this site the web

1351.. လွတ်လွပ်နေတဲ့ စိုးမြတ်နန္ဒာ ( 24.10.10 )

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXiCPw_G9i3zW1KzsEQdWjje9uBCtDJmuDenJXGzDmqlJiBSd-PjKfXFZD0IZcM9RYByT3uLJbl0nqkJ168fxCTVvY7dW8GXPq6FAtIQFKU210bziIvCAdjl6zNG7n6lsB3qiop_3a7nV/s400/Untitled.jpg

အနုပညာ သရုပ်ဆောင် အလုပ်ကို လုပ်ရင်း သားဖြစ်သူ မြတ်သောမောင်ကို ပညာတတ်ကြီး တစ်ယောက် ဖြစ်စေဖို့ ပညာရေး ပိုင်းကို ဦးစားပေး သင်ပေးမယ့် စိုးမြတ်နန္ဒာက ၂၀၁၁မှာ ဂျပန် နိုင်ငံကို အလည်အပတ် သွားဦးမှာ ဖြစ်ပါတယ်။
နယ်မှာ ဇာတ်ကား သွားရိုက်တဲ့ အခါမှာ သားဖြစ်သူ မြတ်သောမောင်ကို ခေါ်သွားလေ့မရှိဘဲ မြတ်သောမောင်က တစ်ယောက်တည်း အေးအေး ဆေးဆေး နေတတ်တယ်လို့ သိရပါတယ်။

သားဖြစ်သူ ကြီးလာတဲ့အခါ ဘယ်အရာကိုပဲ လုပ်လုပ် မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖို့ စိတ်ဓာတ် ခိုင်မာဖို့ ဘယ်လိုတွေ သင် ပေးမလဲ။


ဒါဒါကတော့ သူ့ကို စာသေသေချာချာ သင်ပေးမှာပဲ။ အခုခေတ်ကလေးတွေက အရမ်းကြီးလည်း ဒုံးမဝေးကြပါဘူး။ ဥာဏ်တွေလည်း ကောင်းကြတယ်။ ဒါဒါက ဘယ်လိုမျှော်လင့် လဲဆိုတော့ ပညာတတ်ကြီး ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ကျန်တာ တော့ အများကြီး မမျှော်လင့်ပါဘူး။ သူ့ကို ကျောင်းကလည်း သင်လိမ့်မယ်။ ဒါဒါတို့ကလည်း တတ်နိုင်သလောက် သင် မယ်။ နောက်ပြီး ဘ၀ကလည်း သူ့ကို သင်လိမ့်မယ်။ အခု လောလောဆယ်မှာ ဒါဒါက သူ့ကို ဗုဒ္ဓဘာသာက ဘာလဲဆိုတာ ကို သေသေချာချာ သိအောင် ပြောနေပါတယ်။ ဘုရားစာတွေ ဘာတွေ သင်ပေးတယ်။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Nai10dfelMd8aL_u0jZ96gOUKD39UU3meIdTTKrPem_jmdxVXpTwCxefWmerzxhMeKOOpaZ5qDTU3aFg_w05dfTU-_mjbgivM_QE8ZeKo5mOYDODtErPsmJEohAUVemFjeVine3GKgQn/s400/myatthawmg_05.jpg

ဒါဒါ့ဆီမှာရှိတဲ့ စိတ်ဓာတ်၊ ဒါဒါ့ဆီမှာ ရှိတဲ့ ခံယူချက် တွေကို မြတ်သောမောင်ရဲ့ စိတ်ထဲကို ဘယ်လောက်ထိ ရိုက် သွင်းပေးမှာလဲ။

အဲဒီလို အများကြီးတော့ ရိုက်မသွင်းပါဘူး။ သူ့မှာပါ လာတဲ့ ဗီဇအတိုင်းပဲ ဒါဒါတို့က ဘေးနားကနေ ထိန်းပေးတာ လောက်လေးပဲ ရှိပါတယ်။ အများကြီးတော့ သူ့ကို လုပ်ပေးမှာ မဟုတ်ပါဘူး။

ကိုယ်လုပ်ဆောင်ခဲ့တဲ့ အလုပ်မှားတဲ့ အခါ အဲဒီ အမှားဒဏ်ကို ကိုယ့်ဘာသာပဲ ခံမယ်ဆိုတဲ့ စိတ်ရှိလား။

လူဆိုတာ မှားရင်လည်း မှားမယ်။ မှန်ချင်လည်း မှန်မယ်။ ဘယ်အရာမဆို ကိုယ်လုပ်လို့ပဲ ဆိုရင် ကိုယ်ပဲ ခံရမှာပေါ့။ ဘယ် သူ့ကိုမှ အပြစ် ပြောစရာ မရှိပါဘူး။

အခုလက်ရှိ သားလေးနဲ့ နှစ်ယောက်နေရတဲ့ ဘ၀ကို ဘယ် လောက်ထိ ကျေနပ်လဲ။

အခု ဒါဒါ့မှာ ဒါဒါ့ Familyလည်း ရှိတယ်။ ခုအချိန်မှာ ဒါဒါ လွတ်လပ်တယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကို သဘော ကျနေတာပါပဲ။

အနုပညာ အလုပ်တွေ လုပ်နေတာ မြတ်သောမောင် အတွက် ဆိုပြီး လုပ်ဖြစ်နေလား။

အင်း...
သူ ကျောင်း ကောင်းကောင်း တက်နိုင်ဖို့တော့ ရည်ရွယ်ပါတယ်။ တခြားကိုယ်ပိုင် စီးပွားရေး လုပ်ဖို့လည်း စဉ်းစားပါတယ်။ ဒါဒါ့ဘက်ကနေ တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ စေတနာလေးရှိတယ်။ ဘာတွေ ဖြစ်လာမလဲတော့ မသိဘူး။ ဒါဒါက အတ္တမကြီးပါဘူး။ လို့ဆိုတဲ့ စိုးမြတ်နန္ဒာက တော့ လောလောဆယ်မှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့ မရှိသေးဘူးလို့ ဆိုပါသေးတယ်။



(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ