this site the web

1321..သံသယဖြစ်ဖွယ် သေဆုံးခဲ့သော ရင်နင့်ဖွယ် ဖြစ်ရပ်မှန် ( 15.10.10 )

 

အသိပညာ နည်းပါးလွန်းသဖြင့် လူသတ်မှု မဖြစ်မြောက်ခဲ့သော သံသယ ဖြစ်ဖွယ် အသက်သေဆုံးခဲ့ရမှု တစ်ခု လွန်ခဲ့သော ၄.၁၀.၂၀၁၀ ရက် တနင်္လာနေ့က ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သနာဗိုလ်ကျေးရွာအုပ်စု ကံကုန်းကျေးရွာ တွင် ဖြစ်ပွါးခဲ့သည်။

သေသူမှာ ဦးမြင့်ခိုင်၊ အသက် (၄၂) နှစ်ဖြစ်ပြီး စိတ်ကျရောဂါ ခံစားနေရသူ တစ်ဦးဖြစ်သည်။ အကြွေး ၃ သိန်းကျပ်ခန့် ပေးဆပ်ရန် ရှိသည်ကို မိမိအားဖြင့် မဖြေရှင်းနိုင်ဖြစ်နေပြီး အကြောင်းအရင်းကို မည်သူ့ကိုမှ မပြောပြဘဲ တစ်ကိုယ်တည်း ခံစားနေရသဖြင့် အခြားသူများကို စကားမပြောဘဲ နေရာမှ စိတ်ကျရောဂါ ခံစားနေရသည်ကို ဆွေမျိုး ညီအစ်ကို မောင်နှမတို့က
တွေ့ရှိရသဖြင့် ရန်ကုန်မြို့ရှိ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးနှင့် လွန်ခဲ့သော ၂ လခန့် တစ်လတစ်ကြိမ် ၂ ကြိမ်ခန့် ပြသ ပေးခဲ့သေးသည်။

ငွေကြေး အကြပ်အတည်းအရ တတိယအကြိမ်မြောက် ပြသရန် မတတ်နိုင်တော့သဖြင့် နေအိမ်တွင် နေထိုင်ရင်း အစာ စားချင်စိတ် ပျောက်ဆုံးနေခဲ့သူ ဦးမြင့်ခိုင်ကို ဇနီးဖြစ်သူက ကုသရင်း စိတ်ကုန်လာခဲ့ရာ နေအိမ်တွင် တစ်ဦးတည်း ထားခဲ့ကာ အိမ်ဘေးရှိ မိခင်ဖြစ်သူနှင့် သွားရောက်နေထိုင်ခဲ့သည်။  ဝေဒနာသည် ဦးမြင့်ခိုင်မှာ စိတ်ကျ ရောဂါ ပိုမိုဆိုးရွားလာခဲ့ပြီး  အစာအမာများ မစားချင်ဘဲ ဆက်လက် စိတ်ကျနေခဲ့သည်။ စိတ်ကျရောဂါ ခံစားနေသဖြင့် အစာမစားဘဲ နေသည်ကို တတ်သိနားလည်သူ ကျန်းမာရေး ၀န်ထမ်းများ နှင့် မပြသဘဲ ဇနီးဖြစ်သူက ညီအစ်ကို မောင်နှမများက ရေလာတိုက်သည်ကိုပင် မတိုက်စေဘဲ "အစာ မစားရင် ရေလဲ မတိုက်ရဘူး" ဟု တားဆီးပိတ်ပင် ခဲ့သည်ဟူ၏။ ဇနီးသည် ဖြစ်သူက ဂရုဏာ ဒေါသော ဖြင့် ရေဆာလျင် အစာလည်း စားမည်ဟု ထင်ပြီး ရေမတိုက်ဘဲ ထားသည်ဟု အများက ပြောဆိုနေကြသည်။

ဝေဒနာသည် ဦးမြင့်ခိုင်၏ တူ/တူမများက နေထိုင်မကောင်းကြောင်း သတင်းရသဖြင့် သတင်းလာရောက် မေးမြန်းသောအခါ ဦးမြင့်ခိုင်က "ရေနွေးလေး သောက်ပါရစေ" ဟု တောင်းဆိုခဲ့ကြောင်း အစာ မစားလျင် အရည်ပါ မတိုက်ဟု ဇနီးသည်က တားဆီးခဲ့ကြောင်းလည်း သိရသည်။ တူတူမများက ရေနှင့် နို့မှုန့်တို့ အတင်းတိုက်ကျွေးခဲ့ပြီး အသက်ဆက်လက် ရှင်သန် နေခဲ့သေးသည်။

တောရွာဓလေ့ အသိပညာ ခေါင်းပါးလွန်းသူတို့က နေထိုင်မကောင်းဖြစ်လာလျင် စုန်း၊ နတ်၊ ပယောဂ ဖမ်းစားသည်ဟု ထင်ယောင်ထင်မှားဖြစ်လေ့ ရှိပြီး အချို့သော သူများမှာလည်း အသိပညာ နိမ့်ပါးမှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာ နေသည်မှာ ကြားနေကျ သတင်းတစ်ပုဒ်ပင် ဖြစ်သည်။

ယခုလည်း ဦးမြင့်ခိုင်ကို ဇနီးဖြစ်သူ ဒေါ်ပုက ကံကုန်းကျေးရွာရှိ ငွေကြေးအဆင်ပြေသူ ဒေါ်လှရီ နှင့် တိုင်ပင်ပြီး ပယောဂ ကုသရန်ဟုဆိုကာ ကံကုန်းကျေးရွာရှိ နေအိမ်မှ စစ်ကွင်းမြို့၊ ရဲစခန်းမျက်စောင်းထိုးရှိ ဦးသောင်းကြွယ်+ ဒေါ်လှရီ နေအိမ်သို့ ခေါ်ဆောင်သွားပြီး ပယောဂ ဆရာတစ်ဦးနှင့် ကုသခဲ့သည်။ ပယောဂ ဆရာက ပယောဂ ရှိသည်ဟု ဆိုကာ လျှာ၊ လည်စလုပ်နှင့် ခန္တာကိုယ်အနှံ့ စုတ်ထိုးခဲ့ရာ ဝေဒနာသည် ဦးမြင့်ခိုင်မှာ မခံမရပ်နိုင်လောက်အောင် နာကျင်ခံစားနေရပြီး လူးလိမ့်နေခဲ့သည်ဟူ၏။ ဒေါ်ပု နှင့် ဒေါ်ရီ တို့က ဆေးကုသရာ နေအိမ်သို့ ဆွေးမျိုးသားချင်းများ လုံးဝ မလာရဟု တားဆီးပိတ်ပင်ထားသဖြင့် မည်သူမှ မသွားခဲ့ရပေ။

တစ်ပတ်ခန့် ကြာမြင့်ပြီး ၄.၁၀.၂၀၁၀ နေ့ကမူ ဦးမြင့်ခိုင်၏ ညီမဖြစ်သူက လူနာကို အဓ္ဓမ သွားရောက် ကြည့်ရှုခဲ့ရာ ပိန်ချုံးနေသော ဦးမြင့်ခိုင်က "ငါ့ကို ကံကုန်းက အိမ်ကို ပြန်ခေါ်သွားကြပါဟာ။ ငါဒီမှာ မနေချင်ဘူး ဆိုင်ကယ်လေးနဲ့ ဖြစ်ဖြစ် လာခေါ်ပေးပါဟာ" ဟုတောင်းပန်ခဲ့ကြောင်း ထိုသို့ လာရောက် ကြည့်ရှုသည်ကို ဦးမြင့်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်ပုက လုံးဝ စကားမပြောဘဲ စိတ်အလိုမကျသည့် ပုံစံဖြင့် နေထိုင်ခဲ့သည်ဟူ၏။ ထိုနေ့ နေ့လည် ၁၁ နာရီခန့် အချိန်တွင်မူ မကြာခင်ကမှ သတိကောင်းနေသော ဦးမြင့်ခိုင် အသက်(၄၂)နှစ်မှာ အသက်သေဆုံးသွားပြီ ဖြစ်ကြောင်း ရွာမှ ဆွေမျိုးသားချင်းများက သတင်းရရှိခဲ့ပြီး အလောင်းကို ကံကုန်းကျေးရွာသို့ ပြန်လည် သယ်ယူလာခဲ့သည်။

သေဆုံးသူ၏ ရုပ် အလောင်းကို လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က အပြီးအပြတ် မီးရှို့ပြီး အသုဘချလိုက်ပြီ ဖြစ်ကြောင်း MMdailynews.com က သိရှိခဲ့ရသည်။ သေဆုံးသူမှာ ငွေကြေး မပြည့်စုံသည့် တောသား တစ်ဦးဖြစ်သည့်အပြင် မိသားစု ၀င်များမှာလည်း ပညာနိမ့်ပါး လွန်းသဖြင့် သွေးရိုးသားရိုး ဓမ္မတာ အတိုင်းရောဂါကြောင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားရကောင်းမှန်းလဲ မသိ၊ သေဆုံးသော ခန္ဓာကိုယ်အား မည်သည့်အတွက်ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးနိုင်ရန်အတွက်လည်း စီစဉ်ပေးခဲ့ခြင်း မရှိဘဲ ရုပ်အလောင်းကို မီးရှို့သဂြိုတ် လိုက်သဖြင့် ယခုမှ အမှုကို ပြန်အစဖေါ်ရန် အလွန်ခက်ခဲသွားပြီး ကံကိုသာ အပြစ်ပုံချနေရသည့် ဘ၀ဖြစ်နေရတော့သည်။ စိတ်ဆိုး ဒေါသထွက်ကြသော်လည်း ဖြစ်ပြီးသားကိစ္စ ပြီးပါစေတော့ ဟူသည့် ကျေးရွာနေသူများမှ နှစ်သိမ့်မှုကလည်း ရှိနေပေသည်။ အကယ်၍ ဦးမြင့်ခိုင်မှာ သမာရိုးကျ သေဆုံးမှု တစ်ခုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အလုပ်ကြံ ခံခဲ့ရသည် ဆိုပါလျင်.......

Ref:::Income Mail

Labels: ,

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ