this site the web

1462..2010 အတွင်း အာရှ ဘောလုံး အဖွဲ့ချုပ်၏ အကောင်းဆုံး ဆုများ ( 25.12.10 )

 
               ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အာရှ ဘောလုံး အဖွဲ့ချုပ်၏ တစ်နှစ်တာ အတွင်း အကောင်းဆုံး စွမ်းဆောင်နိုင် ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

              အဆိုပါ အခမ်းအနားကို အာရှ ဘောလုံး အဖွဲ့ချုပ် ရုံးစိုက်ရာ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပရိသတ်များ အထူး စိတ်ဝင်စားသည့် အာရှ အကောင်းဆုံး ကစားသမား ဆုကို သြစတြေးလျ ကစားသမား ဆာဆာ အိုဂ်နန် နော့ဗ်စကီးက ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုအပြင် အာရှ အမျိုးသမီး အကောင်းဆုံး ကစားသမား ဆုကိုလည်း သြစတြေးလျ ကစားသမား ကေသရင် အန်း ဂီးလ်က ရရှိသွား ခဲ့သဖြင့် သြစတြေးလျ ဘောလုံး အဖွဲ့ချုပ် အတွက် အထူးဂုဏ်ယူ စရာ ဖြစ်ခဲ့ရသည်။ အာရှ အကောင်းဆုံး အမျိုးသမီး ဘောလုံးအသင်း ဆုကိုလည်း သြစတြေးလျ အမျိုးသမီး အသင်းကပင် ရရှိခဲ့သည်။

              ထို့ပြင် အာရှ ဘောလုံး အဖွဲ့ချုပ်၏ စိန်ပွင့်ဆုကို မလေးရှား နိုင်ငံမှ ၀န်ကြီးချုပ် ဒါတိုဆရီ နာဂျစ်ဘ် တန် ရာဇက်ခ်က ရရှိသွား ခဲ့ကြောင်း သိရသည်။

အာရှ ဘောလုံး အဖွဲ့ချုပ်၏ ၂၀၁၀ အကောင်းဆုံးများ
၁။ အကောင်းဆုံး ကစားသမား - ဆာဆာ အိုဂ်နန် နော့ဗ်စကီး (သြစတြေးလျ)
၂။ အကောင်းဆုံး အမျိုးသမီး ကစားသမား - ကေသရင် အန်း ဂီးလ် (သြစတြေးလျ)
၃။ အကောင်းဆုံး ဖူဆယ် ကစားသမား - မိုဟာမက် တာဟီရီ (အီရန်)
၎။ အကောင်းဆုံး လူငယ် ကစားသမား - ဂွမ်ဂျုံအီလ် (မြောက်ကိုရီးယား)
၅။ အကောင်းဆုံး အမျိုးသမီး လူငယ် ကစားသမား - ယိုမင်းဂျီ (တောင်ကိုရီးယား)
၆။ အကောင်းဆုံး နည်းပြ - တာကေရှီ အိုကာဒါ (ဂျပန်)
၇။ အကောင်းဆုံး အမျိုးသမီး နည်းပြ - ကင်တေဟီး (တောင်ကိုရီးယား)
၈။ အကောင်းဆုံး ပွဲကြီးကြပ်သူ - အဒူ ဂါဖာ အဒူ ဟာမိဒ် (မော်လ်ဒိုက်)
၉။ အကောင်းဆုံး အမျိုးသမီး ပွဲကြီးကြပ်သူ - အီမီလီ လူချောက်ချီ (ဟောင်ကောင်)
၁၀။ အကောင်းဆုံး ဒိုင်လူကြီး - ရာဗ်ရှန်း အာမာတော့ဗ် (ဥဇဘက်ကစ္စတန်)
၁၁။ အကောင်းဆုံး အမျိုးသမီး ဒိုင်လူကြီး - ဆာချီကို ယာမာဂီရှီ (ဂျပန်)
၁၂။ အကောင်းဆုံး အကူဒိုင် - တိုရူ ဆာဂါရာ (ဂျပန်)
၁၃။ အကောင်းဆုံး အမျိုးသမီး အကူဒိုင် - ရှီဟို အာရူကိုင် (ဂျပန်)
၁၄။ အကောင်းဆုံး လက်ရွေးစင် အသင်း - ဂျပန်
၁၅။ အကောင်းဆုံး အမျိုးသမီး လက်ရွေးစင် အသင်း - သြစတြေးလျ
၁၆။ အကောင်းဆုံး ဖူဆယ် အသင်း - အီရန်
၁၇။ အကောင်းဆုံး ကလပ်အသင်း - ဆောင်နမ် အီဝှာ (တောင်ကိုရီးယား)
၁၈။ အသန့်ရှင်းဆုံး ဘောလုံး အဖွဲ့ချုပ် - ဂျပန်
၁၉။ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ် - ဂျပန်
၂၀။ အာရှ ဘောလုံး အိမ်မက်ဆု - သြစတြေးလျ ဘောလုံး အဖွဲ့ချုပ်
၂၁။ အာရှ ဘောလုံး စိန်ပွင့်ဆု - ဒါတို ဆရီ နာဂျစ် တန် ရာဇက်ခ် (မလေးရှား ၀န်ကြီးချုပ်)

AFC Player of the Year: Ognenovksi
Thursday, 25 November 2010 00:22
awards2010_poty_3x2

Malaysian PM HE Dato Seri Najib Tun Razak handing over the AFC Player of the Year trophy to Australia's Sasa Ognenovski as AFC President Mohamed Bin Hammam looks on.

Kuala Lumpur: Sasa Ognenovksi’s glee on winning the most coveted award in Asian football was tempered on a day his team Seongnam Ilhwa Chunma lost in the K-League play-off to Jeonbuk Motors and frittered the last chance they had of playing in next year’s AFC Champions League.

It was Ognenovksi’s standout performance in the AFC Champions League 2010, where he was named MVP for the tournament, that saw him win the AFC Player of the Year award.

“It is definitely not a great day for the team,” lamented Ognenovksi, 31. “We have failed to qualify for the AFC Champions League. Now we have to try and play well next year (in the K-League).”

The Aussie won the title ahead of fellow nominees Husain Salman Maki, of Bahrain, Iranians Farhad Majidi and Farshid Talebi and Bader Al Motawaa, of Kuwait. The award was presented to him by Malaysian Prime Minister HE Dato Seri Najib Tun Razak, who himself was conferred minutes earlier with the prestigious AFC Diamond of Asia award.

The race for the title was too close to call points-wise but Ognenovski shaded it because of his performances with ACL-winning Seongnam.

When asked if the win would help him cement a place in the national team, Sasa said: “I really hope so. I had a brief chat with Holger Osieck (Australia head coach) who is attending the awards. Now that he has seen me win the award maybe I am guaranteed to play…pretty much!”

The Seongnam skipper said that the upcoming FIFA Club World Cup would be his main focus.

Al Mutawa missed out on the honour in 2006 by finishing second to Qatar’s Khalfan Ibrahim. He started his career as a youth player with Al Qadsia and joined the senior team in 2003.

The 25-year-old played a key role in Al Qadsia’s progress to the semi-final of the 2006 AFC Champions League and this year when they finished runners-up in the AFC Cup this year.

Majidi, of Esteghlal, is one of the best known faces of Iran football. His side failed to cross the last 16 hurdle in the 2010 AFC Champions League but Majidi stood out with his performance.

Talebi, of ACL runners-up Zob Ahan, was rock solid in defence as his club defied the odds and made it to the summit clash where they lost to Korea’s Seongnam Ilhwa Chunma 3-1.

Al Riffa player Salman’s brilliant efforts saw his team reach the semi-finals of the 2010 AFC Cup before going down to Al Qadsia. He was named Most Valuable Player of the tournament.

The 27-year-old midfielder scored twice as Al Riffa won 5-3 at Da Nang in Vietnam in the second leg of the quarter-finals. He was also on target in a 4-1 defeat to Al Rayyan and in their 3-1 victory over South China during the group stage.


Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ