this site the web

1302..ပထမဦးဆုံး အသည်းအစားထိုးခွဲစိတ် ကုသမှုကို မြန်မာ ဆရာဝန်များဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့ ( 13.10.10 )

 
http://www.monetine999.com liver operation

                     မြန်မာနိုင်ငံ၏ ပထမဆုံးသော အသည်းတစ်ခြမ်း အစားထိုး ခွဲစိတ်ကုသခြင်းအား မြန်မာ ဆရာဝန်များက ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကုသအောင်မြင်ခဲ့ပြီး အဆိုပါ အလှူရှင်နှင့် လူနာနှစ်ဦးတို့မှာ ကျန်းမာစွာဖြင့် အသက်ရှင်နေထိုင်လျက် ရှိကြောင်း ခွဲစိတ်ကုအဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ ဒေါက်တာ နော်မန်လှက ၆.၁၀.၂၀၁၀ ရက်တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ အသည်းအစားထိုး ခွဲစိတ်ကုသမှုသမိုင်းတွင် ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၅ ရက်က ပထမဆုံးအကြိမ် ရှိခဲ့ဖူးပြီး အဆိုပါ အကြိမ်မှာ သေပြီးသော အလှူရှင်ထံမှ အသည်းတစ်ခုလုံးအား ဖြတ်ထုတ် ခွဲစိတ်ကုသ ခဲ့ခြင်းမျိုးသားဖြစ်ကာ ယခုအကြိမ်ခွဲစိတ်မှုမှာ အသက်ရှင်လျက်ရှိသော အလှူရှင်ထံမှ အသည်းတစ်ခြမ်းအား အစားထိုးကုသခဲ့ခြင်း ဖြစ်သဖြင့် ယခင်အကြိမ်ထက် ပိုမိုအန္တရာယ်များပြီး အခက်အခဲများ ရှိခဲ့ကြောင်း သိရသည်။

                   အဆိုပါခွဲစိတ်မှုအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ခဲ့ပြီး ၂၅ ရက်တွင် ပြီးစီးခဲ့ကြောင်း၊ ခွဲစိတ်ပြီးနောက် လူနာနှင့် လူနာရှင်၏ ကျန်းမာရေး အခြေအနေကို အနီးကပ် စောင့်ကြည့်ရှုနိုင်ရန်အတွက် အချိန် ၉ လကျော် စောင့်ကြည့် နေခဲ့ရကြောင်း သိရသည်။ အသည်းအစားထိုး ခွဲစိတ်ကုသမှုသည် ပြည်ပနိုင်ငံများတွင် အချိန် ၈ နာရီမှ ၁၀ နာရီအထိ ယူခဲ့ရသလို မြန်မာနိုင်ငံတွင် အချိန် ၁၂ နာရီ ယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ခွဲစိတ် ကုသမှုကြီးအတွက် နိုင်ငံတော် အစိုးရမှ ကျပ်ငွေ ၂၆၂ သိန်း၊ ပုဂ္ဂလိက အလှူရှင်များမှ ကျပ် ၁၈၆ သိန်း၊ လူနာရှင်မှ ကျပ် ၉၀ သိန်းနှင့် အသည်းအလှူရှင်မှ ကျပ်သိန်း ၆၀ ဖြင့် စုစုပေါင်း ကျပ် ၅၉၈ သိန်းကုန်ကျခဲ့ပြီး ဆေးရုံဆင်းပြီးသည်အထိအတွက် ကျပ်သိန်း ၆၅၀ နီးပါး ကုန်ကျလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ရှင်းပြခဲ့သည်။

                 အဆိုပါ မိသားစုနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ၆.၁၀.၂၀၁၀ ရက်တွင် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အသက်ရှင်လျက်ရှိသော အလှူရှင်ထံမှ အသည်းအစားထိုး ခွဲစိတ်ကုသခြင်းသည် မြန်မာနိုင်ငံ၏ ဆေးပညာသမိုင်းတွင် ပထမဦးဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ..........

Ref::: ပြည်မြန်မာ ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

0 - ဦး မှတ်ချက်ပေးထားပါသည်

Post a Comment

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ