this site the web

1254..TV လိုင်းများ တိုးချဲ့တော့မည်.. ( 3.10.10 )

 

http://www.techdigest.tv/sky-logo.jpg


                   ပြန်ကြားရေး ၀န်ကြီးဌာန မြန် မာ့ အသံနှင့် ရုပ်မြင်သံကြား နှင့် ရွှေ သံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် တို့ အကျိုးတူ ပူးပေါင်း ကာ အခကြေးငွေ ဖြင့် ထုတ်လွှင့် ပြသမည့် Sky Net ရုပ် သံလိုင်း များကို မြန်မာ တစ်နိုင်ငံ လုံးတွင် Direct to Home အစီအ စဉ်ဖြင့် ထုတ်လွှင့် ပြသရန် မြို့နယ် ကိုယ်စားလှယ် များကို ဖိတ်ခေါ် လျက် ရှိကြောင်း သိရသည်။

                  Sky Net  ရုပ်သံလိုင်းသည် နိုင် ငံတကာ တွင် အောင်မြင် ကျော်ကြား လျက်ရှိသော သုတ၊ ရသ ဖျော်ဖြေ ရေး စသည့် ကဏ္ဍ ပေါင်းစုံ ပါဝင် သည့် ရုပ်သံလိုင်း များကို ၀ယ်ယူကာ တစ်ဆင့် ပြန်လည် ထုတ်လွှင့် ပြသခြင်း ဖြစ်သည်။

                  Sky Net ရုပ်သံလိုင်း များ အ တွက် မြန်မာနိုင်ငံ အ၀န်းရှိ မြို့နယ် ပေါင်း ၃၃၀ တွင် ကိုယ်စားလှယ် များ ထားရှိ ဆောင်ရွက် မည် ဖြစ်ပြီး ကိုယ် စားလှယ်အဖြစ် လုပ်ကိုင် လိုသူများ အနေဖြင့် ကုမ္ပဏီ တွင် အလျင် မှတ် ပုံတင်စာရင်း သွင်းထား ရမည်ဖြစ် သည်။ ထို့ပြင် ကိုယ်စားလှယ် လျှောက် ထားရာတွင် အရောင်းပြခန်း အဖြစ် ဖွင့်လှစ် နိုင်ရန် ဆိုင်ခန်း တစ်ခန်း၊ ဈေး ကွက် ရှာဖွေရေး အတွက် ၀န်ထမ်း သုံးဦး၊ စလောင်း တပ်ဆင်ရန် နည်း ပညာရှင် တစ်ဦးတို့ လိုအပ် မည်ဖြစ် ပြီး ဖွင့်လှစ်မည့် နေရာနှင့် ရောင်းချ နိုင်မည့် ရောင်းအား ပမာဏကို လေ့ လာ ဆန်းစစ်ကာ ကိုယ်စားလှယ်များ ကို ရွေးချယ် မည်ဟု သိရသည်။

                အကျိုး ခံစားခွင့် အဖြစ် ရောင်း ချရသည့် ပမာဏအပေါ် ရာခိုင်နှုန်း သတ်မှတ်၍ ပေးမည် ဖြစ်ပြီး စလောင်း လိုက်လံ တပ်ဆင်မည့် နည်းပညာ ရှင်အတွက် ကုမ္ပဏီက သင်တန်း အခမဲ့ ပို့ချ ပေးမည် ဟုလည်း သိရ သည်။

                Sky Net ရုပ်သံလိုင်းများကို ကြည့်ရှု လိုသည့် ရုပ်သံလိုင်း အရေ အတွက် အပေါ်မူတည်၍ စလောင်း၊ receiver နှင့် ကတ် စုစုပေါင်း သုံးခုကို တန်ဖိုးကျပ် ၆၀,၀၀၀ ၀န်း ကျင်ဖြင့် ရောင်းချ မည်ဖြစ်ပြီး လစဉ် ကြေး အဖြစ် ကျပ် ၅,၀၀၀ မှ ကျပ် ၂၀,၀၀၀ အထိ သတ်မှတ် မည်ဖြစ် ကြောင်း သိရသည်။

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ