this site the web

1367..နန်းဆုက ရိပ်သာဝင်နေတာတဲ့ ( 1.11.10 )

 


Q. လတ်တလော ဘာကားတွေ ရိုက်နေပါလဲ။
A. Lucky 7 နဲ့ Waka Waka မှာ မိုးအောင်ရင်၊ မခိုင်ကြီး (ထွန်းအိန္ဒြာဗို)၊ ကိုရဲအောင်တို့နဲ့ ရိုက်နေပါတယ်။ Champion of Dance အက ပြိုင်ပွဲရိုက်ဖို့ ရှိတယ်။ လက်ရှိ Mail Box မှာလည်း Presenter လုပ်နေတယ်။

Q. Mail Box မှာ အစီအစဉ် တင်ဆက်သူ လုပ်လာတာ တစ်နှစ်လောက်တောင် ရှိပြီနော်။ အဲဒီ့က ဘယ်လိုအတွေ့အကြုံတွေ ရလဲ။
A. စီစဉ်တင်ဆက်သူ အနေနဲ့ လုပ်ရတာ ကောင်းပါတယ်။ ဒီအစီအစဉ်လေးထဲမှာ အနုပညာ မောင်နှမတွေလည်း တော်တော်များများ ပါဝင်ထားကြတယ်။ ကြည့်ရတာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို အစီအစဉ်လေးမှာ  အစီအစဉ်တင်ဆက်သူ လုပ်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ နန်းဆုအတွက် အတွေ့အကြုံတွေ ပိုတိုးတာပေါ့။

Q. 7goldengirls မှာရော အမှတ်တရ အတွေ့အကြုံလေး ပြောပေးပါ။
A. ထူးထူးခြားခြားတော့ မရှိပါဘူး။ ပျော်စရာကောင်းပါတယ်။ မိန်းခလေးကြီးပဲ ခုနှစ်ယောက်ဆိုတော့ စိတ်ဝင်စားကြတယ်လေ။ Lazy Club နဲ့ Dinner Show မင်္ဂလာဆောင်တို့မှာ ဆိုဖူးပါတယ်။ ပထမဆုံး Live အနေနဲ့ ဆိုရတာတော့ ဒါပထမဆုံးပါပဲ။ မဆိုခင်ကတော့ အရမ်းရင်ခုန် လှုပ်ရှားရပါတယ်။ ပြင်ဆင်တဲ့ အချိန်သိပ်မရပေမယ့် အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရတာပါပဲ။

Q. အဲဒီလိုပွဲမျိုး နောက်ထပ်တစ်ကြိမ် ဖျော်ဖြေခွင့်ရမယ် ဆိုရင် ဘယ်လိုပုံစံမျိုး တင်ဆက်ချင်လဲ။
A. ရှိပါတယ်။ အဲဒီ့ပွဲကျရင် ကြည့်ရမှာပေါ့နော်။ ခုလောလောဆယ် ပွဲတစ်ခုပြီးသွားတဲ့ အချိန်မှာတော့ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိစမြဲပဲလေ။ အားနည်းချက်ကို ပြင်ဆင်ပြီး အားသာချက်ကို ခုထက်ပိုကောင်းအောင် လုပ်သွားမယ် ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ခု အမျိုးသားက ဇာတ်ရုံမှာ Classic ပုံစံ Show လုပ်တော့လည်း ပရိသတ်အနေနဲ့ အေးအေးဆေးဆေး ထိုင်ကြည့်လို့ ရတယ်။ အဲဒီ့ပွဲနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးတွေပဲ ဆိုဖြစ်သွားမှာပါ။

Q. နန်းဆုရဲ့ တစ်ကိုယ်တော် VCD ကရော........
A. VCD က ရိုက်ပြီးသွားပြီး အရင်ဆုံး MRTV- 4 နဲ့ ဆက်စပ်လိုင်းတွေမှာ နှစ်လ လွှင့်ဦးမယ်။ အဲဒါပြီးမှ အချိန်ကောင်းကို စောင့်ပြီး ထွက်သင့်တဲ့ အချိန်မှာ ထွက်ပါမယ်။

Q. ဘာကြောင့် MRTV-4 နဲ့ ဆက်စပ်လိုင်းတွေမှာ လွှင့်ဖြစ်ဖို့ စိတ်ကူးရသွားတာလဲ။
A. သူတို့က လာကမ်းလှမ်းတယ်။ နန်းဆု ရိုက်ပြီးသား သီချင်းတချို့ရယ်၊ မရိုက်ရသေးတဲ့ သီချင်းတွေကိုလည်း သူတို့ထပ်ရိုက်တယ်။ အရင်ဆုံး သူတို့က သီချင်းခြောက်ပုဒ် ရွေးပြီးလွှင့်မှာပါ။

Q. အဲဒီ့လိုလွှင့်တဲ့ အတွက် အခွေအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်ထင်လဲ။
A. MRTV-4 ဆိုတာက မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေ တကယ်အားပေးတဲ့ ရုပ်သံလိုင်းတစ်ခုပဲလေ။ ပြီးတော့ ထူးထူးဆန်းဆန်း အစီအစဉ်တွေကို တင်ဆက်နေတာ ဆိုတော့ အဲဒီ့လို Channel အကြီးကြီး တစ်ခုမှာ ကမ်းလှမ်းခံရတယ် ဆိုတော့ အရမ်းပျော်ပါတယ်။ အဲဒီ့လို လွှင့်တဲ့ အတွက် အခွေမထွက်ခင်မှာ ပရိသတ်ကို အမြည်းကျွေးတာပေါ့။ Promotion ဖြစ်တာပေါ့ အစ်မရယ်။

Q. ဒီနှစ် နန်းဆုရဲ့ မွေးနေ့မှာရော ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။
A. ခုထိစဉ်းစားမရသေးဘူး။ ပြည်ပခရီးစဉ်တစ်ခုနဲ့လည်း တိုက်နေတယ်လေ။ နန်းဆု မွေးနေ့ကို ကြီးကြီးမားမားတော့ လုပ်ဖြစ်မှာ မဟုတ်ဘူး။ ထုံးစံအတိုင်း မွေးနေ့မှာ အလှူတစ်ခုလုပ်မယ်။ ညဘက်မှာ သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားမယ်။ အဲဒီ့လောက်ပဲ ရှိတယ်။

Q. ဟိုတလောက ရိပ်သာဝင်ခဲ့သေးတယ်နော်။ ဘာကြောင့်လဲ။
A. နန်းဆုက ဗုဒ္ဓဘာသာ ကိုးကွယ်တယ်ဆိုတာ မိရိုးဖလာအဆင့်ပဲရှိသေးတယ်။ ဗုဒ္ဓဘာသာအကြောင်းကို အများကြီးမသိဘူး။ ငယ်ငယ်တုန်းက အဖေ၊ အမေ ဘုရားရှိခိုးလို့ လိုက်ရှိခိုးတာပဲရှိတယ်။ ခုကျတော့ ကိုယ်တိုင် ယုံကြည်မှုကြောင့် ရှိခိုးဖြစ်လာတယ်။ ဒီထက် စနစ်တကျ သိချင်လေ့လာချင်တယ်။ ဘာအပူအပင်မှ မရှိဘဲတစ်နေကုန် အေးအေးချမ်းချမ်းလေးနဲ့ တရားထိုင်ချင်တယ်။ အဲဒါကြောင့်ပဲ ရိပ်သာသီးသန့် ဝင်ဖြစ်တာ။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ