this site the web

1434..တစ်ရက်ထဲ၌အများဆုံးမီးလောင်မှုစံချိန်တင် ( 15.12.10 )

 
ယခုနှစ်အတွင်း တစ်ရက်ထဲ၌ အများဆုံးမီးလောင်မှုစံချိန်တင်အဖြစ် ဒီဇင်ဘာလ၁၃ရက်နေ့တွင် ရန်ကုန်မြို့အတွင်း မီးလောင်မှု ၄ကြိမ်နှင့်မီးလန့်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း
ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရှိရသည်။ ပထမဆုံးမီးလောင်မှုမှာ နေ့လယ် ၂နာရီ ၅မိနစ်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်(ကမ)ရပ်ကွက်၊ ၆လမ်းရှိ အမှတ်(...)နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ဖြစ်သည်။ ထိုနောက် ၃နာရီ ၅မိနစ်ဝန်းကျင်တွင် ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်ရပ်ကွက်၊ အနောက်ရွှေဂုံတိုင် ၁ လမ်းရှိ အမှတ်(...)နေအိမ်တွင် ဓာတ်ဆီဖလှယ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုပြင် ဒဂုံမြို့နယ်၊၃၄ ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အမှတ်(....) အလုပ်ရုံတွင် ပရိဘောဂပစ္စည်းများ အောင်းပူဖြစ်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကာ ည ၇နာရီ ၂၅ မိနစ်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ အမှတ်(...)နေအိမ် အဲယားကွန်း Safeguard အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုများ အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ ထို့ပြင် သံဈေး၌ မီးလန့်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း သိရှိရသည်။
source:www.news-eleven.com

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ