this site the web

1243..နေကိုဖြတ်မယ့် သောကြာဂြိုလ် ( 1.10.10 )

 
            နှစ်ပေါင်းတစ်ရာ အတွင်း နှစ်ကြိမ်သာ ဖြစ်ပေါ်မည့် နေအား သောကြာဂြိုလ် ဖြတ်သွားသည့် ဖြစ်စဉ်ကို ၂၀၁၂ ခုနှစ်တွင် ကြုံတွေကမည်ဟု သိရသည်။ သောကြာဂြိုလ်သည် လေးနာရီခန့် ကြာအောင် နေကို ဖြတ်သန်းသွားမည်ပြီး မြန်မာနိုင်ငံမှ မြင်တွေ့ရမည် ဖြစ်ကာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ဖြစ်ပေါ်မည်ဟု နတ်က္ခတ်ပညာရှင် ဦးဇေယျာကိုက ဆိုသည်။

           အဆိုပါ ဖြစ်စဉ်သည် ၁၉၀၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ နှစ်ပေါင်းတစ်ရာ အတွင်း နှစ်ကြိမ်ဖြစ်ပေါ်မည် ဖြစ်ကာ ၂၀၀၄ ခုနှစ် ဇွန် ၈ ရက်တွင် စတင်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် အကြိမ်ဟု သိရသည်။ "၂၀၀၄ မှာ ဖြစ်တုန်းက နိုင်ငံခြား သတင်းဌာန တွေက ရိုက်ပြတယ်။ အရင်တုန်းက မဖြစ်ခဲ့ဘဲ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကျမှ ဘာကြောင့် ဖြစ်တယ်ဆိုတာ သုတေသန လုပ်ဖို့ လိုအပ်ပါတယ်။

           နာဆာလိုအဖွဲ့တွေကသာ ဆောင်ရွက်နိုင်မှာပါ" ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ ယင်းသို့ဖြစ်ပွားစဉ် နေထဲ၌ အစက်သေးသေး တစ်ခု ရွေ့လျားနေသော သဏ္ဌာန်ကို မြင်တွေ့ရမည် ဖြစ်ပြီး ဂြိုလ်လမ်းကြောင်း ပြောင်းခြင်းဟု ယူဆသော်လည်း ဆော့ဝဲလ်ဖြင့်သာ တွက်ချက်ဆောင်ရွက်ခြင်း ဖြစ်၍ အတိအကျ မပြောနိုင်ဟု ဆိုသည်။ ၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့စဉ်က သဘာဝဘေးများ ကြုံတွေ့ခဲ့ရပြီး ၂၁၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ထပ်မံ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

Ref:The Flower News

Labels:

Print ပဲထုပ်ပါ..pdf ထုပ်လျှင်.ဖောင့်လွဲနေလိမ့်မယ်



မာတိကာ ၁ မာတိကာ ၂ မာတိကာ ၃ မာတိကာ ၄ မာတိကာ ၅

KKZ Myanmar Unicode Keyboard

Mone Tine On Android

►Version 1.1

►Version 1.0

MoneTineKeyboard

Like လုပ်ထားနိုင်ပါတယ်

Mone Tine Knowledge Bank

Labels

အောက်ကကြေငြာလေးကလစ်ပေးပါဦး

Usage Policies

သင်၏ Facebook  တွင် ဖတ်နိုင်ရန် LIKE လုပ်ခဲ့ပါ..
( အမှန်ခြစ် ပေါ်နေပြီး LIKE ပြီးသားပါက CLOSE ကိုသာနှိပ် ပိတ်ပါ )

ကျေးဇူးတင်ပါတယ် မုန်တိုင်း

ကျန်းမာကြပါစေ