this site the web

1349..နိုင်ငံတော် အလံ ဥပဒေ ( 1.11.10 )

 


                ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံ တော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၈/၂၀၁၀) ဖြင့် နိုင်ငံတော် အလံ ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာ ယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၉/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ ကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင် စီ ဥပဒေအမှတ် (၁၀/၂၀၁၀) ဖြင့် နိုင်ငံ တော် သီချင်း ဥပဒေ ကို လည်းကောင်း၊ အ လားတူ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ နည်းဥပဒေများ အမှတ် (၁/၂၀၁၀) ဖြင့် နိုင်ငံတော် အလံနည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ နည်းဥပဒေ များ အမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင် စီနည်း ဥပဒေများ အမှတ် (၃/၂၀၁၀) ဖြင့် နိုင်ငံတော် သီချင်း နည်းဥပဒေများ ကိုလည်း ကောင်း ၁၃၇၂ ခုနှစ်၊ သီတင်း ကျွတ်လ ဆန်း ၁၃ ရက်၊ ၂၀၁၀ ပြည့်နှစ်၊ အောက် တိုဘာ ၂၁ ရက် ရက်စွဲ ဖြင့် ထုတ်ပြန် လိုက် သည်။

ပြဋ္ဌာန်း

                ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄၃) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင် အထည် ဖော်ရေး အတွက် ကြိုတင် ဆောင်ရွက် ရန် လိုအပ် သည့် လုပ်ငန်း ရပ်များ ကို နိုင်ငံ တော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ က ဆောင်ရွက် ပေးရန် ပြဋ္ဌာန်း ထားသည့် အလျောက် နိုင်ငံတော် ၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး ဆိုင်ရာ လုပ် ငန်း များ ကို ချောမွေ့ စွာ ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ လွှတ်တော် အသီးသီး ပေါ် ပေါက် လာသည့် အခါ တွင် ဆောင်ရွက် ရန်ရှိ သော လုပ်ငန်း များကို ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်း ရပ်များကို ဥပဒေ နှင့် အညီ ဆောင် ရွက် နိုင်ရန် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေ များကို ပြဋ္ဌာန်း ရန် လိုအပ် လာသည့် အတွက် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ပါ ပြဋ္ဌာန်း ချက် များနှင့် အညီ ဖော်ပြပါ ဥပဒေနှင့် နည်း ဥပဒေ များကို ပြဋ္ဌာန်း လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာပို့စ်

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ