this site the web

1459..FTTX တွင် ပါဝင်မည့် VOIP စနစ်မြို့ကြီး သုံးမြို့တွင် အသုံးပြုခွင့် ရ ( 25.12.10 )

 
http://www.shark-voip.com/images/upload/Image/asterisk-voipdiagram.png

               FTTX တွင် ပါဝင်မည့် VOIP ဖုန်းစနစ်ကိုမြို့ကြီးသုံးမြို့တွင် အသုံးပြုခွင့်ရတော့မည် ဖြစ်ကြောင်း အဆိုပါ စနစ်ကို လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီများမှ သိရသည်။ အဆိုပါ VOIP ( Voice Over IP ) ဗီဒီယိုဖုန်းစနစ် ထည့်သွင်းခြင်းဖြင့် ဖုန်းပြောသူအချင်းချင်း ဖုန်း Screenပေါ်တွင် ရုပ်မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

                ယင်းဗီဒီယိုဖုန်းစနစ်ကိုအသုံးပြုရာတွင် တခြားဖုန်းအမျိုးအစားဖြင့် အသုံးပြု၍ ရမည်မဟုတ်ဘဲ VOIP ဖုန်းအချင်းချင်းသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း FTTXစနစ်တွင် တွဲဖက်ပါဝင်မည်ဖြစ်၍ FTTX အသုံးပြုသည့် နေရာဒေသများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

              ယင်းစနစ်ကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များ၌ အသုံးပြုခွင့်ရမည်။ VOIP ဖုန်းများမှာ ဂဏန်းခုနစ်လုံး ပါဝင်မည်ဖြစ်ပြီး ၂၀ နံပါတ်များဖြင့် စတင်မည်ဖြစ်ကြောင်း၊ မိမိနှစ်သက်ရာ ဖုန်းနံပါတ်ကို ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်ပြီးထိုသို့ လျှောက်ထားရန်အတွက် ကျသင့်ငွေပေးချေရမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိပြည်တွင်း၌ အသုံးပြုလျက်ရှိသော ကြိုးဖုန်းများမှာ တစ်မြို့မှ တစ်မြို့သို့ ရွှေ့ပြောင်းသယ်ယူ၍ မရသော်လည်း VOIP ဖုန်းမှာ ပထမဦးဆုံး ရွှေ့ပြောင်းသယ်ယူနိုင်သည့် ကြိုးဖုန်းဖြစ်လာမည်ဟု သိရသည်။

                  FTTXစနစ်တွင် ထပ်တိုးဖုန်းလိုင်း ရယူလိုပါက တစ်လိုင်းလျှင် ကျပ်တစ်သိန်းခွဲ ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်းစနစ်တွင် ထပ်တိုးရုပ်သံလိုင်း ရယူလိုပါက ကျပ်သုံးသိန်းထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း ယင်းတို့ မှာ ကနဦးအသုံးပြုခများ ဖြစ်ပြီး အသုံးပြုပုံအပေါ် မူတည်၍ လစဉ်ကြေးများ ကွာခြားသွားမည်...

Ref:24/7 News ဂျာနယ်တွင် 

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ