this site the web

1448..အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ ကျင်းပမည် ( 19.12.10 )

 

မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများနှင့် အင်တာနေရှင်နယ်ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် Horizon International School ၏ ရူခင်းသာကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကို Horizon International School ၏ အင်္ဂလိပ်စာဌာနမှ ကြီးမှူးကျင်းပဖြစ်ပြီး ယခုအကြိမ်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူ ကျောင်းသား ကျောင်းသူများအနေဖြင့် ၂ဝ၁ဝ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား စာရင်းပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။ “နယ်က ကျောင်းသားတွေလည်း ဝင်ပြိုင်လို့ရပါတယ်။ လျှောက်လွှာကြေး ကျပ် ၁,ဝဝဝ ၊ ဓာတ်ပုံနှစ်ပုံ၊ သန်းခေါင်စာရင်း (သို့မဟုတ်) မှတ်ပုံတင်မိတ္တူနဲ့ လျှောက်လို့ရပါတယ်။ မနှစ်ကတော့ လူဦးရေ ၅ဝဝ နီးပါးဝင်ရောက်ဖြေဆိုကြပါတယ်” ဟု Horizon International School မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် အသက်အရွယ်ကန့်သတ်ချက်ကို အခြေခံပညာကျောင်းသား ကျောင်းသူများနှင့် အင်တာနေရှင်နယ် ကျောင်းသား ကျောင်းသူများ အတွက် ခွဲခြားသတ်မှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် စတုတ္ထတန်းမှ ဆဋ္ဌမတန်းအတွင်း တက်ရောက်လျက် ရှိသူများကို အငယ်တန်းအဆင့်နှင့် သတ္တမတန်းမှ နဝမတန်းအထိ တက်ရောက်လျက်ရှိသူများကို အကြီးတန်း အဆင့်ဟူ၍ သတ်မှတ်ထားသည်။ အင်တာနေရှင်နယ် ကျောင်းသားကျောင်းသူအတွက် Grade 4 မှ Grade 6 အထိတက်ရောက်လျက်ရှိသူများကို အငယ်တန်းအဆင့်၊ Grade 7 မှ Grade 9 အတွင်းတက်ရောက်လျက်ရှိသူများကို အကြီးတန်းအဆင့်ဟူ၍ သတ်မှတ်ထားကြောင်းသိရသည်။ ဆုကြေးအနေဖြင့် အကြီးတန်းအဆင့်အတွက် ပထမဆု ၆ဝ,ဝဝဝ ကျပ်၊ ဒုတိယဆု ၅ဝ,ဝဝဝ ကျပ်၊ တတိယဆု ၄ဝ,ဝဝဝ ကျပ်အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း - 551795 ၊ 551796 ၊ 450396 ၊ 450397 တွင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ