this site the web

1457..2010 ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့ ထိပ်တန်း အမှတ် တံဆိပ်များ

 
http://www.freeimagehosting.net/uploads/f9385a24b7.jpg

ကမ္ဘာ့ အမှတ်တံဆိပ်ဆိုင်ရာ အတိုင်ပင်ခံ အဖွဲ့အစည်း interbrand သည် လုပ်ငန်းနယ်ပယ် အသီးသီးမှ ၂၀၁၀ ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့ ထိပ်တန်း အမှတ် တံဆိပ်များ (Best Global Brands for 2010) ကို ထုတ်ပြန်ခဲ့ရာ အမေရိကန် အချိုရည် အမှတ်တံဆိပ် CocaCola ကို ထိပ်ဆုံးတွင် မြင်တွေ့ရသည်။

CocaCola ၏ နောက်တွင် ထိပ်တန်း အိုင်တီ ကုမ္ပဏီများ၏ အမှတ်တံဆိပ်များ ဖြစ်သော IBM ၊ Microsoft ၊ Google တို့က အစဉ်လိုက် တည်ရှိကြပြီး Intel နှင့် HP တို့သည် နံပါတ် (၇) နှင့် နံပါတ် (၁၀) တွင် အသီးသီး ရှိကြသည်။

ပြဿနာ ပါတ်လည်ဝိုင်းနေသော ဂျပန်ကား အမှတ်တံဆိပ် Toyota သည် ထိပ်တန်း ၁၀ ခုထဲတွင် မပါဝင်တော့ဘဲ အဆင် (၈) မှ အဆင့် (၁၁) သို့ လျော့ကျသွားခဲ့သည်။ အဆင့် (၁၂) မှ (၁၆) အတွင်းတွင် ဂျာမဏီကား အမှတ်တံဆိပ် Mercedes Benz ၊ အမေရိကန် သင်တုန်းဓား တံဆိပ် Gillette ၊ အမေရိကန် ဆက်သွယ်ရေး နှင့် အိုင်တီ အမှတ်တံဆိပ် Cisco ၊ ဂျာမဏီကား အမှတ်တံဆိပ် BMW  နှင့် ပြင်သစ် ဖက်ရှင် တံဆပ် Louis Vuitton တို့က အဆင့်သတ်မှတ်ချက် မပြောင်းလဲဘဲ အစဉ်လိုက် တည်ရှိကြသည်။

တောင်ကိုရီးယား အီလက်ထရွန်းနစ် အမှတ်တံဆိပ် SAMSUMG ကို အဆင့် (၁၉) တွင် မပြောင်းလဲဘဲ တွေ့ရပြီး အမေရိကန် အိုင်တီ နှင့် အီလက်ထရွန်းနစ် အမှတ်တံဆပ် Apple သည် အဆင့် (၂၀)  မှ အဆင့် (၁၇) သို့ တက်သွားခဲ့သည်။

Interbrand မှ ထုတ်ပြန်သော ၂၀၁၀ ခုနှစ်၏ အကောင်းဆုံး ကမ္ဘာ့ ထိပ်တန်း အမှတ် တံဆိပ်များအနက် ထိပ်ဆုံး အမှတ်တံဆိပ် (၁) မှ (၂၀) ကို ဖေါ်ပြလိုက်ပါသည်။

Best Global Brands 2010 rankings


2010 အဆင့် ယခင် အဆင့် အမှတ်တံဆိပ် အမည် ထုတ်လုပ်သည့် နိုင်ငံ လုပ်ငန်း အမျိုးအစား တန်ဖိုး (ဒေါ်လာ သန်းပေါင်း)

1 1 United States Beverages 70,452

2 2 United States Business Services 64,727

3 3 United States Computer Software 60,895

4 7 United States Internet Services 43,557

5 4 United States Diversified 42,808

6 6 United States Restaurants 33,578

7 9 United States Electronics 32,015

8 5 Finland Electronics 29,495

9 10 United States Media 28,731

10 11 United States Electronics 26,867

11 8 Japan Automotive 26,192

12 12 Germany Automotive 25,179

13 13 United States FMCG 23,298

14 14 United States Business Services 23,219

15 15 Germany Automotive 22,322

16 16 France Luxury 21,860

17 20 United States Electronics 21,143

18 17 United States Tobacco 19,961

19 19 South Korea Electronics 19,491

20 18 Japan Automotive 18,506


Source :PatheinCity News

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ