this site the web

1256.. AIT UGAT ဝင်ခွင့်စာမေးပွဲ အတွက် Pre-University Preparation ကိုရန်ကုန်မြို့တွင်တက်ရောက်သင်ယူနိုင်

 
http://www.freeimagehosting.net/uploads/1553e8423c.jpg

               ထိုင်းနိုင်ငံရှိ နိုင်ငံတကာတက္ကသိုလ်တစ်ခုဖြစ်သည့် Asian Institute of Technology (AIT) တွင်ယခင်က Postgraduate Program များကိုသာသင်ယူနိုင်သော်လည်း ယခုအခါ Undergraduate Program ကိုပါတက်ရောက်သင်ယူနိုင်ပြီဖြစ်ရာ Bechelor of Science in Engineering (B.S.E) နှင့် Bechelor of Science (B.Sc) ကိုပါတက်ရောက်သင်ယူနိုင်ပြီုဖစ်ရာ AIT Undergraduate Program (AIT UGAT ) ကိုအခြေခံပညာအထက်တန်းအောင်နှင့် အခြားအဆင့်တူကျောင်းသားများအနေဖြင့် Pre-University Preparation တက်ရောက်ပြီး ဝင်ရောက်ဖြေဆို နိုင်ကြောင်း၊ အဆိုပါ Undergraduate Program ကို တက်ရောက်လိုသော မြန်မာကျောင်းသား/သူများအတွက် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲဖြေဆိုနိုင်ရန် AIT Pre-University Preparation & Test Service ကို ရန်ကုန်မြို့ရှိ United Network မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

             United Network မှ AIT ၏ Undergraduate Program အထူးပြုဘာသာရပ်အားလုံးအတွက် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုနိုင်ရန် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အင်္ဂလိပ် စာဘာသာရပ်များအား GCE �A� Level အဆင့်ရှိ AIT Pre-University Certification Program Outline နှင့် အညီသင်ကြားပေးမည်ဖြစ်ကြောင်း၊ AIT Undergraduate Admission Test (AIT UGAT) အောင်မြင်ပြီးပါက Pre-University Certificate ရရှိမှာဖြစ်ပြီး ၄ နှစ်သင် Bechelor Program ကို ထိုင်းနိုင်ငံရှိ AIT တွင် တိုက်ရိုက်သင်ယူနိုင်ကြောင်း၊ သင်ယူနိုင်သော ဘာသာရပ်များမှာ Bechelor of Science Engineering (B.S.E) ဘွဲ့တွင်Information & Communication Technology (ICT), Telecommunication , Civil and Infrastructure, Mechatronic, Electronics စသည့်ဘာသာရပ်များအနက် မိမိနှစ်သက်ရာ ကို အထူးပြုလေ့လာနိုင်သလို Bechelor of Science (B.Sc) ဘွဲ့တွင် Software, Science,Computer Science, Information Technology စသည့်ဘာသာရပ်များအနက် မိမိနှစ်သက်ရာ ဘာသာရပ်ကို အထူးပြုသင်ယူနိုင်ကြောင်းသိရသည်။

             Pre-University preparation သင်တန်းကို စက်တင်ဘာနောက်ဆုံးပတ်တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းအပြင် GCE �A� Level GCE �O� Level IGCSE သင်တန်းများကို သင်ယူလိုသူများအနေဖြင့် အမှတ် ၉၊ ရွှေလဝင်းလမ်း၊ စမ်းချောင်း၊ ရန်ကုန်မြို့၊ရှိ United Network (Preparation & Test Services ) ဖုန်း-၀၉၅၁၅၇၂၇၆ ၊ ၀၉၅၁၈၈၂၃၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

Source: Net Guide Journal

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ