this site the web

1467..ပြေတီဦးပြောတဲ့ သူတို့ မင်္ဂလာပွဲ အစီအစဉ်များ ( 29.12.10 )

 

မေး။ ကိုပြေတီဦး နဲ့ မအူဝဲတို့ ရဲ့ မင်္ဂလာသတင်းကတော့ ပရိသတ်တွေကြားမှာ သတင်းမွှေးနေတာပဲနော်။ အဲ့ဒီအတွက် ပရိသတ်တွေကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ နှစ်ဦးကို ချစ်တဲ့ ပရိသတ်တွေက အခုလို ၀မ်းသာကြတယ်၊ အားပေးကြတယ်ဆိုတော့ အများကြီးဝမ်းသာမိပါတယ်။


မေး။  မင်္ဂပွဲကို နေရာ ၅နေရာမှာ ခြောက်ပွဲပြုလုပ်မယ် ဆိုတော့ ဘယ်နေရာတွေမှာနဲ့ ဘယ်နေ့တွေမှာ ဘယ်မင်္ဂလာပွဲ အမျိုးအစားတွေ ပြုလုပ် သွားမယ် ဆိုတာ ပရိသတ်ကြီး တိတိကျကျ သိရအောင် ပြောပြပေးစေလိုပါတယ်။
ဖြေ။  ၁-၁-၂၀၁၁ ရက်နေ့ မှာ အူဝဲ တို့နေအိမ်မှာပဲ တောင်းရမ်းခြင်း မင်္ဂလာကို ကျင်းပမှာ ဖြစ်ပါတယ်။ ၄-၁-၂၀၁၁ ရက်နေ့ Traders Hotel မှာ မင်္ဂလာလက်မှတ် ရေးထိုး တာဖြစ်ပါတယ်။ ၁၅-၁-၂၀၁၁ ရက်နေ့ မဟာစည် သာသနာ့ရိပ်သာ မှာ မင်္ဂလာဦး ဆွမ်းကျွေးပွဲ လုပ်မှာပါ။ ၁၆-၁-၂၀၁၁ ရက်နေ့ Sedona  Hotel မှာ စုလျား ရစ်ပတ်၊ ဘိသိတ် သွန်းမင်္ဂလာ ကို ကျင်းပမှာဖြစ်ပြီး ၂၀-၁-၂၀၁၁ ရက်နေ့ မှာ တော့  Sedona  Hotel မှာလက်ထပ် မင်္ဂလာ ဧည့်ခံပွဲ ကို ကျင်းပ ပြုလုပ် မှာ ဖြစ်ပါတယ်။ ၂၁-၁-၂၀၁၁  ရက်နေ့ အင်းယားလိတ် ဟိုတယ် မှာ  မင်္ဂလာ ညစာ စားပွဲကို ကျင်းပပြုလုပ် ပါမယ်။


 


မေး။  ကိုပြေတီဦး အခုလက်ရှိ ဘ၀နဲ့ စိတ်ကူးထဲက ဘ၀ ထပ်တူညီမျှ မှုများ ရှိပါသလား။
ဖြေ။  ဟုတ်ကဲ့။ ထပ်တူညီမျှ တာတွေ အများကြီးရှိပါတယ်။ (ရယ်လျှက်)

မေး။  ကိုပြေတီဦး တို့ နှစ်ယောက် က ချစ်သူ သက်တမ်း ဘယ်လောက် အကြာမှာ အခုလို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ တာပါလဲ။
ဖြေ။  ချစ်သူ သက်တမ်း ၁နှစ်ခွဲ အကြာမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။


မေး။  မအူဝဲ က ကိုပြေတီဦး အတွက် ပါရမီ ဖြည့်ဖက် ၊ အိမ်သူ သက် ထား ဇနီး ကောင်း တစ်ယောက် ဖြစ်မယ်လို့ ယုံကြည် မျှော်လင့် ထားပါသလား။
ဖြေ။  အဓိက ကတော့ ယုံကြည်မှုတွေပေါ့နော်။ သူ့ အပေါ် မှာ ကိုယ် က အဆုံးစွန် ဆုံးထိ ယုံ တယ်။ ချစ်လည်း ချစ်တယ်။ သူများတကာ တွေလို ထမင်း ချက်ပေးမှ အ၀တ်လျှော် ပေးမှ မဟုတ်ပါဘူး။  ဒီအလုပ် တွေက ဘယ်သူ့ကို ပဲဖြစ်ဖြစ် လုပ်ခိုင်းလို့ ရ တယ်လေ။


မေး။  မအူဝဲ အပေါ် ကိုပြေတီဦး ရဲ့ အမြင်လေးပြောပြပေးပါဦး။
ဖြေ။  သူ့ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်တယ်။ သူနဲ့အတူတူ သာယာချမ်းမြေ့
တဲ့ ဘ၀တစ်ခု ကို တည် ဆောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

မေး။  ကိုပြေတီဦး  ရဲ့ အကယ်ဒမီ အကြိုရင်ခုန်သံ ကိုလည်း ပြောပြပေးပါဦး။
ဖြေ။  တစ်ကားပဲ ရှိပါတယ်။ သူများတွေ အတွက် ရင်ခုန်ပေးနေပါတယ်။


မေး။  တစ်ကားပဲ ရှိတယ်ဆိုတဲ့ အဲဒီကားကို ပြော ပြပေးနိုင် မလား။
ဖြေ။  ရှော့ရှိတဲ့ အချစ်များ ပါ။


မေး။  မအူဝဲ  အတွက် ကိုပြေတီဦး  ရဲ့ အကယ်ဒမီ ရင်ခုန်သံ ကရော။
ဖြေ။  သူကတော့ ၉ကားလောက် ရှိပါတယ်။

မေး။  မအူဝဲ သာ အကယ်ဒမီ ရ ခဲ့ ရင် ကိုပြေတီဦး  ရဲ့ ခံစားချက် ကရော။
ဖြေ။  အတိုင်း ထက်အလွန် ပေါ့ ဗျာ။ သူသာ ရခဲ့ ရင်တော့ ကျွန်တော် အရမ်းပျော်မိ မှာပါဘဲ။

မေး။  ကိုပြေတီဦး က သားလေး လိုချင်တယ် လို့ ပြောဖူးတယ်နော် ။ သမီးလေး ဆိုရင်ရော ။
ဖြေ။  သမီးလေး ဆိုရင်လည်း အကို က ချစ်မှာပါပဲ။ သူများကလေး တွေတောင် အရမ်းချစ်တာ ကိုယ့်ကလေး ဆိုရင်တော့ ပိုချစ်တာပေါ့ဗျာ။
source:shwe myanmar journal

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ