this site the web

1249..ဘဏ်တချို့ ပစ္စည်းအပေါင် လက်ခံပြီး ငွေထုတ်ချေးမည် ( 2.10.10 )

 
               ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းကို အပေါင်အဖြစ် လက်ခံပြီး ငွေထုတ်ချေး ပေးမယ်လို့ ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင် တချို့ထံက သိရတယ်။ အရင်က ပုဂ္ဂလိကဘဏ်တွေအနေနဲ့ ပုံသေပစ္စည်းဖြစ်တဲ့ အိမ်၊ မြေ၊ စက်ရုံ၊ လုပ်ရုံတွေကိုသာ လက်ခံပြီး ငွေချေးပေမဲ့ အခု ကုန်ပစ္စည်းတွေကို တိုးချဲ့လက်ခံလာတာဖြစ်တယ်။

           ငွေထုတ်ချေးတဲ့အခါမှာ သာမန်အားဖြင့် ၄၀ ရာခိုင်နှုန်းပဲ ချေးလေ့ရှိပေမဲ့ လုပ်ငန်းအခြေအနေ ပေါ်မူတည်ပြီး ချေးပေးမှာ ဖြစ်တယ်။ အခု လိုကုန်ပစ္စည်းကို အပေါင်အဖြစ် လက်ခံပြီး ငွေထုတ်ချေးတာ ဘဏ်ရော၊ လုပ်ငန်းရှင်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေပါတယ်။ လုပ်ငန်းအကြီးအစားတချို့သာ ဘဏ်က အရင်ထက် ငွေချေးနိုင်ပေမဲ့ အခု ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေဘက်က အရင်ထက် ငွေချေးရတာ ပိုလွယ်ကူသွားလို့ အဆင်ပြေတယ်လို့ သိရပါတယ်။

       ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် နောက်တစ်ဦးက
'ဒီလိုကုန်ပစ္စည်းကို အပေါင်အဖြစ် လက်ခံတာ ဒါပထမဆုံးပဲ၊ သက်ဆိုင်ရာက ချမှတ်တာဖြစ်လို့ အာမခံပြီးသား ဖြစ်တယ်၊ ပို့ကုန်လုပ်ငန်း လုပ်ငန်းရှင်တွေအနေနဲ့ ပဲဈေးကျရင် ရပ်မပစ်ဖို့လိုတယ်၊ တောင်သူတွေကို စိုက်ပျိုးအောင် ဆောင်ရွက်ပေးဖို့ လိုတယ်'
လို့ ပြောပါတယ်။ သည်လိုပြုလုပ်တဲ့အတွက် ထုတ်လုပ်မှုပိုင်းလည်းတက်ပြီး နိုင်ငံခြားငွေ ပိုမိုရရှိလာမှာ ဖြစ်တယ်။ ကုန်ပစ္စည်း အာမခံဖြစ်လို့ ပစ္စည်းတစ်ခုခုဖြစ်ရင် ဘဏ်တွေအနေနဲ့ ဆုံးရှုံးမှုဖြစ်လို့ အာမခံရှိတဲ့ ကုန်ပစ္စည်းကိုသာ အဓိကထား လက်ခံသွားမယ်လို့သိရပါတယ်။

       အခုလို ကုန်ပစ္စည်း အာမခံနဲ့ ငွေချေးပေးဖို့ အစီအစဉ်က သည်လက စတင်တာဖြစ်ပြီး လုပ်ငန်းရှင်တွေ ငွေချေးဖို့ ပြင်ဆင်မှုတွေစပြီး ပြုလုပ်နေကြပြီလို့ သိရတယ်။ ဘဏ်လုပ်ငန်းရှင်တွေလည်း ကုန်ပစ္စည်း ဈေးကွက်သိအောင် သုတေသန ပြုလုပ်နေကြပါတယ်.......

Ref:  မော်ဒန်ဂျာနယ်

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ