this site the web

1490..Unicode အဓိပ္ပါယ် နှင့် သုံးနည်း - II ( 26.1.11 )

 
ယူနီကုဒ် (Unicode) ဆိုတာ

                ယူနီကုဒ်ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကား အမျိုးစုံ၏ အက္ခရာများကို ကွန်ပျူတာပေါ်မှာ ဖော်ပြတဲ့အခါ သုံးစွဲရတဲ့ စံသတ်မှတ်
ချက်တစ်ခုပါ။ မြန်မာဘာသာစကားအတွက်လည်း နေရာ သတ်မှတ်ပေးထား တဲ့အတွက် ကျွန်တော်တို့ ကွန်ပျူတာမှာ အင်္ဂလိပ်ရော မြန်မာပါ တွဲရိုက်လို့ ရနေတာပါ။ မြစေတီ၊ Bit font၊ ဇော်ဂျီဖောင့်တွေဟာ ယူနီကုဒ် အစစ် မဟုတ်သော်ငြား မြန်မာစာနေရာမှာ သုံးလို့ရနေ တာ ယူနီကုတ်ရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်ပါတယ်။

            ယူနီကုဒ်ဆိုတာ ဘယ်နေရာမှာ ဘယ်အက္ခရာ ရှိမယ်။ အက္ခရာတွေ ဘယ်လို Encoding လုပ်မယ်ဆိုတာတွေကို အတွက် သတ်မှတ်ပေးထားတဲ့ စံသတ်မှတ်ချက် အစုအဝေးတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ယူနီကုဒ်ဆိုတာ ဖောင့်တစ်ခုလို့ ပြောရင် မှားပါတယ်။ ယူနီကုတ်စနစ်ကို လိုက်နာရေးဆွဲထားတဲ့ ဖောင့်တွေကိုတော့ ယူနီကုတ်ဖောင့်လို့ ပြောနိုင်ပါတယ်။

            ယူနီကုတ်မှာ ပါတဲ့ ဘယ်အက္ခရာ ဘယ်မှာနေမယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ရေး အဖွဲ့ဖြစ်တဲ့ ISO က ပြဋ္ဌာန်းပါတယ်။ အက္ခရာတွေ ဘယ်လို Encode လုပ်မယ်ဆိုတာ ကိုတော့ Unicode Consortium က သတ်မှတ်ပါတယ်။ ယူနီကုဒ်စနစ်ဟာ Linguistic ဘာသာဗေဒကို အခြေခံထားတဲ့ အတွက် စနစ်ကျပြီး လေ့လာရ၊ တွက်ချက်ရလည်း လွယ်ကူပါတယ်။ ဘယ် Computing Industry မဆို ယူနီကုဒ်စနစ်ကို လိုက်နာ နေကြရပါတယ်။ အပြည့်အဝ မလိုက်နာနိုင်သေးရင်လည်း လိုက်နာနိုင်အောင် ကြိုးစားနေကြတယ်လို့ ပြောလို့ရပါတယ်။

 sorting
              ယူနီကုတ်က သက်ဆိုင်ရာ ဘာသာစကားရဲ့ Sorting ကို သုံးစွဲနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ A အကြီးနဲ့ a အသေး ဝိတ်တူသလို မြန်မာစာမှာလည်း အု နဲ့ ဥ ဝိတ်တူ ပါတယ်။ စီတယ်ဆိုရာမှာလည်း ရှေးစီထုံးအတိုင်းစီတာ၊ အတည့်စီ၊ ပြောင်းပြန်စီ၊ သရ သရတွဲနဲ့စီတာ စသည်ဖြင့် အမျိုးမျိုးကို ယူနီကုဒ်နဲ့ စီနိုင်ပါတယ်။လောလောဆယ် OS တွေက မြန်မာဘာသာအတွက် အပြည့်အဝ မထောက်ပံ့သေးပေးပေမဲ့ OpenOffice မှာတော့ မြန်မာစာကို အလွယ်စီလို့ ရပါပြီ။ အလိုအလျောက် စီလို့ရပြီဆိုရင် အနည်းဆုံးအနေနဲ့ လူဦးရေစာရင်း၊ စာကြည့်တိုက်၊ အဘိဓာန်စတာတွေမှာ အကျိုးရှိပြီဆိုတာ သိသာပါတယ်။

အခု website တချို့မှာ ယူနီကုဒ်ကို ပြောင်းလဲကုန်ကြတာ ဘာကြောင့်လဲ

                ပြောင်းကြတယ်ဆိုတာ ကောင်းကျိုးရှိမှန်း သိကြလို့ပါ။ ယူနီကုဒ်နဲ့ရေးထားရင် စာလုံးပုံ တစ်မျိုးသာ ရှိတဲ့အတွက် ရှာရလွယ်လာမယ်၊ စာလုံးပေါင်းစစ်လို့ ရလာမယ်၊ မိမိရေးထားတဲ့ စာတွေဟာ အလွယ်တကူ ကွန်ပျူတာနားလည်လာတဲ့အတွက် ကွန်ပျူတာသုံး မြန်မာစာစနစ် ဖွံ့ဖြိုးရေးအတွက်
အထောက်အကူဖြစ်မယ်၊ တိုင်းရင်းသာစာတွေနဲကပါ တွဲရိုက်လို့ ရလာမယ် စသဖြင့် ကောင်းကျိုးတွေ အများကြီး ရှိလာပါတယ်။ အခုကတည်းက စနစ်တကျ လုပ်ထားပါမှ နောင်လာနောက်သား တွေအတွက် အကျိုးပြုရာ ကျမှာပါ။

ယူနီကုဒ် သုံးရင် ဘာဖြစ်မလဲ၊ မသုံးရင် ဘာဖြစ်မလဲဆိုတာ သိပါရစေ။

              နောင်တချိန်ကျရင်တော့  ဘာစာတွေနဲ့ ရေးထားတဲ့ ဆိုက်ကြီးတွေပါလိမ့်လို့ ပြောရတဲ့ ခေတ် ရောက်သွားဖို့ သေချာပါတယ်။

  • 856..မြန်မာဖေါင့်များ သို့မဟုတ် UNICODE သမိုင်း [ 25.7.10 ]...



  • Labels:

    Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



    မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

    0 - ဦး မှတ်ချက်ပေးထားပါသည်

    Post a Comment

    KKZ Myanmar Unicode Keyboard

    Mone Tine On Android

    ►Version 1.1

    ►Version 1.0

    MoneTineKeyboard

    Like လုပ်ထားနိုင်ပါတယ်

    Mone Tine Knowledge Bank

    Labels

    အောက်ကကြေငြာလေးကလစ်ပေးပါဦး

    Usage Policies

    သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
    ( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

    ကျေးဇူးတင်ပါတယ် မုန်တိုင်း

    ကျန်းမာကြပါစေ