this site the web

1470..2010 အတွင်း နိုင်ငံတကာ နှင့် ဗီဇာ ( 29.12.10 )

 
သစေၾတးလ်

၂၀၁၀ ခုနှစ် မှာ မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေ စိတ်ဝင်စားမှု့ အများဆုံးနိင်ငံထဲမှာ သြစတြေးလျနိုင်ငံ ပါတယ်လို့  ဆိုနိုင်ပါတယ်၊၊ ကျောင်းသား ဗီဇာရရှိမှု့ အပိုင်းမှာတော့ ခါတိုင်းနှစ်တွေထက်စာရင် အနည်းငယ်ပိုပြီးတင်းကျပ်ခဲ့ပြီး အင်္ဂလိပ်ကျွမ်းကျင်မှု့ အမှတ်လိုအပ်ချက် မြင့်မားခြင်း၊ ဘဏ္ဍာရေးဆိုင်ရာတောင်းဆိုချက်များပြားခြင်း၊ တို့ ကြောင့် ကျောင်းသားအများဆုံးသွားရောက်ခဲ့တဲ့နိုင်ငံထဲမှာတော့ မပါဝင်ခဲ့ပါဘူး၊၊

နိုင်ငံတကာက အလုပ်ရှာဖွေတဲ့လူတွေသြစတြေလျ PR လျောက်ထားခြင်တဲ့ သူတွေနဲ့ သက်ဆိုင်တဲ့ ၊ နဲ့ သက်ဆိုင်တဲ့  Migration Occupation Demand List ကို ဖေဖေါ်ဝါရီ ၂၀၁၀ မှာဖျက်သိမ်းကြောင်းကြေငြာပြီး၊ Skill Occupation List အသစ်ကြေငြာခြင်း၊ သူနာပြုအနေနဲ့  အသက်မွေး ၀မ်းကြောင်းပြုမဲ့သူများအတွက်၊ ကျောင်းပြီးဆုံး၍ သူနာပြုအဖြစ် မှတ်ပုံတင်ရန် IELTS လိုအပ်ချက် ကို 7.0 အထိမြှင့်လိုက်ခြင်း၊ သြတြေလျမှာ အလုပ်အကိုင်ရှာဖွေ လျောက်ထားလိုသူတွေအတွက် July 2011 မှစတင်အသက်ဝင်မယ့် Point စနစ်အသစ်ထုတ်ပြန်လိုက်ခြင်းတွေက ကျောင်းသားကျောင်းသူတွေအတွက် သြစတြေးလျနိုင်ငံနဲ့ ပတ်သက်တဲ့  အချက်တစ်ချို့ ဖြစ်ပါတယ်၊၊

သြစတြေးလျနိုင်ငံတကာပညာရေး ကဏ္ဍတွေ အနေနဲ့  ၂၀၁၀ မှာ သူ့ တို့ရဲ့ ငွေကြေးတန်ဘိုး ပြဿနာတွေ၊ ပိုပြီးပြိုင်ဆိုင်မှု့  များလာတဲ့  တစ်ခြား နိုင်ငံတကာ ပညာရေးပြိုင်ဆိုင်မှု့တွေ၊ ကမ္ဘာာ့ စီးပွားရေးအကြပ်အတည်း ရဲ့ ဒဏ်တွေ ကို ခံစားခဲ့ရပါတယ်၊၊ Evans အနေနဲ့  သြစတြနိုင်ငံ တကာပညာရေး ကဏ္ဍရဲ့  သြစတြေးလျ စီးပွားရေးတစ်ခုလုံးအပေါ်အကြိုးသက်ရောက်မှု့ ကိုဖေါ်ပြခဲ့ပြီး၊ အကျိုးစီးပွားကာကွယ်ဖို့ဆိုရင် လိုအပ် တဲ့ပြုပြင် ပြောင်းလဲမှု့ တွေ ပြုလုပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊၊

သြ စတြေလျ လူဝန်မှု့ ကြီးကြပ်ရေးရဲ့  ဒီဇင်ဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ၊ ၂၀၁၁ ထဲမှာတော့၊ ဗီဇာလိုအပ်ချက်တွေကို ဒီထက်လျော့ပေါ့သွား မယ်လို့ သုံးသပ်လို့ ရပါတယ်၊၊

အင်္ဂလန်

အင်္ဂလန်ရဲ့ လူဝင်မှု့ ကြီးကြပ်ရေးကိစ္စတွေကို စီမံဆောင်ရွက်နေတဲ့ ၊ UK Boarder Agency က Tier 4 စနစ်စတင်အကောင်အထည် ဖေါ်ခဲ့ချိန်ကစပြီး၊ အင်္ဂလန်ကျောင်းသာဗီဇာတွေနဲ့ပတ်သက်လို့ ၊ အပြောင်းအလဲတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်၊၊ ကျောင်းသားဗီဇာရရှိမှု့  အနေနဲ့ ကတော့ သတ်မှတ်ပြဒါန်းချက်တွေကိုသာ အတိအကျလိုက်နာရင်၊ ဗီဇာရဖို့ သြစတြေးလျနဲ့  အမေရိကန် နိင်ငံတွေလောက်မခက်ခဲတာတွေ့  ရပါတယ်၊၊

အင်္ဂလိပ်စာလိုအပ်ချက်အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်ထုတ်ပြန်ခဲ့ခြင်း၊ကျောင်းတွေကို A rating, B rating အဆင့်များ ပေးခဲ့ခြင်း၊ Highly Trusted အဆင့် ကျောင်းများသတ်မှတ်ခြင်း၊ Extended Student Visitor Visa အမျိုး အစားသစ်ထုတ်ပြန်ခဲ့ခြင်းတွေက၊ ၂၀၁၀အတွင်း အင်္ဂလန် ပညာရေးနဲ့ ပတ်သက်လို့  သတိပြုစရာအချက်တစ်ချို့  ပဲဖြစ်ပါတယ်၊၊

ထူးခြားချက်အနေနဲ့  ၂၀၁၀ နှစ်ကုန်ပိုင်းမှာ အင်္ဂလန်ဗီဇာနဲ့ ပတ်သက်လို့ ပိုမိုစီစစ်လာတာတွေ့ ရပါတယ်၊၊ နောက်ပိုင်းမှာလည်း၊ ဗီဇာရရှိနိင်ဘို့ IELTS အမှတ်အနည်းဆုံး ၅.၅ ခန့် တင်ပြခြင်း၊ Highly Trusted ကျောင်းများကိုလျောက်ထားခြင်း၊ ဘဏ္ဍာရေးဆိုင်ရာအချက် အလက်များနဲ့ပတ်သက်လို့  UKBA ထုတ်ပြန်ထားချက်နှင့်အညီတင်ပြခြင်း များပြုလုပ်ပါမှ ဗီဇာရရှိဖို့ အခွင့်အရေးပိုများနိုင်ပါတယ်၊၊

GCE ကနေ iGCSE ကိုပြောင်းလဲခဲ့တာတွေကလည်း ၂၀၁၀ ထဲမှာပြောင်းလဲခဲ့တဲ့အပြောင်းအလဲတစ်ချို့ဖြစ်ပါတယ်၊၊

ကျောင်းသူကျောင်းသားတွေ ကျောင်းပြီးအလုပ်ရှာဖွေဖို့ လုပ်ကိုင်နိုင်ဖို့ နေထိုင်ခွင့် (၂)နှစ်ရရှိတဲ့  Post-Study Work Visa (PSW) ကိုပြန်လည်း စီစစ်သုံးသပ်မှု့ တွေလုပ်နေတဲ့ အတွက်၊ တကယ်လို့ သာ ၂၀၁၁ မှာ PSWကိုတင်းကျပ် ဒါမှမဟုတ် ရုပ်သိမ်း ခဲ့ရင်၊ ကျောင်းသားကျောင်းသူတွေ ကျောင်းပြီးအလုပ်ရှာဖို့  Tier 2 လမ်းကြောင်းကနေ မိမိကို အခန့် ထားမဲ့  အလုပ်ရှင်ကို အရင်ရှာဖွေရတော့မှာဖြစ်ပါတယ်၊၊

စင်္ကာပူ

စင်္ကာပူဆိုရင် ပိုမိုခိုင်မာပြီးအရေအသွေးပြည်ဝတဲ့ ပညာရေးစနစ်ကို အကောင်းအထည်ဖေါ်ဖို့ ၊ ကျောင်းတွေအတွက် EduTrust လက်မှတ်ဆိုတာ ပြဒါန်းပြီး၊ ပညာအရေးအရေအသွေးရော၊ ကျောင်းတွေရဲ့ အရည်အသွေးကိုပါတိုးမြှင့်ဖို လုပ်ဆောင်လာတာတွေ့ ရပါတယ်၊၊ ဒီ EduTrust လက်မှတ်ဟာ နိုင်ငံတကာကျောင်းသားတွေကိုလက်ခံမယ့်ကျောင်းတွေ မရှိမဖြစ် ရရှိရမဲ့  CaseTrust လက်မှတ်နေရာမှာ အစားထိုးမှာဖြစ်ပြီး၊ ကျောင်းသားတွေရဲ့ ငွေရေး ကြေးရေး ကိုသာ အကာကွယ်ပေးခဲ့ ရာက၊ EduTrust လက်မှတ်ရရှိဘို့ ကျောင်းတွေ တင်းကျပ်တဲ့ စည်းမျဉ်း ဥပဒေသတွေကိုဖြတ်သန်း ရပြီး ကျောင်းတွေရဲ့ စီမံခန့် ခွဲမှု့ အပိုင်း၊ ကျောင်းသားတွေအတွက် ပညာရေးအရေးသွေးပိုင်းဆိုင်ရာ အာမခံချက်၊ ငွေကြေးပိုင်းဆိုက်ရာ အာမခံချက် တွေပါဝင်လာ တာတွေ့ ရပါတယ်၊၊

December 27 ရက်နေ့ စွဲအထိ EduTrustလက်မှတ်ရကျောင်းပေါင်း (၄) နှစ်လက်မှတ်ရကျောင်း (၁၅)ကျောင်းနဲ့  (၁)နှစ်လက်မှတ်ရကျောင်း (၅၅)ကျောင်းရှိသွားပြီးဖြစ်ပါတယ်၊၊ နောက်ထပ်လည်းဆက်လက်ထုပ်ပြန်လျက်ရှိပါတယ်၊၊

ထူးခြားချက်တစ်ခုအနေနဲ့  2010ထဲမှာ မြန်မာနိုင်ငံကကျောင်းသူကျောင်းသားတွေစိတ်ဝင်စားမှု့များတဲ့  စင်္ကာပူက Institute of Technical Education (ITE) က မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာကျောင်းသား တွေကိုလက် မခံတော့ တာတွေ့  ရပါတယ်၊၊

ဗီဇာရရှိမှု့ အနေအထားအရရော နိုင်ငံတကာပညာရေးဖွံ့ ဖြိုးမှု့ မှာ အစောဆုံးနေရာယူထားတယ်လို့ ဆိုနိုင်တဲ့ အချက်ရယ် ကြောင့်၊၂၀၁၀ ထဲမှာ ကျောင်းသားအများဆုံးသွားရောက်ပညာသင်ကြားတဲ့နိုင်ငံအဖြစ်ရပ်တည်နေနိုင်ပါသေးတယ်၊၊

အထွေထွေသုံးသပ်ချက်

နိုင်ငံအသီးသီးက လူဝင်မှု့ ကြီးကြပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု့တွေပြုလုပ်ခဲ့ပြီးယေဘူယျအားဖြင့် နိုင်ငံအသီးသီးကကျောင်းလခတွေ ၀.၄၅ % လောက် တက်တာတွေ့ ရပြီး၊ အင်္ဂလန် နဲ့သြစတြေးလျ ကျောင်းတွေက သူတို့ရဲ့ဗီဇာစည်းမျဉ်းတွေမှာ အင်္ဂလိပ်လိုအပ်ချက်တွေတိုးမြှင့်လာကာ ကျောင်းပြီး အလုပ်အကိုင် ရှာဖွေမယ့် ကျောင်းသူကျောင်းသားတွေ ပညာရေးလိုအပ်ချက်တွေ ပိုမိုမြင့်မားလာတဲ့အချက်တွေက ၂၀၁၀ ထဲမှာ အရေးပါတဲ့အပြောင်းအလဲ တစ်ချို့ အဖြစ်၊ ယေဘူယျအားဖြင့်သုံး သတ်နိုင်ပါတယ်၊၊

၂၀၁၀ ခုနှစ်ထဲမှာ နိုင်ငံတစ်ခုထဲကို စိတ်ဝင်စားတယ်ဆိုတာမျိုးထက်၊ သူတို့  တတ်နိုင်တဲ့ ငွေကြေး၊ ၀င်ခွင့်လိုအပ် ချက်တွေအလိုက် အင်္ဂလန်၊ သြစတြေလျ၊ အမေရိက၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း စတဲ့နိုင်ငံတွေကို မျှမျှတတ စိတ်ဝင်စားမှု့  ရှိတာတွေ့ ရပါတယ်၊၊ ဘာသာရပ်အနေနဲ့  တော့မြန်မာ ကျောင်း သားတွေ အတွက်၊ အိုင်တီ၊ အင်ဂျင်နီယာ၊ စီးပွားရေး ဘာသာရပ်တွေဟာ စိတ်ဝင်စားမှု့ များတဲ့  ဘာသာ သာရပ်တွေပဲဖြစ်ပါတယ်၊၊

အလုပ်အကိုင်ရရှိဖို့  ပိုပြီးယှဉ်ပြိုင်မှု့ တွေရှိလာနိုင်တဲ့ နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်မှာ ကျောင်းပြီးအလုပ် အကိုင်ရှာ ဖွေမယ့် ကျောင်းသားကျောင်းသူတွေအတွက်၊ ပညာရေးဆိုင်ရာ အတွက် အကောင်းဆုံးပြင်ဆင်မှု့ အပြင်၊ တစ်ခြားကျွမ်းကျင်မှု့ တွေအတွက်ပါ ပိုပြီးပြင်ဆင်ထားဖို့ လိုပါတယ်၊၊ ဘာသာစကားနဲ့ပတ်သက်တဲ့ပြင်ဆင်မှု့ ၊ မိမိရရှိမယ့်ဘွဲ့ နဲ့ ဆက်စပ်တဲ့  လုပ်ငန်းကျွမ်းကျင်မှု့ တွေ၊ ဥပမာ ကွန်ပျုတာ နဲ့ ဘွဲ့ ရတဲ့ ကျောင်းသားကျောင်းသူက၊ ကျောင်းဘွဲ့ တစ်ခုထဲကိုအာမကိုးပဲ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လက်တွေ့ လုပ်ငန်းကျမ်းကျင်မှု့ တွေကို ကြိုးစားရယူ ထားသင့်ကြောင်းအကြံပြုလိုပါတယ်၊၊

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ