this site the web

1387..မြန်မာ Search Engine အသုံးပြုမှု ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ဝန်ဆောင်မှုပေး ( 10.11.10 )

 
မြန်မာနိုင်ငံတွင် ကိုယ်ပိုင် Search Engine ကို အသုံးပြု၍ မြန်မာဘာသာဖြင့် အင်တာနက်ကြည့်ရှုနိုင်ရန် နိုင်ငံတော်မှ ရတနာပုံ Web Portal ကို စတင်တည်ဆောက်ပြီး ဝန်ဆောင်မှုလုပ်ငန်းသစ် တစ်ခုအနေဖြင့် လွှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါရတနာပုံ Web Portal မှ နိုင်ငံတွင်းမှ ပညာဗဟုသုတ ရှာမှီးလိုသူများ၊ သတင်းအချက်အလက် ရယူလိုသူများ အပါအဝင် အင်တာနက် သုံးစွဲသူများအနေဖြင့် မိမိတို့ကြည့်ရှုလိုသော ဝက်ဘ်ဆိုက်များကို နိုင်ငံခြား IP ကုမ္ပဏီများ၏ Search Engine ကို အသုံးပြုပြီး မြန်မာဘာသာဖြင့်အသုံးပြုရှာဖွေနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီလို နိုင်ငံတကာက ဝက်ဘ်ဆိုက်တွေကို မြန်မာဘာသာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်တာ အရမ်းကောင်းပါတယ်။ လက်ရှိ နိုင်ငံတကာမှာ ကိုယ့်ဘာသာတွေနဲ့ ဝက်ဘ်ဆိုက်တွေ ဖတ်ရှုနိုင်အောင်လုပ်တဲ့ စနစ်က ကျင့်သုံးနေတာကြာပါပြီ။ အခုလို နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်"ဟု အိုင်တီလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောသည်။

ယင်းသို့ မြန်မာဘာသာဖြင့် ဝင်ရောက်ကြည့်ရှုနိုင်သောကြောင့် သတင်းအချက်အလက်များ ကို အချိန်နှင့် တပြေးညီ ရယူလိုသူများ အားလုံးအတွက် ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပြည်တွင်းပြည်ပ ဝက်ဘ်ဆိုက်များကို လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

"အခုဆို မနှစ်ကနဲ့တောင် မတူတဲ့ နည်းပညာတွေပေါ်ထွက်လာပြီ။ ရွေ့လျားစနစ်တွေပါ အသုံးပြုနိုင်တော့မှာ ဆိုတော့ အလားအလာကောင်းတွေပါပဲ။ အင်တာနက်လိုင်းတွေ ကောင်းမွန်ဖို့တော့ ပိုပြီး လိုအပ်မယ်ထင်တယ်။ ကိုယ်ပိုင်ဘာသာနဲ့ ဖတ်ရှုနိုင်မယ့်အတွက် အချိန်ကုန်သက်သာမယ်။ နောက်အင်္ဂလိပ်စာနဲ့ ဖတ်ဖို့ သိပ်အဆင်မပြေမယ့် လူငယ်တွေအတွက် ဝင်ရောက်လေ့လာနိုင်မှာပါ"ဟု အိုင်တီနည်းပညာရှင် ကိုစည်သူက ဆိုသည်။

အဆိုပါ ရတနာပုံ IXP (Internet Exchange Point) သည် ပြည်သူများကို အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည့် ISP (Internet Service Provider) များ လုပ်ငန်းဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် အင်တာနက် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားသော အိတ်ချိန်းကြီးဖြစ်ကြောင်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း အချို့သည် ယင်း IXP မှ တစ်ဆင့် အပြန်အလှန် ဖြတ်သန်းဆက်သွယ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

Ref: The Flower News

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ