this site the web

1287..ယာဉ် ရထား ပေါ်များတွင် ရုပ်သံလိုင်းသစ် ၃၀ ကျော် ကြည့်ရှုနိုင်တော့မည်.. ( 7.10.10 )

 
Hosted by FreeImageHosting.net Free Image Hosting Service

         မြန်မာတစ်နိုင်ငံလုံး၌ ဖမ်းယူကြည့်ရှု အသုံးပြုနိုင်သည့် ရုပ်သံလိုင်းသစ် ၃၀ ကျော်နှင့် ခရီးသွားပြည်သူများ မော်တော်ကား၊ ရထား၊ သင်္ဘော များပေါ်တွင် TV Channel များ၊ Broadband Internet နှင့် Voice Over IP Service စနစ်များကို SKYNET DTH(Direct To Home) နှင့် SKYNET MPS(Multi-play Service) တို့ကို လာမည့် နိုဝင်ဘာလ ပထမပတ် အတွင်း၌ စတင်၍ ကြည့်ရှု အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

        နိုဝင်ဘာလ ပထမပတ်၌ စမ်းသပ် ထုတ်လွှင့်သွားမည် ဖြစ်ပြီး တတိယပတ်အတွင်းမှ စကာ အတည်ပြု ထုတ်လွှင့်မည် ဖြစ်ကြောင်း၊ ဈေးကွက် အတွင်းသို့ နိုဝင်ဘာလ ပထမပတ်မှ စတင်၍ ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

        ''ရုပ်သံလိုင်း ၃၀ ကျော်ကို နိုဝင်ဘာလ ပထမပတ်မှာ စတင်လွှင့်မယ်။  အဲဒီ လိုင်းတွေထဲမှာ အခမဲ့ ကြည့်ရှုနိုင်တဲ့ လိုင်း ၅ လိုင်းနီးပါး ပါဝင်ပါမယ်။ အခပေး လိုင်းတွေကိုတော့ Smart Card အသုံးပြုပြီးတော့ ကြည့်ရှုရပါမယ်။ ရုပ်သံလိုင်းတွေကိုလည်း အခြားသူတွေထက် နည်းတဲ့ဈေးနဲ့ ဖမ်းယူကြည့်ရှုခွင့် ပေးသွားပါမယ်။ ကျွန်တော်တို့ရဲ့အသုံးပြုနိုင်တဲ့ စနစ်တွေမှာ မြန်နှုန်းမြင့် အင်တာနက်စနစ်ကို သုံးနိုင်မယ်။ ဖုန်းလိုင်း၊ FAX အသုံးပြုနိုင်မယ်။ တစ်နိုင်ငံလုံး ခရီးသွားလာရင်းနဲ့ ဖမ်းယူ အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးသွားမယ်။ ရုပ်သံလိုင်းတွေ လွှင့်ပေးတဲ့အခါမှာ ထိုင်းနိုင်ငံ ဂြိုဟ်တုကနေ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမှာပါ'' ဟု ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ 

Ref:::::.news-eleven


Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ