this site the web

1450..တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲ ( လှေဦးတိုက်ပွဲ ) 21.12.10

 
လူသိနည်းပြီး ဓာတ်ပုံဆရာများ၊ ပန်းချီဆရာများအတွက် အထူးကောင်းမွန်သော နတ်ပွဲမှာ ရတနာ့ဂူနတ်ပွဲအပြီး တော်သလင်း လပြည့်ကျော် ၃ ရက်မှ ၁၂ ရက်အထိ ၁၀ ရက်ကျင်းပသော တောင်သမန် ဘိုးဘိုးကြီးနတ်ပွဲ (ခေါ်) လှေဦးတိုက်ပွဲဖြစ်သည်။
            အဆိုပါနတ်ပွဲမှာ အမရပူရမြို့ တောင်သမန်အင်း၊ ဦးပိန်တံတား အရှေ့ဘက်ထိပ်နတ်နန်းတွင် ကျင်းပ သော ပွဲတော် ဖြစ်သည်။ ယခုနှစ် ကျင်းပခဲ့သောပွဲတော်မှာ နှစ်ပေါင်း ၁၀၀ ပြည့်နှစ်ဟု သိရသည်။ နှစ်စဉ် တော်သလင်း လပြည့်ကျော် ၃ ရက် နံနက်ပိုင်းတွင် တောင်သမန် ဘိုးဘိုးကြီးရုပ်တုအား လှေများဖြင့် ပင့်ဆောင်ကာ ဦးပိန်တံတား မြောက်ဘက်ကပ်လျက်ရှိသော သက်ပျောက်တိုင်အား ဦးတိုက်ပူဇော်ကြသည်။

http://www.freeimagehosting.net/uploads/9fabe0b2a7.jpg




    ထို့နောက် တောင်သမန်အင်း တောင်ဘက်ထိပ်ရှိ ကွမ်းစားနန်းအား သွားရောက်၍ ဦးတိုက် ပူဇော်ကြသည်။ ထိုသို့သွားရာတွင် ရုပ်ပွားတော် တင်ဆောင်သော ဖောင်၏ဘေးမှ လှေများဝန်းရံ၍ အဆိုအကများဖြင့် ပျော်ပျော်ပါးပါး ကခုန်သွားကြသည်။ ယခုနှစ်တွင် ပွဲဈေးတန်းများ ရှိလာခဲ့ပြီဖြစ်သည်။ လူသိနည်းသည့်နတ်ပွဲ ဖြစ်သော်လည်း ဓာတ်ပုံရိုက်ကွင်းကောင်းသော၊ မြင်ကွင်းပန်းချီဆွဲ၍ ကောင်းသော ပုံရိပ်များကို တွေ့မြင်ရသည်။
                   နတ်ပွဲ၏ သမိုင်းကြောင်းမှာ အတိအကျ မရှိသော်လည်း တောင်သမန် အင်းထဲတွင် လုပ်ကိုင်စားသောက်ကြသော တံငါသည်၊ လှေ၊ သမ္ဗာန် လုပ်သားများက အစဉ်အလာမပျက် ယုံယုံကြည်ကြည် ကိုးကွယ်နေ ကြသည်ကိုလည်း တွေ့မြင်ခံစားရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာ လူမျိုးများ၏ ရိုးသားသောစိတ်၊ အစွဲအလမ်းကြီးသောစိတ်၊ ချစ်စရာ ကောင်းသော စိတ်ဓာတ်များက သားစဉ်မြေး ဆက်တိုင် ရှိနေဦးမည် ဖြစ်ပါတော့သည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ