this site the web

1404..လိုင်းကားစီးရင် ငွေအကြွေ ကိစ္စ အဆင်ပြေတော့မည်.( 27.11.10 )

 

              ငွေကြိုတင်ဖြည့်သွင်းထားသော Smart Card များဖြင့် ယာဉ်စီးခပေးဆောင်နိုင်မည့် အစီအစဉ်အတွက် ကုန်းလမ်းပို့ဆောင်ရေးသို့ နည်းပညာကုမ္ပဏီများမှ အဆိုပြုလွှာ တင်သွင်းထားကြောင်း ခွင့်ပြုချက်ရရှိသည်နှင့် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Micro Peacock ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ Data ထည့်သွင်းထားနိုင်သည့် Mifore နည်းပညာသုံး Smart Card များကို အဆိုပါ အစီအစဉ်အတွက် အသုံးပြုရန် ရည်ရွယ်ထားရှိပြီး ကြိုတင် ငွေဖြည့်စနစ်ဖြင့်သာ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
သုံးစွဲသူများအနေဖြင့် ကြိုတင်ငွေပေးသွင်းနိုင်သော နေရာအနှံ့အပြားတွင် ငွေပေးသွင်း၍ SmartCard လက်ခံဖတ်ကြားပေးနိုင်မည့် သတ်မှတ်ယာဉ်တွင်သာ အဆိုပါကတ်ကိုသုံးစွဲနိုင်မည်ဖြစ်သည်။      

                “ကုမ္ပဏီအနေနဲ့ပြောရရင် နည်းပညာအရ အရန်သင့်ဖြစ်နေပါပြီ။ ကတ်ကိုပြလိုက်ရုံနဲ့ ယာဉ်စီးခကို အတိအကျသတ်မှတ်ပေးသွားမှာပါ။ ကတ်ကိုဖတ်ကြားတဲ့နေရာမှာ ငွေလက်ကျန်တွေကိုပြသတာအစ မြန်မာလိုမြင်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ တပ်ဆင်မယ့်စက်ပစ္စည်းကလည်းရှိတယ်၊ ခွင့်ပြုချက်ရတာနဲ့ စတင်လို့ရတဲ့အခြေအနေမှာရှိတယ်” ဟု၎င်းကပြောသည်။

            အဆိုပြုလွှာများတင်သွင်းရာတွင် အခြားသောနည်းပညာကုမ္ပဏီများလည်းပါဝင်ကြောင်း ခွင့်ပြုချက်ရှိသော ယာဉ်လိုင်းများကိုမူ မသိရသေးကြောင်း ၎င်းကပြောသည်။ အသုံးပြုမည့် Smart Card ၏မူလတန်ကြေးမှာ ကန်ဒေါ်လာ ၂.၅ ဒေါ်လာခန့်ရှိပြီး ကြိုတင်ငွေအကန့်အသတ်မရှိ ထည့်သွင်းသုံးစွဲနိုင်မည်ဖြစ်သည်။


Credit - Internet Journal, Vol(11) issue(45)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ