this site the web

1424..ဗီဇာ တစ်ခုတည်းဖြင့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင် တော့မည် (9.12.10 )

 
                ဧရာဝတီ-ကျောက်ဖရား-မဲခေါင် (ACMEC)နိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အား ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်ရေးအတွက် ညှိနှိုင်းစီစဉ်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

              “ဒီနိုင်ငံငါးနိုင်ငံမှာ နိုင်ငံတစ်ခုက ဗီဇာယူပြီး ကျန်တဲ့ လေးနိုင်ငံကို သွားရောက်လည်ပတ်ခွင့်ရမယ့်သဘောပါ”ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားသည်။

              ACMEC နိုင်ငံများအတွင်း ဗီဇာတစ်ခုတည်းဖြင့် သွားရောက်လည်ပတ်ခွင့်(Single Visa) စနစ်သည် အာဆီယံနိုင်ငံများတွင် ကျင့်သုံးရေးအတွက် ကနဦးဖြစ်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အသုံးပြုနေပြီဖြစ်သည်။ အဆိုပါ ဗီဇာအရ ထိုင်းသို့ လည်ပတ်ခွင့်ရရှိသူသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ဗီဇာထပ်မံယူစရာမလိုဘဲ လည်ခွင့်ရရှိမည်ဖြစ်ပြီး အလားတူ ကမ္ဘောဒီးယား နိုင်ငံလာရောက်လည်ပတ်ခွင့် ရရှိသူသည် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

             အဆိုပါ Single Visa စတင်အသုံးပြုနိုင်ရန်အတွက် ဗီဇာကိစ္စရပ်များ၊ ငွေကြေးခွဲဝေရေး၊ ဗီဇာကြေး သတ်မှတ်ရေး စသည့် ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ Single Visa စတင်အသုံးပြုနိုင်ပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အကျိုးပြုမည့်အပြင် အခြားနိုင်ငံများနှင့် တွဲဖက်ဆောင်ရွက်ရခြင်းကြောင့် အတွေ့အကြုံများ ရရှိမည်ဖြစ်သည်...
 ပြည်မြန်မာဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ