this site the web

1410..ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ကို တစ်ပြိုင်နက် ထဲ အင်တာဗြူး ( 30.11.10 )

 

http://picturehosting.com/images/monetine999/pyaytioo011.jpg

ပထမဆုံး မေးမြန်းဖြစ်တဲ့ မေးခွန်းက နှစ်ယောက်စလုံးက သရုပ်ဆောင် ဖြစ်နေတဲ့ အတွက် အခြား သရုပ်ဆောင်များနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ အခါ မှာ မိမိ ဇနီး ၊ခင်ပွန်းအပေါ် သ၀န်တိုမှု ရှိနိုင်ပါသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

တီ။ ။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ.....

တီ+ဇင်။ ။ အဲဒါမျိုးက ဘာမှကို မရှိဘူး။

ဇင်။ ။ သမီးတို့ နှစ်ယောက်စလုံးက ဒီလုပ်ငန်းကို လုပ်နေတဲ့ သူတွေ ဖြစ်တဲ့အတွက် အဲဒါမျိုး မဖြစ်နိုင်ပါဘူး။အကယ်၍ ဦး မေးသလိုမျိုး စိတ်ခံစားမှု ဆိုတာက အပြင်က လူဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ တော်တော်လည်း ညှိယူရမယ့် ကိစ္စ ဖြစ်ပါလိမ့်မယ်။ သမီးတို့ နှစ်ယောက်စလုံးက ဒီလုပ်ငန်းခွင်ထဲက ဖြစ်တဲ့အတွက် တခြား တစ်ယောက်နဲ့ တွဲခြင်းဟာ အလုပ်လုပ်နေတာ ဆိုတာ သိနေတဲ့ အတွက် အဲဒီလို ခံစားချက် ရှိမှာမဟုတ်ပါဘူး။ သူဘယ်မင်းသမီးနဲ့ပဲ တွဲတွဲ သြော်... သူ အလုပ် လုပ်နေတာပဲလို့ စဉ်းစားလို့ ရသလို သူ့ဘက်ကလည်း ဘယ်မင်းသားနဲ့ပဲ တွဲတွဲ အလုပ်လုပ် နေတာပဲ ဆိုတာ နားလည်မှု ရှိမှာပါ။

တီ။ ။ အဲဒီ အပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ နှစ်ယောက်မှာ ဘာမှ မရှိမှာ သေချာတယ်။ ဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ တိုင်ပင်တာမျိုးတော့ ရှိပါတယ်။ ဥပမာ ဘယ်ဇာတ်လမ်းမျိုးတော့ မရိုက်သင့်ဘူး ဘယ်ဇာတ်လမ်းမျိုးတော့ ရိုက်သင့်တယ် တိုင်ပင်တာလောက်ပဲ ရှိပါတယ်။ ဇာတ်အပေါ်မှာ အကောင်း၊ အဆိုး တိုင်ပင်တာပဲ ရှိပါတယ်။
ကျန်တာကတော့ ဘာမှ မရှိပါဘူး။


ရုပ်ရှင် မင်းသားကြီး တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ဖူးတဲ့ မင်းသမီးကြီး တစ်ယောက်ကတော့ ပြောခဲ့ဖူးတယ်။ သူ့ခင်ပွန်းသည် မင်းသားက တခြား ဘယ်မင်းသားနဲ့မှ တွဲခွင့် မပေးတာကြောင့် သူ့အနေနဲ့ အနုပညာ ပိုင်းမှာ အများကြီး ဆုံးရှုံးခဲ့ဖူး တယ်လို့ ပြောဖူးတယ်။ ပြေတီဦး အနေနဲ့ရော အိန္ဒြာ ကျော်ဇင်ကို ဘယ်မင်းသားနဲ့ မှ မတွဲရဘူးလို့ ချုပ်ချယ်မှု ရှိနိုင်သလား။


တီ။ ။ မရှိပါဘူး။ စောစောက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် နားလည်မှု ရှိပါတယ်။

လောလောဆယ်မှာတော့ ဒီနှစ်ယောက် အတွဲကို ပရိသတ် စိတ်ဝင်စားတဲ့ အတွက် နှစ်ယောက်တွဲ ဇာတ်တွေ လာမှာပဲ။ အရှည်မှာ ကျတော့ရော ဒီလိုပဲ နှစ်ယောက် တွဲဇာတ်တွေကိုပဲ လက်ခံသွား မှာလား။

ဇင်။ ။ သမီးက အဲဒါကိုတော့ နည်းနည်း စဉ်းစားတယ်။ အပြင်မှာလည်း နှစ်ယောက် တွဲဖြစ်တဲ့အတွက် အဲဒီလိုနှစ် ယောက်တွဲ ဇာတ်တွေချည်းပဲ ရိုက်မယ်ဆိုရင် ပရိသတ် အမြင်အနေနဲ့ သိပ်ပြီး မထူး ဆန်းသလို ဖြစ်သွားမှာစိုးလို့ နည်းနည်းလေးတော့ အဲဒါကို ချိန်ရမယ် ထင်တယ်။

တီ။ ။ ကျွန်တော့် အမြင်ကတော့ အိမ်ထောင်ရေး ဇာတ်လိုမျိုး ဆိုရင်တော့ နှစ်ယောက် တွဲရိုက်သင့်တယ် ထင်တယ်။ ဥပမာ ဇာတ်လမ်းစကတည်း က ကျွန်တော်တို့ နှစ်ယောက်က လင်မယား ဖြစ်ပြီးသား ဇာတ်မျိုးပေါ့။ အိမ်ထောင်ရေး အမြင်၊ အိမ်ထောင်ရေး ပဋိပက္ခစတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပညာပေး ဇာတ်မျိုးကို ဆိုရင် ရိုက်သင့်တယ် ထင်တယ်။ အခုရိုက်နေတဲ့ အပျို၊ လူပျို ဇာတ်မျိုး၊ မင်းသားက မင်းသမီးကို လိုက်ပြီး ချစ်ရေး ဆိုရတာမျိုး၊ အတင်းလိုက်စကား ပြော တာမျိုး ဇာတ်တွေတော့ မရိုက်သင့်တော့ဘူးပေါ့။

ဇင်။ ။ အဲဒီလိုမျိုးကတော့ နောက်ပိုင်းမှာ ပိုပြီးသင့်တော် တဲ့ဇာတ်တွေ ဖြစ်မယ်ထင်တယ်။

တီ။ ။ လောလောဆယ်မှာ တော့ သမီး ရည်းစားဇာတ် ကားတွေက ရိုက်ဖြစ် နေဦးမှာပဲ။ ဒီနှစ်ကုန်လောက်အထိ ပေါ့။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့က ကျွန်တော်တို့ ရိုက်ထားတဲ့ ကားတွေ ဘယ်အချိန် လောက်မှာ ဘယ်ကားတွေ ထွက်မယ်ဆိုတာ ချိန်နိုင်တာ ဆိုတော့ နောက်ပိုင်းမှာ ဇာတ် လက်ခံတာ ပြောင်းသွားမှာပေါ့။


သမီးက ရုပ်ရှင် လောကကို ပြေတီဦးထက် စောပြီး ရောက်ခဲ့တဲ့ သူဆိုတော့ သူ့ ထက်အရင် မင်းသားပေါင်း များစွာနဲ့ တွဲဖူးတယ်။ ပြေတီဦးကလည်း မင်းသမီး ပေါင်းများစွာနဲ့ တွဲဖူးတယ်။ ဒီတော့... တခြားမင်းသား တွေထက် ပြေတီဦးက ဘာ ထူးခြားသလဲ။ တခြားမင်း သမီးတွေထက် အိန္ဒြာကျော် ဇင်က ဘာထူးခြားလို့ ချစ် သွားခဲ့တာလဲ။


တီ။ ။ အဲဒီလိုတော့ ဘာထူး ခြားတာရယ်လို့ တိတိကျကျ ပြောလို့မရဘူး ထင်တယ်။ ထူးခြားတာ ပြောပါ ဆိုရင် အချစ်ပဲ ဖြစ်မယ်ထင်တယ်။ ဒါကြောင့် လက်တွဲ ဖြစ်တာပါ။

သမီးက ပြောပါဦး။

ဇင်။ ။ အဓိက ပြောမယ် ဆိုရင်တော့ အချစ်ပဲပေါ့။ နောက်တစ်ခုက လက်တွဲဖော် အဖြစ် ဆုံးဖြတ်ဖို့ ကျတော့ ဦး နှောက်နဲ့ စဉ်းစားတယ်။ အဲဒီလို စဉ်းစားတဲ့ အခါမှာလည်း သူသည် လက်တွဲသင့်တဲ့သူ တစ်ယောက်ဖြစ်တယ်။ ဒါ ကြောင့် ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ စဉ်းစား ဆုံးဖြတ်ပြီးမှ လက်တွဲဖော် ဖြစ်လာခဲ့တာ ပါ။  သမီးထင်တယ်၊ လက်တွဲဖြစ်ဖို့ရာ နဖူးစာကိုက ပါလာလို့ ဖြစ်မယ် ထင်ပါတယ်။

ဘယ်လိုဖူးစာလဲ။

ဘယ်လိုလဲ ဆိုတော့ ခုနက ပြောသလို နှလုံးသားနဲ့ပဲ စဉ်းစားစဉ်းစား၊ ဦးနှောက်နဲ့ပဲ စဉ်းစားစဉ်းစား သူသည် သမီးအတွက် လက်တွဲသင့်တဲ့ သူ ဖြစ်နေလို့ပဲ။ အဲဒါသည် အချစ်ကြောင့်လို့လည်း ပြောနိုင်ပါတယ်။

ပြေတီဦးက အိန္ဒြာကျော် ဇင်ကို ဘယ်ကား ရိုက်တုန်းက စပြီး စိတ်ဝင်စားခဲ့သလဲ။ အိန္ဒြာကျော်ဇင်ကရော ဘယ် ကားမှာ စပြီး ပြေတီဦးကို စိတ်ဝင်စား သွားတာလဲ။

တီ။ ။ အဲဒီလိုတော့ အတိအကျ ပြောလို့ မရဘူး ထင်တယ်။ အလုပ်တွေတော့ လုပ်နေကြတာပဲ။ ဘယ်အချိန်မှာ စိတ်ဝင်စားသွားတယ် ဆိုတာ သတိ မထားမိဘူး။သတိထား မိတဲ့ အချိန်မှာ ချစ်သွားပြီ။

ဟုတ်ပါပြီ။ ဘယ်အချိန်မှာ သတိထားမိတာလဲ။ ဘယ်ကားရိုက်တုန်းကလဲ။

တီ။ ။ အဲဒီလိုတော့ ကျွန်တော် အတိအကျ မပြောတတ် ဘူး။ မှတ်မိတာကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အခုလိုပဲ ပြင်ဦးလွင်မှာ ရှိနေတဲ့ အချိန် စပြီး ချစ်သွားမိတယ် ထင်တယ်။

သမီး ပြောပါဦး။

ဇင်။ ။ သူ အတိအကျ မပြောရင် သမီးလည်း မပြောဘူး။

တီ။ ။ ကားက ကိုယ် အတိအကျ မသိလို့ပါ။

နှစ်ယောက်တွဲရိုက်တဲ့ ကား မဟုတ်ဘူးလား။

တီ။ ။ မဟုတ်ဘူး ထင်တယ်။ ပြင်ဦးလွင်မှာ သူက သတ်သတ်၊ ကျွန်တော်က သတ်သတ် တစ်ကားစီရိုက် နေကြတဲ့အချိန် ဖြစ်မယ်ထင် တယ်။

သမီးကို ပြေတီဦးက ချစ်စကား ပြောတော့ ဘယ်လို ပြောတာလဲ။ နှစ်ယောက်ချင်း ပြောတာလား။ တယ်လီဖုန်းနဲ့ ပြောတာလား။ ဇာတ်ဝင်ခန်း ထဲမှာ ရောပြီး ပြောတာလား။

ဇင်။ ။ သူက တိတိကျကျ မပြောပေမယ့် သမီးကတော့ ပြောမှာပဲ။

တီ။ ။ ပြောလေ ရပါတယ်။

ဇင်။ ။ သူ သမီးကိုပြောဖူး တာကတော့ ဒါရိုက်တာကို ဇော်(အရုဏ်ဦး)ရိုက်တဲ့ အပျို လေးရဲ့ကောင်းဘွိုင် ဗီဒီယို ကား ဇာတ်ဝင်ခန်း ပလေး ဘက်ရိုက်တဲ့ အချိန် သမီးကို သူ စိတ်ဝင်စားသွားတာတဲ့။

တီ။ ။ သြော်... အဲဒါကို မေးတာလား။ ကိုယ်က မေးခွန်းကို သဘောမပေါက် လိုက်လို့ပါ။ ဟုတ်တယ်၊ အဲဒီ ဇာတ်ဝင်ခန်းက ညခန်းပေါ့။ မီးပုံ တစ်ခုနားမှာ ကျွန်တော်က ဂစ်တာတီးပြီး သူ့ကိုကြည့်တဲ့ အခန်းပေါ့။

ဇင်။ ။Romantic ပေါ့ ဦး ရယ်။

တီ။ ။ လသာသာအောက်မှာ သူက အရမ်း လှနေတယ်။ အဲဒီမှာ ကြွေသွားတာပဲ။

သမီးက ပြောပါဦး။

ဇင်။ ။ သမီးကလည်း အဲဒီ ဇာတ်ဝင်ခန်းမှာ သူ့မျက်လုံးတွေကို ကြည့်လိုက်တော့ သူ့ကို စိတ်ဝင်စားသွားတယ်။ သူ့မျက်လုံးတွေရဲ့ ပါဝါကို စိတ်ဝင် စားသွားတယ် ထင်တာပဲ။

ဒီတော့ ပြေတီဦးက သမီးကို ချစ်စကား ဘယ်လို ပြောတာလဲ။

ဇင်။ ။ သူက တယ်လီဖုန်းနဲ့ ပြောတာ။

ယုံလိုက်တာပဲလား။

ဇင်။ ။ သူက တော်ကီ ကောင်းတယ် ဦးရဲ့။ ချုပ်တာလည်း ကျွမ်းတယ်။

Rrf: ရွှေအမြုတေ

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ