နာမည် အတည်မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ရုံးတွင်းမှာတော့ ThanlwinSoft Myanmar Graphical Unicode Viewer  (အတိုအနေနဲ့ Myanmar GUV) လို့ ခေါ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ live testing site တွေကို ဘာမြန်မာဖွန့်မှ ထည့်မထားတဲ့ စက်ကတောင် ခေါ်ကြည့်နိုင်ပါတယ်။ ခေါ်ခေါ်ချင်း မြန်မာလို အမှားတွေ ပေါ်နေရင် ခဏလေး စောင့်ပါ။ browser က ပြန်ပြင်ပြီး render လုပ်ပြပါလိမ့်မယ်။



Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ