this site the web

1425..မြန်မာနိုင်ငံ၏ အကြီးဆုံးဈေးဝယ်စင်တာ ဖွင့်တော့မည် ( 9.12.10 )

 
              မြန်မာနိုင်ငံ၏ အကြီးဆုံးဈေးဝယ်စင်တာကြီး ဖြစ်သော ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းမကြီးရှိ တော်ဝင်စင်တာမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

             ဆိုင်ခန်းပေါင်း ၆၀၀ ကျော်နှင့် ရုံးခန်း ၁၆၀ ကျော်ပါရှိသည့် ယင်းစင်တာကြီးတွင် မော်တော်ယာဉ်စုစုပေါင်း ၇၀၀ ကျော် ရပ်နားနိုင်မည့် ကားပါကင်အပြင် ဓာတ်လှေကား ၁၀ စင်း၊ စက်လှေကား ၁၄ စင်းနှင့် ဂါလန် တစ်သိန်း ကျော်ဆံ့ အရေးပေါ် မီးသတ်ရေလှောင်ကန်လည်း ပါဝင်ကြောင်းသိရသည်။ ဒီဇင်ဘာ ၃၁ ရက်မှာ ဖွင့်မယ့် Soft Opening မှာ စင်တာကြီးတစ်ခုလုံး ဖွင့်မှာဖြစ်ပေမယ့် ဆိုင်ခန်းအစုံတော့ ဖွင့်နိုင်ဦးမှာမဟုတ်ပါဘူး။

                ဇန်နဝါရီထဲမှာ မှန်းထားတဲ့ Grand Opening ကျမှ ဆိုင်ခန်းအားလုံးဖွင့်နိုင်ကြမှာပါ။ ဒီလိုဖွင့်တဲ့နေရာမှာ ပြည်တွင်း အနုပညာရှင်တွေအပြင် ကိုရီးယားက အနုပညာရှင်တွေနဲ့ပါ ဖွင့်နိုင်အောင် ကြိုးစားနေပြီး ဘယ်သူတွေပါဝင်မယ်ဆိုတာ ကတော့ အတိအကျ မသိရသေးဘူး ဟု တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ၃၀-၁၁-၂၀၁၀ ရက်တွင်ပြောကြားသည်။ စုစုပေါင်း အထပ် ၁၀ ထပ်ဖြင့် ဖွဲ့စည်းထားသော တော်ဝင်စင်တာတွင် မြေညီထပ်မှ Level 3 အထိ အရောင်းဆိုင်ခန်းများဖြစ်ကာ Level 5 မှ Level 8 အထိ ရုံးခန်းများဖြစ်ကြောင်း ၊ မြေအောက်ကားပါကင်မှာ ဆိုင်ခန်းများနှင့် ဈေးဝယ်လာသူများအတွက် ဖြစ်ပြီးရုံးခန်းများအတွက် ကားပါကင်မှာ Level 4 တစ်ခုလုံး ဖြစ်ကြောင်းသိရသည်။

ပြည်မြန်မာဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ