this site the web

1250..ငရုတ်ဆီ ၁၁ မျိုးနှင့် ဂျယ်လီတစ်မျိုး စားသုံးရန် မသင့်ဟု ကြေညာ ( 2.10.10 )

 
             ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ ငရုတ်ဆီ ၁၁ မျိုးနဲ့ ဂျယ်လီတစ်မျိုးကို အများပြည်သူ စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ကြေညာပါတယ်။ သတင်းစာမှာလည်း ကြေညာချက်ထည့်သွင်း ဖော်ပြထားပါတယ်။

   ကြေညာထားတဲ့ ငရုတ်ဆီတွေကတော့

ရွှေပျံလွှား ငရုတ်ဆီ(ညို)၊

ကောင်းမှကောင်းရှယ် ငရုတ်ဆီ၊

စိန်ဟင်္သာငရုတ်ဆီ(အနီ)နှင့် ငရုတ်ဆီ (အညို)၊

စိန်သရဖူငရုတ်ဆီ၊

သရဖီပန်းကြက်သွန်ဖြူ ငရုတ်ဆီ(အနီ)နှင့် ကြက်သွန်ဖြူ ငရုတ်ဆီ(အညို)၊

သန်းကြွယ်ကြက်သွန်ဖြူ ငရုတ်ဆီ်၊

ရွှေလင်းယုန် ငရုတ်ဆီ(အနီ)နှင့် ငရုတ်ဆီ(အညို)၊

မြားနတ်မောင် မန်ကျည်းငရုတ်ဆီ(အနီ)နှင့် မန်ကျည်းငရုတ်ဆီ(အညို)၊

ယုဇနမန်ကျည်းငရုတ်ဆီ၊

မင်းသူကျော် ငရုတ်သီးအစိမ်းမှုန့်၊

နတ်သုဒ္ဓါငါးပိထောင်း၊

Well အမှတ်တံဆိပ် Jelly တို့ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားပါသည်။

          ကြေညာထားတဲ့ ငရုတ်ဆီ အမှတ်တံဆိပ်တွေမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေ ပါဝင်တာ၊ အဏုဇီဝ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိတာ၊ ငရုတ်သီးမှုန့် အစစ်အမှန် မဟုတ်တာတို့ကို ဓါတ်ခွဲ တွေ့ရှိတာကြောင့် ဖြစ်ပါတယ်။ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူတွေအနေနဲ့ ရောစပ်ထားတဲ့ အစားအသောက်၊ စံမညီ အစားအသောက်တွေကို ထုတ်လုပ်ခြင်း မပြုဖို့၊ အစားအသောက်မှာ သုံးစွဲခွင့် မပြုတဲ့ ဓါတုဆေးတွေမသုံးဖို့နဲ့ လိုက်နာခြင်း မရှိရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာထားပါသည......

Ref:မော်ဒန် သတင်းဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ