this site the web

1449..စင်ကာပူပြည်သူ့စာရင်းကိုင်အဖွဲ့အစည်းမှ ပညာသင်ဆုများပေးအပ်သွားမည် ( 19.12.10 )

 

စင်ကာပူနိုင်ငံလုံးဆိုင်ရာ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖွဲ့အစည်းကြီး (Institute of Certified Public Accountants of Singapore-ICPAS) မှ ဖွင့်လှစ်ထားသော စင်ကာပူနိုင်ငံအခြေစိုက် Singapore Accountancy Academy- Global Education (SAA-GE) ကျောင်းတွင် Certified Accounting Technician (CAT) နှင့် Association of Chartered Certified Accountants (ACCA) ဘာသာရပ်များအား လာမည့် ၂ဝ၁၁ ခုနှစ် စာသင်နှစ်အတွက် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း AT & S Co.,Ltd. မှသိရသည်။ အဆိုပါပညာသင်ဆုသည် ရာနှုန်းပြည့် ပညာသင်ဆုဖြစ်ပြီး နိုင်ငံတကာ ကျောင်းသားများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကာ ကျောင်းလခ Textbooks များ၊ ပြန်လည် သင်ယူရန်လိုအပ်သည့် ဘာသာရပ်ကြေးသွင်းငွေများ စသည့် ကုန်ကျစရိတ်တို့ကို ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။ စကောလားရှစ်ပေးအပ်ရာတွင် လျှောက်ထားသူ ကျောင်းသားကျောင်းသူ၏ ပညာရေးဆိုင်ရာ အရည်အချင်းများ၊ ခေါင်းဆောင်နိုင်မှုအရည်အချင်းများ၊ လူမှုဆက်ဆံရေးဆိုင်ရာ အရည်အချင်းများနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရည်အချင်းများကို အခြေခံ၍ ဆန်းစစ်ရွေးချယ်သွားမည်ဟုဆိုသည်။

SAA-GE ကျောင်းသည် စာရင်းကိုင်ပညာရပ်များသင်ကြားရာတွင် သင်ကြားသည့်ဆရာများမှာ လက်ရှိစီးပွားရေးလုပ်ငန်းနယ်ပယ်မှ အရည်အချင်း ပြည့်မီသည့် ဆရာများဖြစ်သည့် နည်းတူ စာသင်ကြားမှုအပိုင်းများတွင်လည်း ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်ပြောင်းလဲနေသော ဈေးကွက်စီးပွားရေးအခြေအနေများနှင့် တိုးတက်မှုများကို မျက်ခြေမပြတ် လေ့လာကာ သင်ရိုးညွှန်းတမ်းများ၌ ထည့်သွင်းသင်ကြားပေးသည့် အတွက် ခေတ်နှင့်လျော်ညီသော ဘာသာရပ်ဆိုင်ရာများကို သင်ယူနိုင်မည့်အပြင် လုပ်ငန်းခွင်နယ်ပယ်သို့ ဝင်ရောက်သည့်အချိန်တွင် လက်ရှိဖြစ်ပေါ်ပြောင်းလဲမှုများကို အရည်အချင်းပြည့်ဝစွာ လုပ်ငန်းခွင်ရှိသူများနှင့် အတူ ပါဝင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

၂ဝ၁၁ ခုနှစ် ဇူလိုင်လကျောင်းဖွင့်ကာလအတွက် ပညာသင်ဆုလျှောက်ထားရာတွင် မိမိတို့၏ ပညာအရည်အချင်းဆိုင်ရာ အချက်အလက်များ၊ ကိုယ်ရည် ကိုယ်သွေးဆိုင်ရာ လုပ်ဆောင်ချက်မှတ်တမ်းများနှင့်အတူ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ မတ်လထိ နောက်ဆုံးထားလျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုရယူလိုသူ ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ဆုလျှောက်ထားခြင်းနှင့် ကျောင်းအပ်နှံခြင်းတို့အတွက် လိုအပ်သည့် အချက်အလက်များ၊ ပြင်ဆင်ထားရမည့် အချက်များ စသည်တို့ကို အသေးစိတ်ဆွေးနွေးရန် AT & S Co.,Ltd. အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း - 521 125 ၊ 652288 ၊ 652320 တို့သို့ ဆက်သွယ်ထားနိုင်ကြောင်းသိရသည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ