this site the web

1309.. FTTX စနစ် တပ်ဆင်လိုသူများ လျှောက်ထားနိုင်ပြီ ( 14.10.10 )

 
www.monetine999.com                 ရန်ကုန်မြို့၌ FTTX (Fiber ToThe Home)  စနစ်တပ်ဆင်လိုသူများအနေဖြင့် Red Link ကုမ္ပဏီကို တင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ Red Link ကုမ္ပဏီသည် ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် FTTX စနစ်တပ်ဆင်ခွင့်ရရှိထားသည့် ကုမ္ပဏီများတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး ရန်ကုန်မြို့တွင်၂၀၁၀ ပြည့် နှစ်ကုန်ပိုင်း သို့မဟုတ်၂၀၁၁ နှစ် ဆန်းပိုင်းတွင် စတင်တပ်ဆင် ပေးတော့မည်ဟု သိရသည်။

               “ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ရန်ကုန်မြို့က ရသာကွန်ဒိုမှာ တပ်ဆင်ခွင့်ရထားပါတယ်။ ကုမ္ပဏီအနေနဲ့ တပ်မယ်ဆိုရင် ကျွန်တော်တို့ကို ချပေးထားတဲ့နေရာအပြင်၊ ရန်ကုန်တစ်မြို့လုံး တပ်လို့ရပါ တယ်။ ဘာလို့လဲဆိုတော့ FTTX  တပ်ဖို့ အတွက် တစ်မြို့လုံးမှာ ဆက်ကြောင်းတွေ ရှိလို့ပါ။ ၂၀၁၀ နှစ်ကုန် ဒါမှမဟုတ်၂၀၁၁ နှစ်ဆန်းမှာစပြီး ၀န်ဆောင်မှုပေးတော့မှာပါ။ အဲဒါကြောင့် တပ်ချင်တဲ့သူတွေအနေနဲ့ စလျှောက်လို့ရပါပြီ”” 

              ဟု RedLink ကုမ္ပဏီမှ တာဝန်ရှိ သူဦးမျိုးမြင့်ညွန့်က ပြောသည်။ RedLink ကုမ္ပဏီမှ မန္တလေးမြို့တွင် ၁၇-၁၀-၂၀၁၀ ရက်မှစ၍ တပ်ဆင်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။  “မန္တလေးမြို့မှာ ကျွန်တော်တို့ကုမ္ပဏီ ကိုချပေးထားတဲ့နေရာတွေ မှာစတင်တော့မှာပါ။ အမှာလိုင်း  ၁၀၀ နီးပါးရထားပါတယ်။ ဒိုင်းမွန်းပလာဇာပြီး ရင် လိုင်း ၁၀၀၀ နီးပါးတပ်ဖို့ ဆွေးနွေးထားပါတယ်။ လိုင်းကကန့်သတ် မထားပါဘူး။ Customer ကမ်းလှမ်းမှု အပေါ် မူတည်ပြီးချဲ့ချင်ရင် လိုသလောက် လိုင်းချဲ့လို့ရပါတယ်” 

            ဟု ယင်းကပြောသည်။အဆိုပါ  FTTX စနစ်ကို ရန်ကုန်မြို့တွင် Red Link ကုမ္ပဏီအပါအ၀င် ကုမ္ပဏီခြောက်ခုက တပ်ဆင်ခွင့်ရရှိထားပြီး၊ မန္တလေးမြို့တွင် Red Link နှင့် fortune ကုမ္ပဏီနှစ်ခု တို့ တပ်ဆင်ခွင့်ရရှိထားကြောင်းနှင့် fortune နှင့် alpha channel ကုမ္ပဏီနှစ်ခုတို့က ရန်ကုန်ရှိအိမ်ရာများ၊ ကွန်ဒိုများတွင် စတင်တပ်ဆင်နေပြီဟု သိရသည်။  FTTX စနစ်မှာ ဖိုင်ဖာ ကေဘယ်ကြိုး တစ်ချောင်းတည်း ရုပ်သံလိုင်း၊ အင်တာနက်၊ တယ်လီဖုန်းသုံးမျိုး  (Triple Play ) ရရှိနိုင်သောစနစ်ဖြစ်သည်။

          

1084..မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကို ကုမ္ပဏီ အား လွှဲပြောင်း ပေးမည် ( 8.9.10 )

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ